Friday, July 22, 2016

Civil နဲ့ ပတ်သက်တဲ့ အမေးအဖြေ (၁၆)

Download as PDF

မေး - Two way slab မှာ short direction moment factor က ဘာ့ကြောင့်များရတာပါလဲ။ Footing slab မှာတော့ long direction moment က များတယ် ဖြစ်ပြန်ရော။
ဖြေ - Moment ဖြစ်တည်မှုပုံစံမတူညီလို့ပါ။ ရှင်းအောင် Rectangular Footing နဲ့ Two way slab ရဲ့ သဘောဘာဝကို တခုချင်းစီ လေ့လာပေးပါ။







Rectangular Footing လို Column Footing တွေမှာ (Rigid method မှာ) အပေါ်က Column load ကို အောက်ခံမြေကြီးက Footing တလျောက်လုံး ညီညီညာညာ (Uniformly) ပြန်တွန်းတယ်လို့ ယူဆပါတယ်။ အဲ့ဒီမှာမှ Rc ဆိုရင် Critical Moment က Column Face မှာရှိပါတယ်။ အဲ့ Moment က Column Face ကနေ Cantilever ဖြစ်တဲ့ Cantilever moment ပါ။
အဲ့လို Cantilever ဖြစ်တဲ့အတွက် Long Direction က Short ထက် length ပိုလို့ သူ့ moment က ပိုများတာ ဖြစ်ပါတယ်။ ဒါက longer က moment ပိုများတယ်လို့ ပြောတာပါ။ အဲ့အတွက် အမြဲတမ်း longer direction က main ဖြစ်မယ်လို့ ပြောမရသေးပါဘူး။







ဘာလို့ဆိုတော့ Long Direction မှာ လိုအပ်တဲ့ Bars အရေအတွက်ကို Footing တလျောက် ညီညီညာညာ (Uniformly) ထည့်ပေးရပါတယ်။ ဒါပေမယ့် Short Direction မှာတော့ လိုအပ်တဲ့ Bars ရဲ့ ရာခိုင်နှုန်းအများစုကို Footing Short length (B) နဲ့အညီ ရှိတဲ့ length (ဒါကို Band width, b လို့ခေါ်ပါတယ် ပုံမှာပြထားပါတယ်။) အတွင်း ထည့်ပေးရပါတယ်။ အဲ့လိုထည့်ပေးရမယ့်အချိုးက 2/ (footing long length / footing short length + 1) ပါ။ ကျန်အချိုးကိုတော့ ကျန်ဘေးအစွန်နှစ်ဘက်ကိုအညီအမျှထည့်ပေးရမှာပါ။
အဲ့လို Shor Direction မှာ Band Width အတွင်း ဝေစုပိုထည့်ပေးရတဲ့အတွက် အရမ်း slender ဖြစ်တဲ့ case မျိုးမှာ Short Direction က Band Width အတွင်း ထည့်ရတဲ့ Bar က Uniformly ထည့်တဲ့ Long Direction Bar ထက် Main ကျလာနိုင်ပါတယ်။







Two Way Slab မှာ Shor span ကော Long span ကိုပါ 1 unit ရှိတဲ့ beam တချောင်းရှိတယ်လို့ မြင်ကြည့်ပါ။ သူ့ရဲ့ support က အစွန်းနှစ်ဖက်မှာရှိပါတယ်။ Rectangular လို Cantilever မဟုတ်ပါ။ နောက် Load အများစုကလဲ Short direction က ယူပါတယ်။ ဒါကြောင့် Short က Main ကျလေ့ရှိတာပါ။
ရိုးရိုးလေးစဉ်းစားမယ်ဆိုလဲ support က အစွန်းနှစ်ဖက်ဖြစ်တဲ့အတွက် ပိုထမ်းနိုင်တဲ့ short က main ဖြစ်ရခြင်းပါ။
End support ရဲ့ Restaint condition ပေါ် မူတည်ပြီးလို့တော့ mian ဖြစ်တဲ့ condition ပြောင်းလဲနိုင်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system