Friday, July 22, 2016

Learning ETABS (4)

Concrete Frame Design

Etabs မှာ concrete frame design ကို ဘယ် code နဲ့ လုပ်မလဲဆိုတာကို Options > Preferences > Concrete Frame Design က Design Code မှာ ၀င်ရောက်ရွေးချယ်နိုင်ပါတယ်။

Etabs Design Results တွေကို Design > Concrete Frame Design > Display Design Info က Design Output မှာ ရွေးချယ်ကြည့်ရှူနိုင်ပါတယ်။

Reinforcement ကို beam အတွက် (၃)နေရာ (stations) ပြပြီး column အတွက် (၁) နေရာပြပေးပါတယ်။

Longitudinal reinforcement ကို Beam အတွက် ဘယ်၊ အလယ်၊ ညာ ဆိုပြီး (၃) နေရာကို beam line အပေါ်မှာရော အောက်မှာပါပြပေးပါတယ်။ အပေါ်မှာပြထားတာက top steel အတွက်ဖြစ်ပြီး အောက်မှာပြထားတာက bottom steel အတွက်ဖြစ်ပါတယ်။

Shear reinforcement အတွက် (Unit ကို kip-in မှာထားရင်) ပေးထားတဲ့ တန်ဖိုးက (in2/in) ပါ။ ဥပမာ shear reinforcing = 0.03 ဖြစ်ပြီး stirrups ကို 8mm သုံးမယ်ဆိုရင် 8mm ရဲ့ steel area က (0.0779 in2) ဖြစ်ပြီး spacing = 0.0779x2/0.03 = 5.19 in ရပါမယ်။

Torsion reinforcement အတွက် line အပေါ်၊ အောက် ပေးထားရာမှာ အပေါ်က shear အတွက်ဖြစ်ပြီး အောက်က side reinforcement အတွက်ဖြစ်ပါတယ်။ Torsion က ရတဲ့ shear ကို shear reinforcement မှာ သွားပေါင်းရမှာဖြစ်ပြီး side reinforcement က longitudinal reinforcement နဲ့ သွားပေါင်းပေးရမှာဖြစ်ပါတယ်။

Etabs ရဲ့ design output တွေက envelope design ပါ။
Design လုပ်ရာမှာ load combinations တွေအများကြီးရှိတဲ့အထဲကမှ အများဆုံးဖြစ်တဲ့ control ဖြစ်တဲ့ တန်ဖိုးနဲ့ လုပ်ရပါတယ်။
ပုံမှာ line အပေါ် အောက် မှာ အစိမ်းရောင်နဲ့ ဖော်ပြထားတဲ့ steel areas တွေက (Lateral loading ထည့်ထားရင်) load combination တခုတည်းက အဖြေတွေဖြစ်ချင်မှ ဖြစ်မှာပါ။

ဘယ်ဘက်အစွန် အပေါ်က 2.00 ဆိုတာ load combination 7 ဖြစ်တဲ့ DCON7 ရဲ့ result ဖြစ်ပြီး ဘယ်ဘက်အစွန်အောက်က 1.13 ဆိုတာ load combination 6 ဖြစ်တဲ့ DCON6 ရဲ့ result ဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ ဘယ်ဘက်အစွန် အပေါ်အတွက် DCON7 က control ဖြစ်ပြီး ဘယ်ဘက်အစွန်အောက်အတွက်တော့ DCON7 က 0.94 ဖြစ်လို့ သူ့ထက်ပိုများတဲ့ DCON6 က တန်ဖိုးဖြစ်တဲ့ 1.13 က control ဖြစ်သွားတာပါ။
အဲဒီလို stations နေရာပေါင်းစုံမှာ  load combination တစ်ခုတည်းမစဉ်းစားပဲ တစ်ခုချည်းစီအတွက် control ဖြစ်တဲ့ load combination နဲ့ design လုပ်တာကို envelope design လို့ခေါ်ပါတယ်။
Analysis results တွေဖြစ်တဲ့ moment, shear တွေကနေ manual design လုပ်မယ်ဆိုရင် တစ်ခုချည်းစီအတွက် control ဖြစ်တဲ့ load combination တွေကိုလိုက်ရှာပြီး design လုပ်နိုင်ဖို့အရေးကြီးပါတယ်။


DCON7က  mid မှာ (+360.53) နဲ့ load combinations အားလုံးမှာ အများဆုံးဖြစ်ပေမယ် ဘယ်အစွန်က -ve mement တန်ဖိုး (-893.64), ဖြစ်နေပြီး +ve moment မပေါ်ပါ။
DCON6 အတွက် ဘယ်အစွန်က  +ve moment (+534.75) ဖြစ်နေတာကို သတိပြုပါ။
(ဗိုလ်ဗိုလ်ကျော်)

1 comment:

  1. Civil Engineering MCQ questions and answers for an engineering student to practice, GATE exam, interview, competitive examination and entrance exam from mcqquestions.net.

    ReplyDelete

Disqus Shortname

Comments system