Friday, September 8, 2017

"ကြုံရဆုံရအတွေ့အကြုံ"






"ကြုံရဆုံရအတွေ့အကြုံ"
Basement support system အတွက်
Presentation လုပ်ရင်၊ အကြံပေးရင် Temporary
support ဆိုပြီး Technical လိုအပ်ချက်တွေကို
အလေးမထားချင်တာတွေ့ရတယ်။
ကျနော်တိုနိုင်ငံမှာက basement floor
အလွှာနည်းပါသေးတယ်။
များလာရင် အဲဒီပြဿနာကမသေးဘူး။
ကိုယ့်အတွက်သာမက ပတ်ဝန်းကျင်မှာရှိတဲ့
permanent structures ကိုထိခိုက်စေပါတယ်။
ကြုံခဲ့ရတာများလို့အကြံပေးတာပါ။
အကုန်အကျနည်းစေချင်လို့ မလုပ်လိုက်ပါနဲ့။
ဆုံရှုံးမှုဖြစ်လာရင် ပိုလို့ကုန်ကျမှုအပြင်
safety ပါထိခိုက်လာပါတယ်။
အစမကောင်း နှောင်ဆက်တိုက်ဖြစ်နေတဲ့ပြဿနာ။

မကြာမီက Project တစ်ခုpresentation မှာ
Contiguous bored piles သုံးမယ် stiff soil ဖြစ်လို့
ရပါတယ်တဲ့၊ ဒီတော့ မိုးရာသီမရောက်မီ
ပြီးအောင်တူးနိုင်မလား၊ substructure
မပြီးနိုင်ရင် လက္ခံလို့မရဘူးဆိုတော့
အပိုပြောတယ်ထင်ကြတယ်။ (အတွေ့အကြုံရှိပါတယ်တဲ့)
သို့ပေမဲ့ ရန်ကုန်မိုးနဲ့ကတော့~~~~~
ပုံထဲကလိုဖြစ်သွားမယ်။
SPT value အရ very stiff soil ပါဘဲ။ dry season မှာ 2m လောက် vertical တူးနိုင်ပေမဲ့ Saturated လဲ ဖြစ်ရော
Silty clay, sandy clay ဖြစ်တော့
လုံးဝ stable မဖြစ်ဘဲ တူးမရတော့၊
အဲဒါထက်အရေးကြီးတဲ့ပြဿနာက
pile တွေကြားက soil washing out and soil falling ဖြစ်လို့ settlement ဖြစ်သွားစေတယ်။
ground loss ဖြစ်စေပါတယ်
အောက်ဆုံးနှစ်ပုံမှာလို dry season တော့အဆင်ပြေမှာပါ။
စေတနာဖြင့်။
21-7-2017
12:10 am

Credit Dr Yu Maung

/

0 comments:

Post a Comment

Disqus Shortname

Comments system