Friday, September 8, 2017

"Soil parameters and geotechnical design works"






"Soil parameters and geotechnical design works"

Foundation, basement, pile design တွေလုပ်ဖို့ soil investigation လုပ်ကြတယ်။
အများဆုံးက SPT ကနေ ကိုယ်လိုချင်တဲ့ soil parameter ရအောင်လို့ ဆိုင်ရာ relationship တွေ equation
တွေနဲ့ပြောင်းပြီးသုံးကြပါတယ်။ SPT ကလဲ very simple ဖြစ်တော့အခုအချိန်ထိအသုံးများကြပါတယ်။
ဒီမှာပြောစရာတစ်ခုရှိတာက SPT (N) ဟာ physical property ဖြစ်ပြီး ကျနော်တို့ လိုချင်တဲ့ Mechanical property ကို empirical formular နဲ့ဆက်စပ်တွက်ချက်ပါတယ်။ ဒါကြောင့် soil formation အရ
များစွာပြောင်းနိုင်ပါတယ်။
Soil parameters ကို ထပ်ခွဲခြားပြောရရင် strength parameter နဲ့ deformation parameter လို့ပြောရပါမယ်။
ဥပမာ-- c, phi တွေဟာ Soil or rock တို့ရဲ့
strength parameter ပါ။
Singapore က PE တစ်ယောက်နဲ့ basement design
ဆွေးနွေးကြတော့ သူတို့ဆီမှာ one strut failure analysis
အထိdesign လုပ်ကြကြောင်းပြောပါတယ်။
အဲဒီလိုခံနိုင်အောင်လုပ်ထားကြောင်းသိရတယ်။
ကျနော်ပြောချင်တာက failure ဖြစ်မဖြစ်ဟာ soil ရဲ့ strength parameters အပေါ်မူတည်ပေမဲ့၊ urban area မှာ displacement control design လိုအပ်ချက်အရ deformation parameters အပေါ်မူတည်နေလို့ပါဘဲ။
ဘာကြောင့်လဲ ယခုအသုံးပြုကြတဲ့ Geotechnical software ဖြစ်တဲ့ Finite Element Methods (Plaxis, Phase2) တွေဟာ
တစ်နည်းအားဖြင့် Finite Element Displacement method ဖြစ်လို့ပါ၊
စဉ်းစားထားတဲ့ Load combination အရ soil structure ထဲမှာ element ရဲ့ stiffness (E) အပေါ်မူတည်ပြီး nodes တွေမှာဖြစ်လာတဲ့ strain (unit displacement) ပမာဏအရ soil ထဲမှာဖြစ်လာမဲ့ induced stress နဲ့
soil ရဲ့ strength ခံနိုင်ရည်ရှိမရှိနိုင်းယှဉ်
တွက်ချက်ပေးတာပါ။
ဒါကြောင့် FEM နဲ့ တွက်မယ်ဆိုရင်sensitive အဖြစ်ဆုံးက Deformation modulus (E) and poisson ratio ပါ။
ဥပမာ-- ဒါဆိုရင် E value ကို~~~~~
Japan code (JHC) အရ 0.7N
မလေးရှား designer နဲ့တွေ့ရင် 2N
Singapore နဲ့ Thail designer နဲ့တွေ့ရင် drained soil
ဆို 2N တွက်ပြီး undrained soil ဆို 2.5N
BS US ဆိုရင် 1.5 -2N (MPa) နဲ့တွက်ကြတယ်။
သူတို့နိုင်ငံတွေအနေနဲ့ research, insittu test အမျိုးမျိုး လုပ်ပြီး very simple correlation ဖြစ်အောင် ဖေါ်ပြထားတာပါ။
Computer software နဲ့ soil parameters ထည့်ပြီးတွက် လိုက်ရင် အဖြေတော်တော်ကွာသွားပါလိမ့်မယ်။
ဒါကြောင့်နိုင်ငံတကာ designer တွေ့ရဲ့ design
ကိုစစ်ဆေးတဲ့အခါ ပတ်ဝန်းကျင်ကို မထိခိုက်နိုင်တဲ့
အခြေအနေမှာ ပြဿနာမရှိပေမဲ့ soil movement
အရေးကြီးတဲ့တစ်ချို့ project တွေမှာ soil parameter
နဲ့ ပတ်သက်လို့အကြံပြုပြောပြန်ရင်
တမင်ရစ်တယ်လို့ထင်နိုင်ပါတယ်။
Displacement control design လုပ်ဖို့လိုတဲ့ projects မှာ
specific site condition နဲ့ ကိုက်ညီတဲ့
deformation parameter ကို ရဖို့ test မျိုးစုံလုပ်ဖို့လိုပါပြီ။
ကျနော်တို့နိုင်ငံမှာ Foundation design (Dam အပါအဝင်)
basement design, tunnel design တွေမှာ over and under design မဖြစ်ဖို့ပါ။
လွန်ခဲ့တဲ့ ၉ နှစ်လောက်က modulus parameter ရဖို့
ဆည်မြောင်းဝန်ကြီးဌာနမှာ dam foundation အတွက်
စပြီးလုပ်ပေးတာအမှတ်တရတင်ပြခြင်းပါ။
၉နှစ်ကြာခဲ့ပေမဲ့ ကျနော်တို့ technical ဘာမှဆက်
မလုပ်နိုင်ခဲ့ပါ။ အခုအချိန်မှာ basement design
တွေ pile design တွေမှာ အရေးကြီးလာပြီဖြစ်လို့
ပြန်တွေးရင်းအမှတ်ရလို့ knowledge အဖြစ်ပါ။

28-7-2017
4:25 pm

Credit Dr Yu Maung
/

0 comments:

Post a Comment

Disqus Shortname

Comments system