Monday, June 12, 2017

ေလွခါးေတြမွာ သံဘယ္လိုဆင္မလဲ?

ေလွခါးေတြမွာ သံဘယ္လိုဆင္မလဲ?
ကြ်န္ေတာ္တို႔ ေလွခါးေတြမွာ ပံု ၁ ထဲကလို သံေခ်ာင္းဆင္တာ ေတြ႔ဖူးၾကမွာပါ..
ဒီလိုဆင္တာ မွန္ပါလား? ဒါမ်ဳိး ဘာလို႔ ဆင္ပါလဲ?
ေလွခါးေတြအေၾကာင္းမေျပာခင္ Wall Joints ေတြအေၾကာင္း အရင္ စေျပာရပါမယ္..
Wall Joint ေတြမွာ Opening Joint နဲ႔ Closing Joint ဆိုျပီး ရွိပါတယ္..
Opening Joint ဆိုတာ Load ေတြ သက္ေရာက္မႈေၾကာင့္ wall ရဲ႕ Joint ဟာ မူလ ေထာင့္ထက္ ပိုက်ယ္သြားတဲ့ Joint မ်ဳိး ျဖစ္ပါတယ္..
Closing Joint ဆိုတာက Load ေတြက်တဲ့အခါ ျဖစ္လာတဲ့ေထာင့္ဟာ မူလ ရွိတဲ့ေထာင့္ထက္ ပိုက်ဥ္းသြားတဲ့ joint ကို closing joint လုိ႔ ေခၚပါတယ္
ပံု ၂ ကို ၾကည့္ပါ။
Closing Joint ေတြမွာ Tension က အျပင္ဘက္မ်က္နွာျပင္မွာ ျဖစ္ေပၚမွာ ျဖစ္ျပီး Opening Joints ေတြမွာေတာ့ Tension က အတြင္းဘက္ မ်က္ႏွာျပင္မွာ ျဖစ္ေပၚမွာ ျဖစ္ပါတယ္။
Opening Joint အတြက္ Rebar detail ကို ပိုမို ဂရုစိုက္ေပးဖို႔ လိုအပ္ပါတယ္။
ပံု ၃ က Opening Joint တစ္ခုမွာ ျဖစ္ေပၚတဲ့ Crack ပံုေတြပါ။ ဒီေတာ့ Opening Joint မွာ Tension bar ဟာ crack line ရဲ႕ တစ္ဘက္တစ္ခ်က္စီမွာ လံုေလာက္တဲ့ Anchorage ရွိေနဖို႔ လိုအပ္ပါတယ္။ ပံုမွာ အျပာေရာင္က Tension bar ျဖစ္ျပီး အနီေရာင္နဲ႔ ျပထားတာက anchorage ျဖစ္ပါတယ္။ (Anchorage သာ မလံုေလာက္ပါက Crack ကို ထိန္းႏိုင္မွာ မဟုတ္ပါ။
တကယ္လို႔သာ Opening Joint မွာ သံေခ်ာင္းေတြကို တစ္ခုနွင့္တစ္ခု မျဖတ္ဘဲ ပံု ၄ အတိုင္း ဆင္ပါက လံုး၀မွားယြင္းတဲ့ သံဆင္မႈလို႔ ေျပာရမွာ ျဖစ္ပါတယ္။ အဲဒီပံုမွာ အတြင္းသံေခ်ာင္းေတြမွာ လံုေလာက္တဲ့ anchorage မရွိတဲ့အတြက္ ေထာင့္မွာ ျဖစ္ေပၚလာမယ့္ crack ကို ထိန္းႏိုင္မွာ မဟုတ္ပါ။
ပံု ၅ ကေတာ့ opening Joint နဲ႔ Closing Joint ဘယ္အခ်ိန္မွာ ျဖစ္ေပၚတယ္ဆိုတာ ျပတဲ့ပံုပါ။ ပံုမွာ အတြင္းဘက္မွ ျဖစ္တဲ့ အားေတြေၾကာင့္ opening Joint ျဖစ္ေပၚမွာ ျဖစ္ျပီး အျပင္ဘက္က အားေတြေၾကာင့္ Closing Joint ျဖစ္ေပၚမွာ ျဖစ္ပါတယ္။
ဒီေတာ့ ေလွကားကို ျပန္ၾကည့္ရေအာင္…
ပုံ ၆ ကို ၾကည့္ပါ။ ဒီပံုမွာ အေပၚ Landing နဲ႔ Flight ဆံုတဲ့ Joint ဟာ opening joint ျဖစ္တဲ့အတြက္ Joint ထဲ ၀င္လာတဲ့ သံေခ်ာင္း (bottom bar) ေတြကို Anchorage ရေအာင္ ျပဳလုပ္ေပးရပါတယ္။
ေအာက္ Landing နဲ႔ Flight ဆံုတဲ့ေနရာမွာေတာ့ Closing Joint ျဖစ္တဲ့အတြက္ Bottom bar ေတြဟာ တစ္ဆက္ထဲ ေတာက္ေလွ်ာက္ ရွွိေနဖို႔ လိုအပ္ပါတယ္။
ေက်းဇူးတင္ပါတယ္
Aung Hsu Myat
22 Dec 2016


Unicode

လှေခါးတွေမှာ သံဘယ်လိုဆင်မလဲ?

ကျွန်တော်တို့ လှေခါးတွေမှာ ပုံ ၁ ထဲကလို သံချောင်းဆင်တာ တွေ့ဖူးကြမှာပါ..

ဒီလိုဆင်တာ မှန်ပါလား? ဒါမျိုး ဘာလို့ ဆင်ပါလဲ?

လှေခါးတွေအကြောင်းမပြောခင် Wall Joints တွေအကြောင်း အရင် စပြောရပါမယ်..

Wall Joint တွေမှာ Opening Joint နဲ့ Closing Joint ဆိုပြီး ရှိပါတယ်..

Opening Joint ဆိုတာ Load တွေ သက်ရောက်မှုကြောင့် wall ရဲ့ Joint ဟာ မူလ ထောင့်ထက် ပိုကျယ်သွားတဲ့ Joint မျိုး ဖြစ်ပါတယ်..

Closing Joint ဆိုတာက Load တွေကျတဲ့အခါ ဖြစ်လာတဲ့ထောင့်ဟာ မူလ ရှိတဲ့ထောင့်ထက် ပိုကျဉ်းသွားတဲ့ joint ကို closing joint လို့ ခေါ်ပါတယ်

ပုံ ၂ ကို ကြည့်ပါ။

Closing Joint တွေမှာ Tension က အပြင်ဘက်မျက်နှာပြင်မှာ ဖြစ်ပေါ်မှာ ဖြစ်ပြီး Opening Joints တွေမှာတော့ Tension က အတွင်းဘက် မျက်နှာပြင်မှာ ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။

Opening Joint အတွက် Rebar detail ကို ပိုမို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ပုံ ၃ က Opening Joint တစ်ခုမှာ ဖြစ်ပေါ်တဲ့ Crack ပုံတွေပါ။ ဒီတော့ Opening Joint မှာ Tension bar ဟာ crack line ရဲ့ တစ်ဘက်တစ်ချက်စီမှာ လုံလောက်တဲ့ Anchorage ရှိနေဖို့ လိုအပ်ပါတယ်။ ပုံမှာ အပြာရောင်က Tension bar ဖြစ်ပြီး အနီရောင်နဲ့ ပြထားတာက anchorage ဖြစ်ပါတယ်။ (Anchorage သာ မလုံလောက်ပါက Crack ကို ထိန်းနိုင်မှာ မဟုတ်ပါ။

တကယ်လို့သာ Opening Joint မှာ သံချောင်းတွေကို တစ်ခုနှင့်တစ်ခု မဖြတ်ဘဲ ပုံ ၄ အတိုင်း ဆင်ပါက လုံးဝမှားယွင်းတဲ့ သံဆင်မှုလို့ ပြောရမှာ ဖြစ်ပါတယ်။ အဲဒီပုံမှာ အတွင်းသံချောင်းတွေမှာ လုံလောက်တဲ့ anchorage မရှိတဲ့အတွက် ထောင့်မှာ ဖြစ်ပေါ်လာမယ့် crack ကို ထိန်းနိုင်မှာ မဟုတ်ပါ။

ပုံ ၅ ကတော့ opening Joint နဲ့ Closing Joint ဘယ်အချိန်မှာ ဖြစ်ပေါ်တယ်ဆိုတာ ပြတဲ့ပုံပါ။ ပုံမှာ အတွင်းဘက်မှ ဖြစ်တဲ့ အားတွေကြောင့် opening Joint ဖြစ်ပေါ်မှာ ဖြစ်ပြီး အပြင်ဘက်က အားတွေကြောင့် Closing Joint ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။

ဒီတော့ လှေကားကို ပြန်ကြည့်ရအောင်…
ပုံ ၆ ကို ကြည့်ပါ။ ဒီပုံမှာ အပေါ် Landing နဲ့ Flight ဆုံတဲ့ Joint ဟာ opening joint ဖြစ်တဲ့အတွက် Joint ထဲ ၀င်လာတဲ့ သံချောင်း (bottom bar) တွေကို Anchorage ရအောင် ပြုလုပ်ပေးရပါတယ်။
အောက် Landing နဲ့ Flight ဆုံတဲ့နေရာမှာတော့ Closing Joint ဖြစ်တဲ့အတွက် Bottom bar တွေဟာ တစ်ဆက်ထဲ တောက်လျှောက် ရှှိနေဖို့ လိုအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်
Aung Hsu Myat
22 Dec 2016





 

0 comments:

Post a Comment

Disqus Shortname

Comments system