Saturday, October 18, 2014

အယူအဆအလွဲများ(၅) ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက် အဆောက်အဦများမှာ ငလျင်ဒဏ်မခံနိုင်ဘဲ RC အဆောက်အဦများကသာ ငလျင်ဒဏ်ခံနိုင်သည်။

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၅)
ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက် အဆောက်အဦများမှာ ငလျင်ဒဏ်မခံနိုင်ဘဲ RC အဆောက်အဦများကသာ ငလျင်ဒဏ်ခံနိုင်သည်။
'ငလျင်ဒဏ်ခံနိုင်အောင် RC ဆောက်ဖို့ငွေမှမရှိတာ ရှိတာလေးနဲ့ ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက်လေး ဆောက်ရတာ ငလျင်လှုပ်လာလို့ပြိုတော့လည်း ဘယ်တတ်နိုင်မှာလဲ' စတဲ့ စကားမျိုးတွေ မကြာခဏကြားရပါတယ်။ အများစိတ်ထဲမှာ RC အဆောက်အဦတွေကသာ ငလျင်ဒဏ်ခံနိုင်တယ် ကျန်တဲ့အဆောက်အဦတွေက ငလျင်ဒဏ်မခံနိုင်ဘူးလို့ ထင်နေကြပါတယ်။
၁) RC အဆောက်အဦတိုင်း ငလျင်ဒဏ်မခံနိုင်ပါဘူး ငလျင်ဒဏ်ခံနိုင်တဲ့နည်းစနစ်နဲ့ တည်ဆောက်မှသာ ငလျင်ဒဏ်ခံနိုင်မှာပါ။
၂) ဒီလိုပါပဲ အခြား ပျဉ်ထောင်၊ နံကပ်၊ အုတ်တိုက်၊ Steel အဆောက်အဦတွေလည်း ငလျင်ဒဏ်ခံနိုင်တဲ့နည်းစနစ်နဲ့ တည်ဆောက်ရင် ငလျင်ဒဏ်ခံနိုင်ပါတယ်။
၃) ပျဉ်ထောင်၊ နံကပ် တွေမှာ လိုအပ်တဲ့ ချုပ်တန်း (Bracing) တွေ ထည့်ပေးခြင်း၊ တွယ်ဆက်တဲ့နေရာမှာ မူလီများသုံးပြီး တောင့်တောင့်တင်းတင်းဆက်ထားခြင်း အစရှိတာတွေနဲ့ ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်လို့ရပါတယ်။ (ပုံကို comment box မှာ ကြည့်နိုင်ပါတယ်)
၎) အုတ်တိုက်တွေမှာဆိုရင်လည်း နံရံအုတ်ရိုးတွေကို သံချောင်းများဖြင့်အားဖြည့်တဲ့ (Reinforced Masonry) ဆောက်ခြင်း၊ သံချောင်းများဖြင့်အားဖြည့်ထားတဲ့ ၀န်မထမ်းတဲ့ တိုင်၊ ထုတ်တွေနဲ့ နံရံအုတ်ရိုးတွေကိုချုပ်တဲ့ (Confined Masonry) များနဲ့ ဆောက်ခြင်းစတာတွေနဲ့ ငလျင်ဒဏ်ခံနိုင်အောင် တည်ဆောက်လို့ရပါတယ်။ (ပုံကို comment box မှာ ကြည့်နိုင်ပါတယ်)
(ဗိုလ်ဗိုလ်ကျော်)
https://www.facebook.com/bobokyaw.mdy

0 comments:

Post a Comment

Disqus Shortname

Comments system