Tuesday, August 9, 2016

AGTI, B.Tech ပြီးထားသူများ လျှောက်ထားနိုင်မည့် အာဆီယံအဆင့် လက်မှတ်များအတွက် အဆိုပြုလွှာ များခေါ်ယူ


၂၀၁၆ ခုနှစ် အတွက် ASEAN Engineering Technologist (AET) နှင့် ASEAN Technician (AT) လက်မှတ်များအတွက် အဆိုပြုလွှာများကို သြဂုတ်လ ၃၀ ရက် နောက်ဆုံးထားကာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါလက်မှတ်များကို ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် အာဆီယံ အင်ဂျင်နီယာများအသင်းချုပ် ညီလာခံ (CADEO-34) တွင် ချီးမြှင့်မည်ဖြစ်ပြီး ညီလာခံကို နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ လျှောက်ထားလိုသော B.Tech နည်းပညာ ဘွဲ့ရသူများသည် AET ကိုလည်းကောင်း၊ AGTI ဒီပလိုမာ ရရှိပြီးသူများသည် AT ကိုလည်းကောင်း လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြု R.E သို့မဟုတ် R.S.E ရရှိပြီးသူများဖြစ်ရမည် ဖြစ်သည်။
လျှောက်ထားလိုသူများ အနေဖြင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းသို့ သတ်မှတ်ပုံစံဖြင့် လျှောက်ထား နိုင်မည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း - ၅၁၉၆၇၃၊ ၅၁၉၆၇၆ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

internetjournal.media/news/7423

0 comments:

Post a Comment

Disqus Shortname

Comments system