Wednesday, November 16, 2016

ကျောင်းဆင်းလာသော အင်ဂျင်နီယာ တယောက်အနေဖြင့် မည်သည်တို့ကို တပ်ကျွမ်းသင့်သနည်း။

စာစဉ် ၊ ၉၄ ၊ from school

Q 1. ကျောင်းဆင်းလာသော အင်ဂျင်နီယာ တယောက်အနေဖြင့် မည်သည်တို့ကို တပ်ကျွမ်းသင့်သနည်း။

1. Drawing
drawing ကို၊ စေ့စပ်သေချာစွာ၊ စိတ်ရှည်လက်ရှည်ဖတ်ပြီး၊ အလုပ်သမားနဲ့ဆက်ဆံသော shop drawing ရေးဆွဲနိုင်အောင်၊ လေ့လာအားထုတ်ရပါမည်။
2. Estimate
ခန့်မှန်းချေ စာရင်းကို၊ ပန်းရံတေ၊ လက်သမားတေကလည်း၊ ဘာလုပ်မယ်ဆိုရင်၊ ဘာတေဝယ်ပေးပါ ဆိုတဲ့၊ ခန့်မှန်းချေ စာရင်းစာရွက်ကလေးတေ၊ ရေးပေးတပ်ကြပါတယ်။ ကိုယ်ကလဲ ကနဦးမှာတော့၊ yellow book ကို အမှီပြုပြီး ပစ္စည်းတောင်းခံလွှာတေမှာ ခန့်မှန်းချေစာရင်းကလေးကို shop drawing မှတဆင့် estimate သေးသေးလေးတော့ ကြိုးစားပြီးရေးဆွဲဘို့ လိုပါတယ်။
3. Study
ကွင်းဆင်းပြီးအကောင်အထည်ဖော်တဲ့အခါ ဘယ်ကစပြီးဘယ်လိုလုပ်မယ် ဆိုတာကို ရုံးခန်းထဲမှာ ကြေညက်အောင် ဆောင်ရွက်သွားဘို့ လိုပါတယ်။
4. Work distribution
လုပ်ငန်းခွင်ထဲရောက်တဲ့အခါ ဘယ်သူဘာလုပ်၊ ဘယ်လိုလုပ်ဆိုပြီးတော့၊ လုပ်ငန်းတာဝန်ခွဲဝေပေးနိုင်ရ ပါမည်။
5. Record
လုပ်ငန်းပြီးတဲ့အခါ လုပ်ငန်းပမာဏ မည်မျှကို လုပ်သားအင်အားမည်မျှဖြင့် အချိန်မည်မျှကြာအောင် ဆောင် ရွက်ခဲ့သည်ကို သိရှိနိုင်ရန် လုပ်ငန်းစတင်ကတဲက မှတ်သားထားရပါမည်။
6. Decision
အထက်ပါ ၅ချ က်ကို ကျေ ညက်လာတဲ့အခါ လုပ်ငန်းဆောင်ရွက်သည်ကိုလည်းကောင်း၊ လုပ်ငန်းခွင်အခက် အခဲများကိုလည်းကောင်း မိမိ၏ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းရှိလာပါသည်။
7. Work permit
မိမိကိုယ်တိုင်ကလည်း၊ ကနဦးစတင်ဆောင်ရွက်ရသော၊ လုပ်ငန်းသစ်ဖြစ်လျင်သော်လည်းကောင်း၊ option - ရွေးချယ်စရာ ၂ခုနှင့်အထက် ရှိနေလျ င်သော်လည်းကောင်း၊ မိမိအထက်က ပုဂ္ဂို လ်က အင်ဂျင်နီယာ မဟုတ်ဘဲ သံသရပွားတပ်သူ ဖြစ်လျ င်သော်လည်းကောင်း၊ မိမိတာဝန်ခံနိုင်သော အကန့်အသတ်ထက်ကျော်လွန်ပါက၊ လုပ်ငန်းခွင့်ပြု မိန့်တောင်းခံရပါမည်။

1. Input and out put
Drawing ကို စိတ်ရှည်လက်ရှည် စေ့စပ်သေချာစွာဖတ်ခြင်းသည် Input ဖြစ်ပီး Shop Drawing ရေးဆွဲခြင်းသည် output ဖြစ်ပါသည်

In put
1.1 Structure Notes , Archi Notes  များ ဖတ်ခြင်း။
1.2 Site Plan ဖတ်ခြင်း။
1.3 Plans, sections & Elevations များကို တွဲဖတ်ခြင်း။
1.4 Detailed Drawing များဖတ်ခြင်း
1.5 3D Model ကို၊ ဖတ်ခြင်းတု့ဖြစ်ပါသည်။
Out put
1.1 soft drawing ရေးဆွဲခြင်း။
အထက်ပါ in put ၅-မျိုးကို၊ ကြိုးစားအားထုတ်နေရင်း၊ ရှုတ်ထွေးသွားသည်များရှိတပ်သကဲ့သို့၊ drawing တချပ်ခြင်းတွင်၊ မိမိမလိုအပ်သေးသော၊ data အချက်အလက်များကလည်း၊ ရှုတ်ထွေးနေသည်သာ၊ ဖြစ်ပါ သည်။ ထို့ကြောင့် drawing ပေါ်ရှိ၊ မိမိမလိုအပိသေးသော အချက်အလက်များကို ဖယ်ထုတ်ခြင်း၊ သို့မဟုတ် မိမိလိုအပ်သော အစိပ်အပိုင်းများကိုသာ ကူးယူရေးဆွဲခြင်းဖြင့် drawing ကို တဖြေးဖြေး ပိုမိုနားလည်လာ ပါလိမ့်မည်။ ၄င်းကို soft drawing ဟုခေါ်ပါသည်။ (အသုံးပြု လို့ မရသေးပါ။)
1.2 shop drawing ရေးဆွဲခြင်း။
အထက်အပိုဒ် 1.1 ပါ၊ soft drawing များရေးဆွဲပြီးသောအခါ အဆောက်အဦးတခုလုံးကို အလွတ်နီးပါး ရသွားပါတော့သည်။ ထိုအခါ အဆောက်အဦးကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
(a) ပန္နက် ဘယ်လိုရိုက်မယ်။
(b) operation ဘယ်လိုခွဲမယ်။ construction joint ဘယ်နေရာမှာထားမယ်။
(c) မြေကြီး ဘယ်လိုတူးမယ်။
(d) သံချောင်းဘယ်လိုကွေးမယ် - bending schedule
(e) သံချောင်းဘယ်လိုဖြတ်မယ်။
(f) သံချောင်းဘယ်လိုဆင်မယ်။
(g) ပုံစံခွက်ကို ဘယ်အမျိုးအစားသုံးမယ်။ ဘယ်လို ကြို တင်ပြုလုပ်ထားမယ်။ ဘယ်လိုတပ်ဆင်မယ်။ ဘယ်လို ပြန်ဖြုတ်မယ်။
(h) grade ဘယ်လောက်ရှိတဲ့ ကွန်ကရစ်ကိုသုံးရမယ်။ m3 ဘယ်လောက်ရှိတယ်။ manual, boom pump, stationary pump, bucket ဘယ်ဟာကို အသုံးပြုပြီးတော့၊ ဘယ်လိုလောင်းမယ်။ curing ဘယ်လိုလုပ်မယ်။
အစရှိသည်တို့၊ ပုံစံငယ်များရေးဆွဲပြီးတော့၊ estimate ငယ်များတွက်ချက်ကာ၊ အလုပ်သမားကို၊ အသင့်ညွှန် ကြားနိုင်အောင်၊ ဆောင်ရွက်ရသောလုပ်ငန်းကို၊ construction engineer တို့၏၊ သို့မဟုတ် site engineer တို့၏၊ shop drawing ဟု၊ ခေါ်ပါသည်။

2. Operation
Operation ဆိုသည်မှာ၊ တကြိမ်တည်းနှင့် အပြီးတည်ဆောက်သော၊ လုပ်ငန်းအစိတ်အပိုင်းတရပ်ကို၊ one operation ဟုခေါ်ပါသည်။ plan area ကြီးပါက ၊ ကြမ်းခင်းလောင်းသည့်အခါ၊ construction joint များထားပြီး၊ operation ၂ခု၊ ၃ခု၊ ခွဲပြီးလုပ်ကြရပါသည်။ အထပ်အမြင့် တထပ်တိုင်းတထပ်တိုင်းတွင်လည်း၊ တထပ်လျင် column များကို၊ operation တခု၊ ကြမ်းခင်းကို operation တခု၊ လုပ်ကြသည်များရှိသကဲ့သို့၊ column + ကြမ်းခင်း တထပ်စာကို၊ operation တခု လုပ်ကြသည်လည်း ရှိပါသည်။



0 comments:

Post a Comment

Disqus Shortname

Comments system