Tuesday, November 15, 2016

QA/QC ( Quality Assurance / Quality Control)

QA/QC ( Quality Assurance / Quality Control) 

QA/QC engineer တယောက်အနေနဲ့လုပ်ဆောင်ရတဲ့ document အပိုင်းပြောပြချင်ပါတယ် firstly အနေနဲ့ပြောပြချင်တာတော့ test results document အပိုင်းပါ project ကြီးတွေမှာတော့ QA/QC engineer ဆိုပြီးသီးသန့်ခန့်ထားပေမယ့် တော်တော်များများ constructon site တွေမှာတော့ site engineer တွေကပဲ QA/QC အပိုင်းပါတာဝန်ယူပြီးလုပ်ကြတာများပါတယ်၊

Document of Test Results

Preparing for Concrete Cube test request form,

Cube test အတွက်စတင်ပြင်ဆင်ဘို့ကို casting လုပ်မယ် area ရဲ့ concrete volume တွက်ချက်ပြီးသွားရင်တော့ volume ပေါ်မူတည် cube sample အရေအတွက်ကို QA/QC engineer ကနေ contract document တွေမှာဖော်ပြထားတဲ့ testing requirements အတိုင်း sample အရေအတွက်ကိုပြင်ဆင်ကြရပါတယ် ဒါကြောင့်လဲ တနေရာနဲတနေရာ တsiteနဲ့တsite လဲ testing requirement တွေကမတူနိုင်ပါဘူးလို့လဲပြောချင်ပါတယ်၊

အလုပ်မှာတော့ rate of cube sampling ကို client ဘက်ကသတ်မှတ်ထားတာက less than 10m3 ဆိုရင်  1 set of sample ဆိုပြီးပြောထားပါတယ် 1set ဆိုတာကတော့ total cube block အနေနဲ့ 4block ပါဝင်ပါတယ် 2cubes for test at 7days and 2cubes for test at 28days ဆိုပြီးပြောထားပါတယ် ( rating of sample & testing plan ကို attach လုပ်ထားပါတယ်)

တခါတလေ PE ရဲ့ခွင့်ပြုချက်နဲ့ concrete strength 60% ရရှိရင်နောက်အလုပ်စခွင့်ရှိတဲ့နေရာတွေဆိုရင်  1 or 2 or 3 days test တွေအတွက် sample တွေအပိုယူပြီး testing လုပ်ကြတာလဲရှိပါတယ်  ပုံမှန်အနေနဲ့ကတော့ ကိုယ် casting volume ကိုကြည့်ပြီး sample block တွေကိုပြင်ဆင်တာကများပါတယ်

cube test form ကအရေးကြီးပါတယ် result တခုထွက်လာလို့ pass ဆိုရင်တော့ ကိစ္စမရှိပါဘူး fail ဖြစ်တယ်ဆိုရင် ကိုယ့် cube test form detail information တွေပြည့်စုံနေတယ်ဆိုရင်တော့အလွယ်တကူ ဘယ်နေ့ဘယ်နေရာက လောင်းထားပြီး test ဘယ်နေ့ကလုပ်ထားတဲ့ sample လဲဆိုတာကိုအလွယ်တကူရှာနိုင်ပါတယ်
ဒါကြောင့် QA/QC enginner ကနေ casting မလုပ်ခင်ကပင် cube form မှာပါဝင်တဲ့ cube refrence တွေကို သတ်မှတ်ဘို့ကို ကိုယ်consultant QP/RE တွေနဲ့ discussလုပ်ကြရပါတယ်
example တခုအနေနဲ့ပြောရရင် column လောင်းတုန်းက refrence သတ်မှတ်ခဲ့ပုံကတော့ ပထမအနေနဲ့ type တူတဲ့ column name တွေကို construction site မှာပြန်သတ်မှတ်ပေးရပါတယ် နောက် all parties တွေကို naming layout တွေနဲ့ name သတ်မှတ်ပုံတွေကို discuss ပြီးပေးပို့ရပါတယ် ဒါမှလဲ တဖွဲ့လုံး "same page" တခုတည်းပေါ်မှာအလုပ်လုပ်နေကြရမှာဖြစ်ပါတယ်
နောက် cube refrence တွေကိုလဲ column name တွေအတိုင်း
ST/COL101/PW1-01
ST/COL101/PW1-02 for  7 days test
ST/COL101/PW1-03
ST/COL101/PW1-04 for  28 days test
ဆိုပြီး cube request form မှာဖြည့်ပါတယ်
*ST ကတော့ project name ကို- site အတိုအခေါ်ပါ, col ကတော့ column ကိုပြောတာပါ, 101 ကတော့ ရှေ့ဆုံးက 1 က column type 1ကိုပြောတာဖြစ်ပြီး နောက်က01ကတော့ column အရေအတွက်အစဉ်လိုက်ဖြစ်ပါတယ်, PW1 ဆိုတာကတော့ site တွေမှာ permanent work တွေ temporary work တွေရှိရင် cube sample တွေကိုပါခွဲပြီးသတ်မှတ်တဲ့သဘောအနေနဲ့ပါ * information စုံနေခြင်းအအတွက်တော့ result တခုlab ကနေပြန်ဝင်လာတာနဲ့ ဘယ်column တော့ ပြသနာရှိနေပြီဆိုတာချက်ချင်းသိပြီး action ယူနိုင်ပါတယ်, (လုပ်နေရသလောက်တော့ main structure တွေ fail ဖြစ်တာကမရှိသလောက်ပါပဲ batching plant တွေကလဲ fail အဖြစ်မခံပါဘူး ဒါကြောင့်သူတို့ရှိက cube men တွေကထပ်ပြီး on site မှာ concrete lorry တွေက concrete ကို slump test  check ပါတယ် fail ဖြစ်တာနဲ့ lorry တစီးလုံးကို reject လုပ်ပြီးအသုံးမခံပါဘူး)

QA/QC engineer ဟာ concrete DO ( delivery order) form တွေမှာ Slump test check ပြီးတာနဲ့ ဘယ်concrete lorry ကနေ concrete sampleတွေကိုရယူထားကြောင်းကို DOပေါ်မှာ cube refrence name တွေကိုရေးမှတ်ခြင်းလဲလုပ်ရပါတယ် ဒါမှ concrete test fail ဖြစ်ရင် ဘယ် concrete lorry ကဘာလို့ fail ဖြစ်တာလဲ batching plant ကနေ ဘယ်ချိန်ထွက်ပြီး siteကိုဘယ်အချိန်ရောက်တာလဲ delay ဖြစ်လို့လား နောက် lorry ကဘယ်နေရာလောင်းထားတာလဲစသဖြင့်ပြန်ပြီး record တွေကို check ခြင်းအားဖြင့်သိရှိနိုင်ရန်ဖြစ်ပါတယ်၊
နောက်ထပ် ဘယ်info တွေဖြည့်ဘိုလိုသလဲဆိုတာကတော့ site မှာသုံးတဲ့ lab ရဲ့ ISO standrad cube request form မှာဆက်ကြည့်ပေးပါ attach လုပ်ပေးထားပါတယ်..

QA/QC engineer duties တွေကလဲစိတ်ဝင်စားဘို့ကောင်းသလိုနောက်ထပ်လဲအများကြီးရှိပါသေးတယ် ကိုယ်တိုင်လဲရတဲ့အချိန်လေ့လာသင်ယူနေတုန်းပါပဲ နောက်လဲသိသလောက်ထပ်ပြောပြပါမယ် .. :D

Credit
ယဉ်ဝေအောင်


0 comments:

Post a Comment

Disqus Shortname

Comments system