CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer ေတြအတြက္ CE analysis of rates- version 5 တင္ေပးလိုက္ပါတယ္။

Ebooks

Civil Engineering နဲ႕ပတ္သတ္ေသာ Ebook မ်ား

Etabs

Etabs ေလ့လာရန္

Site Mistake

Site Mistake

Etabs Tutorials

Download ဆြဲနည္း

Monday, May 29, 2017

ဂ်ပန္စာ application -Nihongo Myanmar Android application Version 1


CE User ေတြထဲမွာ ဂ်ပန္စာေလ့လာေနတဲ့ သူေတြရွိရင္
အဆင္ေျပေအာင္ တင္ေပးလိုက္တာပါ ။။
ဒီ application ကလည္း ကၽြန္္ေတာ္လုပ္ထားတာပါပဲ။

Nihongo Myanmar Android application
Version 1 ထြက္ပါျပီ
 http://www.mediafire.com/fi…/y3gujzioctjq96o/Nihongo-Myanmar
အတက္နိုင္ဆံုးလုပ္ေပးထားပါတယ္ ။
ဂ်ပန္စာ​ စာတင္ေလ့လာသူမ်ားအတြက္လည္း အဆင္ေျပပါတယ္၊၊
NHK , mm-biz ကတင္တဲ့ သင္ခန္းစာေတြ စုထားေပးပါတယ္။
FB က Senior ေတြတင္တဲ့ပို႕စ္ေတြလည္း ပါပါမယ္။
N5, N4 အဓိကပါ၀င္မွာျဖစ္ျပီး တျခားေလ့လာစရာေတြလည္း ပါပါတယ္။
အသံဖိုင္လည္း​ တြဲေပးထားပါတယ္၊၊ Download ဆြဲရအဆင္ေျပေအာင္
လုပ္ထားေပးပါတယ္ ။လိုအပ္ခ်က္ေတြလည္းအျကံျပုနိုင္ပါတယ္၊၊
အားလံုးအဆင္ေျပပါေစဗ်၊၊
ကိုျဖိဳး​  

#HtunAungPhyoe​ .#DownloadNihongoMyanmar

CE User တွေထဲမှာ ဂျပန်စာလေ့လာနေတဲ့ သူတွေရှိရင်

အဆင်ပြေအောင် တင်ပေးလိုက်တာပါ ။။

ဒီ application ကလည်း ကျွန််တော်လုပ်ထားတာပါပဲ။


Nihongo Myanmar Android application

Version 1 ထွက်ပါပြီ

http://www.mediafire.com/fi…/y3gujzioctjq96o/Nihongo-Myanmar

အတက်နိုင်ဆုံးလုပ်ပေးထားပါတယ် ။

ဂျပန်စာ​ စာတင်လေ့လာသူများအတွက်လည်း အဆင်ပြေပါတယ်၊၊

NHK , mm-biz ကတင်တဲ့ သင်ခန်းစာတွေ စုထားပေးပါတယ်။
FB က Senior တွေတင်တဲ့ပို့စ်တွေလည်း ပါပါမယ်။
N5, N4 အဓိကပါ၀င်မှာဖြစ်ပြီး တခြားလေ့လာစရာတွေလည်း ပါပါတယ်။
အသံဖိုင်လည်း​ တွဲပေးထားပါတယ်၊၊ Download ဆွဲရအဆင်ပြေအောင်
လုပ်ထားပေးပါတယ် ။လိုအပ်ချက်တွေလည်းအကြံပြုနိုင်ပါတယ်၊၊
အားလုံးအဆင်ပြေပါစေဗျ၊၊
ကိုဖြိုး​  


 
 

 

 

 

Tuesday, May 16, 2017

CE User မ်ားသို႕

မဂၤလာပါခင္ဗ်ာ
ကၽြန္ေတာ္ပို႕စ္ေတြ မတင္ေပးျဖစ္လို႕ User ေတြကိုအားနာပါတယ္။
ဆိုဒ္မွာတင္ထားတဲ့ ပိုစ္က ၁၇.၅.၂၀၁၇ ထိ စုစုေပါင္း ၃၀၀ ခုရွိပါတယ္
အကုန္မဖတ္ရေသးရင္ ဆိုဒ္ထဲမွာ ၀င္ျပီး ရွာဖတ္နုိင္ပါတယ္။
CE user အသစ္ေတြ software သံုးတဲ့အခါ ပိုစ္ ၃၀၀ ခုလံုးမ၀င္လာနုိင္ပါဘူး။
ပိုစ္ေတြအမ်ားၾကီး စုထားတာမသိဘဲေနမွာစိုးလို႕ စာေရးတင္ျပီးအသိေပးလိုက္တာပါ။
http://htunaungphyoe-civil.blogspot.com  ဒီမွာ ၀င္ဖတ္နုိင္ပါတယ္။
ကိုယ္သိခ်င္တဲ့ရွာခ်င္တဲ့စာေတြကို search box မွာရိုက္ရွာယံုပါပဲ။
ကၽြန္ေတာ္လည္း တျခားလုပ္စရာေလးေတြနဲ႕ အခ်ိန္ေပးစရာေလးေတြရွိေနလို႕ပါ။
ေဆာ့၀္၀ဲထဲမွာပါတဲ့ ဖုန္းနံပါတ္ကခုမသံုးေတာ့လို႕ User ေတြအေနနဲ႕ ဆက္သြယ္ခ်င္ရင္
09760840106  ကိုဆက္သြယ္နုိင္ပါတယ္ ။
ေက်းဇူးတင္ပါတယ္
အားလံုးအဆင္ေျပပါေစ
ထြန္းေအာင္ျဖိဳး

Unicode

မင်္ဂလာပါခင်ဗျာ

ကျွန်တော်ပို့စ်တွေ မတင်ပေးဖြစ်လို့ User တွေကိုအားနာပါတယ်။

ဆိုဒ်မှာတင်ထားတဲ့ ပိုစ်က ၁၇.၅.၂၀၁၇ ထိ စုစုပေါင်း ၃၀၀ ခုရှိပါတယ်

အကုန်မဖတ်ရသေးရင် ဆိုဒ်ထဲမှာ ၀င်ပြီး ရှာဖတ်နိုင်ပါတယ်။

CE user အသစ်တွေ software သုံးတဲ့အခါ ပိုစ် ၃၀၀ ခုလုံးမဝင်လာနိုင်ပါဘူး။

ပိုစ်တွေအများကြီး စုထားတာမသိဘဲနေမှာစိုးလို့ စာရေးတင်ပြီးအသိပေးလိုက်တာပါ။

http://htunaungphyoe-civil.blogspot.com  ဒီမှာ ၀င်ဖတ်နိုင်ပါတယ်။

ကိုယ်သိချင်တဲ့ရှာချင်တဲ့စာတွေကို search box မှာရိုက်ရှာယုံပါပဲ။

ကျွန်တော်လည်း တခြားလုပ်စရာလေးတွေနဲ့ အချိန်ပေးစရာလေးတွေရှိနေလို့ပါ။

ဆော့ဝ်ဝဲထဲမှာပါတဲ့ ဖုန်းနံပါတ်ကခုမသုံးတော့လို့ User တွေအနေနဲ့ ဆက်သွယ်ချင်ရင်

09760840106  ကိုဆက်သွယ်နိုင်ပါတယ် ။

ကျေးဇူးတင်ပါတယ်

အားလုံးအဆင်ပြေပါစေ

ထွန်းအောင်ဖြိုး






ျမန္မာျပည္ေဆာက္လုပ္ေရးေလာကမွ အယူအဆအလြဲမ်ား (24)

Image may contain: 2 people

ျမန္မာျပည္ေဆာက္လုပ္ေရးေလာကမွ အယူအဆအလြဲမ်ား (24)



တိုင္တို႔ wall တို႔ဆိုတာ ေပ်ာ့ေပ်ာ့ေလးေလာင္းရတယ္


(w/c ratio မထိမ္းထားဘဲ ေလာင္းျခင္း)


က်ြန္ေတာ္ေက်ာင္းျပီးလို႔ လုပ္ငန္းခြင္ဝင္ေတာ့ column တိုင္ေတြေလာင္းတဲ့အခါ ပန္းရံဆရာက ေနာက္လူကို "ေဟ့ တုိင္ေလာင္းမယ္ေဟ့ ေရမ်ားမ်ားနဲ႔ ေပ်ာ့ေပ်ာ့ေလး" လို႔ ေအာ္ေျပာတာ ႀကံဳခဲ့ပါတယ္။ ဒါနဲ႔ က်ြန္ေတာ္ကဘာလို႔ ေပ်ာ့ခိုင္းတာလဲဆိုေတာ့ သူက ေပ်ာ့မွ တိုင္မွာအေပါက္ေတြ မျဖစ္မွာ သံလံုးမေပၚမွာလို႔ သင္ေပးပါတယ္ :-D


ေပ်ာ့တယ္ဆိုတာ ေရမ်ားမ်ားထည့္ခိုင္းတာပါ။ Footing ခြာ ေလာင္းတုန္းကထက္ ေရအမ်ားႀကီးပိုပါတယ္။ concrete mix အခ်ိဳးကေတာ့ သိတဲ့အတိုင္း ဘာလာလာ ရမ္း တူး ဖိုး တဲ့ 1:2:4 ပါ :-D အရင္ခြာေလာင္းတုန္းကလဲ ဒီအခ်ိဳးပါပဲ။ ခုက အခ်ိဳးတူေပမယ့္ ေရပိုထည့္တာပါ။


1) Concrete ကြန္ကရစ္က mix ratio အခ်ိဳးအစားတခုထဲကိုမွ ေရပါဝင္မႈ အနဲအမ်ားေပၚမူတည္ျပီး သူ႔ ခံႏိုင္အား Strength က ကြာျခားပါတယ္။ ပံု 6.2 ကို ၾကည့္ပါ။ water:cement ratio w/c 0.4 မွာ 41, 42 MPa ရေပမယ့္ ေရပါဝင္မႈ ၂ဆတိုးသြားတဲ့ 0.8 မွာဆိုရင္ 16, 17 ေလာက္ပဲရွိေတာ့တာ % အားျဖင့္ 40% ပဲရွိျပီး 60% ေလာက္ ခံႏိုင္အား Strength က်တာ ေတြ႔ရမွာပါ။


w/c ratio 0.1 ေလာက္က်တဲ့ w/c ratio 0.5 မွာဆိုရင္ေတာင္ ခံႏိုင္အား Strength 20% က်တာေတြ႔ရမွွာပါ။


2) သူေျပာတဲ့ တိုင္မွာအေပါက္ေပၚတာတို႔ဘာတို႔ျဖစ္တယ္ဆိုတာ compaction မလံုေလာက္တဲ့အခါ ျဖစ္တာပါ။ concrete က w/c ratio နဲေလေလ သူ႔ခံႏိုင္အား strength က မ်ားေလေလဆိုေပမယ့္ compaction.မရဘူးဆိုရင္ေတာ့ Strength ကမေကာင္းနိုင္ပါဘူး။ အဲ့သေဘာကို ပံု 6.1 မွာ ၾကည့္ၾကည့္ပါ။ Solid line ေလးက compaction အျပည့္ရတဲ့ concrete ရဲ႕strength ျဖစ္ပါတယ္။ Dashed line ေလးကေတာ့ compaction မရတာရဲ႕ strength ျဖစ္ပါတယ္။ အဲ့မွာ w/c နဲတဲ့အခါ compaction အျပည့္ရရင္ solid line အတိုင္း strength ေကာင္းေနေပမယ့္ compaction မရေတာ့ရင္ေတာ့ Dashed line အတိုင္း ခံႏိုင္အားက်တာကို ေတြ႔ရမွာပါ။


3) ဒါေၾကာင့္ ေလာင္းမယ့္ ေနရာနဲ႔ အေျခအေန လိုအပ္ခ်က္ေပၚမူတည္ျပီး w/c အနဲဆံုးနဲ႔ workability ေကာင္းေကာင္းနဲ႔ compaction အျပည့္ရေအာင္ ဖန္တီးေပးရပါမယ္။


4) အဓိကက ကိုယ္လိုတဲ့ Strength နဲ႔ workability အေျခအေန(ကြန္ကရစ္အေပ်ာ့အမာ/ Slump) နဲ႔ကိုက္ညီတဲ့ mix ratio ကိုသံံုးရမွာျဖစ္ပါတယ္။


5) အၾကမ္းအားျဖင့္ေတာ့ ေရပိုထည့္မယ္ဆိုရင္ေတာ့ Strength မက်ဖို႔ water/cement ratio ကို ထိန္းရမွာျဖစ္တဲ့အတြက္ cement ကို ပိုထည့္ဖို႔ လိုအပ္ပါမယ္။


အရင္တုန္းကအျဖစ္အပ်က္ကို ျပန္ေျပာတယ္ဆိုေပမယ့္ အခုလဲပဲ Project မႀကီးတဲ့ Site ေတာ္ေတာ္မ်ားမ်ားမွာ Floor ေတြကို Ready-mixed concrete ေလာင္းၾကေပမယ့္ columns တိုင္ေတြကိုေတာ့ site mixed ပဲ ဆိုဒ္မွာတင္ ေဖ်ာ္ေလာင္းတတ္ၾကပါတယ္။ အဲ့ဒီမွာမွ တခ်ိဳ႕ ေတြက ခုလိုပဲ Column တို႔ wall တို႔ကို w/c ratio မထိန္းဘဲ ေရပိုထည့္ျပီးေလာင္းၾကတုန္းပါပဲ။


Photos : from Properties of Concrete by A.M. Neville


ဗိုလ္ဗို္လ္ေက်ာ္


Unicode

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ (24)




တိုင်တို့ wall တို့ဆိုတာ ပျော့ပျော့လေးလောင်းရတယ်



(w/c ratio မထိမ်းထားဘဲ လောင်းခြင်း)



ကျွန်တော်ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တော့ column တိုင်တွေလောင်းတဲ့အခါ ပန်းရံဆရာက နောက်လူကို "ဟေ့ တိုင်လောင်းမယ်ဟေ့ ရေများများနဲ့ ပျော့ပျော့လေး" လို့ အော်ပြောတာ ကြုံခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော်ကဘာလို့ ပျော့ခိုင်းတာလဲဆိုတော့ သူက ပျော့မှ တိုင်မှာအပေါက်တွေ မဖြစ်မှာ သံလုံးမပေါ်မှာလို့ သင်ပေးပါတယ် :-D



ပျော့တယ်ဆိုတာ ရေများများထည့်ခိုင်းတာပါ။ Footing ခွာ လောင်းတုန်းကထက် ရေအများကြီးပိုပါတယ်။ concrete mix အချိုးကတော့ သိတဲ့အတိုင်း ဘာလာလာ ရမ်း တူး ဖိုး တဲ့ 1:2:4 ပါ :-D အရင်ခွာလောင်းတုန်းကလဲ ဒီအချိုးပါပဲ။ ခုက အချိုးတူပေမယ့် ရေပိုထည့်တာပါ။



1) Concrete ကွန်ကရစ်က mix ratio အချိုးအစားတခုထဲကိုမှ ရေပါဝင်မှု အနဲအများပေါ်မူတည်ပြီး သူ့ ခံနိုင်အား Strength က ကွာခြားပါတယ်။ ပုံ 6.2 ကို ကြည့်ပါ။ water:cement ratio w/c 0.4 မှာ 41, 42 MPa ရပေမယ့် ရေပါဝင်မှု ၂ဆတိုးသွားတဲ့ 0.8 မှာဆိုရင် 16, 17 လောက်ပဲရှိတော့တာ % အားဖြင့် 40% ပဲရှိပြီး 60% လောက် ခံနိုင်အား Strength ကျတာ တွေ့ရမှာပါ။



w/c ratio 0.1 လောက်ကျတဲ့ w/c ratio 0.5 မှာဆိုရင်တောင် ခံနိုင်အား Strength 20% ကျတာတွေ့ရမှှာပါ။



2) သူပြောတဲ့ တိုင်မှာအပေါက်ပေါ်တာတို့ဘာတို့ဖြစ်တယ်ဆိုတာ compaction မလုံလောက်တဲ့အခါ ဖြစ်တာပါ။ concrete က w/c ratio နဲလေလေ သူ့ခံနိုင်အား strength က များလေလေဆိုပေမယ့် compaction.မရဘူးဆိုရင်တော့ Strength ကမကောင်းနိုင်ပါဘူး။ အဲ့သဘောကို ပုံ 6.1 မှာ ကြည့်ကြည့်ပါ။ Solid line လေးက compaction အပြည့်ရတဲ့ concrete ရဲ့strength ဖြစ်ပါတယ်။ Dashed line လေးကတော့ compaction မရတာရဲ့ strength ဖြစ်ပါတယ်။ အဲ့မှာ w/c နဲတဲ့အခါ compaction အပြည့်ရရင် solid line အတိုင်း strength ကောင်းနေပေမယ့် compaction မရတော့ရင်တော့ Dashed line အတိုင်း ခံနိုင်အားကျတာကို တွေ့ရမှာပါ။



3) ဒါကြောင့် လောင်းမယ့် နေရာနဲ့ အခြေအနေ လိုအပ်ချက်ပေါ်မူတည်ပြီး w/c အနဲဆုံးနဲ့ workability ကောင်းကောင်းနဲ့ compaction အပြည့်ရအောင် ဖန်တီးပေးရပါမယ်။



4) အဓိကက ကိုယ်လိုတဲ့ Strength နဲ့ workability အခြေအနေ(ကွန်ကရစ်အပျော့အမာ/ Slump) နဲ့ကိုက်ညီတဲ့ mix ratio ကိုသုံံးရမှာဖြစ်ပါတယ်။



5) အကြမ်းအားဖြင့်တော့ ရေပိုထည့်မယ်ဆိုရင်တော့ Strength မကျဖို့ water/cement ratio ကို ထိန်းရမှာဖြစ်တဲ့အတွက် cement ကို ပိုထည့်ဖို့ လိုအပ်ပါမယ်။



အရင်တုန်းကအဖြစ်အပျက်ကို ပြန်ပြောတယ်ဆိုပေမယ့် အခုလဲပဲ Project မကြီးတဲ့ Site တော်တော်များများမှာ Floor တွေကို Ready-mixed concrete လောင်းကြပေမယ့် columns တိုင်တွေကိုတော့ site mixed ပဲ ဆိုဒ်မှာတင် ဖျော်လောင်းတတ်ကြပါတယ်။ အဲ့ဒီမှာမှ တချို့ တွေက ခုလိုပဲ Column တို့ wall တို့ကို w/c ratio မထိန်းဘဲ ရေပိုထည့်ပြီးလောင်းကြတုန်းပါပဲ။



Photos : from Properties of Concrete by A.M. Neville



ဗိုလ်ဗို်လ်ကျော်


No automatic alt text available.

Civil နဲ႔ ပတ္သက္တဲ့အေမးအေျဖ ၂၁




Civil နဲ႔ ပတ္သက္တဲ့အေမးအေျဖ ၂၁

Zawgyi one

Pipe Hole at Beam

ေမး - Beam ေတြမွာ M&E အတြက္ အေပါက္ေတြေဖါက္တဲ့အခါ ေရြးခ်ယ္စရာရွိမယ္ဆို ဘယ္ေနရာေဖာက္တာ အေကာင္းဆံုးပါလဲ ခင္ဗ်ာ

ေျဖ - Shear Force အနဲဆံုးေနရာမွာ ေဖာက္တာ ေကာင္းပါတယ္။ အဲ့လို Shear Foece နဲတဲ့ေနရာမွာမွ Bending Stress Zero ျဖစ္မယ့္ Neutral Axis မွာ ေဖာက္တာအေကာင္းဆံုးပါပဲ။

ဥပမာအားျဖင့္ ပံုကလို UD load ရွိတဲ့ Simple Beam တစ္ေခ်ာင္းမွာဆိုရင္ေတာ့ Shear Force အနဲဆံုးေနရာက Beam Span အလယ္တည့္တည့္ျဖစ္ျပီးေတာ့ Bending Stress Zero ျဖစ္တဲ့ေနရာ ကေတာ့ Beam အလယ္တည့္တည့္ျဖစ္ပါတယ္။

Ref : Structure in Architecture by C. G. Schierle

ဗို္လ္ဗို္လ္ေက်ာ္



Unicode

Civil နဲ့ ပတ်သက်တဲ့အမေးအဖြေ ၂၁

Pipe Hole at Beam

မေး - Beam တွေမှာ M&E အတွက် အပေါက်တွေဖေါက်တဲ့အခါ ရွေးချယ်စရာရှိမယ်ဆို ဘယ်နေရာဖောက်တာ အကောင်းဆုံးပါလဲ ခင်ဗျာ

ဖြေ - Shear Force အနဲဆုံးနေရာမှာ ဖောက်တာ ကောင်းပါတယ်။ အဲ့လို Shear Foece နဲတဲ့နေရာမှာမှ Bending Stress Zero ဖြစ်မယ့် Neutral Axis မှာ ဖောက်တာအကောင်းဆုံးပါပဲ။

ဥပမာအားဖြင့် ပုံကလို UD load ရှိတဲ့ Simple Beam တစ်ချောင်းမှာဆိုရင်တော့ Shear Force အနဲဆုံးနေရာက Beam Span အလယ်တည့်တည့်ဖြစ်ပြီးတော့ Bending Stress Zero ဖြစ်တဲ့နေရာ ကတော့ Beam အလယ်တည့်တည့်ဖြစ်ပါတယ်။

Ref : Structure in Architecture by C. G. Schierle

ဗို်လ်ဗို်လ်ကျော်

. Image may contain: text

Monday, May 1, 2017

YNM - Concrete Plant (ပဲခူးျမိဳ႕)

concrete လိုအပ္ပါကဆက္သြယ္နိုင္ပါသည္ခင္ဗ်ာ။


ပဲခူးျမိဳ႕ေရွာင္လမ္း၊ မိုင္တုိင္ 6/7 အနီး၊ ပဲခူးျမိဳ႕။
 09761885161

Disqus Shortname

Comments system