Friday, July 22, 2016

Civil နဲ့ပတ်သက်တဲ့ အမေးအဖြေ (၁၈)

FQA 18.pdf

No. of Boreholes & Depth of Boring for Soil Test
မေး - Soil Test လုပ်ဖို့အတွက် ဘယ်နှယ့်ကျင်း စမ်းရမယ်ဆိုတာနဲ့ ဘယ်လောက်အနက်ထိ တူးပြီးစမ်းရမလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ - CQHP Guidelines အရဆိုရင်တော့
No. of Boreholes ကို ပုံမှန်မြေနဲ့ မြေမျက်နှာပြင်အခြေအနေအတွက်ဆိုပြီး
၁) 10000 sft အထိကို 2500 sft ကို တစ်ကျင်းနှုန်းနဲ့ အနဲဆုံး နှစ်ကျင်း
၂) 10000 sft ကျော်ရင်တော့ ပထမ 10000 sft ကို ၁) အတိုင်းတွက် (ဆိုလိုတာက လေးကျင်း)၊ ပိုတဲ့ sft ကိုတော့ 5000 sft ကို တစ်ကျင်းနှုန်း ဆိုပြီး ရှိပါတယ်။
Depth of Boring ကိုတော့
၁) Shallow Foundation အတွက်ကို 1.5 B (lesser dimension of foundation) နဲ့ အနဲဆုံး 30 ft
၂) Deep Foundation အတွက်ကို Z = 15 S^0.7 (ft), where S is the no of storeys including basement, ဒါပေမယ့် နောက်ဆုံး ဆက်တိုက် SPT တန်ဖိုး၃ခုကအနဲဆုံး 40 မရဘဲ Boring ကို မရပ်သင့် ဆိုပြီး ပေးပါတယ်။
စာရှည်ရှည်မဖတ်လိုတဲ့သူတွေ ဒီလောက်ဆိုရပါပြီ :-D
Braja M. Das ရဲ့ Principles of Geotechnical Engineering 7th Edition စာအုပ်မှာတော့ တူးသင့်တဲ့နေရာကို ထောင့်တွေနဲ့ အလယ်ကို စရွေးတူးသင့်ပါတယ်လို့ ဆိုပါတယ်။ အဲ့နောက်မှ လိုအပ်မယ်ဆိုရင် Bore တွေဆက်တူးသင့်ပါတယ်လို့ ပြောပါတယ်။ ကနဦး Borehole spacing ကိုလဲ အောက်က Table အတိုင်းပေးထားပါတယ်။




တူးသင့်တဲ့အနက်ကိုတော့ Sowers and Sowers (1970) က Multistory Buildings တွေအတွက်
Light steel or narrow concrete buildings: Z = 10 S^0.7 (ft)
Heavy steel or wide concrete buildings: Z = 20 S^0.7 (ft) ဆိုပြီး ပေးပါတယ်။
ဆိုတော့ CQHP ရဲ့ Deep Foundation အတွက် Z = 15 S^0.7 (ft) ဆိုတာက ဒီ၂ခုကြားထဲမှာရှိနေတာ တွေ့ရပါတယ်။
All in One Civil Engineering Breadth and Depth by Indranil Goswami မှာတော့
Shallow အတွက်ကို
2B where L<2B
4B where L>2B
Deep အတွက်ကိုတော့ pile tip ရဲ့အောက် 20ft နဲ့ maximum pile group dimension ရဲ့ ၂ဆထဲက ကိုများတာ ဆိုပြီး ပေးပါတယ်။
တကယ်တော့ Borehole depth ဘယ်လောက်ထားရမယ်ဆိုတာ Foundation Bearing Pressure က ဘယ်လောက်အနက်ထိသက်ရောက်တယ်ဆိုတာနဲ့ သက်ရောက်ပုံပေါ် မူတည်ပါတယ်။ Boussinesq's influence contours ကို အောက်မှာ ဖော်ပြပေးထားပါတယ်။




တော်တော်များများကတော့ Rule-of-thumb အနေနဲ့ Footing အောက် 1.5B အနေနဲ့ပေးကြပါတယ်။ 1.5B depth မှာ Square footing အတွက်ဆို 20% လောက်နဲ့ Infinitely long foundation အတွက်ဆို 40% နီးပါးလောက်ရှိနေပါသေးတယ်။ ဒါကြောင့် ဒီ 1.5B ကို တော့ သတိနဲ့ထားလုပ်သင့်ပါတယ်။ CQHP ကပေးတဲ့ 1.5B ကကျ Footing အောက်လို့ မရည်ညွှန်းထားပဲ မြေကြီးပေါ်ကစတူးတဲ့ depth အနေနဲ့ဖြစ်တဲ့အတွက် ပိုပြီး သတိထားသင့်တဲ့ Borehole depth ပါ။ ဒါပေမယ့် minimum 30' ဆိုတာလေးနဲ့တော့ ပြန်ထေမိနေတယ် လို့ မြင်ပါတယ်။
Boring Depth နဲ့ ပတ်သက်ပြီး Foundation Design and Construction by Tomlinson ကပေးထားတာလေး သဘောကျပါတယ်။ အောက်ကပုံမှာ ဖော်ပြပေးထားပါတယ်။




ပုံ(a) တခုနဲ့တခု အလှမ်းကွာတဲ့ Pad Footing တွေအတွက်ကို Footing အောက် 1-3B
ပုံ(b) Large Raft Foundation တွေအတွက်ကို Footing အောက် 1B
ပုံ(c) Strip or Pad Footing တွေစိပ်တဲ့အခါ သူတို့ရဲ့ pressure zones တွေ overlap ဖြစ်တဲ့အတွက် loaded area တစ်ခုလုံးက raft foundation effect မျိုးဖြစ်သွားပါတယ်။
ပုံ(d) Pile Foundation မှာတော့ Pile ကနေ soil ကို load transmit ကူးပြောင်းတာသက်ရောက်မယ့် အနက်ထိ ဖြစ်ရပါမယ်။ ဒါကို EC7 က Pile shaft diameter ရဲ့ 5ဆ Toe level အောက်ကို ရှိသင့်တယ်ပြောပါတယ်။ Pile length ရဲ့ 2/3 နေရာမှာ Pile Areas ကြီးတစ်ခုလုံးကို Raft Foundation ပုံစံမျိုး effect ရှိနေတဲ့အတွက် အဲ့နေရာကနေ Boring depth က 15B အနဲဆုံးရှိသင့်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system