Friday, February 2, 2018

Fire Protection for Steel Structures (2)

Building Regulations တွေအရ အဆောက်အအုံတွေ design လုပ်တဲ့အခါ မီးလောင်ပါက အချိန်ကာလ တစ်ခုအတွင်း မပြိုနိုင်အောင်နဲ့ အဆောက်အအုံမှာ နေထိုင်သူတွေအတွက် အန္တရာယ်မှ လွတ်မြောက်အောင် ထွက်ပြေးဖို့ လုံလောက်တဲ့ အချိန်ရစေဖို့ ထည့်သွင်း စဉ်းစားကြရပါမယ်။
အဆောက်အအုံ တစ်ခု မီးလောင်ကျွမ်းတဲ့အခါ မြင့်မားတဲ့ အပူချိန်ကို (၁၀၀၀ ဒီဂရီ စင်တီဂရိတ်ခန့်) အချိန်တိုအတွင်း (မိနစ် ၃၀ မှ မိနစ် ၆၀ အတွင်း) ရောက်ရှိနိုင်ပါတယ်။ စမ်းသပ်မှုတွေအရ Heavy Loads တွေ ခံဆောင်ထားတဲ့ Steel Structural Members တွေဟာ မီးလောင်တဲ့အချိန်မှာ အပူချိန် ၅၅၀ ဒီဂရီ စင်တီဂရိတ်ကို ရောက်ရှိချိန်မှာ ခံနိုင်ရည်အား ၄၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားပြီး အပူချိန် ဆက်လက် မြင့်တက်လာတဲ့အခါ ပိုမိုလျှင်မြန်စွာပဲ ခံနိုင်ရည် လျော့နည်းဆုံးရှုံးသွားနိုင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ (တကယ်လို့သာ သင့်တော်တဲ့ Fire proofing မပြုလုပ်ထားခဲ့ပါက Steel Structural building တစ်ခုဟာ မီးလောင်တဲ့အခါ အချိန်တိုအတွင်း ပြိုကျ ပျက်စီးသွားနိုင်ပါတယ်) အောက်က ပုံကို ကြည့်ပါ။ 
 
 
ဒီတော့ မီးလောင်တဲ့အခါ Structural Steel Members တွေခံဆောင်နိုင်ရည် မလျော့နည်းသွားစေဖိှု့Steel တွေမှာ အပူချိန် မြင့်တက်လာမှုကနေ အကာအကွယ် ပေးထားဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် Steel member တွေကို Concrete လောင်းပေးခြင်းဖြင့် ၎င်း၊ Fire boards များဖြင့် အကာအကွယ် ပေးခြင်းအားဖြင့် ၎င်း၊ မီးဒါဏ် ကာကွယ်နိုင်တဲ့ vermiculite, Intumescent Paint စတဲ့ဆေးများ သုတ်လိမ်းပေးခြင်းအားဖြင့်၎င်း၊ မီးအပူချိန်နဲ့ တိုက်ရိုက်ထိတွေ့မှုမှ အကာအကွယ်ပေးခြင်းကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
ဒီပုံတွေက Fire Protection လုပ်ထားတဲ့ နည်းစနစ် ပုံတွေ ဖြစ်ပါတယ်။
 
Structural Steel members တွေကို Vermiculite သို့မဟုတ် Intumescent Paint တွေနဲ့ Fire proofing ပြုလုပ်ပေးရာမှာ Steel member ရဲ့ Section factor အကျိုးသက်ရောက်မှုကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ Section Factor ဆိုတာက မီးအပူချိန် ခံရတဲ့ မျက်နှာပြင် ဧရိယာ စုစုပေါင်းကို တစ်ယူနစ် အလျားမှာရှိတဲ့ ထုထည်ဖြင့် စားခြင်းဖြင့် ရရှိပါမယ်။
တနည်းအားဖြင့်ဆိုသော် Section Factor = A / V ဖြစ်ပြီး unit က m-1 ဖြစ်ပါတယ်။
(အရင် BS Code မှာ Section Factor ကို Heated Perimeter ကို Area ဖြင့် စားခြင်းဖြင့် တွက်ယူပါတယ်။ Section Factor = Hp / A ဖြစ်ပါတယ်။ ဘယ်နည်းနဲ့တွက်တွက် အဖြေတူတူသာ ရရှိပါမယ်)
ဥပမာအားဖြင့်ဆိုသော် Thickness ထူတဲ့ steel member နဲ့ ပါးတဲ့ Steel member တို့ မီးအပူချိန် ခံရတဲ့အခါ ပါးတဲ့ Steel member က ပျက်စီးမှု ပိုမိုမြန်ဆန်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Thickness ပါးတဲ့ Steel member ကို Fire proofing coating သုတ်တဲ့အခါ ပိုပြီး ထူထူ သုတ်လိမ်းဖို့ လိုအပ်ပါတယ်။ အောက်ကပုံက Section Factor ကို သရုပ်ပြတဲ့ ပုံဖြစ်ပါတယ်။ 
 
အောက်ကပုံက Section Factor ကို ဘယ်လို တွက်ရမလဲဆိုတာ ရှင်းလင်းပြထားတဲ့ပုံပါ။
 
Fire proofing သုတ်ဆေးတွေကို Fire rating (ဘယ်လောက်ကြာကြာ မီးလောင်ဒါဏ် ခံနိုင်မှု လိုအပ်သလဲဆိုတာ) နဲ့ Section Factor ကို လိုက်ပြီး ဘယ်လောက်အထူ သုတ်လိမ်းရမယ်ဆိုတာ ထုတ်လုပ်သူက လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ပြီး Technical Data sheet တွေမှာ ဖေါ်ပြလေ့ ရှိကြပါတယ်။ Fire proofing paint တွေ သုံးတဲ့အခါ ဒီ information တွေ လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။ အောက်က ပုံက Vermiculite Spray Fire proofing အမျိုးအစား တစ်ခုအတွက် သက်ဆိုင်ရာ Fire-resistance rating တွေနဲ့ Section Factor တွေအလိုက် သုတ်လိမ်းရမယ့် ဆေးရဲ့ thickness ကို ဖေါ်ပြထားခြင်းဖြစ်ပါတယ်။ 
 
ဒီ မှတ်စုတိုမှာ ပါဝင်တဲ့ data တွေကို Association for Specialist Fire Protection အဖွဲ့အစည်းက ထုတ်ဝေတဲ့ Fire protection for structural steel in building (yellow book) ဆိုတဲ့ handbook ကနေ ရယူပါတယ်။ ဒီစာအုပ်ကို လေ့လာချင်ရင် ဒီလင့်မှာ လေ့လာနိုင်ပါတယ်။
ဒါက ကျွန်တော် အရင်က ရေးခဲ့ဖူးတဲ့ Steel Structure တွေရဲ့ Fire Protection နဲ့ ပတ်သက်တဲ့ မှတ်စုတိုတစ်ခုဖြစ်ပါတယ်။ https://www.facebook.com/notes/aung...
ကျေးဇူးတင်ပါတယ်
Credit
အောင်ဆုမြတ်
8 Dec 2015
 

0 comments:

Post a Comment

Disqus Shortname

Comments system