Wednesday, January 7, 2015
သတိ မှားတတ်တယ် ၂
အထက်မှာပုံလေးရှိပါတယ် သူများအမှားတွေလျောက်တင်ပေးနေတာမဟုတ်ပါဘူး
ပညာယူစေချင်လို့ပါ ကျောင်းဆင်းခါစ ညီတွေ ညီမတွေ သူများမှားတာကနေ ပညာယူစေချင်ပါတယ်
မတော်တဆဖြစ်တတ်တဲ့ သဘောတွေမလို့ ကြိုတင်သတိထားစေချင်ပါတယ် ။
ဒီလိုအမှားတွေ ဖြစ်ရင် အင်ယာ အသုံးမကျသလိုဖြစ်ပါလေ့မယ် ။
Alignment ကိုသတိထားပါ ။
ကျေးဇူးတင်ပါတယ်

Tuesday, January 6, 2015
Pile cap design procedure(By Tun Gaung Oo)

ဒီနေ့တော့ Pile cap အကြောင်း လေး ဆွေးနွေးချင်ပါတယ်ခင်ဗျာ
What is pile cap?
အဆောက်အုံကိုထမ်းထားမယ့် အပေါ်ယံမြေသားက လုံလောက်တဲ့ ထမ်းအားမရတဲ့အခါ မာကြောတဲ့ ခပ်နက်နက်ကမြေသားအလွှာဆီ load တွေကို transfer လုပ်ဖို့အတွက် piles တွေကိုသုံးရပါတယ်
columnတစ်ခုစီရဲ့ အောက်မှာ pile တွေဟာ column base load နဲ့ မြေ အပျော့အမာပ်ါမူတည်ပီး အုပ်စုလိုက်ရှိနေတတ်ပါတယ် အဲဒီအုပ်စုလိုက်အပေါ် column ကလာမယ့် load တွေ uniformly distributed ဖြစ်သွားဖို့ cap နဲ့အုပ်ပေးထားရပါတယ် အဲဒါ pile cap ပါ
Pile cap အပေါ်သက်ရောက်နေတဲ့အားတွေက ဘယ်လိုလဲ?
Pile cap က အားသက်ရောက်ခံရတာ spread footing နဲ့ဆင်ပါတယ် spread footings တွေကမှာ အောက်ကပြန်ပင့်တဲ့အားက မြေသားကတိုက်ရိုက်ပင့်တာဖြစ်လို့ uniformly distributed loadအနေနဲ့ပင့်တာ ဖြစ်ပီး pile cap မှာတော့ pile တစ်ခုစီက ပြန်ပင့်ထားလို့ point load အနေနဲ့ပင့်တာသာ ကွာပါတယ်
load တွေကိုpile ဆီ ညီညီမျမျ transfer လုပ်နိုင်ဖို့ ကြားခံအုပ်ထားတဲ့ pile cap ဟာ လုံလောက်တဲ့ depth ရဖို့အထူးအရေးကြီးပါတယ်
အခြေခံလေး ဆွေးနွေးပီးရင် Design လုပ်နိုင်ဖို့ Step by step ဆွေးနွေးပါရစေ
Step (1) Calculation of effective pile capacity
Pile တွေရဲ့အထက်မှာ pile cap ရှိမယ် မြေသားဖို့ထားတာရှိမယ် floor ခင်းထားတာတွေရှိမယ် အစရှိသဖြင့်ပေါ့လေ column load ဟုတ်ဘဲ pile ကထမ်းရမယ့်အရာ တွေရဲ့ အလေးချိန်ကို pile ခံနိုင်ရည်ထဲက နှုတ်ပေးရပါမယ်
ဒါမှ column load ကို အသားတင်ထမ်းမယ့် pile ရဲ့ခံနိုင်ရည် ရမှာပါ
Step (2) To find the nos of pile
ပထမအဆင့်က နှုတ်ပီးသား pile ခံနိုင်ရည်နဲ့ column base က load ကိုစားလိုက်ရင် pile အရေတွက်ရပါမယ်ခင်ဗျ
Step (3) Pile cap shape and size
ဒီအဆင့်ကတော့ designer ရဲ့ အတွေ့အကြုံပေါ်မူတည်ပီးဆုံးဖြတ်နိုင်မယ်ထင်ပါတယ် Optimun အဖြစ်ဆုံးကို ရွေးနိုင်ဖို့လိုတာလေးတွေ ဆက်ဆွေးနွေးပါ့မယ်
pile ရဲ့ C/C spacing ကိုအခြေခံပီးစဉ်းစားရမှာပါ Press pile ဆိုရင် pile diameter ရဲ့သုံးဆ bearing pile ဆို pile diameter တစ်ဆ စသဖြင့် code ကသတ်မှတ်ထားတဲ့ minimun တွေကနေ သတ်မှတ်ပေးရပါမယ် (link တွေနဲ့ နောက်မှာဆက်လေ့လာနိုင်အောင် code တွေထည့်ပေးထားပါတယ်)
pile အပြင်စွန်းနဲ့ pile cap အပြင်အနားက 6" ရှိရပါမယ်
ဒါတွေပေါ်မူတည်ပီး cap sizeကိုတွက်ပီး ဘယ်လို shape နဲ့ အဆင်ပြေမလဲ pile position ကို ဘယ်လို arrangement လုပ်မလဲ Designer ကဆုံးဖြတ်ရမှာပါ အသုံးများတဲ့ ပုံစံလေးတွေ နောက်မှာဖော်ပြပေးထားပါတယ်
pile cap design ကို axial load only မဟုတ်ဘဲ lateral load (wind and quake) ကြောင့်ဝင်လာတဲ့ Overturning Moment ကိုပါ စဉ်းစားရရင် အဲဒီ moment ကို အစွန်pile နဲ့col center ကြားအကွာဝေးနဲ့ မြှောက်ပီး Pile အားလုံးပေါ်စဉ်းစားထားတဲ့ moment of inertia နဲ့ စားတဲ့တန်ဖိုးထည့်ပေါင်းပေးရပါမယ် သဘောကတော့ ဒီmoment ကြောင့် အများဆုံးခံရမယ့် အစွန် pile ဆီ ကို ဒီ piles arrangement Geometry ကို ဖြတ်ပီး Load ဘယ်လောက် သက်ရောက်သွားလဲ တွက်လိုက်တာပါ
အဲဒါထပ်ပေါင်းပေးပီး pile က မခံနိုင်ရင် အလုံးရေမတိုးချင်ရင် pile capacity ကို တိုးပေးရပါမယ်
step (4) Thickness of pile cap
Thickness ကတော့ Assume လုပ်ပီးtrial and error ကိုသုံးရတာပါ အတွေ့ကြုံအရလုပ်နိုင်ရင်တော့ ပိုမြန်တာပေါ့ minimun သတ်မှတ်ထားတာလေးနဲ့ pile diameter အလိုက်သုံးသင့်တာလေး Appendix မှာထည့်ပေးထားပါတယ်
Step (5) Punching shear checking
punching shear failure line က col face ကနေ pile cap effective depth/2 တလျောက်မှာရှိပါတယ် ပုံလေးကြည့်ပေးပါ
failure line အပြင်မှာရှိတဲ့pile တွေ တဝက်တပျက်မှာရှိနေတဲ့pile တွေရဲ့ reaction တွေကို အချိုးအလိုက် အားလုံးပေါင်းပီး punching shear forces ရှာရပါတယ် ရှာတဲ့အခါအဲဒီ pile တွေရဲ့ reaction ကို
designသဘောတရားအတိုင်းတိုးစဉ်းစားပါတယ်axil load ကို factor နဲ့မြောက်ပီးတိုးသလို ပေါ့
အဲဒီ penching shear က pile cap ရဲ့ shear capicity ထက်ငယ်ရင် ok တယ်ပေါ့ဗျာ
အဲဒီ thickness က punching shear ကိုခံနိုင်တယ်ပေါ့
Step(6) One way shear checking
One way shear failure line က col face ကနေ disance 'd' မှာရှိပါတယ်
အဲဒီ failure line အပြင်မှာရှိတဲ့ pile တွေ တစ်ဝက်တပျက် ထိနေတဲ့ pile တွေကနေ အချိုးအလိုက် interpolation လုပ်ပီး one way shear force ကိုတွက်ရပါမယ်
အထက်ကလိုပဲ concrete ရဲ့ ခံနိုင်ရည်နဲ့ check လိုက်လို့ ok တယ်ဆိုရင်ရင် ဒီ Thickness of pile cap ကok တယ်ဆု
ဆိုနိုင်ပါတယ်
Shear အတွက် reinforcement မသုံးဘဲ concrete only နဲ့ပဲ ထမ်းစေတဲ့သဘောပါ
Step (7) To determine flexural reinforcement
Pile cap မှာ ဆင်တဲ့ steel တွေက column face မှာ လည်တဲ့ bending moment ကို pile တွေနဲ့ perpendicular moment arm တွေမြှောက်ပီး ရှာတာပေးရတာပါ
beam တစ်ချောင်းပေါ် point load တွေတင်ထားတာနဲ့ဆင်ပါတယ်
အဲဒီက ရလာတဲ့ moment ကိုသုံးပီး လိုတဲ့ steel area ကိုတွက်ထုတ်နိုင်ပါတယ် pile cap မှာထည့်တဲ့ steel ဟာ pile cap ကို pile တွေက လှန်ချိုးတဲ့ bending moment ကိုခံနိုင်ဖို့သာထည့်ပါတယ်( တစ်ခါတရံ shear steelလဲထည့်ပါတယ် )
column base က overturning moment ကို structural mechanic သဘောတရားအတိုင်း pile တွေထဲထည့်ပေါင်းခဲ့တာ အပေါ်မှာဆွေးနွေးပီးပါပီ steel က bending mement နဲ့ design လုပ်တာပါ overturning moment နဲ့မဟုတ်ပါဘူး
ရလာတဲ့ Steel area အတိုင်း Designer ကအဆင်ပြေဆုံးဖြစ်မယ့် bar sizes and spacing ကို ရွေးသုံးလိုက်ခြင်းဖြင့် Pile cap တစ်ခုကို design လုပ်နိုင်ပါတယ်ခင်ဗျာ
သတိပြုရမည့်အချက်များ
(1) Concrete clear cover ကအနည်းဆုံး 2" ရှိရပါ့မယ်
(2) pile ခေါင်းက အနည်းဆုံး 6 " pile cap ထဲဝင်နေရပါ့မယ်
(3) pile cap အောက်မှာ 3" lean concrete လောင်းပေးရပါ့မယ်
(4) Steel spacing က minimun 4" လောက်ရှိသင့်ပီး 7.5" ထက်မကျဲသင့်ပါဘူး
အောက်မှာ ဆက်လေ့လာနိုင်ဖို့ link တွေစာအုပ်တွေ တင်ပေးထားပါတယ်ခင်ဗျာ အချိန် ၃ နာရီလောက်ပေးပီးအဲဒီအပိုင်းလေးတွေထပ်လေ့လာဖြစ်ရင် ပိုပြည့်စုံသွားမယ်ထင်ပါတယ်
ထွန်းဂေါင်ဦး
Ref;
(1) http://osp.mans.edu.eg/deepfoundation/ch10.htm
(2) http://www.ce-ref.com/RC_Design/Pile_cap/Pile_cap.html
(3) Reinforced concrete design(U Nyi Hla Ngle)
(4) https://www.dropbox.com/s/rrb0mgs4t9osser/New%20Doc%201.pdf…
(5)https://www.dropbox.com/s/39uey4c07k61pes/Two%20Pile%20Group. pdf?dl=0

Minimum Thickness for Initial Design of Slabs & Stairs
Minimum Thickness for
Initial Design of Slabs & Stairs
R.C Floor Slab တွေအတွက်သာမက
လှေကားဗိုက်သားလို့ခေါ်ကြတဲ့ waist ကို
minimum ဘယ်လောက်ထားသင့်သလဲ
ဆိုတဲ့ Preliminary Design အတွက်
အသုံးဝင် မယ့် Table လေးတစ်ခုပါ ....
Initial Design of Slabs & Stairs
R.C Floor Slab တွေအတွက်သာမက
လှေကားဗိုက်သားလို့ခေါ်ကြတဲ့ waist ကို
minimum ဘယ်လောက်ထားသင့်သလဲ
ဆိုတဲ့ Preliminary Design အတွက်
အသုံးဝင် မယ့် Table လေးတစ်ခုပါ ....
5kN/m2 နဲ့ 10kN/m2 ဆိုပြီး
finishing load case နှစ်မျိုးအတွက်
ပေးထားပါတယ် ... ဥပမာ
Continuous အတွက်ကြည့်ပါမယ်
လှေကားတော်တော်များများက တော့
ချိတ်တဲ့ Beam နဲ့ ကန်တဲ့ Beam
2 ချောင်းပဲပါမှာမို့လို့ Loading က
လှေကားပေါ်လျောစီးသလိုပဲ
One way load distribution ပါ
1-Way Load Distribution နဲ့
2-Way Load Distribution Slab
တွေအ ကြောင်း တစ်ခါတင် ပေးပြီးပြီမို့
အကျယ်တဝင့် ပြန်မရှင်းတော့ပါဘူး ...
for 10kN/m2(200lb/sft)
h = L / 28
ဥပမာ -
လှေကားအနင်းက ၁ ပေ x ၁၁ ထစ်
A = 11'
လှေကားအ ကျော်က ၅" x ၁၂ ကျော်
B = 5'
p
လှေကားရဲ့ Inclined Length
L = sq. root of (121+25) = 12'-0"
h = L/28 = 12x12/ 28 = 5.14 in
for sufficient concrete cover,
5.14 + 0.25 = 5.39 ~ 5.4
Use 5.5" thick waist.
သတိထားမိရင် Table မှာတကယ်
ပေးထားတာက effective depth ပါ
ဒါပေမယ့် တွက် ရလွယ်ကူအောင်
total depth လို့ပဲယူလိုက်ပါတယ်
ကျောင်းမှာသင် ခဲ့ရတဲ့ CE4015
Design of Concrete Structures
One-way slab အခန်းက formula
သုံးလာတာ အကျင့်ပါနေလို့ပါ ...
(Codes & Specifications ဆိုတာ
အ ခြေခံတူလဲ တစ်နိုင် ငံ တစ်မျိုးပါပဲ)
for 5kN/m2(200lb/sft)
h = L / 31 = 4.65 in + 0.25 = 4.9
Use 5" thick waist.
ကျောင်းက သုံးတဲ့ ACI code မှာ
ပေးထားတာက 10kN/m2 အတွက်ပါ
ပြီးတော့ One-way slab အတွက်ပါပဲ
Two-way slab အတွက် minimum
thickness က Perimeter/ 180 လို့
ACI code(12th edition)က ဆိုပါတယ်
ဥပမာ - 15'x15' span
စာမေးပွဲဖြေရင် တော့ clear span နဲ့
တွက်ချက် ရ ပေမယ့် ပိုမြန်ဆန်အောင်
beam width တွေမနှုတ်ပဲ ကျနော့်
နည်းကျနော့်ဟန်နဲ့ c/c တွက်ပါတယ်
h = Perimeter/ 180
h = 2(15+15)/ 180 = 4"
အခုပြထားတဲ့ Table ထဲက
အနည်းဆုံး L/ 40 ကိုသုံးရင်
h = 15x12/ 40 = 4.5"
ဆိုတော့ Safe ဖြစ်တဲ့ သ ဘောပါပဲ
simply supported နဲ့continuous
5 kN/m2 နဲ့ 10 kN/m2 case ပါ
ခွဲထားပေးလို့ ပိုအဆင် ပြေပါတယ်
အဲ့ဒီတော့
Both end Continuous - L/28
One end continuous - L/24
Simply supported - L/ 20
Cantilever - L/10 တွေ ဆိုတာ
Finishing Load က 5kN/m2 လား
10kN/m2 လားဆိုတာ မူတည်ပါမယ်
Engineering မှာပုံသေမှတ်လို့မရပါဘူး
တန်ဖိုးရှိတဲ့အချိန်တွေပေးပြီး
ဆွေးနွေးတာကျေးဇူးပါဗျာ
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
Aung Myat Thu(TU-Taunggyi)
9:40 PM, 1-1-2015(Thursday)
Reference:
Structural Engineer's Pocket Book
Fiona Cobb
www.integra-india.com
Minimum As for (Grade40 & 50 steel)
0.002 bh = 0.002 x 12 x 5
As = 0.12 in2/ ft
If use No.3(10mm) - 0.12 in2
0.12 sq. in @12 in c/c is Ok.
But, i want to recommend that
maximum spacing should be
(not must be) = 1.5 h
s = 1.5 x 5 = 7.5"
Use 10mm@7.5" c/c spacing.
For distribution,
maximum spacing should be
(not must be) = 3 h or 18"
But, i want to recommend
s = 2h = 2 x 5 = 10"
Becasue we are using site use
working calculation, not a real
standard structural calculation
i.e,no finding moments&shears.
Ref : Millimetre - Training & Design Group

Friday, December 26, 2014
CE Analysis of rates - Version3
6:32:00 PM
No comments
(CE) Analysis of rates version 3 တင်ပေးလိုက်ပါတယ် ။
အရင် version နဲ့ မတူတဲ့အချက်ကတော့
Unit converter ရယ်
ကြွေပြားကပ်တဲ့ လုပ်ငန်းရယ်
မိမိသိလိုတဲ့ သစ်သား တစ်တန်မှာရှိတဲ့ Rft တန်ဖိုးတွေ
တွက်လို့ရအောင်ထည့်ထားပေးပြီး
Concrete လုပ်ငန်းမှာ Machine Mixed Item ပါ ဖြည့်ထားပေးပါတယ်
ကျေးဇူးတင်ပါတယ်
Htun Aung Phyoe ( Meikhtila TU )
Download link 1
http://www.shwelike.com/…/a…/com.analysisofrates.kophyoe.apk
Download link 2
https://www.dropbox.com/s/…/com_analysisofrates_kophyoeV3.a…

Tuesday, December 16, 2014
Tuesday, December 9, 2014
MNS မြေတိုင်းသင်တန်း
ဆောက်လုပ်ရေး ၊ လမ်း ၊ တံတား နှင့် မြေအောက်( Tunnel Survey )
လုပ်ငန်းများတွင် အသုံးဝင်သောမြေတိုင်းတာခြင်း ( Survey and GPS)
လုပ်ငန်းများအား ချောမွေ့မြန်ဆန်စွာ လုပ်ဆောင်နိုင်ရန် MNS မှ ခေတ်မီမြေတိုင်း
စက်များဖြင့် မြေတိုင်းတာခြင်း ၊ Data များပြန်လည်စီစဉ်ခြင်း ၊
မြေပုံ များပြန်လည်ပြုလုပ်ခြင်း စသည့်နည်းပညာများအား . . . . . . . .
MNS Technique Training .... မှ မြန်ဆန်စွာဖြင့် လက်တွေ့ အသုံးချနိုင်ရန်သင်ကြားပေးနေပါပြီ ။
နယ်ပယ်အသီးသီးမှ စိတ်ဝင်စားသူများ .. . .
အသက်မွေးပညာရပ်အနေဖြင့် စိတ်ဝင်စာားသူများ တက်ရောက်နိုင်ပါသည်။
Survey Project များအားသင့်တင့်သောဈေးနှုန်းများဖြင့်
MNS မှတာဝန်ယူဆောင်မှုပေးနေပါပြီ ။
လုပ်ငန်းပဲအပ်အပ် ၊ သင်တန်းပဲ တက်တက် အကျိုးရှိစေမည့် Engineering Service ဖြစ်ပါသည်။
လိပ်စာ - သမိုင်းလမ်းဆုံ အနီး၊ ဗဟိုလမ်း ၊ မုဒိတာ အိမ်ရာ No(C-517)
ဖုန်း - 09421763321

| Course | Applied Software |
|---|---|
| -Surveying | -AutoCAD Land Development(Contour Software) |
| -GPS | -Mapping Software |
| -Data Processing | -Civil CAD(Demo) |
| -Global Mapper | -Microsoft Excel |
နယ်ပယ်အသီးသီးမှ စိတ်ဝင်စားသူများ .. . .
အသက်မွေးပညာရပ်အနေဖြင့် စိတ်ဝင်စာားသူများ တက်ရောက်နိုင်ပါသည်။
Survey Project များအားသင့်တင့်သောဈေးနှုန်းများဖြင့်
MNS မှတာဝန်ယူဆောင်မှုပေးနေပါပြီ ။
လုပ်ငန်းပဲအပ်အပ် ၊ သင်တန်းပဲ တက်တက် အကျိုးရှိစေမည့် Engineering Service ဖြစ်ပါသည်။
လိပ်စာ - သမိုင်းလမ်းဆုံ အနီး၊ ဗဟိုလမ်း ၊ မုဒိတာ အိမ်ရာ No(C-517)
ဖုန်း - 09421763321
Monday, December 8, 2014
Concrete cover cover ထား ရခြင်း အကြောင်း ရင်း
သံကို Center ကေ န အဝေး ဆုံး နေ မှာ cover မချန် ဘဲ ထား ရင် Arm များး လို့ stress ကို ပို ထမ်း နိုင် ပါတယ်
ဒါ ပေ မဲ့ concrete ရဲ့ ညှစ် အား bond stress ရှိဖို့ Concrete ထဲ ပြန် သွင်း ရတယ်
cover နဲလွန်း ရင် bond မကောင်း သလို မီး လောင် ရင် steel တွေ မြန် မြန် အပူ ချိန် တက် ပြီး ပြတ် ကျ ချိန် စော ပါ တယ်
ရေ နဲ့ ထိ နေတဲ့ အပိုင်း တွေ မှာ ရေ concrete ထဲ စိမ့် ဝင် နိုင် တဲ့ အကွာ အဝေး မှာမ ရှိ မှ steel မဆွေး မှာ ပါ
cover များ လွန်း ရင် Steel က concrete တွေ ကို မဆွဲ ထား နိင် လို့  concrete တွေ spalling ဖြစ် ပြီး ကြွေ ကျ တတ် ပါ တယ်
concrete strength နဲ့ ဆိုင် ပါ သည်
ကောင်း ရင် Cover နည်း လို့  ရပါ တယ်
ဒါ ဆို cover ကို နား လည် ပြီ ပေါ့
Famaous Silver