Friday, September 8, 2017

earthquake load

ကိုအေးလွင်မေးထားတဲ့ earthquake load
ယူတာကိုknowledge အဖြစ် ဖေါ်ပြလိုက်ပါတယ်။



လွန်ခဲ့တဲ့ ၁၅နှစ်ခန့်ကစပြီး Yangon seismic
hazard microzonation လုပ်ဖို့ MES ရဲ့
မြန်မာ မြေငလျင်ကော်မတီမှာ
seminar ဖတ်ခဲ့တဲ့တစ်ချို့နဲ့ရှင်းပြလိုက်ပါတယ်။
Ordinary structure တွေရဲ့ design time
ကိုပုံမှန်အားဖြင့် 50 years ယူပါတယ်။
အဲဒီတော့~~~
2% probability of exceedance in design time
50 years ကို Poisson's model အရ return period
2475 years ဖြစ်ပါတယ် (တွက်နည်းပါတယ်)
10% probability of exceedance in design time
50 years ကို Poisson's model အရ return period
475 years ဖြစ်ပါတယ်။
2% probability of exceedance အရ တွက်လို့ရတဲ့
earthquake load ဟာတော်တော်များပါတယ်၊
နျူးကလီယား စက်ရုံ စတဲ့ အင်မတန်
အရေးကြီးတဲ့ အဆောက်အဦးတွေအတွက်ပါ။

10% probability of exceedance အရ တွက်လို့ရတဲ့
earthquake load ကတော့ သာမန် အဆောက်
အဦးတွေအတွက်ပါ။

ဒါကြောင့်လက်ရှိအသုံးပြုရမဲ့ earthquake (seismic)
map ဟာ 10% probability of exceedance in design time 50 years အရတွက်ချက်ထားတဲ့ရလာဒ်ဖြစ်ရပါမယ်။

ဥပမာ- 0.2g ဆိုပါစို့
Design time 50 years မှာ return period
475 years မှာဖြစ်လာမဲ့ design မှာ စဉ်စားတဲ့
seismic load 0.2g ထက်ကျော်နိုင်ခြေ
(probability of exceedance) ဟာ 10%
ရှိတယ်လိုဆိုလိုပါတယ်။
ကိုယ့်ဘက် 90% အာမခံတယ်ဆိုတဲ့သဘောဘဲ။
အဲဒီလိုအာမခံနိုင်တာလဲ 84.1 percentile confidence
level ရှိပါတယ်။ United State Geological
Survey (USGS) အရပါ။
MCE (Maximum Considered Earthquake)
ကတော့ Probabilistic Seismic Hazard Analysis (PSHA) အရ 10% probability of exceedance in
design time 50 years ကတွက်လို့ရတာနဲ့
Deterministic Seismic Hazard Analysis
(DSHA) ကတွက်လို့ရတဲ့ results နှစ်မျိုးကရတဲ့
Maximum Peak Ground Accleleration (PGA)
ကိုစဉ်းစားထားတာပါ။

MCE ကို critical infrastructures (တံတား၊ ဆေးရုံ၊
ဘုရား ကျောင်းကန်၊ dam စတဲ့အရေးကြီးတာ
တွေအတွက် အသုံးပြုကြတယ်။
မြန်မာနိုင်ငံ အနေနဲ့တော့ ကိုယ်ပိုင် response
spectrum မရှိသေးတဲ့အတွက်
strength based design, ground motion
amplification နဲ့ near source effect ပါဝင်
စဉ်းစားထားတဲ့ UBC 97 အခြေခံပါတယ်။
တိတိကျကျ လိုချင်ရင်တော့ Site specific response
spectrum ကိုရအောင် PSHA analysis လုပ်နိုင်ပါတယ်။
ဥပမာ-
အရေးကြီးတဲ့ အဆောက်အဦး၊ တံတား (သို့) Dam site location အရ အဲဒီနေရာမှာရှိတဲ့ 10% probability of
exceedance in required design time အတွက်
PGA ကိုတွက်ရပါမယ်။

လွန်ခဲ့တဲ့ နှစ်များစွာက ကျနော်တို့ကိုယ်ပိုင်
(ရန်ကုန်အတွက်) response spectrum ရအောင်
ကြိုးစားခဲ့ပေမဲ့ ရန်ကုန်မြို့ soil ရဲ့ shear wave
velocity တိုင်းတာဖို့ ငွေအခက်အခဲ
အခြေအနေမပေးတာနဲ့ မပြီးစီးနိုင်ခဲ့ပါ။
ကိုယ်တိုင်တော့မလုပ်နိုင်တော့ပါ၊ အခွင့်အရေးသာခဲ့ရင်
နောင်လာနောက်သားတွေဆက်လုပ်ကြပါစေပေါ့။
ကိုယ်ပိုင် (မြန်မာနိုင်ငံနဲ့အကိုက်ညီဆုံး)
response spectrum ရရင်တော့ Dynamic
analysis လုပ်တဲ့အခါ
ပို၍တိကျသောအဖြေကိုရနိုင်မှာပါ။

ပညာရပ်ဆိုင်ရာဆက်လက်တိုးတက်နိုင်ပါစေ။

9:40 pm
10 August 2017
Credit Dr Yu Maung













/

0 comments:

Post a Comment

Disqus Shortname

Comments system