Friday, October 31, 2014

အယူအဆအလွဲများ(၁၆)

ကပ်နေသော Isolated Footing (Column Footing) ၂ခုကို သံချီရာတွင် တွဲချီပြီးလောင်းခြင်း

တခါတလေကြ ဆိုဒ်မှာ ကပ်နေတဲ့ Isolated Footing 2ခု ဥပမာ 6' span (အခန်းဖွဲ့) ရှိပြီး 5'6"x5'6" Footing Size စီရှိတဲ့  Isolated Footing 2ခုကို သံတွဲချီပြီးတွဲလောင်းတာမျိုး လုပ်တတ်ကြတယ်။ Footing 2ခုက 6"ကွာရမှာကို မြေတူးတော့လည်း ဆက်နေတာနဲ့ တွဲလောင်းမိသွားတတ်တယ်။ 5'6"x5'6" ရှိနေမဲ့ Footing 2ခုက တွဲလောင်းတော့ ပိုတောင့်တယ် 5'6"x11'6"ဖြစ်ပြီး Footing Area တောင်ပိုပြီး  ပိုတောင့်ပိုကောင်းတယ် အောင်းမေ့တတ်ပါတယ်။ ဒါပေမယ့်........

Photo from REINFORCED CONCRETE Mechanics and DesignPhoto from REINFORCED CONCRETE Mechanics and Design

၁) Isolated Footing ရဲ့ သဘောက ပုံမှာပြထားပါတယ်။ Column က Point Load လာမယ်။ ဒါကို Footing အောက်က မြေကြီးက ပြန်တွန်းကန်မယ် အဲဒီမှာ Footing ရဲ့ deformed shape ကို ကြည့်ကြည့်ပါ။ အဲဒီအတွက် Reinforcement(သံချောင်း) ထည့်တဲ့အခါ အောက်မှာ cover 3" ထားပြီး One Layer ပဲထည့်ရပါတယ်။ Bottom Layer ပဲထည့်ရပြီး Top Layer မလိုပါဘူး။

Photo from InternetPhoto from Internet

၂) Combined Footing ရဲ့ သဘောကို ပုံမှာကြည့်နိုင်ပါတယ်။ Column 2ခုကို Footing တစ်ခုတည်းနဲ့တွဲထားတာဖြစ်ပြီး Column load တွေကို Footing အောက်က မြေကြီးက ပြန်တွန်းတဲ့အခါ ဖြစ်သွားတဲ့ deformed shape ကို ပုံမှာကြည့်ကြည့်ပါ။ လိုအပ်တဲ့ Reinforcement ကိုလည်း ပန်းရောင်လိုင်းနဲ့ထည့်ထားတာ Bottom ရယ် Top ရယ် 2လွှာဖြစ်နေတာကို တွေ့မှာပါ။
၃) အဲတော့ Isolated Footing မှာ  Reinforcement ကို Bottom layer တစ်လွှာပဲလိုပြီး Combined Footing မှာ နှစ်လွှာလိုပါတယ်။
၎) ဒီတော့ တစ်တိုင်တစ်ခွာစီရှိနေတဲ့ Isolated Footing 2ခုကို သံတွဲချီပြီးတွဲလောင်းတဲ့အခါ Combined Footing ဖြစ်သွားပါတယ်။ ဒီမှာ နဂို Isolated Footing Design ကလို  Reinforcement ကို တစ်လွှာနဲ့မရပါ။ ဒါကြောင့် Reinforcement ကို တစ်လွှာပဲဆိုရင် တွဲလောင်းလို့မရပါ။ တွဲလောင်းမယ်ဆိုရင် Combined Footing Action ၀င်မှာဖြစ်တဲ့အတွက် 2လွှာချီဖို့လိုပါလိမ့်မယ်။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system