ကွန်ကရစ်ထုထည် ပြောင်းလဲခြင်း
*********************************
*** ကွန်ကရစ်ဟာ မာခဲနေစဉ် အတောအတွင်းမာ ထုထည် ပြောင်းလဲနိုင်ပါတယ်။ အစိုဓာတ် ဆုံးရူံးရမယ်ဆိုရင် ကျုံ့သွားမယ်။ ဒါပေမဲ့ ရေထဲမှာ မာခဲရမယ်ဆိုရင် ပြန့်ကားလာမှာပါ။
*** ကွန်ကရစ်ရဲ့ ထုထည်ပြောင်းလဲမှု အကြောင်းအရင်းများဟာ ၀န်သက်ရောက်မှုတွေ၊ အချိန်ပြောင်းလဲမှုတွေ၊ ရေနဲ့ ဘိလပ်မြေ ဓာတ်ပြုမှု ဖြစ်စဉ်တွေနဲ့ စိုထိုင်းဆ ပြောင်းလဲမှုတွေကြောင့် လို့ မှတ်ယူနိုင်ပါတယ်။
(ပထမဆုံးအနေနဲ့ ကျုံ့တာကို စပြောကြမယ်)
>>> Shrinkage (ကျုံ့ခြင်း)
************************
*** ကွန်ကရစ် ခြောက်သွားလို့ ပြောင်းလဲတဲ့ ထုထည်နဲ့ ရေဖယ်ထုတ်လိုက်လို့ ပြောင်းလဲတဲ့ ထုထည်ဟာ မတူညီပါဘူး။ ရေငွေ့ပြန်သွားတဲ့ ရေတွေကြောင့်တော့ shrinkage မဖြစ်ပါဘူး။ ဖြစ်ရင်လည်း အနည်းငယ်ဘဲပါဘဲ။
*** ကွန်ကရစ်ဟာ ခြောက်လာမယ်ဆိုရင် ရေငွေ့ပြန်မယ်။ ပြီးတော့ ထိန်းထားတဲ့ ဘိလပ်မြေအနှစ်တွေရဲ့ ထုထည်ဟာလည်း ပြောင်းပါတယ်။ အဲဒါဆိုရင်တော့ shrinkage ဖြစ်လာပါပြီ။ ကွန်ကရစ်မှာ ရေရဲ့ tension capillary လေး တိုးတိုးလာပါတယ်။ capilleries တွေ မရှိလို့ ရေဆုံးရူံးသွားတာနဲ့ တော့ shrinkage မဖြစ်ပါဘူး။ ဒါပေမဲ့ စုတ်ယူထားတဲ့ ရေတွေ ဖယ်ထုတ်လိုက်မယ်ဆိုရင်တော့ shrinkage ဖြစ်ပါပြီ။
*** အစိုဓာတ်ပြောင်းလဲတဲ့ အခြေအနေတွေကနေ အကြောင်းရင်းများစွာက ကွန်ကရစ် ကျုံ့ခြင်းကို ဖြစ်စေပါတယ်။
*** ၁။ ဘိလပ်မြေနှင့် ရေပါဝင်မှု။ ။ ကွန်ကရစ်ဖျော်စပ်ရာမှာ ရေ (သို့) ဘိလပ်မြေ ပိုမို ပါဝင်မယ်ဆိုရင် shrinkage ပိုဖြစ်ပါတယ်။
*** ၂။ ဘိလပ်မြေပေါင်းစပ်ဖွဲ့စည်းမှုနှင့် မှုန့်ညှက်မှု။ ။ စောလျင်စွာ strength ရစေတဲ့ ဘိလပ်မြေနဲ့ အပူထုတ်မှုနည်းတဲ့ ဘိလပ်မြေ (High-early-strength and low-heat cement) ဟာ ပုံမှန်ဘိလပ်မြေတွေထက် shrinkage ပိုဖြစ်စေပါတယ်။ မှုန့်ညှက်တဲ့ ဘိလပ်မြေတွေဟာ စိုထိုင်းတဲ့ အခြေအနေတွေမှာ ပိုမိုပြန့်ကားလာစေပါတယ်။
*** ၃။ ရောစာများ၏ တိုးတက်ပြောင်းလဲလာမှု၊ အမျိုးအစားနှင့် ပမာဏ။ ။ သေးငယ်တဲ့ ရောစာလေးတွေဟာ shrinkage ကို ပိုမိုဖြစ်စေပါတယ်။ ကြီးမားတဲ့ ရောစာတွေကတော့ shrinkage နည်းစေပါတယ်။
*** ၄။ ပတ်ဝန်းကျင်အခြေအနေများ၊ စိုထိုင်းမှုနှင့် အပူချိန်။ ။ ကွန်ကရစ် ပုံစံငယ်လေးတွေဟာ (concrete specimens) စိုထိုင်းတဲ့ အခြေအနေမှာ 200 to 300 x 10^(-6) ထိ ပြန့်ကားလာစေပါတယ်။ ဒါပေမဲ့ လေထဲမှာ ခြောက်သွေ့အောင် ထားလိုက်မယ်ဆိုရင်တော့ ကျုံ့သွားပါတယ်။ မြင့်မားတဲ့ အပူချိန်ဟာ ရေငွေ့ပြန်ခြင်းကို မြန်စေပါတယ်။ ဒါကြောင့် shrinkage ကို တိုးလာစေပါတယ်။
*** ၅။ Admixtures ။ ။ ကွန်ကရစ်မှာ ရေလိုအပ်ချက်တိုးစေတဲ့ Admixtures တွေဟာ shrinkage ကိုလည်း တိုးစေပါတယ်။
*** ၆။ အရွယ်အစားနှင့် ပုံစံ။ သံကူကွန်ကရစ် member တွေမှာ shrinkage ဖြစ်တာကြောင့် ကွန်ကရစ်ထဲမှာ tension stress တွေ တိုးလာစေပါတယ်။ ထို့အတူဘဲ steel မှာလည်း compressive stress တိုးလာစေပါတယ်။ အဲဒီ stress တွေဟာ သက်ရောက်နေတဲ့ loading တွေနဲ့ပေါင်းပြီး တိုးလာပါတယ်။ ဒါကြောင့် steel percentage များပြီး ထည့်တဲ့အခါ ကွန်ကရစ်မှာ အက်ကွဲကြောင်း (cracks) တွေ ဖြစ်စေနိုင်ပါတယ်။ ကွန်ကရစ်ထဲက tensile stresses တွေကို reinforcement တွေဆီ ကောင်းကောင်းဖြန့်ခွဲပေးနိုင်မယ် ဆိုရင် internal stresses ကွာခြားချက်ကို လျော့ချ နိုင်ပါတယ်။
*** Ordinary concrete တွေအတွက် နောက်ဆုံးကျုံ့ခြင်းတန်ဖိုး (final shrinkage values) ဟာ 200 ကနေ 700 x 10^(-6) ကြားမှာ ပြောင်းလဲနေပါတယ်။ normal-weight concrete အတွက်ဆိုရင် 300 x 10^(-6) ကို သုံးနိုင်ပါတယ်။
*** British Codes တွေအရ 500 x 10^(-6) ကို ပေးပါတယ်။ အဲဒီမှာ ကွန်ကရစ်ကို ချုပ်မထားဘူးဆိုရင် 3 m အတွက် 1.5 mm shrinkage ဖြစ်မယ်ဆိုတဲ့ သဘောပါ။
3 m x (1000 mm) x 500 x 10^(-6) = 1.5 mm လို့ အလွယ်တကူ တွက်ချက်နိုင်ပါတယ်။
*** အကယ်၍ member ကို ချုပ်ထားမယ်ဆိုရင် tensile stress ( 10 N/mm2) 1400 psi ပေါ်လာမှာပါ၊
*** setting ဖြစ်ပြီးတဲ့နောက်မှာ အချိန်ကာလတစ်ခုလောက် အစိုဓာတ်ကို ထိန်းထားမယ်ဆိုရင် shrinkage ကို လျော့ချနိုင်ပါတယ်။ ထို့ကြောင့် (၇)ရက်ထက် မနည်းတဲ့ အချိန်ကာလတစ်ခုအထိ ကွန်ကရစ်ရဲ့ အစိုဓာတ်ကို ထိန်းပေးထားဖို့ အရေးပါလာတယ်။
*** လေတိုက်တဲ့ နေရာမှာ ကွန်ကရစ်ကို ထားမယ်ဆိုရင် လေလာတဲ့ဘက်မှာ shrinkage ပိုဖြစ်ပါလိမ့်မယ်။
*** shrinkage ဟာ structural member တွေရဲ့ deflection ကို တိုးစေပါတယ်။ အချိန်နဲ့ အမျှတိုးလာနေမှာပါ။
*** အဲဒါနဲ့ အချိုးညီစွာဘဲ ကွန်ကရစ်ထဲမှာရှိတဲ့ သံချောင်းဟာ shrinkage ကြောင့် ဖြစ်လာတဲ့ curvature (ကွေးညွတ်ခြင်း)နဲ့ deflection ကို ကာကွယ်ပေးနိုင်ပါတယ်။
*** ယေဘုယျအားဖြင့်ကြည့်မယ်ဆိုရင် ကွန်ကရစ်မာကျောစကာလမှာ မြင့်မားတဲ့ နှုန်းနဲ့ ကျုံ့မှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ လျော့ကျလာပါတယ်။
*** အဲဒီတော့ ၂ ပတ်ကြာတဲ့ အခါ shrinkage တန်ဖိုးဟာ 15% ကနေ 30 % ထိ ရှိပြီးတော့ ၁ လ ကြာတဲ့ အခါ 40 % ကနေ 80 % အထိ ဖြစ်လာပါတယ်။ ၁ နှစ်ကြာတဲ့ အခါမှာတော့ 70 % ကနေ 85 % ထိ ဖြစ်လာမယ်လို့ ဆိုနိုင်ပါတယ်။
Ref; Structural Concrete Theory and Design
Min Han
0 comments:
Post a Comment