Friday, July 22, 2016

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁၇)

FQA17.pdf

 Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁၇)
Civil Engineering Books for Begineers

မေး - အခုမှကျောင်းပြီးပြီး လုပ်ငန်းခွင်စဝင်ကာစပါ။ ဘာစာအုပ်တွေ စဖတ်ရမလဲ သိချင်ပါတယ်။

ဖြေ - Civil Engineering စာအုပ်တွေ စဖတ်ကာစ လူတွေအတွက် ဖတ်ရလွယ်တာနဲ့ မဖြစ်မနေ ဖတ်ရမယ့် စာအုပ်တွေကို ပြောပေးပါမယ်။

၁) CQHP Inspector Guideline (Civil Work)
CQHP က Civil, MEP, Architecure နဲ့ ပတ်သက်တဲ့ Guidelines စာအုပ် ၁၃ အုပ် ထုတ်ထားပါတယ်။ တတ်နိုင်ရင်တော့ အားလုံးလေ့လာထားသင့်ပါတယ်။
Civil ပိုင်းသီးသန့်ဆိုရင်တော့
a) Inspector
Construction ပိုင်းလုပ်နေတဲ့သူတွေ မဖတ်မဖြစ်ဖတ်သင့်ပါတယ်။
b) Structure + Annex
Structure ပိုင်းပါ။ Construction သမားလည်း ဖတ်သင့်ပါတယ်။
c) Safety
အခုချိန်မှာတော့ Safety လည်း မဖြစ်မနေသိထားသင့်နေပါပြီ။

၂) Essentials of Concrete Inspection and Concrete Mix Designs by U Nyi Hla Nge
ဆရာကြီးဦးညီလှငယ် ပြုစုထားတာပါ။ မြန်မာ, English နှစ်ဘာသာနဲ့ပါ။ Pioneer နဲ့ MES မှာ ဝယ်နိုင်ပါမယ်။

၃) Field Reference Manual by U Nyi Hla Nge
ဆရာကြီးဦးညီလှငယ် ပြုစုထားတာပါပဲ။ ဒီစာအုပ် က English လိုပါ။ Structure ကော Construction သမားများပါ အိတ်ဆောင်သဘောမျိုး ဆောင်ထားရမှာမျိုးပါ။ Pioneer, MES နဲ့ စာအုပ်ဆိုင်တွေ မှာ ဝယ်နိုင်ပါမယ်။

၎) Construction Safety Handbook U Aye Nyein
ှSafety ပိုင်းကို အလေးပြုဆောင်ရွက်ရမယ့် အချိန်ရောက်နေပါပြီ။ ဒီစာအုပ်ကို မြန်မာလိုရေးထားတာပါ။ စာအုပ်ဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါမယ်။

၅) CONCRETE BASICS - A Guide to Concrete Practice
ရိုးရိုးရှင်းရှင်း တိုတိုတုတ်တုတ်နဲ့ ပုံလေးတွေနဲ့မို့ အလွယ်တကူ နားလည်လွယ်ပါလိမ့်မယ်။ စာမျက်နှာလဲ ဘာမှမရှိဘူးဆိုတော့ ခဏနဲ့ ပြီးအောင်ဖတ်နိုင်ပါလိမ့်မယ်။

Begineer တွေအတွက်မို့ ဒီလောက်ပဲ ဖော်ပြပေးလိုက်ပါတယ်။ ဒီစာအုပ်တွေနဲ့ စာဖတ်ကျင့်ကို အစပြုသင့်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)



0 comments:

Post a Comment

Disqus Shortname

Comments system