Friday, July 22, 2016

Learning ETABS (3)

Plate, shell & membrane

ကျွန်တော် Etabs ကို စသုံးတာက ၂၀၀၄, ၂၀၀၅ လောက်ကပါ။ အဲဒီတုန်းကတည်းကနေ နှစ်ပေါင်းအတော်ကြာအထိ မရှင်းမရှင်းဖြစ်ရတာက slab တွေကို mesh လုပ်တဲ့ကိစ္စပါ။ Slab တွေကို mesh လုပ်ရမယ်၊ လုပ်စရာမလိုဘူး စသဖြင့် တယောက်တမျိုးစီ ပြောကြပေမယ့် ဘာကြောင့် mesh လုပ်ရတယ်၊ ဘာကြောင့် mesh လုပ်စရာမလိုဘူး ဆိုတာနဲ့ mesh လုပ်ခြင်း၊ မလုပ်ခြင်းရဲ့ ကောင်းကွက်၊ ဆိုးကွက်တွေကို Internet အသုံးများလာတဲ့ ဒီနှစ်ပိုင်းတွေကြမှ ရေရေရာရာ (အဲလို ကို့ကိုယ်ကို ထင်တာပဲ) သိလာပါတယ်။

Etabs မှာ Slab တွေကို assign လုပ်ရာမှာ options (၃)ခု ရှိပါတယ်။ Plate, shell နဲ့ membrane တို့ပဲဖြစ်ပါတယ်။
Membrane က  in-plane bending stiffness ရှိပါတယ်။
Plate က out-of-plane bending stiffness ရှိပါတယ်။
Shell ကတော့ in-plane bending stiffness ရော out-of-plane bending stiffness ရောရှိပါတယ်။

Out-of-plane bending : If you apply the a load perpendicular to the slab, it will curve and bend "out of" its original plane. i.e. it deflects
In plane bending: If you apply a load in the direction that lies in the plane of the slab, the slab will be much stiffer, and the bent shape will remain in the original plane.

တူညီတဲ့ loading မှာ membrane က bending moment အများဆုံးပေးပါတယ်။

Etabs မှာ slab ကို membrane ပေးမယ်ဆိုရင် slab ကို mesh မလုပ်ရပါဘူး။ သူက သူအပေါ်ကျရောက်တဲ့ loading ကို supporting beam တွေအပေါ်ကို yield-line method နဲ့ loading ကို distribute လုပ်ပါတယ်။ (Hand calculation နဲ့အညီ triangle တွေ၊ trapezoidal shape တွေနဲ့ loading ကို supporting beams တွေကို distribute လုပ်ပါတယ်။)
Membrane ပေးမယ်ဆိုရင်တော့ slab ကို beam(၄) ချောင်းနဲ့ (၄ ချောင်းအတိအကျ) ၀န်းရံထားဖို့လိုပါတယ်။ Beam (၄)ချောင်းမှာ တချောင်းမရှိရင် အဲဒီ တချောင်းအစား loading ကို coln စီ ပို့လိုက်ပါတယ် (ပုံမှာ လေ့လာကြည့်နိုင်ပါတယ်)။  Irregular slab တွေဆို membrane မပေးရပါဘူး။

Shell or Plate ပေးမယ်ဆိုရင်တော့ Slab ကို mesh လုပ်ကို လုပ်ရပါမယ်။ mesh လုပ်ရမှာ shell elements လေးတွေက တစ်ခုနဲ့တစ်ခု nodes လေးတွေနဲ့ ချိတ်ဆက်ထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ FEM ကိုသုံးမှာဖြစ်တဲ့အတွက်ပါ။ loading ကို supporting beam တွေအပေါ် ဘယ်လို distribute လုပ်တယ်ဆိုတာကိုတော့ ကြည့်လို့မရနိုင်ပါဘူး။ သူက Finite element method နဲ့ အလုပ်လုပ်ပါမယ်။

Shell ပေးတာက Membrane ပေးတာထက် beam တွေမှာ moment နည်းတာကို တွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ သူ့မှာ out-of-plane stiffness ရှိတဲ့အတွက် moment ကို slab က ထမ်းပေးတဲ့အတွက်ပါ။ အဲဒီ stiffness ကို လျော့ပေးချင်ရင်တော့ Shell bending stiffness modification factor မှာ လျော့ပေးနိုင်ပါတယ်။
Shell မှာ one way slab ဆိုပြီးပေးလို့မရပါဘူး။ သူက FEM နဲ့ပဲ အလုပ်လုပ်မှာပါ။ Membrane မှာတော့ one way ဆိုပြီး ပေးလို့ရပါတယ်။
Membrane က slab analysis မရပါ။ Shell ကတော့ analysis ရပြီးတော့ အဲဒီ results တွေကြည့်ပြီး design ဆက်လုပ်နိုင်ပါတယ်။
Membrane က analysis run တဲ့ အချိန်သက်သာစေပြီး shell ကတော့ mesh စိပ်တာများလေလေ အချိန်ကြာလေလေပါပဲ။
Shell နဲ့ membrane ကို သူ့အားသာချက်နဲ့သူ သူ့နေရာနဲ့သူ အသုံးချနိုင်ကြပါစေ။

(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system