Friday, July 22, 2016

Connection detail of Dwall & RC main members (part 1)

Connection detail of Dwall & RC main members (part 1)
diaphragm wall တွေ ပြီးတော့ structure frame စဘို့အတွက် Dwall နဲ့ ဘယ်လိုconnection တွေသုံးသလည်း တည်ဆောက်ဘို့ဘယ်လို ပြင်ဆင်သလဲဆိုတာကို ပြောချင်ပါတယ် သိသလောက်ပါ
1) diaphragm wall complete ဖြစ်တာနဲ့ dwall နဲ့တွဲမယ့် top level main flat slab ကြီးတည်ဆောက်ဘို့အတွက် first stage အနေနဲ့ dwall တည်ဆောက်ရာမှ temporary အနေနဲ့သုံးတဲ့ guide wall ကို remove လုပ်ပါတယ် remove လုပ်တဲ့နေရာ inner & outer guide wall ဆိုပြီး guide wall က 2 line ရှိပါတယ် အဲ့ဒီနေရာမှာ inner guide wall ကတော့ excavation side ဖြစ်တဲ့အတွက် safe ဖြစ်စွာ remove လုပ်နိုင် outer guide wall ကတော့ site အခြေအနေပေါ် မူတည်ပြီ guide wall အပြင်ဘက်က soil stability ကိုကြည့်ပြီးမှ remove လုပ်ကြရပါတယ် ဒါကတော့ ကိုယ် site condition ပေါ်မူတည်ပြီးကြည့်ရပါတယ် လိုအပ်ရင် outer guide wall ကို remove မလုပ်သေးပဲ RC main slab ကြီးပြီးမှ remove လုပ်ပါတယ်
2) guide wall တွေ remove လုပ်ပြီးတာနဲ့ dwall တွေ ရဲ့ concrete cut off level တွေ ကို check ပြီး လိုအပ်တာထက်ပို ပြီး မြင့်နေတဲ့ concrete တွေကို hacking လုပ်ရပါတယ်
(အဲ့ဒီမှာ dwall contactor က သူတို့တော့ cut off level ထက်ကို max: ဘယ်လောက်ထိလောင်းခွင့်ပြုပါဆိုပြီး dwall မစခင်ကတည်းက main contactor နဲ့ sub.contactor ကaggreement ယူထားရပါတယ် ဒါပေမယ့် တော်တော်များများမှာ concrete cutoff level တွေကို agree လုပ်ထားတဲ့ level ထက်ပိုတဲ့အတွက် cost & time wastage တွေကို mc က sc ကို back charge လုပ်ပါတယ် )
3) dwall cut off level တွေကို dwall နဲ့ connect လုပ်မယ့် RC member soffit ရောက်သည့်အထိ hack down လုပ်ပါတယ် hack down လုပ်တဲ့နေရာမှာ နေရာများများ မှာက main top flat slab ကြီးနဲ့ပဲ connect လုပ်တဲ့ အတွက် hacking level က constant ဖြစ်ပါတယ် ဒါပေမယ် တချို့ နေရာ main slab ကြီးမှာ opening တွေprovide လုပ်ရတာတွေရှိပါတယ် ဆို တော့ structural requirement တွေအရ main flat slab ကြီးပဲ မဟုတ်တော့ပဲ RC beam တွေပါလာပါတယ် နောက် beam width တွေကလည်း archi & M&E update requirement တွေအရ structure ကလိုအပ်တဲ့ beam width ကိုမပေးနိုင်တဲ့အတွက် deep beam တွေဖြစ်လာပါတယ် construction လုပ်နေတဲ့အချိန်မှာတောင် design changes တွေကလည်း ရှိနေပါတယ် အဲ့ဒါနဲ့ deep beam နေရာတွေမှာ dwall နဲ့ connect လုပ်ဘို့ dwall တွေကို main slab level ထက်ကို နောက် 1.5m လောက်အ ထိhack ဘို့က on site condition မှာ ခက်ခဲ့ပါတယ် casting တွေလုပ်ဘို့ အချိန်လည်းပိုကြာလာနိုင်ပါတယ် deep beam hacking လုပ်ရန် safety reason တွေကြောင့် ရော site space တွေကြောင့်ပါ deep beam နဲ့ dwall connection တွေကို ပုံမှန် anchor angle bar install မလုပ်ဖြစ်ခဲ့ပါဘူး
4) dwall & deep beam ဘယ်လို connection change ဖြစ်ခဲ့သလဲဆိုတော့ beam တွေရဲ့ top n bottom bar တွေဟာ သူတို့ နဲ့ connect လုပ်မယ့် member တွေထဲကို anchor angle လုပ်ရမှာပါ အဲ့ဒီနေရာမှာ beam top bar ကတော့ ပြသနာ မရှိပါဘူး ဒါကြောင့် site အဖွဲ့တွေကို deep beam ရဲ့ bottom bar နေရာက dwall တွေကို hacking method ဖြစ် rebar installation မလုပ်ပဲ rebar drilling connection လုပ်မယ့်အကြောင်းပြောပြီး site ကသူတွေကို ဘယ် rebar sizes ကို မြန်မြန် drill နိုင်လည်းဆိုတာ ကိုconfirm ယူပါတယ် ဘာလို့လည်းဆိုတော့ ကိုယ်တွေက counter propose လုပ်တဲ့ method ဟာ အဓိကtime saving ဖြစ်ဘို့ အရေးကြီးပါတယ် ၊
5) beam rebar တွေကို ဘာလို့ အရင်ကတည်းထည့်မထားဖြစ်သလဲဆိုတာကတော့ dwall top cage တွေမှာက တခြားcage တွေထက်ကို addational liffting hook တွေပါရတာက တကြောင်း lifting bar, spacer bar, rest bar တွေကြောင့်လည်း casge တွေက rebar congest ဖြစ်နေပါတယ် ဒါပေမဲ့ congestion က main reason တော့မဟုတ်ပါဘူး rebarcoupler bar တွေ install လုပ်ချင်ရင် condition ကို check ရပါတယ် rebar က alignment out နိုင်ခွင့်ရှိတဲ့ အခြေအနေလားဆိုတာကိုပါ အခုပြောချင်တဲ့ အခြေအနေကတော့ coupler bar တွေက alignment out ခွင့်မရှိတဲ့ archi & M& E opening area ကအခြေအနေပါ beam sizes တွေက opening နှစ်ခုကြားမှရှိတဲ့ အတွက် sizes က limited ပါ ဒါကြောင့်ရော dwall rebar cage တွေမှာ install မလုပ်ဖြစ်ခဲ့ပါဘူး နောက် reason က dwall over cast concrete တွေ hack တဲ့နေရာမှာ beam rebar တွေက damage ဖြစ်နိုင်သလို hacking လုပ်တဲ့နေရာမှာလဲ ခက်ခဲ့ပါတယ် concrete တွေ remove လုပ်ဘို့ပါ
Dwall rebar cge က main slab level အောက်ပိုင်းမှာပိုပြီ congest ဖြစ်ပါ တယ် အဲ့ဒီအတွက် hacking method သုံးပြီးတာတောင် update deep beam bottom bar install လုပ်နိုင်ဘို့ က မသေချာပါဘူး ဒါပေမယ့် beam bottom rebar တွေကလည်း T40 sizes တွေကြီးဘဲဆိုတော့ drill လုပ်ရာမှာလည်း T40 ကအဆင်မပြေပါဘူး ဒါကြောင့် drilling bar ကို site ကသူတွေ recommend လုပ်တဲ့ T25 bar sizes အထိလျှော့ပြီးသုံးဘို့ ဆုံးဖြတ်ပြီး dwall rebar cage တွေရဲ့ rebar အခြေအနေကို drilling လုပ်မယ့်သူတွေကိုပြပြီး ဘယ်နေရာကို drilling လုပ်ရန် install မလုပ်ခင် marking အရင်လုပ်ခိုင်းပါတယ်
beam bottom total bar area ရဲ့ 50% ကို T25 ပြောင်းပြီး installation လုပ်နိုင်မယ့် rebar spacing check ပြီး install လုပ်နိုင်မယ့် အနေအထားကို QP ဘက်ကိုပြောပြီး site မှာ hitli hit RE 500 chemical ဖြင့် T25 bar တွေကို dwall နဲ့ deep beam bottom bar မှာ connect လုပ်ဖြစ်ခဲ့ပါတယ်...
site photo နဲ့ detail connection ပုံတွေ attach လုပ်ပေးထားပါတယ် မရှင်းတာရှိရင်ပြောပါ
ကျေးဇူးပါ
Yin Wai Aung


inner guide wall ကို remove လုပ်ပြီး dwall over cast concrete တွေကို remove လုပ်နေတဲ့အခြေအနေပါ


////////

slab soffit အထိ dwall cut off level ညှိပြီးတဲ့ အခြေအနေပါ soil stability ကြောင့် out guide wall ကိုတော့ remove မလုပ်ထားသေးပါဘူး

/////


detail connection ပါ beam bottom angle bar ကို omit လုပ်ပြီး chemical drilling bar ကို အသုံးပြုရန်ပါ

//////


site မှာ drilling bar တွေ install လုပ်နေတဲ့ အခြေအနေပါ dwall concrete ကို slab thickness အထိပဲ hack ထားတာပါ

///

drill bar တွေ install လုပ်အပြီး beam rebar တွေ install နေလုပ်တဲ့အခြေအနေပါ



///

0 comments:

Post a Comment

Disqus Shortname

Comments system