Friday, May 22, 2015

Separation Distance for Pounding

Pounding ဆိုတာ ကပ်လျက်အဆောက်အဦနှစ်ခု ဒါမှမဟုတ် အဆောက်အဦတစ်ခုတည်းရဲ့ မတူညီတဲ့ အစိတ်အပိုင်းနှစ်ခု ငလျင်လိုမျိုး ပြင်းထန်တဲ့လှုပ်ရှားမှုတွေကြောင့် ဘေးတိုက်ရွေ့လျားမှုတွေရှိတဲ့အခါမှာ လုံလောက်တဲ့ ခြားထားတဲ့အကွာအဝေး (Separation Distance) မရှိတဲ့အခါ တိုက်မိကြတာကို Pounding လို့ပြောတာပါ။




Structure တစ်ခုရဲ့ Mass နဲ့ Rigidity က Seismic Behavior ကို သက်ရောက်မှုရှိပါတယ်။
ငလျင်လှုပ်တဲ့အခါ အဆောက်အဦတစ်ခုနဲ့ တစ်ခု ငလျင်ကြောင့်ဖြစ်တဲ့ Seismic Behavior မတူညီနိုင်ပါဘူး။
ဆိုလိုတာက Structure (၂) ခုဟာ ငလျင်ကြောင့် ဘေးတိုက်ရွေ့တဲ့အခါ ဘယ်ညာ ပြိုင်တူ ညိမ်းချင်မှ ညိမ်းမှာပါ။
အဲဒီအခါမျိုးမှာ ဘေးတိုက် တိုက်မိ ( Pounding ) နိုင်ပါတယ်။



ကပ်လျက် Structure (၂) ခုရဲ့ Floor Level တွေက တစ်ခုနဲ့တစ်ခု မတူညီနိုင်ပါဘူး။
ဒါကြောင့် မတူညီတဲ့ level တိုင်းမှာ တိုက်နိုင်ပါတယ်။
ပုံမှာ Floor level မှာ တိုက်တဲ့ပုံ၊ Floor Height ရဲ့ အလယ်မှာ တိုက်တဲ့ပုံ၊ Floor Height ရဲ့ (၁/၃)မှာ တိုက်တဲ့ပုံ နဲ့ Floor Height ရဲ့ (၂/၃)မှာ တိုက်တဲ့ပုံ ဆိုပြီးပြထားပါတယ်။
အဲဒီမှာမှ Floor Height ရဲ့ အလယ်မှာ တိုက်မိတဲ့ case ကတော့ အဆိုးဝါးဆုံးဖြစ်ပါတယ်။




အဲဒီလို ငလျင် (Seismic) ကြောင့် ဘေးတိုက်တိုက်မိတာတွေ မဖြစ်အောင် ခွာထားဖို့လိုအပ်တဲ့ အကွာအဝေး (Separation Distance for Pounding) ကို
Regulations တွေအနေနဲ့ (Argentina, Australia, Canada, France, India, Indonesia, Mexico, Taiwan and the USA) တို့လို နိုင်ငံအများအပြားက ထုတ်ပြန်ထားပါတယ်။
အဲဒီခွာထားဖို့လိုအပ်တဲ့ အကွာအဝေး (Separation Distance for Pounding) ကတော့ တနိုင်ငံနဲ့ တနိုင်ငံ ထုတ်ပြန်ထားတာ မတူကြပါဘူး။
မတူညီတဲ့ နိုင်ငံတွေရဲ့ Code သက်မှတ်ချက်က Separation Distance ကို Table မှာ ဖော်ပြထားပါတယ်။




ဥပမာတစ်ခုအနေနဲ့ UBC Code နဲ့ တွက်ချက်ကြည့်ပါမယ်။
ပုံမှာ ပြထားတဲ့ အတိုင်း အဆောက်အဦနှစ်ခုက ဘေးတိုက်ရှိနေပါတယ်။
နိမ့်တဲံ အဆောက်အဦရဲ့ ငလျင်လှုပ်တဲ့အခါရှိမယ့် ဘေးတိုက်အရွေ့က ၃" ရှိပြီး မြင့်တဲ့အဆောက်အဦရဲ့ နိမ့်တဲ့အဆောက်အဦနဲ့ level တူမှာရှိမဲ့ ဘေးတိုက်အရွေ့က ၄" ရှိတယ်လို့ (Structure တွက်ချက်မှုမှတဆင့်) သိရပါတယ်။
UBC 97, IBC 2000 က Separation Distance ကို "S = √ (ΔM1 ^2 + ΔM2 ^2 )" လို့ ပေးထားပါတယ်။ Equation မှာ အစားထိုးတွက်ချက်တော့ Seismic ကြောင့် Pounding မဖြစ်အောင် Separation Distance ၅" ရှိရမယ်လို့ ရပါတယ်။
Separation Distance ကို ဘေးတိုက်အရွေ့(Lateral Displacement, Drift) ကတဆင့် ရှာတာပါ။
ဘေးတိုက်အရွေ့သိဖို့ Structure တွက်ချက်မှုတွေ မလွယ်တဲ့အခါမှာ Separation Distance ကို ခန့်မှန်းနိုင်ဖို့ (Construction Engineer) အတွက်
ASCE7-05 မှာ Separation Distance ကို Story Height ရဲ့ ၁% ယူဖို့ ပြောထားတာတော့ တွေ့မိပါတယ်။
မူရင်းစာသားက ဒီမှာပါ

12.14.8.5 Drift Limits and Building Separation. Structural
drift need not be calculated. Where a drift value is needed for use
in material standards, to determine structural separations between
buildings, for design of cladding, or for other design requirements,
it shall be taken as 1 percent of building height unless computed
to be less. All portions of the structure shall be designed to act as
an integral unit in resisting seismic forces unless separated structurally
by a distance sufficient to avoid damaging contact under
the total deflection.
(From ASCE7-05)

မှားနေရင်လည်း ပြောပေးကြပါ။
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system