Wednesday, November 16, 2016

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၂)

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၂)
အထပ်မြင့်အဆောက်အဦများသည် အထပ်နိမ့်ထက် ငလျှင်လှုပ်ရင် ပိုခံရတယ်

အများစုထင်တာက အထပ်မြင့်အဆောက်အဦတွေက ငလျှင်လှုပ်ရင် အထပ်နိမ့်တွေထက် ငလျှင်ဒဏ်ကို ပိုခံစားရလွယ်တယ်။ ပိုကြောက်ဖို့ကောင်းတယ်လို့ ထင်တတ်ပါတယ်။  တကယ်တော့ အထပ်မြင့်တွေက အထပ်နိမ့်ထက် ငလျှင်လှုပ်ရင် ပိုလုံခြုံစိတ်ချရပါတယ်။ (ငလျှင်ဒဏ်ခံအောင်တော့ DESIGN လုပ်ထားဖို့တော့ လိုမှာပေါ့ :-)  )

1) ငလျှင်လှုပ်တဲ့ အခါ အဆောက်အဦမြေနေရာမှာ လွှမ်းမိုးတဲ့ Site Period ဆိုတာ ရှိပါတယ်။ Site က ကျောက်သား (Rock) တွေနဲ့ ဖွဲ့စည်းထားရင် Fundamental frequency of shaking က တိုပြီး မြေပျော့ (soft soil) တွေနဲ့ ဖွဲ့စည်းထားရင်တော့ Fundamental frequency of shaking က ရှည်ပါမယ်။ ဒီလို site ရဲ့ Ground အခြေအနေပေါ်မူတည်တဲ့ Site Period က 0.5s (Rock) ကနေ 2.5s (soft soil) အထိ ရှိပါတယ်။

2) Building (အဆောက်အဦ) မှာလဲ သူ့ရဲ့ Fundamental Period (T) ဆိုတာရှိပါတယ်။ T ကို ခန့်မှန်းတဲ့ Formulas တွေ အများကြီး ရှိပါတယ်။ အကြမ်းအားဖြင့်တော့ အထပ်အရေအတွက် (N) ကို 0.1s နဲ့ မြှောက်ပြီး ခန့်မှန်းနိုင်ပါတယ်။ ဥပမာအားဖြင့် 5 ထပ်ဆို 0.5s နဲ့ 25 ထပ်ဆို 2.5s ပါ။ (ဒါက အကြမ်း ခန့်မှန်းတာပါ။)

3) အဆောက်အဦ ပျက်စီးမှုက Site နဲ့ Building Period ထပ်တူကျတဲ့အခါ (ဒါကို Resonance လို့ခေါ်ပါတယ်။) ပိုမိုဆိုးရွားစေပါတယ်။

4) Ground က Period က 0.5s (Rock) ကနေ 2.5s (soft soil) အတွင်းရှိနိုင်တဲ့အတွက် 5ထပ်ကနေ 25ထပ်ကြား အဆောက်အဦတွေက ပိုမိုအန္တရယ်ရှိပါတယ်။ 25 ထပ်ထက်မြင့်တဲ့ အဆောက်အဦတွေကတော့ ဒီ Resonance range ရဲ့အပြင်မှာ ကျနေတဲ့အတွက် ဒီိုအန္တရယ်ကနေတော့ ပိုပြီး သက်သာရာရစေပါတယ်။

5) (Comment က ပုံကို ကြည့်နိုင်ပါတယ်.) Very Short Period ဖြစ်တာတစ်ခုကို စဉ်းစားကြည့်ပါမယ်။ (T<0.7s ဆိုရင် short period လို့ခေါ်ပြီး T>0.7s ကို Long Period လို့ခေါ်ပါတယ်။) Very Short Period  ဖြစ်လို့ Rigid လဲဖြစ်ပါတယ်။ ငလျှင်လှုပ်ရင် Ground ရွေ့သလို သူက လိုက်ရွေ့နေပါမယ်။
Very Long Period ဖြစ်တာတစ်ခုကို စဉ်းစားကြည့်ပါမယ်။( ဥပမာ T=10s အထပ်100 လောက်) သူကတော့ Flexible ဖြစ်ပါတယ်။ Ground ကရွှေ့နေပေမယ့် ထိပ်မှာတော့ ငြိမ်နေတယ်လို့ ယူဆနိုင်ပါတယ်။
ဒီသဘောတရားကို လက်တွေ့သိနိုင်အောင် ချိန်သီးတစ်ခုကို ကြိုးတိုတိုထားပြီး ရမ်းကြည့်ပါ။ ချိန်သီးရမ်းခါနေတာကို တွေ့ရမှာဖြစ်ပြီး ကြိုးကို တဖြေးဖြေးရှည်ပြီး စမ်းကြည့်တဲ့ အခါ ကြိုးရှည်လာတာနဲ့အမျှ ချိန်သီးက သိပ်မရမ်းတော့တာ တွေ့ရပါလိမ့်မယ်။ (ဒါကို Seminar တစ်ခုမှာ ဆရာဦးစောထွေးဇော် လက်တွေ့ လုပ်ပြသွားတာကို ကြည့်ခဲ့ရပါတယ်။)

6) အထပ်မြင့်တွေက ငလျင်ပြင်းအားမများတဲ့နေရာမှာဆိုရင် Wind ကို စဉ်းစားပြီး Lateral Load ခံနိုင်အောင် Design လုပ်ထားတာက Earthquake ထက်များနေနိုင်ပါတယ်။ အဲ့အတွက်လဲ ငလျှင်ဒဏ်ကို ကောင်းကောင်းခံနိုင်ရည် ရစေပါတယ်။ ငလျှင်ပြင်းအားများတဲ့နေရာ ဆိုရင်လဲ နံပတ်(၅) အချက်မှာပြောထားသလို Flexibel ဖြစ်တဲ့အတွက် ငလျှင်ဒဏ်ကို ပြင်းပြင်းမခံရစေပါဘူး။

Photo Credit : Internet

(ဗိုလ်ဗိုလ်ကျော်)


0 comments:

Post a Comment

Disqus Shortname

Comments system