Friday, July 22, 2016

Learning ETABS (2)

Edit Grid Data

(ETABS နဲ့ ပတ်သက်လို့ ပထမဦးဆုံး တင်ပြချင်တာတွေက ETABS စတင်အသုံးပြုပုံတွေ မဟုတ်ပါဘူး။ ETABS သင်တန်းတွေ၊ သင်ထောက်ကူတွေမှာ ပါလေ့ မရှိပဲ အသုံးဝင်တဲ့ဟာလေးတွေကို တင်ပြသွားမှာပါ။)

တခါတလေကြတော့ Project တစ်ခုကို ETABS နဲ့ model တည်ဆောက်ပြီး analysis & design ပြီးမှ အခန်းဖွဲ့ပေတွေ ပြောင်းသွားတာမျိုး ကြုံရပါတယ်။ အဲဒီအခါမျိုးမှာ အခုတင်ပြမယ့် အချက်တွေ မသိရင် အစအဆုံး ပြန်လုပ်ရတော့မယ်လို့ ထင်ပါလိမ့်မယ်။


Fig 1Fig 1

အခုပုံ (Fig 1) မှာ Y-Direction အခန်းဖွဲ့ 14' , 8' , 10' , 8' ကနေ အခန်းဖွဲ့ 15' , 10' , 10' , 10' ဆိုပြီး ပြောင်းပါမယ်။
Analysis ပြီးပြီးသားဖြစ်တဲ့အတွက် Lock ဖြစ်နေတာကို Unlock လုပ်ပါ။


Fig 2Fig 2
နောက် Fig 2 အတိုင်း Edit > Edit Grid Data > Edit Grid အဆင့်ဆင့်ဝင်ပါ။



Fig 3Fig 3
Define Grid Data ဆိုတဲ့ window တစ်ခုကြလာပါမယ်။
အဲဒီ window မှာ နောက်ပြောင်းမယ့် အခန်းဖွဲ့ (အနီနဲ့ဝိုင်းပြထား) ကို ပြောင်းပေးလိုက်ပါ။
Ok မနှိပ်ပါနဲ့ဦး။ ညာဘက်က အနီနဲ့ဘောင်ခတ်ထားတဲ့ Glue to Grid Lines ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါမှသာ grid line spacing ပြောင်းတာနဲ့အတူတူ grid line ပေါ်က beam တွေ grid line ကြားက slab တွေပါ လိုက်ပြောင်းသွားမှာပါ။
Ok နှိပ်လိုက်ပါ။


Fig 4Fig 4
Fig 4 အတိုင်း အခန်းဖွဲ့ တွေ ပြောင်းသွားတာကို တွေ့ရမှာပါ။ Dimension lines တွေက မပြောင်းပဲ အရင်အတိုင်းကျန်ခဲ့ပါတယ်။ ဒါတွေကို ပြန်ဖျက်ပြီး ပြန်ဆွဲပေးနိုင်ပါတယ်။ ညာဘက်မှာ ပြန်ဆွဲပြထားပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

https://web.facebook.com/notes/bobo-kyaw/learning-etabs-2/10200997011268041

0 comments:

Post a Comment

Disqus Shortname

Comments system