Thursday, July 14, 2016

Site Mistake (8)


Site Mistake (8)
Bond, Anchorage and Development Length
ပုံမှာ Beam Rebar က Column Rebar ကို ချိပ်ဆွဲထားတယ်လို့ ယူဆပြီး လုပ်ထားပုံရပါတယ်။
တကယ်တော့ Beam က Moment/ Stress ကြောင့်ဖြစ်တဲ့ Rebar ရဲ့ Tensile Strength ကို Concrete နဲ့ Rebar ရဲ့ Bond ဖြစ်တဲ့ Bond Strength လေးက ထိန်းထားတာပါ။ 
အဲ့လို Bar ရဲ့ Tensile Strength ကိုရအောင် Concrete ထဲထည့်ထားရတဲ့ length ကို Development length လို့ခေါ်ပါတယ်။
Rebar ကို အဖြောင့်အတိုင်း ထည့်ရုံနဲ့ အဲ့ length လေးမလုံလောက်ရင်တော့ Hoook လုပ်ပေးရပါတယ်။
ပုံမှန်တော့90deg, 180deg Standard Hook တွေသုံးပြီး ထည့်နိုင်ပါတယ်။
အဲ့တော့ ပုံထဲကလို တိုင် rebar ကိုသွားမချိပ်ဘဲ တိုင်ထဲ လိုအပ်တဲ့ development length နဲ့ ဝင်ပြီး Standard Hook နဲ့ အဆုံးသတ်သင့်ပါတယ်။

(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system