Saturday, September 22, 2018

Degree of freedom vs Support types

Dof(Degree of freedom)


Dynamic မှာ transition နဲ့ rotation ဆိုပြီးနှစ်မျိုးရှိတယ်။ translation က force ကြောင့် ဖြစ်ပြီး Rotation က moment ကြောင့် ဖြစ်ပါတယ်။ ETABS လိုမျိုး analysis software မှာ structure frame model ရဲ့ element တွေဖြစ်တဲ့ line object တွေ area object တွေကို Meshingပိုင်းပေးရပါတယ် (meshing limit တော့ ရှိတာပေါ့) ။ အဲ့တာမှ Finite element တွေ ဖြစ်သွားပြီး
analysis လုပ်မှ Internal force တွေရမှာပါ။ Finite element analysis သုံးတဲ့ Method ကို finite element method လို့ခေါ်ပါတယ်။ Finite element တွေရဲ့ point တစ်ခုစီ (Node) တွေမှာ global axis အတိုင်း 3-transition နဲ့ 3-rotation ဆိုပြီး degree of freedom ခြောက်ခုရှိပါတယ် ။ Node တစ်ခုကို force ပမာဏတစ်ခုနဲ့ X-axis ကနေ concentrically သက်ရောက်လိုက်တယ် ဆိုပါစို့။ Node မှာ သက်ရောက်လိုက်တဲ့ apply force က node ရဲ့reaction force ထက်ကြီးတဲ့အခြေနေမှာ X-translation ဖြစ်နိုင်ပါတယ် ဆိုလိုတာက summation Fx=0 မဖြစ်တဲ့အတွက် apply force ပမာဏအတိုင်း Node က x-axis တလျောက်ရွေ့သွားနိုင်ပါတယ်။ ထို့နည်းတူပဲ apply force ကို Y-axiz, Z-axis အတိုင်း သက်ရောက်ကြည့်ပြီး Y-translation, Z-translation ဖြစ်နိုင်တယ် ကို တွေးကြည့်ပါ ။ . . . . . 
အဲ့တာဆို 3-translation ကိုတော့ နားလည်နိုင်ပါပြီ . . . ok!
Support types တွေမှာ transition ဘယ်နခုရှိတာလဲ ဆိုတာ ကို တွေးကြည့်ရအောင် Global axis မှာ door တစ်ခု ကို XZ elevation plane အတိုင်း ထောင်းထားတယ် set up လုပ်ထားတယ် ဆိုပါစို့ ။ ဒါဆိုရင် Hinge support နဲ့ပတ်သတ်ပြီး door frame နှင့် door leaf connection (ပတ္တာ) မှာ reaction ဘယ်နခု ရှိလဲ Dof (degree of freedom ) ဘယ်နခုရှိလဲဆိုတာ နားလည်ထားသလို ပြောပြကြည့်ပါမယ် . . . . 
door frame member ကို ပဲဖြစ်ဖြစ်၊ door leaf area member ကို ပဲ ဖြစ်ဖြစ် X-axis အတိုင်း ဘေးတိုက်တွန်းကြည့်ပါ ( force တစ်ခု သက်ရောက်ကြည့်ပါ ) သက်ရောက်လာတဲ့ action force ကို hinge Connection support ရဲ့ X-axiz reaction force က resist လုပ်နိုင်တယ် ဆိုပါစို့။ အဲ့တာဆိုရင် connection မှာ summation Fx က zero ဖြစ်တဲ့အတွက် X-translation မရှိတော့ဘူးပေါ့ (fixed ဖြစ်သွားပြီ ) ထို့နည်းတူ Y-axis အတိုင်း အရှေ့နောက် , Z-axis အတိုင်းအပေါ်အောက် တွန်းကြည့်ပါ ( force တစ်ခု သက်ရောက်ကြည့်ပါ ) summation Fy=0 နှင့် summation Fz =0 ဖြစ်နေလို့ Y-translation, Z-translation မဖြစ်နိုင်တော့ပါဘူး ။
အဲ့တာဆို Rotation ပဲကျန်တော့မယ် . . . .Ok
အစမှာ ပြောထားခဲ့သလို Rotation က moment ကြောင့် ဖြစ်တာ နဲ့ ပြန်ဆက်ပြောပါ့မယ်
XZ elevation plane အတိုင်း set up လုပ်ထားတဲ့ Door leaf (တံခါး)မှာ Z-axis အတိုင်း moment force တစ်ခုပေးပြီး တံခါးကို တွန်း/ဆွဲ ပြီး ဖွင့်လို့ရတယ် ဆိုပါစို့ ။ Mz မှာ သက်ရောက်လာတဲ့ moment ကို hinge connection support က resist မလုပ်နိုင်လို့ summation Mz = 0 မဖြစ်တော့လို့ တံခါးက ပွင့်သွားတယ် ဒါမဟုတ် ပိတ် သွားတယ် နော် ။ ထို့နည်းတူပဲ X-axis, Y-axis ကိုလည်း တွန်းပြီး moment နဲ့ ဖွင့်/ပိတ် လုပ်ကြည့်ပါ။ Mx =0 နဲ့ My = 0 ဖြစ်နေတာကို တွေ့ရပါလိမ့်မယ် အဲ့တာကြောင့် z-axis မှာ ပဲ rotation ပဲရှိပြီး တခြား y-axis နဲ့ x-axis မှာ rotation မရှိတာပါ။
နိဂုံးအနေနဲ့ hinge support မှာ 1 degree of freedom ပဲရှိတာ လို့ နားလည်ထားပြီ
Etabs မှာတော့ point – assign restraint support မှာ hinge တွက် 3-transition ကတော့ fixed ဖြစ်ပြီး 3-rotationကတော့ release လုပ်ထားတာကိုတော့ ဘယ်လို နားလည်ရမလဲမသိလို့
နောင်တော် ညီအစ်ကိုရောင်းရင်းများ
ရှင်းလင်းစေချင်ပါတယ်
deeply respect
KMKK @ ASCC
02/19/2017




1 comment:

  1. Harrah's Cherokee Casino and Hotel - MapyRO
    Harrah's Cherokee Casino and Hotel in Cherokee, North Carolina is a 여수 출장마사지 casino and 안양 출장안마 hotel located in the 강릉 출장안마 heart 대구광역 출장안마 of the Great Smoky Mountains of Western 천안 출장샵 North

    ReplyDelete

Disqus Shortname

Comments system