Monday, February 26, 2018
Sunday, February 18, 2018
Seismic Design မိတ်ဆက် (အပိုင်း ၄)
6:12:00 AM
No comments
Seismic Design မိတ်ဆက် (အပိုင်း ၄)
ဒီအပိုင်းမှာ ASCE 7 မှာပါတဲ့ Equivalent Lateral Force Method ရဲ့ အခြေခံလေးတွေကို တင်ပြသွားပါမယ်။ (အသေးစိတ် ကြည့်လိုလျင်တော့ ASCE 7 မှာ ၀င်ရောက် ကြည့်ရှုနိုင်ပါတယ်။)
Equivalent Lateral Static Force Method
ဒီနည်းရဲ့ အဓိက အခြေခံအယူအဆက ငလျင်ကြောင့် ဖြစ်လာတဲ့ dynamic forces တွေရဲ့ အကျိုးသက်ရောက်မှု ပုံစံမျိုးနဲ့ အနီးစပ်ဆုံးဖြစ်အောင် static load တွေကို အဆောက်အအုံအပေါ် သက်ရောက်စေခြင်းပဲ (Dynamic Load Effects တွေကို Equivalent Static Forces တွေအနေနဲ့ ပြောင်းလဲခန့်မှန်းတွက်ချက်ခြင်း) ဖြစ်ပါတယ်။
Concentrated lateral loads တွေဟာ အဆောက်အအုံမှာ mass တွေ အများဆုံးရှိတဲ့ floor/roof level နေရာတွေမှာ သက်ရောက်ပါမယ်။ ဒါ့အပြင် အထပ်မြင့်လာတာနဲ့အမျှ အဲဒီ concentrated lateral force တွေရဲ့ ပမာဏတွေလည်း များလာပါမယ်။ ဒါကြောင့် အထပ်မြင့် အဆောက်အအုံတွေမှာ အများဆုံး lateral displacement နဲ့ အများဆုံး lateral forces တွေကို အဆောက်အအုံရဲ့ အပေါ်ဆုံး level မှာ တွေ့နိုင်မှာဖြစ်ပါတယ်။ ပြီးရင်တော့ အဲဒီ effects တွေကို Equivalent Lateral Force Procedure မှာ storey level တစ်ခုစီကို အဲဒီ တွက်ချက်လို့ ရလာတဲ့ Lateral Forces တွေပေးပြီး model လုပ်ရပါမယ်။
ဒီတော့ ဒီနည်းစနစ်မှာ ပထမအားဖြင့် Base Shear (V) လို့ခေါ်တဲ့ ground motion ကြောင့် အဆောက်အအုံရဲ့အောက်ခြေမှာ ဖြစ်လာတဲ့ အားတစ်ခုရယ်၊ အဲဒီကမှတဆင့် Fx လို့ခေါ်တဲ့ level တစ်ခုစီမှာ ကျနေတဲ့ lateral force ရယ် ကိုရှာဖို့လိုအပ်ပါတယ်။
ယေဘုယျအားဖြင့် Lateral loads တွေကို အဆောက်အအုံအပေါ် distribute ပြုလုပ်ရာမှာ အဆောက်အအုံကို မြေပေါ်ကနေ အပေါ်ကိုထောင်နေတဲ့ cantilever ပုံစံမျိုး စဉ်းစားပြီး first mode (fundamental mode) အတိုင်းသာ လှုပ်ခါတယ်လို့ ယူဆတာဖြစ်ပါတယ်။ (Fundamental mode ဆိုတာ အဆောက်အအုံဟာ ရိုးရိုး ဘယ်ညာပဲယိမ်းပြီး တွန့်ခါမှု မရှိတာကို.ဆိုလိုပါတယ်)
ဒီနေရာမှာ အဆောက်အအုံအပေါ် သက်ရောက်နေတဲ့ forces တွေ အားလုံးပေါင်းခြင်းဟာ Base Shear (V) ပမာဏနဲ့ တူညီရမှာဖြစ်ပါတယ်။
Base Shear
Base shear တွက်ချက်ရာမှာ အောက်ပါအချက်အလက်တွေအပေါ် မူတည်ပြီး Design Base Shear ကို တွက်ချက်ရမှာ ဖြစ်ပါတယ်။ အဲဒါတွေက..
၁. ငလျင် ဖြစ်ပေါ်နိုင်တဲ့ နေရာတွေနဲ့ နီးစပ်မှု
၂. ပြင်းထန်တဲ့ ငလျင် လှုပ်နိုင်တဲ့ ဖြစ်တန်စွမ်း ရှိမရှိ
(ဒီ ၂ ချက်ကနေ Ss နဲ့ S1 ဆိုတဲ့ Maximum Considered Earthquake တန်ဖိုးတွေကို Seismic Map ကနေ ရပါမယ်)
၃. Site မှာရှိတဲ့ Soil condition/ Site Class (ဒီအပေါ် မူတည်ပြီးတော့ Site Class Categories တွေ ရမှာဖြစ်ပြီး အဲဒီက ရတဲ့ Factor တွေနဲ့ MCE တန်ဖိုးတွေကို modify လုပ်ပေးရပါမယ်။)
၎. အဆောက်အအုံရဲ့ ပျော့ပြောင်းမှု သို့မဟုတ် Ductility (Response Modification Factor “R” နဲ့ ကိုယ်စားပြုပါတယ်။ အဆောက်အအုံ ပျော့ပြောင်းမှုရှိလေ ငလျင်ဒါဏ် ခံနိုင်ရည် ရှိလေပါပဲ။ အဲဒီအတွက် R တန်ဖိုး များလာတာနဲ့အမျှ Design လုပ်ရာမှာ တွက်ချက်ရမယ့် Base Shear ပမာဏကို လျော့စဉ်းစားလို့ရပါတယ်။)
၅. အဆောက်အအုံရဲ့ အရေးပါမှုနဲ့ ဘယ်အတွက် အသုံးပြုမည်ဆိုခြင်း။ (Important Factor “I”)
၆. အဆောက်အအုံရဲ့ Weight (W)
၇. Dyanmic Loading တွေဖြစ်ပေါ်ပါက အဆောက်အအုံရဲ့ လှုပ်ရှားတဲ့ လွှဲချိန် (Fundamental Period of Vibration) (Sds ရှာတဲ့နေရာမှာ ထည့်သွင်းစဉ်းစားပါတယ်)
အဲဒီ အချက်တွေကို ပေါင်းစပ်ပြီး ညီမျှခြင်းတစ်ခုထဲကို ထည့်သွင်းလိုက်ပါက ASCE 7 အရ Base Shear ကို ရှာတဲ့ အောက်ပါ အခြေခံ ညီမျှခြင်းကို ရရှိပါမယ်။
V = Sds * I / R * W
ကျေးဇူးတင်ပါတယ်။
အောင်ဆုမြတ်
15 May 2016

Wednesday, February 14, 2018
Sunday, February 11, 2018
Friday, February 9, 2018
Moment Redistribution in Reinforced Concrete Beam
8:41:00 AM
No comments
Reinforced concrete beam တစ်ချောင်းမှာ inelastic အခြေအနေမှာ ဖြစ်ပေါ်တဲ့ Moment Redistribution အကြောင်းကို Junior Engineer ညီညီမတွေကို ပြောပြချင်ပါတယ်။ (Senior Engineer ကြီးတွေအနေနဲ့လဲ ဝေဖန်ထောက်ပြစရာရှိတာများကို အားမနာတန်း ဝေဖန်ထောက်ပြပေးကြပါလို့ ပြောကြားချင်ပါတယ်)
Moment redistribution ဆိုတာဘာလဲဆိုတော့ Reinforced concrete beam တစ်ချောင်းမှာ Negative Moment (Hogging moment) တွေကနေ Beam ရဲ့ Capacity ကြောင့် Positive Moment တွေအဖြစ် Redistribute ဖြစ်သွားတာကို ပြောခြင်းဖြစ်ပါတယ်။
ဒီ အခြေအနေမျိုးဟာ Beam ရဲ့ Negative moment capacity လုံလောက်မှုမရှိတဲ့အခါမျိုးမှာ Beam ရဲ့ End Support တွေမှာ Elastic အခြေအနေမရှိတော့ပဲ Plastic Hinge ဖြစ်ပေါ်ပြီး အဲဒီ Beam အပေါ်ကျနေတဲ့ Moment တွေကို span တစ်လျှောက် ပြန်လည် ခွဲဝေခံစားရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
ရှင်းသွားအောင် အောက်က ဥပမာလေးနဲ့ ရှင်းလင်းထားပါတယ်။
ဒီပုံက PTI (Post Tensioning Institute) ကထုတ်တဲ့ Journal ကနေကူးယူ ဖေါ်ပြထားခြင်းပဲ ဖြစ်ပါတယ်။ (http://www.kenbondy.com/images/ProfessionalArticles/MomentRedistributionPTIJournal.pdf)
ဒီပုံကတော့ Span length "L" ရှိပြီး Beam တစ်လျှောက် အများဆုံး Moment ခံနိုင်ရည်အား (For Both Positive Moment and Negative Moment) 4 Unit ရှိတဲ့ Intermediate Span (or Fixed at both ends) Reinforced Concrete Beam တစ်ချောင်းကို အသုံးပြုပြီးတော့ Moment Redistribution ရဲ့ အယူအဆကို သရုပ်ပြတဲ့ ပုံပဲ ဖြစ်ပါတယ်။
Beam တစ်လျှောက်လုံးရဲ့ Moment Capacity က 4 Unit ပဲ ရှိတာကြောင့် Beam ပေါ် UD Load တင်လိုက်တဲ့အခါ UD Load ရဲ့ Value တစ်ခု (w=24/L^2 ) ကိုရောက်ချိန်မှာ Beam ရဲ့ End နှစ်ခုမှာ Load ကြောင့်ဖြစ်လာတဲ့ Negative Moment ဟာ Beam ရဲ့ Capacity နဲ့ တူညီသွားပြီး Plastic Hinge ဖြစ်သွားမှာပါ။ ပုံမှာ Curve (1) ဖြစ်ပါတယ်။
အဲဒီနောက် Load ကို တိုးပြီး ဆက်တင်သွားရင် Beam ရဲ့ End နှစ်ခုမှာ ခံနေရတဲ့ Moment ထပ်မတက်လာနိုင်တော့ပဲ Beam ရဲ့ Mid Span မှာ Positive Moment တဖြည်းဖြည်း တိုးလာတာကို တွေ့ရပါမယ်။နောက်ဆုံး Mid Span မှာဖြစ်ပေါ်လာတဲ့ Moment ဟာ Beam ရဲ့ Capacity အထိ ရောက်ရှိသွားပြီး Plastic Hinge တစ်ခု ထပ်ဖြစ်သွားမှာပါ။ ။ ပုံမှာ ဆိုရင် တော့ Curve (2) ဖြစ်ပါတယ်။
အဲဒီအခြေအနေမှာ Beam အပေါ် သက်ရောက်နေတဲ့ UD Load ဟာ အဲဒီ Beam ရဲ့ Ultimate Load အခြေအနေကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ (တနည်းအားဖြင့်ဆိုသော် Additional Load ကို ထပ်မခံနိုင်တော့ပါ) အဲဒီအခြေအနေမှာ ရှိတဲ့ Ultimate Load က တွက်ချက်မှုအရ (w=64/L^2 ) ဖြစ်ပါတယ်။
ပုံမှာ Curve (3) က Beam ရဲ့ Elastic Moment Diagram ဖြစ်ပါတယ်။ ထုံးစံအတိုင်း Negative Moment က wl2/12 ဖြစ်ပြီးတော့ Positive Moment က wl2/24 ဖြစ်ပါတယ်။ ဒီဥပမာအတွက် Ultimate load (w=64/L^2) ကို Elastic အခြေအနေမှာ ခံနိုင်ဖို့ လိုအပ်တဲ့ Beam ရဲ့ Moment Capacity တွေက Negative Moment အတွက် 5.33 နဲ့ Positive Moment အတွက် 2.67 တို့ ဖြစ်ပါတယ်။
တနည်းအားဖြင့်ဆိုသော် Beam ရဲ့ Beam ရဲ့ Capacity ကြောင့် End Moment နဲ့ Span Moment တွေ Curve 3 ကနေ Curve 2 ကို Re-adjust ဖြစ်သွားတာဖြစ်ပါတယ်။ အဲဒါကို Moment Redistribution လို့ခေါ်ပြီး အောက်ပါ Formula နဲ့ တွက်ယူနိုင်ပါတယ်။
ဒီဥပမာအတွက် Redistribution က 24.9% ဖြစ်ပါတယ်။
ထိုနည်းလည်းကောင်းပဲ Beam တစ်ခုရဲ့ Negative moment capacity ကို elastic bending moment curve က ရတဲ့ moment အတိုင်း Design မလုပ်ဘဲ Negative moment ကို လျှော့ပြီး Design လုပ်နိုင်ပါတယ်။ အဲဒီအတွက် span positive moment ကို တိုးပေးရပါမယ်။ အဲဒါနဲ့ပတ်သက်ပြီး Portland Cement Association ကထုတ်တဲ့ Moment Redistribution ဥပမာလေး မှာလေ့လာနိုင်ပါတယ်။ အောက်က လင့်မှာပါ။
http://cement.org/buildings/timesaving-momentredistribution-ia.pdf
Moment Redistribution As per Codes
BS Code အရ Maximum ခွင့်ပြုထားတဲ့ Moment Redistribution ratio က 30% ဖြစ်ပါတယ်။ အောက်ကစာပုဒ်ကတော့ BS Code က ထုတ်နှုတ်ထားတာပါ။
Euro Code EC 2 အရ Maximum ခွင့်ပြုထားတဲ့ Redistribution ratio က 30% ဖြစ်ပါတယ်။ အောက်က စာပုဒ်က EC2 ကောက်နှုတ်ချက်ဖြစ်ပါတယ်။
ACI Code က Negative Moment တွေကို အများဆုံး ခွင့်ပြုတဲ့ Moment Redistribution က 20% ဖြစ်ပါတယ်။
(ဒီနေရာမှာ တစ်ခု မှတ်သားရတာက RC Beam ကို Negative moment အတွက် reinforcing bar မထည့် ထားတဲ့အခါမျိုးနဲ့ Crack control only အတွက်ပဲ Reinforcing bar ထည့်ထားတဲ့ အခါမျိုးတွေမှာ Beam ရဲ့ Ends တွေမှာ Plastic Hinge ဆောလျင်စွာဖြစ်ပေါ်ပြီး Beam ရဲ့ Behavior ဟာ simply support beam ပုံမျိုး ဖြစ်သွားပါလိမ့်မယ်။ အောက်က ပုံစံမျိုးဖြစ်မှာပါ)
Credit
Aung Hsu Myat
7 Jan 2015

Monday, February 5, 2018
site engineer လက်စွဲ အပိုင်း(၃)
site engineer လက်စွဲ အပိုင်း(၃)
Development Length
bond force အပြည့်ဝရအောင် သံချောင်းနဲ့ ကွန်ကရစ် အနည်းဆုံးထိစပ်ထားရမယ့် အလျှားကို development length လို့ခေါ်တယ်။ RC မှာက လောင်းပြီးပြီဆိုတာနဲ့ သံချောင်းက ကွန်ကရစ်ထဲအရည်ပျော်သွားပြီ။ working one unit အဖြစ်အလုပ်လုပ်ကြမှာမို့လို့ bond ကအရေးကြီးတယ်။ ဒါကြောင့် development length ကိုတွက်ပေးရတယ်။ မလောက်တော့ hook ထည့်ပေါ့။
development length က သံချောင်းအတွက်စဉ်းစားတာဆိုတော့ compression steel အတွက် ရှိမယ် tension steel အတွက်ရှိမယ်။ ဒါကဘာအပေါ်မူတည်လည်းဆိုရင် ထားတဲ့သဘောဝအပေါ်မှာမူတည်တယ်။ beam ဆိုရင် သံချောင်းက tension member အဖြစ်ရှိပြီး column တိုင်မှာထားတဲ့သံချောင်းကျတော့ compression member ပါ။ seismic ပါရင်တော့ tension ၀င်နိုင်တယ်။
ခွဲပြီးစဉ်းစားပါ development length for tension & development length for compression ...
development length ကိုရှာတဲ့အဓိကအကြောင်းရင်းက ၂ ခုရှိပါတယ်။ hook လိုမလို စစ်ချင်တာရယ် သံချောင်းဘယ်လောက်အရှည်ဆက်ရမလည်းဆိုတာရယ်ပါ။ သံချောင်းဆက်မဲ့အလျှားကလည်း development ကနေသွားပါတယ်။
------------------------------
အပြင်မှာဒီအတိုင်းလောင်းနေကြတဲ့ ကွန်ကရစ်အများစုဟာ 1:2:4 ပါ။ f'c 2500 psi ၀န်းကျင်ရှိကြပြီး မြန်မာပြည်မှာရနိုင်တဲ့သံချောင်းအများစုဟာ fy 40000 psi ရှိကြတယ်။
ဒီလိုအခြေနေမှာဆိုရင်တော့ development length for tension က
20 mm နဲ့ သူ့ထက်ငယ်ရင် bar diameter ရဲ့  ၃၂ ဆ ပါ။ 32db
20 mm နဲ့ သူ့ထက်ကြီးရင် bar diameter ရဲ့  ၄၀ ဆ ပါ။ 40db
top bar ဆိုရင်တော့ 1.3 နဲ့ ထက်မြှောက်ရပါမယ်။ ဥပမာ ။
2500 psi conc , 40000 psi (22 mm top bar) အတွက်ဆိုရင်
40db=40 x 1.3 x 22 mm (mm ကို လက်မပြောင်းချင်ရင် 25.4 နဲ့ စားပါ)
dev for compression အတွက်ဆိုရင်တော့ ဒီလို case မျိုးမှာ 16 db ပါ။
modification factor တွေနဲ့ ထက်လျှော့လို့ရပါသေးတယ်။ As required / As provided ပါ။ ဒါပေမဲ့ structure မတွက်ရင် မသိနိုင်တာကြောင့် ပိုလျှော့သွားမဲ့တူတူ safe ဖြစ်အောင် အကြမ်းတီးလိုက်ပါ။
----------------------------------
Hook အနေနဲ့ပြောမယ်ဆိုရင်တော့ standard အနေနဲ့ ၃ မျိုးရှိပါတယ်။ 180 hook , 90 hook , 135 hook
135 ကတော့ seismic အတွက် သုံးပါတယ်။
180 degree အတွက်ဆိုရင်တော့ ဘယ်သံချောင်းဆိုဒ်မဆို ရှည်ထွက်ရမဲ့ အစွန်းက bar diameter ရဲ့  ၄ ဆ ရှိပါတယ်
90 degree ချိုးတဲ့ hook အတွက်ဆိုရင် အခြေနေ ၂ မျိုးရှိမယ်။ 16 mm အပါအ၀င် သူ့ထက်ငယ်ရင် diameter ရဲ့  ၆ ဆပါ။ သူ့ထက်ကြီးရင်တော့ ၁၂ ဆ ပါ။
90 ချိုးတဲ့ အပြင်ဖက်ဆုံး column တိုင်တွေမှာတော့ hook က အပြင်ဖက်ကနေ clear cover အနည်းဆုံး ၂ လက်မ ရှိရပါမယ်။
ကျတော်က အသုံးများတာတွေကိုပဲ facebook ပေါ်မှာ တင်တာဖြစ်လို့ technical စာအုပ်တစ်အုပ်လိုတော့ ပြည့်ပြည့်စုံစုံမရေးထားပါဘူး။
ကျတော်ပြောတာမမှားပါဘူး ဖတ်ပြိးပြီးတာမျိုးမဟုတ်ပဲ မသိသေးရင် လူရှိန်အောင် အလွတ်ကျတ်ထားကြပါ။
Credit
Aung Hla Min Naing
Lashio Technological University

site engineer လက်စွဲ အပိုင်း(၂)
site engineer လက်စွဲ အပိုင်း(၂)
concrete cover and clear spacing of bars
cover ကိုထားရတဲ့အကြောင်းရင်းက ၃ ခုရှိပါတယ်။ ပထမတစ်ခုက သံချောင်းကို သံချေးမတတ်အောင် ကာကွယ်ပေးချင်လို့ပါ။ ဒုတိယအကြောင်းရင်းက အကယ်လို့ သံချောင်းရဲ့  position လွဲသွားခဲ့ရင် concrete နဲ့ bond force ရအောင်လို့ပါ။ ဟုတ်ပါတယ်။ cover ဆိုတာ သံချောင်း center ကနေတိုင်းတာမဟုတ်ဘူး။ သံချောင်းရဲ့  အပြင်ဖက်ဆုံး လုံးပတ်အနားကနေ တိုင်းတဲ့ distance ပါ။ အကယ်လို့ cover မရှိရင် သံချောင်းတစ်ခုလုံးတော့ ကွန်ကရစ် မြုတ်နေပါရဲ့  ။ သံဆင်တာလွဲသွားလို့ ထိုးထွက်သွားရင် သံချောင်းက အပြင်ဖက်ကို ရောက်ပြီး bond ကျသွားပါလိမ့်မယ်။ တတိယတစ်ချက်က အမြင်အရ ထိန်းချင်တာပါ ။ cover သာ ညီနေရင် ပုံပန်း အမြင်အရလည်း တင့်တယ်တယ်။ cover ကောင်းမကောင်းက durability မှာတော်တော်လေးစကားပြောတယ်။
သံချောင်းကရေထိရင် သံကြေးတက်ပါတယ်။ ဒီတော့မေးစရာရှိတာက ကွန်ကရစ် လောင်းတဲ့အချိန်မှာ သုံးထားတဲ့ရေကကော်သံချေးမတက်ဘူးလားပေါ့ ။ ပမာဏနဲ့တယ်ပြောရမယ်။ ကွန်ကရစ်ကွဲပြီဆိုရင် အက်ကွဲကြောင်းတွေထဲကနေ ရေငွေ့ဝင်ပါမယ်။ ရေနဲ့ အောက်စီဂျင်ပေါင်းပြီး သံချေးတက်စေတာပါ။ ဒါကြောင့် cover က အရေးကြီးပါတယ်။
concrete က မြေနဲ့ တိုက်ရိုက်ထိတွေ့ ရမဲ့နေရာမျိုး ဥပမာ footing အောက်ခြေဆိုရင်တော့ ၃ လက်မ အနည်းဆုံးထားသင့်တယ်။ အကယ်လို့ footing အောက်မှာ 1:3:6 ကိုအကြမ်းလောင်းထားတယ်ဆိုရင်တော့ ဒီထက်နဲနဲပါးပါးလျော့လို့ရတာပေါ့။ ဒါပေမဲ့ ၂ လက်မထက်တော့ မနဲရဘူး။
bar spacing ကိုသတ်မှတ်ထားချက်က အမျိုးအမျိုးဖြစ်နိုင်တယ်။ အရေးကြီးဆုံးကတော့ သံချောင်းကြပ်တာ မဖြစ်အောင်ပါ။ moment အရပြောမယ်ဆိုရင်တော့ သံချောင်းအနည်းအများနဲ့မဆိုင်ဘူး။ steel cross sectional area နဲ့ပဲဆိုင်တယ်။ ဥပမာ ဆိုဒ်ကြီးတာ ၂ လုံးသုံးတာနဲ့ ဆိုဒ်သေးတာ ၄ လုံးသုံးတာက moment အရတော့ ok တယ်ပေါ့။ ဒါပေမဲ့ ကြီးတဲ့ သံလုံးတွေက development လိုအပ်ချက်များတယ်။ နောက်ပြီး bar splice နေရာ၊ သံချောင်းဆက်တဲ့နေရာတွေမှာ နဲနဲပြသနာရှိတယ်။ သူက သံလုံးကြီးတော့ ကွန်ကရစ်က ဆွဲထားရတဲ့ အားက များတယ်။ တနေရာထဲမှာ စုပြီး ကွဲနိုင်တယ်။ သံချောင်းသေးသေးလေးတွေကို နေရာအနှံ ထည့်လိုက်မယ်ဆိုရင်တော့ တစ်ယောက်နဲနဲစီ မျှခံကြမှာပေါ့။ ဒီလိုဆိုရင်တော့ သံချောင်းကြပ်တယ်ဆိုပေမဲ့ bond ကြောင့်ဖြစ်လာတဲ့ stress တွေနဲ့ မျှတယ်။
တစ်လုံးနဲ့တစ်လုံး အနည်းဆုံးတော့ ၁ လက်မ ကျော်ကျော်လောက် ခြားထားရပါမယ်။ ဒါက ကွန်ကရစ်ဝင်ဖို့ ချန်ထားတာပါ ။
မှတ်ရလွယ်အောင် ကျတော် table လေးတွေလုပ်ပေးထားပါတယ်။ ကယ်ဗျာ ... တစ်ပုံချင်းစီကြည့်ရအောင်ပါ ။ အားလုံးပြီးရင်တော့ မုန့်ကျွေးပါ့မယ်။။။