How to learn ETABS
ကျွန်တော် ETABS လေ့လာတာမှာ သင်တန်းတစ်ခုအနေနဲ့ မသင်ခဲ့ဖူးပါဘူး။ စာအုပ်တွေဖတ်၊ watch & learn video file တွေကြည့်ပြီး ဆရာသမားတွေနဲ့တွေ့တဲ့အခါ မေးတာတို့နဲ့ လေ့လာပါတယ်။ အခု Note မှာ ဘယ်လို Seft study လုပ်မယ်ဆိုတာလေး တင်ပြချင်ပါတယ်။
ပထမဆုံးအနေနဲ့ Software နဲ့ပါလာတဲ့ Tutorials တွေကို လိုက်ဖတ်ပြီးလုပ်ကြည့်ပါတယ်။ Menu က Help > Documentations and Tutorials မှာ ဖတ်နိုင်ပါတယ်။
မသိတာရှိရင် Help file မှာရှာဖတ်ပါတယ် (Help > Search for Help on..)။
အဲဒီမှာမှ တစ်ခုခုလုပ်ရင်းတန်းလန်း ပေါ်လာတဲ့ meun bar တွေဘာတွေကို နားမလည်ဘူးဆိုရင် F1 ကိုနှိပ်လိုက်ပါ။ အဲတာနဲ့ပတ်သက်လို့ ရှင်းထားတဲ့ Help file ကျလာပါလိမ့်မယ်။
ဥပမာ ပုံမှာပြထားတဲ့အတိုင်း "Define Static Load Case .." ဆိုတာနဲ့ပတ်သက်လို့ မရှင်းဘူးဆိုပါစို့။ F1 ကို နှိပ်လိုက်ပါ။
ပုံမှာပြထားတဲ့အတိုင်း ဒါကို ရှင်းထားတဲ့ Help file ပေါ်လာပါလိမ့်မယ်။
နောက် watch & learn video file တွေကတော့ YouTube မှာ CSI web site မှာတွေ download ပြီးလေ့လာပါတယ်။ E books တွေလည်း ရှာဖွေဖတ်ရှူပါတယ်။ ETABS နဲ့ပတ်သက်တာတွေတင်တဲ့ ပြောကြဆိုကြတဲ့ Pages တွေ like ထားမယ် Group တွေဝင်ထားမယ်။ အစရှိသဖြင့်လေ့လာပါတယ်။
ဒီ http://www.csiamerica.com မှာလည်းဝင်လေ့လာပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
Civil Engineering MCQ questions and answers for an engineering student to practice, GATE exam, interview, competitive examination and entrance exam from mcqquestions.net.
ReplyDelete