Friday, September 8, 2017

"Basement တူးဖေါ်တည်ဆောက်ခြင်းလုပ်ငန်း ရပ်ဆိုင်းခြင်း၏ နောက်ဆက်တွဲပြဿနာ"

"Basement တူးဖေါ်တည်ဆောက်ခြင်းလုပ်ငန်း
ရပ်ဆိုင်းခြင်း၏ နောက်ဆက်တွဲပြဿနာ"

"Earth Retaining Support System နှင့် Design Consideration"

Basement တူးဖေါ်တည်ဆောက်ခြင်းလုပ်ငန်းနဲ့
ပတ်သက်လို့နည်းနည်းဆွေးနွေးချင်ပါတယ်။
Basement တည်ဆောက်ရာမှာ Earth Retaining Support System (ERSS) ကို Temporary support
အဖြစ်နဲ့ Design မှာ စဉ်းစားပါတယ်။
မှတ်ချက်။ ။ တစ်ချို့ project မှာ wall ကို permanent
wall အဖြစ်သုံးသော်လည်း အခြားသော design concept
(ground water, support စသဖြင့်) များမှာ Temporary
အတွက်သာစဉ်းစားကြပါတယ်။
ဥပမာအားဖြင့် US code တွေမှာ တစ်ချို့ material
specification တွေကို အများဆုံး 36 months
အချိန်ကိုဘဲပေးထားပါတယ်။
တစ်ကယ်လို့ တည်ဆောက်မှုလုပ်ငန်းသိပ်ကြာမဲ့
project ဆိုရင်တော့ planning အရ design requirement သီခြားစဉ်းစားရမှာပါ။
ကျနော်ပြောချင်တာက>>>
ပထမအချက်~~~~
ရန်ကုန်မြို့တစ်ချို့ project တွေမှာ basement
excavationလုပ်ငန်းလုပ်ဆောင်နိုင်ဖို့ ခွင့်ပြုပြီး
တူးဖေါ်မှုစတင်တာနဲ့အများဆုံး ၃ နှစ်အတွင်းမှာ
Basement construction ပြီးစီးရပါမယ်။
ဒုတိယအချက်~~~~
basement excavation လုပ်ငန်းဆိုတာ နိုင်ငံတကာမှာ
နည်းပညာအရ ယူဆထားတာက
လုပ်ငန်းစတင်လိုက်တဲ့အချိန်ကစပြီး
အချိန်ပြည့်တိုင်းတာတွက်ချက်ပြီး
ဘေးပတ်ဝန်းကျင်ကိုအန္တရာယ်မဖြစ်အောင်
စဉ်ဆက်မပြတ်လုပ်ဆောင်နေရတဲ့လုပ်ငန်းဖြစ်ပါတယ်။
ဒါကြောင့်မို့တူးဖေါ်ပြီးတာနဲ့ Permanent
structures တွေကို သတ်မှတ်ထားတဲ့အချိန်
အတွင်းပြီးစီးနိုင်မှသာ
ဘေးပတ်ဝန်းကျင်ကိုအန္တရာယ်မထိရောက်နိုင်မှာပါ။
တူးဖေါ်နေစဉ်အတွင်း လုပ်ငန်းရပ်ဆိုင်းခြင်း (သို့)
ရပ်ထားခြင်းပြုလုပ်ရန်မသင့်လျှော်ပါ။
ထိုသို့ရပ်ဆိုင်းပါက ပိုလို့ အန္တရာယ်ရှိစေမှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် ERSS ရဲ့design concept
ကပင်လျှင် ယာယီအတွက် design
လုပ်ထားခြင်းဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး
အဆောက်အဦးများ ပြန်လည်စစ်ဆေးရေးအဖွဲ့မှာ
ဆွေးနွေးတင်ပြခဲ့ဘူးပါတယ်။
ဒါကြောင့် အဖွဲ့ ဥက္ကဌ အတွင်းရေးမှုးများက
တူးဖေါ်ဆဲ အဆောက်အဦးများကို ဆက်လက်
လုပ်ဆောင်ဖို့ပြောဆိုခဲ့ဘူးပါတယ်။
ဆိုလိုတာကတော့ တူးဖေါ်ခြင်းလုပ်ငန်းပြီးစီး
တာနဲ့ permanent structures များတည်ဆောက်နိုင်တဲ့
အခြေအနေကိုဖန်တီးပေးဖို့လိုမှာဖြစ်ကြောင်း
တင်ပြ ဆွေးနွေးခြင်းဖြစ်ပါကြောင်း။
4-9-2017
Monday
Credit Dr Yu Maung






/

0 comments:

Post a Comment

Disqus Shortname

Comments system