Tuesday, May 16, 2017

ျမန္မာျပည္ေဆာက္လုပ္ေရးေလာကမွ အယူအဆအလြဲမ်ား (24)

Image may contain: 2 people

ျမန္မာျပည္ေဆာက္လုပ္ေရးေလာကမွ အယူအဆအလြဲမ်ား (24)



တိုင္တို႔ wall တို႔ဆိုတာ ေပ်ာ့ေပ်ာ့ေလးေလာင္းရတယ္


(w/c ratio မထိမ္းထားဘဲ ေလာင္းျခင္း)


က်ြန္ေတာ္ေက်ာင္းျပီးလို႔ လုပ္ငန္းခြင္ဝင္ေတာ့ column တိုင္ေတြေလာင္းတဲ့အခါ ပန္းရံဆရာက ေနာက္လူကို "ေဟ့ တုိင္ေလာင္းမယ္ေဟ့ ေရမ်ားမ်ားနဲ႔ ေပ်ာ့ေပ်ာ့ေလး" လို႔ ေအာ္ေျပာတာ ႀကံဳခဲ့ပါတယ္။ ဒါနဲ႔ က်ြန္ေတာ္ကဘာလို႔ ေပ်ာ့ခိုင္းတာလဲဆိုေတာ့ သူက ေပ်ာ့မွ တိုင္မွာအေပါက္ေတြ မျဖစ္မွာ သံလံုးမေပၚမွာလို႔ သင္ေပးပါတယ္ :-D


ေပ်ာ့တယ္ဆိုတာ ေရမ်ားမ်ားထည့္ခိုင္းတာပါ။ Footing ခြာ ေလာင္းတုန္းကထက္ ေရအမ်ားႀကီးပိုပါတယ္။ concrete mix အခ်ိဳးကေတာ့ သိတဲ့အတိုင္း ဘာလာလာ ရမ္း တူး ဖိုး တဲ့ 1:2:4 ပါ :-D အရင္ခြာေလာင္းတုန္းကလဲ ဒီအခ်ိဳးပါပဲ။ ခုက အခ်ိဳးတူေပမယ့္ ေရပိုထည့္တာပါ။


1) Concrete ကြန္ကရစ္က mix ratio အခ်ိဳးအစားတခုထဲကိုမွ ေရပါဝင္မႈ အနဲအမ်ားေပၚမူတည္ျပီး သူ႔ ခံႏိုင္အား Strength က ကြာျခားပါတယ္။ ပံု 6.2 ကို ၾကည့္ပါ။ water:cement ratio w/c 0.4 မွာ 41, 42 MPa ရေပမယ့္ ေရပါဝင္မႈ ၂ဆတိုးသြားတဲ့ 0.8 မွာဆိုရင္ 16, 17 ေလာက္ပဲရွိေတာ့တာ % အားျဖင့္ 40% ပဲရွိျပီး 60% ေလာက္ ခံႏိုင္အား Strength က်တာ ေတြ႔ရမွာပါ။


w/c ratio 0.1 ေလာက္က်တဲ့ w/c ratio 0.5 မွာဆိုရင္ေတာင္ ခံႏိုင္အား Strength 20% က်တာေတြ႔ရမွွာပါ။


2) သူေျပာတဲ့ တိုင္မွာအေပါက္ေပၚတာတို႔ဘာတို႔ျဖစ္တယ္ဆိုတာ compaction မလံုေလာက္တဲ့အခါ ျဖစ္တာပါ။ concrete က w/c ratio နဲေလေလ သူ႔ခံႏိုင္အား strength က မ်ားေလေလဆိုေပမယ့္ compaction.မရဘူးဆိုရင္ေတာ့ Strength ကမေကာင္းနိုင္ပါဘူး။ အဲ့သေဘာကို ပံု 6.1 မွာ ၾကည့္ၾကည့္ပါ။ Solid line ေလးက compaction အျပည့္ရတဲ့ concrete ရဲ႕strength ျဖစ္ပါတယ္။ Dashed line ေလးကေတာ့ compaction မရတာရဲ႕ strength ျဖစ္ပါတယ္။ အဲ့မွာ w/c နဲတဲ့အခါ compaction အျပည့္ရရင္ solid line အတိုင္း strength ေကာင္းေနေပမယ့္ compaction မရေတာ့ရင္ေတာ့ Dashed line အတိုင္း ခံႏိုင္အားက်တာကို ေတြ႔ရမွာပါ။


3) ဒါေၾကာင့္ ေလာင္းမယ့္ ေနရာနဲ႔ အေျခအေန လိုအပ္ခ်က္ေပၚမူတည္ျပီး w/c အနဲဆံုးနဲ႔ workability ေကာင္းေကာင္းနဲ႔ compaction အျပည့္ရေအာင္ ဖန္တီးေပးရပါမယ္။


4) အဓိကက ကိုယ္လိုတဲ့ Strength နဲ႔ workability အေျခအေန(ကြန္ကရစ္အေပ်ာ့အမာ/ Slump) နဲ႔ကိုက္ညီတဲ့ mix ratio ကိုသံံုးရမွာျဖစ္ပါတယ္။


5) အၾကမ္းအားျဖင့္ေတာ့ ေရပိုထည့္မယ္ဆိုရင္ေတာ့ Strength မက်ဖို႔ water/cement ratio ကို ထိန္းရမွာျဖစ္တဲ့အတြက္ cement ကို ပိုထည့္ဖို႔ လိုအပ္ပါမယ္။


အရင္တုန္းကအျဖစ္အပ်က္ကို ျပန္ေျပာတယ္ဆိုေပမယ့္ အခုလဲပဲ Project မႀကီးတဲ့ Site ေတာ္ေတာ္မ်ားမ်ားမွာ Floor ေတြကို Ready-mixed concrete ေလာင္းၾကေပမယ့္ columns တိုင္ေတြကိုေတာ့ site mixed ပဲ ဆိုဒ္မွာတင္ ေဖ်ာ္ေလာင္းတတ္ၾကပါတယ္။ အဲ့ဒီမွာမွ တခ်ိဳ႕ ေတြက ခုလိုပဲ Column တို႔ wall တို႔ကို w/c ratio မထိန္းဘဲ ေရပိုထည့္ျပီးေလာင္းၾကတုန္းပါပဲ။


Photos : from Properties of Concrete by A.M. Neville


ဗိုလ္ဗို္လ္ေက်ာ္


Unicode

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ (24)




တိုင်တို့ wall တို့ဆိုတာ ပျော့ပျော့လေးလောင်းရတယ်



(w/c ratio မထိမ်းထားဘဲ လောင်းခြင်း)



ကျွန်တော်ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့ column တိုင်တွေလောင်းတဲ့အခါ ပန်းရံဆရာက နောက်လူကို "ဟေ့ တိုင်လောင်းမယ်ဟေ့ ရေများများနဲ့ ပျော့ပျော့လေး" လို့ အော်ပြောတာ ကြုံခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်ကဘာလို့ ပျော့ခိုင်းတာလဲဆိုတော့ သူက ပျော့မှ တိုင်မှာအပေါက်တွေ မဖြစ်မှာ သံလုံးမပေါ်မှာလို့ သင်ပေးပါတယ် :-D



ပျော့တယ်ဆိုတာ ရေများများထည့်ခိုင်းတာပါ။ Footing ခွာ လောင်းတုန်းကထက် ရေအများကြီးပိုပါတယ်။ concrete mix အချိုးကတော့ သိတဲ့အတိုင်း ဘာလာလာ ရမ်း တူး ဖိုး တဲ့ 1:2:4 ပါ :-D အရင်ခွာလောင်းတုန်းကလဲ ဒီအချိုးပါပဲ။ ခုက အချိုးတူပေမယ့် ရေပိုထည့်တာပါ။



1) Concrete ကွန်ကရစ်က mix ratio အချိုးအစားတခုထဲကိုမှ ရေပါဝင်မှု အနဲအများပေါ်မူတည်ပြီး သူ့ ခံနိုင်အား Strength က ကွာခြားပါတယ်။ ပုံ 6.2 ကို ကြည့်ပါ။ water:cement ratio w/c 0.4 မှာ 41, 42 MPa ရပေမယ့် ရေပါဝင်မှု ၂ဆတိုးသွားတဲ့ 0.8 မှာဆိုရင် 16, 17 လောက်ပဲရှိတော့တာ % အားဖြင့် 40% ပဲရှိပြီး 60% လောက် ခံနိုင်အား Strength ကျတာ တွေ့ရမှာပါ။



w/c ratio 0.1 လောက်ကျတဲ့ w/c ratio 0.5 မှာဆိုရင်တောင် ခံနိုင်အား Strength 20% ကျတာတွေ့ရမှှာပါ။



2) သူပြောတဲ့ တိုင်မှာအပေါက်ပေါ်တာတို့ဘာတို့ဖြစ်တယ်ဆိုတာ compaction မလုံလောက်တဲ့အခါ ဖြစ်တာပါ။ concrete က w/c ratio နဲလေလေ သူ့ခံနိုင်အား strength က များလေလေဆိုပေမယ့် compaction.မရဘူးဆိုရင်တော့ Strength ကမကောင်းနိုင်ပါဘူး။ အဲ့သဘောကို ပုံ 6.1 မှာ ကြည့်ကြည့်ပါ။ Solid line လေးက compaction အပြည့်ရတဲ့ concrete ရဲ့strength ဖြစ်ပါတယ်။ Dashed line လေးကတော့ compaction မရတာရဲ့ strength ဖြစ်ပါတယ်။ အဲ့မှာ w/c နဲတဲ့အခါ compaction အပြည့်ရရင် solid line အတိုင်း strength ကောင်းနေပေမယ့် compaction မရတော့ရင်တော့ Dashed line အတိုင်း ခံနိုင်အားကျတာကို တွေ့ရမှာပါ။



3) ဒါကြောင့် လောင်းမယ့် နေရာနဲ့ အခြေအနေ လိုအပ်ချက်ပေါ်မူတည်ပြီး w/c အနဲဆုံးနဲ့ workability ကောင်းကောင်းနဲ့ compaction အပြည့်ရအောင် ဖန်တီးပေးရပါမယ်။



4) အဓိကက ကိုယ်လိုတဲ့ Strength နဲ့ workability အခြေအနေ(ကွန်ကရစ်အပျော့အမာ/ Slump) နဲ့ကိုက်ညီတဲ့ mix ratio ကိုသုံံးရမှာဖြစ်ပါတယ်။



5) အကြမ်းအားဖြင့်တော့ ရေပိုထည့်မယ်ဆိုရင်တော့ Strength မကျဖို့ water/cement ratio ကို ထိန်းရမှာဖြစ်တဲ့အတွက် cement ကို ပိုထည့်ဖို့ လိုအပ်ပါမယ်။



အရင်တုန်းကအဖြစ်အပျက်ကို ပြန်ပြောတယ်ဆိုပေမယ့် အခုလဲပဲ Project မကြီးတဲ့ Site တော်တော်များများမှာ Floor တွေကို Ready-mixed concrete လောင်းကြပေမယ့် columns တိုင်တွေကိုတော့ site mixed ပဲ ဆိုဒ်မှာတင် ဖျော်လောင်းတတ်ကြပါတယ်။ အဲ့ဒီမှာမှ တချို့ တွေက ခုလိုပဲ Column တို့ wall တို့ကို w/c ratio မထိန်းဘဲ ရေပိုထည့်ပြီးလောင်းကြတုန်းပါပဲ။



Photos : from Properties of Concrete by A.M. Neville



ဗိုလ်ဗို်လ်ကျော်


No automatic alt text available.

0 comments:

Post a Comment

Disqus Shortname

Comments system