Wednesday, November 16, 2016

Civil နဲ့ ပတ်သက်တဲ့အမေးအဖြေ (၂၁)

Civil နဲ့ ပတ်သက်တဲ့အမေးအဖြေ (၂၁)
Secondary, distribution, shrinkage or temperature reinforcement

မေး - One-way Slab မှာ Slab ပေါ်ကျရောက်တဲ့ loads မှန်သမျှကို Short Direction က ထမ်းတယ်လို့ ယူဆပြီး Shorter span မှာ rebar သံချောင်းတွေ ထည့်ပါတယ်။ Long span မှာကြ load ထမ်းစရာမလိုဘဲ ဘာလို့ သံချောင်းထည့်ရတာပါလဲ Temperature & shrinkage အတွက် ထည့်တာပါလား။ နောက် Long span မှာ ထည့်တဲ့ သံချောင်းကို Distribution steel လို့ ဘာလို့ခေါ်တာပါလဲ…

ဖြေ - One-way Slab မှာ Main flexural reinforcement (moment အတွက်ထည့်တဲ့ rebar) ကို Short span မှာ ထည့်ရပါတယ်။ သူနဲ့ ထောင့်မှန်ကျ Long span မှာထည့်ရတဲ့ reinforcement ကိုကြ secondary, distribution, shrinkage or temperature reinforcement စသဖြင့်ခေါ်ပါတယ်။

Long span မှာ ထည့်တဲ့ rebar က flexural reinforcement အတွက် ထည့်တာမဟုတ်ပါ။ သူ့ကိုထည့်ရတဲ့ ရည်ရွယ်ချက်က အဓိက နှစ်ချက်ရှိပါတယ်။
1) concrete ကလောင်းပြီး မာလာပြီဆိုရင် ကျုံ့ပါတယ်။ အဲ့လိုကျုံ့တာကို လွတ်လွတ်လွပ်လွပ် ကျုံ့ခွင့်ရမယ်ဆို ပြဿ နာသိပ်ရှိချင်မှ ရှိမှာပါ။ အဲ့လိုမှမဟုတ်ဘဲ (သူ့အစွန်တွေမှာသူနဲ့တွဲလောင်းထားတဲ့ beams တွေ walls တွေက) ချုပ်နှောင်ထားမယ်ဆိုရင် အဲ့လို ကျုံ့တဲ့အခါ concrete ထဲမှာ tension stress (shrinkage stress) တွေပေါ်လာပြီး hairline cracks တွေ ဖြစ်လာနိုင်ပါတယ်။ concrete က tension ကို ခံနိုင်ရည်နဲတဲ့အတွက် rebar ထည့်ရတာဖြစ်ပါတယ်။ အဲ့လိုကျုံ့တာက Direction ၂ဖက်စလုံးမှာ ဖြစ်မှာပါ။
နောက်ပြီး Concrete မာပြီး နောက်ပိုင်းလဲ ကြုံရနိုင်တဲ့ Temperature changes ကြောင့်ဖြစ်မယ့် volume changes တွေ ခံနိုင်ရည်ရှိအောင်လဲ long span rebar ကိုထည့်တာပါ။ ဒါကြောင့် လဲ temperature & shrinkage steel လို့ခေါ်တာပါ။
2) One-way slab မှာ Short span ကသာ loads တွေကို ထမ်းတာပါ။ ဒါပေမယ့် အဲ့လို short span က ထမ်းတာမှာ load ကို distributuon ကောင်းအောင် လုပ်ပေးဖို့အတွက် အလုပ်ကို long span rebar က လုပ်ပေးပါတယ်။ ဒါကြောင့်လဲ distribution steel လို့ခေါ်တာ ဖြစ်ပါတယ်။

ဒီလိုရည်ရွယ်ချက်တွေနဲ့ ထည့်တဲ့ rebar ကို %အနေနဲ့ (rho) Grade 40 နဲ 50 အတွက် 0.2% နဲ့ Grade 60 အတွက် 0.18%ထည့်ရပါတယ်။ Grade 60 အထက်ကိုတော့ ပုံမှာကြည့်နိုင်ပါတယ်။
Maximum spacing အနေနဲ့တော့ slab အထူရဲ့ 5 ဆနဲ့ 18" ထဲက ငယ်တာကို ယူသုံးရပါမယ်။

ပုံကတော့ ACI 318 က ယူပါတယ်
Credit
(ဗိုလ်ဗိုလ်ကျော်)




0 comments:

Post a Comment

Disqus Shortname

Comments system