Thursday, July 14, 2016

Site Mistake (9)

Site Mistake (9)
Discontinuity of Rebar

အခါအားလျော်စွာ အပေါ်ဘယ်အစွန်ပုံထဲကလို Rear တွေဆက်ဖို့ မပါလာခဲ့တာတွေ ခဏခဏကြုံရပါတယ်။ ပုံကအတိုင်း လှေကားအတွက် မျှော်ဖို့သံ လှေကားနေရာပြောင်းလို့ဖြစ်ဖြစ် မေ့ကျန်ခဲ့တာကြောင့်ဖြစ်ဖြစ် အစွန်သံချောင်းတွေအတွက် ကျန်ခဲ့တာမျိုးလဲ ကြုံရပါတယ်။
နောက်ပြီး Coupler နဲ့ဆက်သုံးဖို့ထားခဲ့တာတွေမှာလဲ Coupler အရစ်ပြုံးလို့ သုံးမရတာမျိုး နောက် အောက်ဆုံးပုံလို Column တိုင် rebar အပေါ်ဆက်သွားဖို့ ကျန်ခဲ့တာမျိုးလိုမျိုးတွေ ကြူံခဲ့ရပါတယ်။

အဲ့အခါမျိုးတွေမှာ Rebar ကို 90deg hook နဲ့ Anchorage ယူပြီး ပြင်ဆင်ဖို့ကြိုးစားတဲ့ အမှားမျိုးတွေ တွေ့ရပါတယ်။ အဲ့လိုလုပ်ယူလို့မသင့်ပါ။
လူ့သွားနဲ့ ဥပမာပေးရရင် ကျိုးတဲ့သွားကို ဘေးကသွားကို ကူခိုင်းတဲ့ Bridge နဲ့သွားတူပါတယ်။ ဘေးက max stress ကို မထမ်းရရင်တော့ ကူကောင်းကူနိုင်ပေမယ့် သူကိုယ်တိုင်က max stress ကို ထမ်းရတော့မယ်ဆိုရင်တော့ မကူနိုင်တော့ပဲ failure ဖြစ်မှာပါ။
ဒါကြောင့် သွားစိုက်တာမှာ Implant စိုက်သလိုမျိုး Rebar ကို Plant စိုက်ဖို့ chemical သုံးပြီး ပြင်သင့်ပါတယ်။

မှတ်ချက် ၊ Site Mistake များကို Inspectors များ Site Engineers များ Supervisers များအတွက် ကိုးကားနိုင်ဖို့ ရည်ရွယ်ရေးသားပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

BoBo Kyaw's Profile Photo


0 comments:

Post a Comment

Disqus Shortname

Comments system