CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Wednesday, June 29, 2016

Domestic Water Supply System: Introduction


  • ဖွံဖြိုးတိုးတက် နေတဲ့ နိုင်ငံ တွေမှာ "ရေဆိုတာ Tap လေး ကို လက်လေးနဲ့ အသာဖွင့်လိုက် ရင် ရတာပေါ့။" လို့ ခပ်လွယ်လွယ် ပြောနိုင်အောင် ရေသန့်ဖြန့်ဝေ တဲ့ စနစ် တွေ က လုပ်ဆောင်ပေး နေပါတယ်။

  1. Introduction
    • Infrastructure ကောင်းကောင်းရှိပြီးသား နေရာတွေမှာ တော့ ရေပေးဝေ ခွင့်ရှိ တဲ့ Utility Company ရဲ့ Sourceကနေ သွယ်ယူရမှာ ဖြစ်ပါတယ်။ နေရာဒေသ ကို လိုက်ပြီး မိုးရေ၊ ရေတွင်း အမျိုးမျိုး၊ ကန်၊ မြစ်၊ ချောင်း တွေ ကနေ လည်း ရရှိနိုင်ပါတယ်။
    • ဒီရေတွေ ကို သောက်ရေအဆင့် Potable Water Quality ရအောင်၊ ပိုးမွှားကင်းအောင်၊ သင့်တော်တဲ့ Treatment Process တွေနဲ့ သန့်စင်ပေးရပါတယ်။ Utility Company တွေ က နေ ရေဖြန့်ပေးရင်တော့ ဒီတာဝန် ကို ပါ ယူလေ့ရှိပြီး သောက်ရေအဆင့် ဘယ်လောက် ရအောင် ထိန်းပေး ထားနိုင်တယ် ဆိုတဲ့ အချက်အလက် တွေ Water Quality: Characteristics ကိုပေးတတ်ပါတယ်။ (ဒါနဲ့ ဆက်စပ်ပြီး ပိုက်ထဲကရေတွေ မညစ်ညမ်း ရလေ အောင် ခွင့်ပြုထားတဲ့ တပ်ဆင်ခွင့် ရှိတဲ့သူ (License Plumbers, etc.) တွေ၊ သုံးနိုင်တဲ့ Pipe & material အမျိုးအစား တွေ နဲ့ Installation practices တွေ စသည်ဖြင့် ကန့်သတ်ထားလေ့ ရှိပါတယ်။)
    • အဆောက်အအုံ အတွင်း မှာ သုံးတာ က Domestic Cold and Hot Water System လို့ခေါ်တဲ့ လူတွေ သုံးတဲ့Sanitary Fixtures တွေကို ရေသွယ်ပေးတဲ့ စနစ် နဲ့၊ Process Water လို့ခေါ်တဲ့ စက်ပစ္စည်း တွေ အတွက် သုံးဘို့ ရေသွယ်ပေးရတဲ့ စနစ်တွေ ပါဝင်ပါတယ်။
    • ရေ ကို သောက်လို့ရတဲ့ Potable Water နဲ့ အစားအသောက် အတွက် သုံးလို့ မရတဲ့ Non-Potable Water ဆိုပြီး အဓိက နှစ်မျိုးခွဲခြား နိုင်ပါတယ်။ လူတွေ သောက်ဘို့၊ ရေချိုးဘို့၊ ချက်ပြုတ်ဘို့၊ အစားအသောက် ပြင်ဆင်ဘို့၊ ဆေးဝါး ထုတ်လုပ်ဘို့ အတွက် Potable water (သောက်ရေ) ကိုပဲ သုံးစွဲရပါမယ်။ Plumbing Fixtures အားလုံးကို Potable Water ပဲ ပေးရပါမယ်။
    • Utility Supply Company အနေနဲ့ ပိုက်သွယ်ထားတဲ့ တစ်လျှောက်မှာ ရေတွေ Contaminate မဖြစ်စေဘို့ အတွက် စီမံထားပြီး အဘက်ဘက် က ထိန်းသိမ်း ကြပါတယ်။ Sewer/ Non-potable water ပိုက်အောက်ရောက် မနေအောင်၊Sewer Pipe နဲ့ သိပ်မနီးအောင်၊ အပြင်က Contaminants တွေ စိမ့်မဝင် လာအောင်၊ အစရှိသဖြင့်ပေါ့။ မြေအောက်မှာ မြှုပ်ထားရတာ မို့ Contamination Source တွေကို မဖြစ်မိအောင် လည်း ဂရုစိုက် ရပါတယ်။
    • အဆောက်အအုံ ထဲ မှာ လည်း Contamination Prevention ကိုသေချာ ဂရုစိုက်၊ လိုအပ်ချက်တွေ ကို တိတိကျကျ လိုက်နာ ရပါတယ်။ Disinfection of System (Sterilization) ဆိုတာကတော့ ပိုက်ကို ပိုးသတ်တာပါ။ ရေပိုက်တွေ ကို အသစ်ဆင် တာပဲ ဖြစ်ဖြစ်၊ အစုလိုက် လဲတာပဲ ဖြစ်ဖြစ် လုပ်ပြီး မသုံးခင် ပိုးသတ်ရပါတယ်။ အများအားဖြင့်တော့ ကလိုရင်း ပြင်းပြင်း ခတ်ထားတဲ့ ရေဖြည့် ပြီး ပိုးသတ်တာ ပါ။ ပြီးရင် ပိုက်ထဲ ကို သောက်ရေဖြည့် လိုက်ဆေးလိုက် နဲ့ ကလိုရင်း (သို့) ပိုးသတ် Chemical သောက်ရေ ထဲမှာလက်ခံ နိုင်လောက်တဲ့ အတိုင်းအတာ ပဲ ကျန်တော့တဲ့ အထိ လုပ်ရပါတယ်။
    • ဒါ့အပြင် Appliances တွေ က တစ်ဆင့် အညစ်အကြေးတွေ ဝင်မလာနိုင်အောင် ကာကွယ်ဘို့ အတွက် Back Flow Prevention နည်းစနစ်တွေ ကို လည်း ထည့်သွင်းပေးရပါတယ်။ ဒီအထဲမှာ Back-Flow Prevention Devices တွေ နဲ့Air Gap တွေ ကို အဓိက အသုံးပြု လေ့ရှိပါတယ်။

    Back to Top -

  2. Domestic Plumbing Fixtures
    1. Water Closet (WC), Urinal Flushing Devices
    2. Wash Basin (Lavatory) Taps
    3. Bath Tap
    4. Showers
    5. Sinks
    လူနေအိမ် master bath ရေချိုးခန်း တစ်ခုရဲ့ domestic water supply schematic ကိုအောက်မှာ ဖော်ပြထားပါတယ်။ ဒီပုံမှာPipe size တွေကို mm နဲ့ပြထားပါတယ်။


    1. Water Closet (WC), Urinal Flushing Devices Flushing Devices (ရေလောင်းတဲ့ ကိရိယာတွေ)
      • WC (or) Urinal တွေကို flush လုပ်ဘို့ အတွက် သုံးလေ့ရှိတဲ့ Flushing Devices တွေကတော့
        1. Flushing Cistern (ရေကန် အသေး၊ တစ်ကြိမ်လောင်းပြီး ပြန်ဖြည့်ရန် အချိန်အနည်းငယ် လိုသည်။)
        2. Flush Valve (ရေပေးဝေသော ပိုက်မှ တိုက်ရိုက်ဆက်ထားသော Flush Valve)
        3. Automatic Flushing Devices (လူ အသုံးကို အာရုံခံ ပြီး အလိုအလျောက် Flush လုပ်ပေးနိုင်သော ကိရိယာများ။)
        တွေ ဖြစ်ကြပါတယ်။
      • Flushometer Valves လို့လည်း ခေါ်လေ့ ရှိတဲ့ Flush Valves တွေကို Public Use (Offices, Public Toilets, etc.) တွေမှာ သုံးရပါတယ်။ ရေကို Distribution Pipes ကနေ တိုက်ရိုက် အလုံးအရင်း နဲ့ ဆွဲ သုံးမှာ မို့ Flush Valve တွေကို ပေးတဲ့ ပိုက် (Distribution Pipes) တွေ က Flushing Cistern တွေ ကို ပေးတဲ့ ပိုက်တွေ ထက် အရွယ်အစား ကြီးလေ့ ရှိပါတယ်။
      • ဒီ Fixtures တွေ က သန့်ရှင်းရေး နဲ့ လူတွေရဲ့ ကျန်းမာရေး အတွက် အထူး ဂရုစိုက် ရတဲ့ Fixtures တွေပါ။ အညစ်အကြေး တွေ ရေပိုက် ထဲ လုံးဝ ဝင်ရောက် မလာနိုင်ဘို့ Backflow prevention အတွက် Air Gap (or) Vacuum Breaker ပါရပါတယ်။ ဒါကြောင့် Flush လုပ်ဘို့ သာမန် Valves တွေနဲ့ ပိုက်နဲ့ တိုက်ရိုက် ဆက်ခွင့် မရှိပဲ စိတ်ချရတဲ့ Air Gap (or) Vacuum Breaker တွေပါဝင် တဲ့ Cistern (or) Flushometer Valves တွေနဲ့ပဲ ဆက်ပေးရပါတယ်။
        Pedestal Water Closet Pan
        with Cistern
        Pedestal Water Closet Pan
        with Flush Valve
        Wall-Hung Water Closet Pan
        with Flush Valve

        Flush Valve
        WC Auto-FlushValve
        Urinal Auto-Flush Valve

    2. Wash Basin (Lavatory) Taps
      • မျက်နှာသစ် ဘို့၊ ဒါမှမဟုတ် လက်ဆေးဘို့ သုံးရတဲ့ ကြွေခွက် ပါ။
        Wash Basin LavatoryWash Basin with Pedestal

      • သူ့အတွက် သုံးမဲ့ faucet (tap) တွေအတွက် ရေပူ၊ ရေအေး ရောပေးတဲ့ Mixer Type (or) ရေအေးတစ်မျိုးထဲ ပဲ ပေးတဲ့ Tap လည်း ဖြစ်နိုင်ပါတယ်။
      • Mixer Type မှာမှ Lever တစ်ခုထဲ နဲ့ Flowrate ရော ရေပူ၊ ရေအေး စပ်တာ ကို ပါ သုံးနိုင်တဲ့ Single-Lever Type ရှိနိုင်သလို တစ်ခုစီ ထိန်းဖွင့်ရတဲ့ အမျိုးအစား လည်း ရှိပါတယ်။
      • စကာင်္ပူ၊ မလေးရှား လို Tropical Countries တွေ မှာတော့ သာမန် အများသုံး Public အိမ်သာ တွေမှာ ရေအေး ကိုပေးရင် လုံလောက်ပါတယ်။ အိမ်တွေ မှာ ကတော့ သုံးစွဲသူ အိမ်ရှင် အကြိုက် Mixer ဖြစ်ဖြစ်၊ Tap ဖြစ်ဖြစ် ရွေးချယ်နိုင်ပါတယ်။
      • စကာင်္ပူ နိုင်ငံ မှာ ရေကို ချွေတာ ဘို့ အတွက် လူနေအိမ် မဟုတ်တဲ့ Non-domestic Premises နေရာတွေ ကToilet/ Washroom တွေ အားလုံး က Wash Basins (Lavatory)တွေမှာ သူ့အလိုလို ပိတ်သွားမဲ့ self-closing delayed-action taps တွေ နဲ့ ရေထွက်အား ကို ထိန်းချုပ်ဘို့ Constant flow regulator တွေ ကိုထည့်ပေးရပါတယ်။

    3. Bath Tap
      • အချို့ Mixer တွေက Individual Valve control နဲ့ ရေပူရေအေး ညှိထုတ် ယူ နိုင်သလို Single Lever Mixerလို့ခေါ်တဲ့ Lever တစ်ခုထဲ နဲ့ ရေအနည်းအများ ရော အပူအအေး ပါထိန်း နိုင် တဲ့ mixer တွေလည်း ရှိပါတယ်။



      • Showers
        • Shower ဆိုတာကတော့ ရေချိုးစရာ ရေပန်းကို ခေါ်တာပါ။ တစ်ခါတစ်ရံ အထက်မှာ ဖော်ပြခဲ့ သလိုBath Mixer နဲ့ တွဲထား တတ်ပါတယ်။
        • Shower control valve အနေနဲ့ သာမန် Hot water သုံးတဲ့ Mixer Type, Instant Heater Type နဲ့Cold water ရိုးရိုးပဲ သုံးတဲ့ shower control valve တွေ ရှိသလို Control တွေ ရှုတ်ထွေးနေအောင် ပါဝင်တဲ့ Shower တွေလည်း ရှိပါတယ်။
        • Shower Head အနေနဲ့ လည်း ရိုးရိုး၊ Multi-Pattern ( Shower Head ကို လှည့်လျင် Spray Patternဥပမာ၊ ၊ Rain, Massage, Mist စသည်ဖြင့် ပြောင်းသည်။ )၊ Rain Dance စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
        • Shower Head (ရေပန်းခေါင်း) ရဲ့ အရွယ်အစား က လည်း ဒီဇိုင်းပေါ် လိုက်ပြီး အမျိုးမျိုး ဖြစ်နိုင်သလို လိုအပ်မဲ့ Water Pressure (ရေဖိအား) နဲ့ Flowrate (ရေထွက်အား) တွေ က လည်း အမျိုးမျိုး ဖြစ် နိုင်ပါတယ်။
        • နိုင်ငံ တော်တော် များများ မှာ Shower နဲ့ပတ်သက်ပြီး Water conservation (ရေချွေတာရေး) သတ်မှတ်ချက် တွေ ရှိတတ်ပါတယ်။ (ဥပမာ။ ။ စကာင်္ပူ နိုင်ငံ မှာ ရေကို ချွေတာ ဘို့ အတွက် လူနေအိမ် မဟုတ်တဲ့ Non-domestic Premises နေရာတွေ က Toilet/ Washroom တွေ အားလုံး က Showers တွေမှာ သူ့အလိုလို ပိတ်သွားမဲ့ self-closing delayed-action taps တွေ နဲ့ ရေထွက်အား ကို ထိန်းချုပ်ဘို့ Constant flow regulator တွေ ကိုထည့်ပေးရပါတယ်။)
      • Sinks
        • Sink ဆိုတာ ကတော့ အသီးအရွက်၊ သားငါး၊ အိုးခွက်ပန်းကန် ဆေးကြောဘို့၊ စက်ရုံတွေ မှာ ဆိုရင်လည်း ကုန်ပစ္စည်း ဆေးကြောဘို့ သုံးတဲ့ ဇလားပါ။
        • အမှိုက်သိမ်း တဲ့ သူတွေ တံမျက်စီး၊ အဝတ် စတာတွေ ဆေးကြောဘို့ သုံးတဲ့ Sink ကိုတော့ Mop-Sink, Janitor Sink, Maid Sink စသည်ဖြင့် ခေါ်ဝေါ် တတ်ကြပါတယ်။
        • အသုံးများတဲ့ faucet ကတော့ လည်တံရှည် လှည့်လို့ရတဲ့ goose neck ပုံစံပါ။


    Back to Top -
  3. Domestic Cold Water Supply System
    • သာမန် အပူချိန် မှာရှိနေတဲ့ ရေကို ပဲ Cold water လို့ခေါ်ပါတယ်။ ရေခဲရေ မဟုတ်ပါဘူး။Drinking (သောက်ဘို့၊), cooking(ချက်ပြုတ်ဘို့၊), bathing (ချိုးဘို့၊), washing (ဆေးကြောဘို့၊ လျှော်ဖွတ်ဘို့၊), flushing(အိမ်သာရေလောင်းဘို့၊), recreation (အပန်းဖြေဘို့ ဥပမာ၊ ရေကူးကန်၊), irrigation (အပင်တွေ ရေလောင်းဘို့။)အစရှိသဖြင့် အသုံး ပြုကြပါတယ်။
    • Water Distribution System ကို ဒီဇိုင်း လုပ်တဲ့ အခါ နိုင်ငံအလိုက် ခွင့်ပြုထားတဲ့ Engineering Practices တွေ နဲ့ ကိုက်ညီအောင် လိုက်နာ ရပါတယ်။ Pipe Sizes ရွေးတဲ့ Methods တွေက လည်း approved ဖြစ်နေဘို့ လိုအပ်ပါတယ်။
    • Hot Water ရော Cold Water ပါ လိုအပ်တဲ့ Fixture တစ်ခုမှာ ပိုက်နှစ်ခု က Interconnected ဖြစ်နေပါတယ်။ ဒီပိုက် တစ်ခုကနေ အခြားတစ်ခု ထဲ ရေစီးမသွားနိုင်အောင် Fixture မှာဒီဇိုင်း လုပ်ထားရပါတယ်။
    • ဒီ Water Supply System တွေ ကို မလေ့လာခင် အရင် ရေးထားဘူးတဲ့ Sanitary Plumbing: Introduction ကို ဖတ်ကြည့်ဘို့ တိုက်တွန်းလိုပါတယ်။ ရေပေးရတဲ့ Plumbing Fixture တိုင်းမှာ ရေစွန့်ထုတ် ဘို့ လိုအပ်တာ မို့ပါ။ အဝင်ရှိရင် အထွက် ရှိရမယ် မဟုတ်လား။
    • Water Distribution System Design Criteria တွေကတော့
      • Backup Storage to prevent Interruption
    • Assessment of Demand Calculations
    • Distribution: Mode of Supply
    • Equipment and Pipe Sizing နဲ့
    • Water Quality: Hygienic, Clean, prevention of contamination
    • Corrosion Preventionတွေ ဖြစ်ကြပါတယ်။
    • Engineer/Designer တွေ တွက်ချက် ခန့်မှန်း ရမဲ့ အချက်တွေ အတွက် မေးခွန်းတွေ ကတော့
      1. တစ်နေ့ ကို ရေဘယ်လောက် သုံးမှာလဲ၊ cubit meters ဘယ်လောက်၊ ဂါလံဘယ်လောက် ကုန်မှာလဲ။
      2. Storage Tank ထဲမှာ ရေဘယ်လောက် လှောင်ထားဘို့ လိုအပ်သလဲ။
      3. အသုံးအများဆုံး အချိန်တစ်ခု မှာ တစ်မိနစ် ကို ဘယ်နှဂါလံ၊ ဘယ်နှ လီတာ လောက် သုံးအား ရှိသလဲ။
      4. ရေဖိအား ဘယ်လောက် လိုမှာလဲ။
      5. ပိုက်အရွယ် ဘယ်လို ရွေးချယ်မလဲ၊
      အစရှိတဲ့ မေးခွန်းတွေပါ။

      အကြမ်းရေးလက်စ.. 
    • What are the major components in the water supply system?
      • Storage Cisterns (Tanks) and Accessories
      • Pumps and Accessories
      • Piping and Accessories
      • Valves (Control valves, check valves, etc.)
      • Water Treatment System
      • Hot water supply system

    Back to Top -
  4. Demand Calculations
    1. Assessment of Daily Demand
      • ဇိမ်ခံသုံး မဟုတ်တဲ့ ပုံမှန် လူတစ်ဦး အတွက် တစ်နေ့တာ ပျမ်းမျှ လိုအပ်ချက်ခန့်မှန်း နိုင်ဘို့ မှီငြမ်းစရာ ဇယားကို အောက်မှာ ဖေါ်ပြထားပါတယ်။
        အဆောက်အအုံ အမျိုးအစားလူတစ်ဦး တစ်နေ့စာ
        Litres (USgal)
        လူနေအိမ်များ150 (40)
        အဆောင်90 (25)
        ဟိုတယ်135 (36)
        ကန်တင်း မပါသော ရုံးခန်3း5 (10)
        ကန်တင်း ပါသော ရုံးခန်း45 (12)
        ကျောင်းများ15 (4)
        USgal = 3.785 litres
        UK gal (Imp Gal) = 4.546 litres
      • ဒီလိုအပ်ချက်တွေ က နေရာဒေသ ကိုလိုက်ပြီး လိုအပ်ချက် က ပြောင်းလဲ နိုင်ပါတယ်။ မလေးရှား နိုင်ငံ မှာ သုံးလေ့ရှိတဲ့ ဇယား ကို တော့ အောက်မှာ ပေးထားပါတယ်။
        SrTypeCapacity / Unit
        (liters)
        a.Low Cost Residential680
        b.Medium Cost Residential1,000
        c.Terrace House / Condominium1,500
        d.Semi-Detach up to 4 rooms
        (additional rooms shall be 450 l/room)
        1,500
        e.Shop House (single storey)2,000
        f.Multi-Storey Shop House1,500
        g.Offices – 100 m2800
        h.Petrol Kiosk (with washing facility)50,000
        i.Petrol Kiosk (without washing facility)10000
        j.Hotel (Each Room)1,500
        k.Shopping center – 100 m21,000
        l.Light Industry1,500
        m.Industrial Area(As requirement)
        n.Hospital / bed1100
        o.Wet Stall1,360
        p.Dry Stall450
      • နိုင်ငံတစ်ကာ မှာ Operate လုပ်နေတဲ့ ဟိုတယ် တွေ မှာ သူတို့ရဲ့ ကိုယ်ပိုင် လိုအပ်ချက် ရှိတတ် ပါတယ်။
      • စက်ရုံ အလုပ်ရုံ ဆိုရင် တော့ Owner/Client ဆီကနေ အချက်အလက် တွေ တောင်းယူဘို့ အများအားဖြင့် လိုအပ်လေ့ရှိ ပါတယ်။
      • တိုးတက်တဲ့ နိုင်ငံတွေ မှာ အကြောင်းတစ်ခုခုကြောင့် Service interruption ဖြစ်ခဲ့ရင် အများအားဖြင့် တစ်ရက် အတွင်း ပြန်လည်ကောင်းမွန် အောင် ပြုပြင် နိုင်လေ့ ရှိတာမို့ Storage Capacity ကလည်း 1 day capacity(တစ်ရက်စာ ပဲဖြစ်လေ့ ရှိပါတယ်။)
    2. Water Tank Capacity
      • Daily Demand ကို ခန့်မှန်းလို့ ရပြီ ဆိုရင် တော့ Water Tank အရွယ်အစား နဲ့ နေရာ ရွေးချယ် ဘို့ အဆင့်ကို ရောက်လာပါပြီ။
      • Water Tank (ရေကန်) တွေ ကို အရွယ်အစား မရွေးချယ်ခင် အသုံးပြုမဲ့ ရည်ရွယ်ချက် တွေ ကို စဉ်းစားရပါတယ်။ ဒါတွေ ကတော့။
        1. Incoming (Acceptance Purpose): ရေပေးတဲ့ ဌာန ကနေ တိုက်ရိုက်လက်ခံ နိုင်တဲ့ Water Tankပါ။
        2. Storage Purpose: Appliances တွေ ကို Gravity နည်းနဲ့ ဖြစ်ဖြစ်၊ Pump နဲ့ဖြစ်ဖြစ်၊ ဖြန့်ဝေပေးဘို့ ရေကို သိုလှောင်ထားတဲ့ ရေကန်ပါ။
        3. Transfer Purpose: အမြင့်မှာ ရှိတဲ့ Water Tank တစ်ခုခု ဆီိ ကို တစ်ဆင့် လွှဲပြောင်း ပို့လွှတ်ပေးဘို့ အတွက် လိုအပ်တဲ့ ပမာဏ။
      • Purpose တစ်ခုပဲ ရှိတဲ့ Water Tank တွေရှိသလို၊ နှစ်ခု နဲ့ သုံးခုစလုံး အတွက် သုံးတဲ့ Water Tank တွေ လည်းရှိပါတယ်။
      • အများအားဖြင့် Domestic Water Tanks တွေ အားလုံးမှာ သိုလှောင်ထားရမဲ့ Total Storage Capacity က တစ်ရက်စာ ဖြစ်လေ့ ရှိပါတယ်။ တစ်ခုချင်း စီရဲ့ Capacity ကတော့ Tank ကနေဖြန့်ဝေရမဲ့ Demand Capacityနဲ့ Transfer Pumps တွေရဲ့ Capacity တွေပေါ်မူတည် ပြီး ဆုံးဖြတ်ရပါတယ်။ Utility Company တွေကလည်းGuidelines တွေ ပေးထားတတ်ပါတယ်။
      • Guidelines တွေ မရှိတဲ့ အခါ မှာ ရွေးချယ် ဘို့ (Safety Side) ကတော့
        1. Transfer Purpose: 1/3 of one day capacity
        2. Storage Purpose: One day capacity
      • စကာင်္ပူ နိုင်ငံ Handbook on Application for Water Supply: 5th Edition: 2009 မှာပေးထားတဲ့Guidelines အရ က တော့
        1. Transfer Purpose (R.L 125m < Break Tank Inlet < R.L 130m ) : 1/5 of one day capacity
          Transfer Purpose (R.L 130m < Tank Inlet < R.L 137m ) : 1/3 of One day capacity
        2. Storage Purpose: Tank Inlet < R.L 125m : Recommended One day capacity (OR Owner Decide Lesser Capacity and Undertake)
          Storage Purpose: Tank Inlet > R.L 125m One day capacity
      • အချို့ဒေသ တွေ မှာ Fire Protection Purpose အတွက် လိုအပ်တဲ့ ရေကို ပါ Domestic water Tank ထဲမှာ ပေါင်းထည့်တာ ကို လက်ခံတတ်ပါတယ်။ ဒါပေမဲ့ ရေကန်ကနေ Domestic water ထုတ်သုံးတဲ့ အခါ Fire Fighting အတွက် လိုအပ်တဲ့ Fire Reserve အမြဲတမ်း ကျန်နေအောင် ဒီဇိုင်း လုပ်ရပါလိမ့်မယ်။ (Domestic Application အတွက် ရေ ကို Fire Reserve အထက် က ပဲ ထုတ်ယူ ရပါမယ်။)
      • Water Tank တွေရဲ့ အကြောင်း ကို စာရေးသူ ရဲ့ အခြား Blog Post: Water Tanks ရေကန် များ မှာ ဆက်လက် လေ့လာ နိုင်ပါတယ်။
      • တပ်ဆင်ပေးမဲ့ Water Meter Size (ရေမီတာ အရွယ်အစား) ကိုလည်း လစဉ်ရေသုံးစွဲမှု ကိုလိုက်လို့ စကာင်္ပူမှာ ဒီလိုသတ်မှတ်ပေးထားပါတယ်။
        Table: Recommended Size of Meters based on Monthly Consumption
        Size of Meter (mm)152550100150
        Recommended Maximum Consumption (m³/month)1307005,00020,00045,000

        * ရေမီတာ အရွယ်အစား ကို လိုက်လို့ ဖြတ်စီးတဲ့ Water Flowrate ရေစီးနှုန်း နဲ့ Pressure Loss ပမာဏတွေ ရှိသေးတာမို့ ရေမီတာ အရွယ်အစား နဲ့ တိုက်ရိုက်ပေးထားတဲ့ ရေစီးနှုန်း ကို နှိုင်းယှဉ်ကြည့်တတ်ဘို့ မမေ့ပါနဲ့။

    3. Flow Pressure (ရေဖိအား လိုအပ်ချက်။)
      • Domestic Plumbing Fixtures အများစု က Pressure 8 psi ( 5.6mAq or 0.55 bar) လောက်မှာ ကောင်းကောင်း အလုပ်လုပ် နိုင်ပါတယ်
      • Flushometer Valve တွေသုံးတဲ့ Water Closet, Urinal Bowls တွေဆိုရင် တော့ အနည်းဆုံး လိုအပ်ချက်က15-25 psi ( 10.5-17.6mAq or 1-1.7bar) လောက် ဖြစ်ပါလိမ့်မယ်။
      • Rain Shower လို Fixture တွေဆိုရင် တော့ 60 psi (4 bar) လောက်တောင် လိုကောင်း လို နိုင်ပါတယ်။
      • စာရေးသူ အနေ နဲ့တော့ ထူးခြားတဲ့ Pressure Requirements လိုအပ်ချက်တွေ မပါတဲ့ အခြေအနေ မှာPressure at Fixture မှာ 1.5 bar-3.5 bar ( 20 – 50 psi ) လောက် အတွင်း ရအောင် ဒီဇိုင်းလုပ်လေ့ ရှိပါတယ်။ 1.5 bar အောက်ဆိုရင် တော့ Booster Pumps နဲ့ Pressure ကိုမြှင့်ယူပြီး 3.5bar ထက် ကျော်နေရင် တော့ Pressure Reducing Valve နဲ့ ထိန်းပေးရပါတယ်။
      • ဒီနေရာ မှာ Elevated Tank ကနေ ကျလာမဲ့ Gravity Flow အတွက် ဆိုရင် တွက်ချက်ရမဲ့ Hydrostatic Pressure (Water Head) ကို လည်း သိထား စေချင် ပါတယ်။ လွယ်လွယ်ကူကူ မှတ်လို့ရတာ က လိုချင်တဲ့ အမှတ် ကနေ ရေမျက်နှာပြင် အထိ အမြင့်ပါ။ ရေကန်ရဲ့ ရေ Level ရဲ့အောက် ဘယ်လောက်ရှိ သလဲ ဆိုတာ ကို15mH2O (15m aq), 15 ft H2O, စသည်ဖြင့် ပေါ့လေ။ SI unit မှာတော့ 1 bar = 100 kPa = 10.19mခန့်ရှိတာ မို့ အကြမ်းတွက်တဲ့ အခါ 1bar ကို 10m H2O လောက် ယူလေ့ ရှိပါတယ်။ ဒါကြောင့် 1.5 bar – 3.5 bar ဆိုရင် အမြင့် 15m ကနေ 35m အတွင်းလို့ အကြမ်းအားဖြင့် သတ်မှတ် နိုင်ပါတယ်။ ရေကန်ရဲ့ ရေအမြင့် က Top Level နဲ့ Low Level အတွင်းမှာ အနိမ့်အမြင့် ရှိနေနိုင်တာ ကိုပါ သတိထား ထည့်စဉ်းစားပေးဘို့ လည်း လိုအပ်ပါတယ်။

    4. Determining Mode of Supply (ရေဖြန့်ဝေ နည်းလမ်း ရွေးချယ် သတ်မှတ် ခြင်း၊ )
      Water Pressure: ရရှိနိုင်တဲ့ ရေဖိအား နဲ့ လိုအပ်တဲ့ ရေဖိအား အပေါ်မှာ ချင့်ချိန်ပြီး ဘယ်လိုနည်းနဲ့ ဖြန့်ဝေပေးမှာလဲ စဉ်းစားပေးရပါတယ်။ ပေးလေ့ရှိတဲ့ နည်းသုံးမျိုး ကတော့။
      1. Direct Feed
      2. Gravity Feed
      3. Booster Pumps Feed

      1. Direct Feed
        • Utility Main ကနေ ရေကန်တစ်ခုခု ကို မဖြတ်ပဲ တိုက်ရိုက် သွယ်ယူသုံးစွဲ တာကို ခေါ်ပါတယ်။
        • လိုအပ်တဲ့ Pressure ကိုရနိုင်တဲ့ အခြေအနေ မှာ ဖြစ်နိုင်ပါတယ်။ အချက်နှစ်ချက် လိုအပ်ပါတယ်။
          1. Utility Company ကနေ လိုအပ်တဲ့ Pressure ကိုပေးနိုင်တဲ့ အမြင့် အတွင်းမှာရှိရမယ်။
          2. Utility Company က တိုက်ရိုက်သွယ်ယူ နိုင်ကြောင်း လည်း တရားဝင် အသိအမှတ် ပြုထား ပေးရပါမယ်။
        • စကာင်္ပူ နိုင်ငံ မှာတော့ PUB ကိုယ်ပိုင် Booster Pumping Stations တွေရှိတာမို့ ဒီလို တိုက်ရိုက်သွယ်တာ ကို Reference Sea Level + 25m (125 m Reduce Level) အထိ ခွင့်ပြုထားပါတယ်။ (Ref: Water Supply Handbook (or) CP48: 2005) ဒါပေမဲ့ Flush Valve တွေကိုတော့ CP48 အဟောင်းမှာ Reference Sea Level + 10m အောက်မှာပဲ ရှိမှပဲ တိုက်ရိုက် ပေးသင့်တယ် လို့ဆိုပါတယ်။CP48:2005 မှာတော့ အကြမ်းအားဖြင့် Reference Sea Level + 15m (115m R.L) အောက်မှာ ဆိုရင် တိုက်ရိုက် ပေးဘို့ စဉ်းစား နိုင်တယ် လို့ဆိုပါတယ်။ ရေကန်တွေ ကိုတော့ အမြင့်ဆုံး Highest Fittings < 137m Reduced Level အောက်ဆို တိုက်ရိုက် ပို့လွှတ် ပေးနိုင်ပါတယ်။
        • မလေးရှားနိုင်ငံ မှာ တော့ ဒီလို တိုက်ရိုက်ဆက်ခွင့် ရဘို့ မလွယ်ပါဘူး။ အများအားဖြင့် Via Water Tank Method ကိုပဲ သုံးရလေ့ ရှိပါတယ်။ Kitchen/Canteen Sink အတွက် တစ်ခါတစ်ရံ တိုက်ရိုက် ဆက်ခွင့်ပြုတတ်ပေမဲ့ ရှားပါတယ်။
      2. Gravity Feed
        • ရေကန် က နေ Gravity ဖိအားနဲ့ ပေးတဲ့ နည်းလမ်းပါ။
        • လိုအပ်တဲ့ Pressure ရဘို့ အတွက် သင့်တော်တဲ့ အမြင့် မှာရှိနေဘို့ လိုအပ်ပါတယ်။
        • အမြင့်က သိပ်ကွာနေ လို့ Pressure အရမ်းများ နေရင်တော့ Pressure Reducing Valve သုံးရပါမယ်။
      3. Booster Pumps Feed
        • လိုအပ်တဲ့ Pressure ရဘို့ အတွက် သင့်တော်တဲ့ အမြင့် မရနိုင်တဲ့ အခြေအနေ မှာ Pump အကူယူ ပြီးPressure Boosting လုပ်ရတာမို့ Booster Pump Feed လို့ခေါ်တာပါ။
        • သုံးစွဲတဲ့ ရေအားက အမြဲတမ်း ပြောင်းနေလေ့ ရှိပါတယ်။ ဒီလိုအနည်းအများ အခြေအနေ ကို ကာမိစေဘို့ နဲ့ Pump ခန ခန Start/Stop မဖြစ်စေဘို့ Hydro-pneumatic tank လို့ခေါ်တဲ့ လေအိုး ကိုလည်း တွက်ချက် တပ်ဆင်ပေးရလေ့ ရှိပါတယ်။
    5. Assessment of Required Flowrate
      • ရေသုံးအား ဘယ်လောက် လိုမလဲ ဆိုတာ ကို ခန့်မှန်း နိုင်ဘို့ အတွက် assessment လုပ်တဲ့ အခါ fixture တစ်ခုချင်းစီ ရဲ့ လိုအပ်ချက် ကို သိရှိထားဘို့ လိုအပ်ပါတယ်။
        Table: Recommended minimum rates of flow of various appliances or fittings
        Outlet fittingRate of flow
        l/s (gpm)
        WC flushing cistern, float operated valve0.1 (1.6) per WC served
        WC flushing trough, float operated valve0.15 (2.4) per WC served
        Spray tap or spray mixer tap0.04 (0.63) per tap
        Wash basin tap0.15 (2.4) hot or cold
        Bath tap nominal size 3/4-in0.3 (4.75) hot or cold
        Bath tap nominal size 1-in0.6 (9.5) hot or cold
        Shower head0.15 (2.4) hot or cold
        Sink tap nominal size 1/2-in0.2 (3.2) hot or cold
        Sink tap nominal size 3/4-in0.3 (4.75) hot or cold
        Sink tap nominal size 1-in0.6 (9.5) hot or cold
        Urinal flushing cisterns served0.04 (0.63) per position
        Water Closet, Flushometer Valve2.2 (35) see note 3
        Urinal, Flushometer Valve1.6 (25) see note 3
        Notes
        1. ရေပူရေအေး ရောပေးတဲ့ mixer တွေကနေ ဆွဲယူတဲ့ နှုန်းက ပုံမှန် taps နှစ်ခု ကနေထွက်တာထက်စာရင် နည်းပါတယ်။ ဒါကို Pipe Sizing လုပ်တဲ့ အခါ ထည့်မစဉ်းစားရပါဘူး။
        2. Shower တွေရဲ့ လိုအပ်ချက် က manufacturer နဲ့ design ပေါ်မူတည်ပြီး လိုအပ်ချက် ပြောင်းလဲနိုင်ပါတယ်။ ဥပမာ၊ Rain Shower လို fixture မျိုးက သာမန် Shower ထက် flow rate ရော pressure လိုအပ်ချက်ပါ အဆပေါင်း များစွာ ပိုများတတ် ပါတယ်။ ဒါကြောင့် လိုအပ်ရင် supplier ကို မှီငြမ်းပါ။
        3. ဒီ Flushometer Flowrate တွေက စက္ကန့်ပိုင်း အတွင်းကျတဲ့ နှုန်းပါ။ တစ်ကြိမ် မှာသုံးမဲ့ ရေပမာဏFlow/Flush ကိုလည်း ကန့်သတ် ထားပါသေးတယ်။ US Energy Policy Act အရ WC: 1.6 gal/flush နဲ့ Urinal က 1.0 gpm/flush ပါ။ Singapore CP48: WC: 4.5 L/flush နဲ့ UR: ကတော့Size အရွယ်အစား ကိုလိုက်ပြီး small 0.5 l/flush, medium 1.0 l/flush & large 1.5 l/flush ထက်မကျော်ဘို့ ကန့်သတ် ထားပါတယ်။ Water efficiency ကို လူတွေ အာရုံစိုက်လာတာ နဲ့ အတူ ပိုမို တင်းကျပ်တဲ့ ကန့်သတ်မှု တွေ လုပ်လာဘို့ ခန့်မှန်း ရပါတယ်။
        4. စက်ရုံ အလုပ်ရုံ နဲ့ အခြား applications တွေအတွက် လိုအပ်ချက် ကို သက်ဆိုင်ရာ အလုပ်ရှင် Clientနဲ့ ညှိနှိုင်း ခန့်မှန်း ရပါမယ်။
    6. Assessment of Probable Demand (ရေလိုအပ်ချက် ကို ခန့်မှန်း ခြင်း၊ )
      • Cold & Hot water Installation လုပ်တဲ့ အခါ ရှိတဲ့ Fixtures တွေ အားလုံး တပြိုင်နက်တည်းsimultaneously သုံးစွဲ နေတာ မဖြစ်နိုင်ပါဘူး။
      • Economy ဖြစ်ဘို့အတွက် usual design practices ကတော့ ဒီ simultaneous usage က maximum possible ထက် များစွာလျော့နည်း ပါတယ်။
      • ဒီ simultaneous usage ကို Loading Unit concept (or) similar approach နဲ့ တွက်ချက် ခန့်မှန်း ကြပါတယ်။ L.U Method နဲ့ခပ်ဆင်ဆင် တူတဲ့ Fixture Unit Method ကို ASHRAE နဲ့ U P C တို့က သတ်မှတ် ပေးထားပါတယ်။
      • Loading Unit နည်း နဲ့ တွက်ချက်တဲ့ အခါ သုံးတဲ့ LU ပမာဏ ကို အောက်က Table မှာ ဖေါ်ပြထား ပါတယ်။
        ApplianceLU
        WC flushing cistern2
        Wash basin (Lavatory) tap (Domestic)1.5
        Wash basin (Lavatory) tap (Public)2
        Wash basin (Lavatory) tap (Concentrated)3
        Bath tap nominal size 3/4-in10
        Bath tap nominal size 1-in22
        Shower head3
        Sink tap nominal size 1/2-in3
        Sink tap nominal size 3/4-in10
        Spray tap0.5
      • ဒီ နည်းနဲ့ တွက်တဲ့ အခါ
        1. Wash Basin (Lavatory) faucet တွေအတွက် တွက်ချက်တဲ့ အခါ Domestic, Public နဲ့Concentrated Use ရယ်လို့ သုံးခုခွဲ ပြထားပါတယ်။ စာသင် ကျောင်းလို၊ စက်ရုံလို Peak Period(ဥပမာ၊ ၊ ထမင်းစား ဆင်းခါစ) လူအရမ်းများတဲ့ အခြေအနေ ဖြစ်နိုင်တဲ့ အခါမှာ Concentrated Useကိုရွေးချယ်ရပါမယ်။
        2. WC Flush Valves တွေ အတွက် ဒီ နည်းနဲ့ တွက်လို့ မရပါဘူး။ WC Flush Valves တွေ အတွက် ခန့်မှန်းတဲ့ နည်းကို နောက်မှာ ဆက်လက် ဖေါ်ပြ ပေးထား ပါတယ်။
      • Water Supply Pipe Main / Branch တစ်ခုကနေ ပေးရမဲ့ Appliance တစ်ခုစီရဲ့ Quantity နဲ့သက်ဆိုင်ရာ LUတွေကို မြှောက်ပြီး Total LU ကို ရှာရပါမယ်။ ပြီးမှ သက်ဆိုင်ရာ Pipe Friction Chart တွေ ကို သုံးပြီးFlowrate နဲ့ Pipe Size ကို ရွေးချယ် နိုင်မှာပါ။
      • Flush Valves 
        • Flush Valves တွေ နဲ့ ပတ်သက်လို့ တွက်နည်း တစ်ခုကို စကာင်္ပူ CP48 : 1989 မှာ ဖော်ပြ ထားခဲ့ဘူး ပါတယ်။ နောက်ဆုံး ထုတ်တဲ့ အခါမှာ တော့ ဒီအခန်း ပါမလာတော့ ပါဘူး။
        • Flow Rate Requirement (as number of flush in simultaneous use)
          Total No. of
          Flush Valves on Line
          No. of flush in simultaneous use
          Group AGroup B
          111
          222
          to 623
          to 1134
          12 to 1545
          16 to 3556
          36 to 4557
          46 to 5058
          51 to 7059
          71 to 10069
          101 to 2001014
        • Note:
          • Group A : Offices, Hotels and Hospitals
          • Group B : Schools and Other Premises where Rest Period Create Extra Ordinary Demands
          • ရလာတဲ့ No. of Flush in simultaneous Use ကို တစ်ခုစီ ရဲ့ Flowrate အနည်းဆုံး 1.5 L/sနဲ့ မြှောက်ရင် လိုအပ်တဲ့ Flowrate in supply pipe ကို ခန့်မှန်းလို့ ရပါလိမ့်မယ်။
        • ASHRAE Method: Fixture Unit နဲ့တွက်တဲ့ အခါမှာတော့ Flush Valve နဲ့ Flush Tank တွေရဲ့Fixture ယူနစ် က မတူသလို အသုံးပြုမဲ့ နေရာ (Public or Private) ပေါ်မူတည်ပြီး လည်းထပ်ကွဲ ပါသေးတယ်။ ဒါတင်မက Fixture Unit 1,000 ထက်မပို တဲ့ အခါ Estimate Curves for Demand Load Chart မှာ လည်း Flush Valve နဲ့ ဖြစ်တဲ့ အပေါ်မူတည် ပြီး ဖတ်ရမဲ့ Curve က မတူတာ ကိုပါ သတိပြု စေချင် ပါတယ်။

    Back to Top -
  5. System Sizing (Pipe Sizing / Pump Sizing)
    1. Pipe Sizing (ပိုက်အရွယ် အစား ရွေးချယ်ခြင်း)၊
      • Total LU ကို ရှာပြီးတဲ့ အခါ သက်ဆိုင်ရာ Pipe Friction Chart တွေ ကို သုံးပြီး Flowrate နဲ့ Pipe Size ကို ရွေးချယ် ဘို့အဆင့် ကိုရောက်ပါပြီ။ ဒီလို ရွေးချယ်နိုင်ဘို့ အတွက် လိုအပ်တဲ့ Chart တစ်ခု ကို အောက်မှာ နမူနာ ဖော်ပြ ထားပါတယ်။ သတိပြုရမှာ က Pipe material (or) Standard မတူရင် Friction Chart လည်းတူမှာ မဟုတ်ပါဘူး။ 
      • အောက်မှာ နမူနာ ဖော်ပြထားတဲ့ Chart ကတော့ Copper Tube to BS2871, Table X အတွက်ပါ။
      • BS 1387 Galvanized Steel 
      • ပထမ 30-50mm H2O အတွင်းမှာ ရှိစေပြီး Velocity ကိုတော့ 0.75 to 2.5 m/s အတွင်း (ပုံမှာ အစိမ်းရောင်ခြယ်ထားတဲ့ ဧရီယာ အတွင်း) မှာ ထားပြီး ရွေးချယ် သင့်ပါတယ်။ Friction ကတော့ Pump Head (or) Pressure Loss ပေါ်အကျိုးသက်ရောက် ပါတယ်။ Velocity < 0.75 m/s ဆိုရင် အထဲမှာ ခိုနေတဲ့ လေတွေ ကို တွန်းထုတ်နိုင်မှာ မဟုတ်ပါဘူး။ 2.5 m/s ကျော်လာရင် တော့ Flow noise အပြင် Water hammer ကြောင့်ဖြစ်တဲ့ Shock Vibration & Noise ပြဿနာ ကိုပါ ဖြေရှင်းရ ခက်ပါလိမ့်မယ်။ 
      • စာရေးသူ ကတော့ Friction Loss 40mmAq/m ( 4ft / 100ft ) နဲ့ Flow Velocity ကို 1 to 1.5 m/s (3 to 5 ft/s) လောက်မှာ ထားပြီး ရွေးလေ့ရှိပါတယ်။ ဒီလို သတ်မှတ်ပြီးတဲ့ အခါ အလွယ်တကူ အသင့် သုံးနိုင်တဲ့ ဇယားတစ်ခု ကို ဒီလို ရနိုင်ပါတယ်။
      • Copper Tube BS2871 Table X
        Pipe Size
        (mm)
        L.U.Flowrate
        L/s ( L/min )gpm (U.S.)
        1530.15 ( 9 )2.4
        22120.34 ( 20 )5.3
        28300.58 ( 35 )9.2
        35650.92 ( 55 )14.5
        421151.4 ( 86 )22.6
        543002.9 ( 174 )46.0
        676305.0 ( 300 )79.4
        769006.5 ( 390 )103
        1082,80014.0 ( 840 )222
        1335,00021.0 ( 1,260 )333
        1598,00030.0 ( 1,800 )476
      • Galvanized Steel Tubes
        Pipe DiaFlowrateVelocity
        (in)(mm)S.I ( l/min )I.P. ( USgpm )( m/s )(ft/s)
        1/21592.41.03.0
        3/420184.8
        125308.0
        1 1/4325414.51.13.5
        1 1/2408422.01.24.0
        25015040.01.44.5
        2 1/26530080.01.55.0
        380420110.01.55.0
        4100780200.0
        51251200320.0
        61501620430.0
        82003000800.0
      • ရွေးချယ်တဲ့ အခါ သိထားသင့်တဲ့ အခြေခံ တွေ ကို MEP Basic Calculations: Pipe & Duct Sizing[http://chawlwin.blogspot.com/2008/08/pipe-sizing-duct-sizing.html ] မှာ ဆက်လက်လေ့လာနိုင်ပါတယ်။

    2. Pump Sizing 
      • Pump Size ရွေးချယ်တဲ့ အခါ အဓိက Parameters နှစ်ခု ရှိပါတယ်။
        1. Flowrate
        2. Pump Head

      1. Transfer pumps
        • Flowrate
          • Transfer Pump အပေါ်ကန် ကို (ဒီအတိုင်း အလွတ်ဖြည့်ရင်) ဘယ်နှနာရီ အတွင်း ပြည့်အောင် ဖြည့်မယ် ဆိုတဲ့ အချက် ကို အခြေခံပါတယ်။ တစ်ခါတစ်ရံ တစ်ရက်စာ ရေပမာဏ ကို ဘယ်နှနာရီ အတွင်း ပြည့်အောင် ဖြည့်မယ် ဆိုတဲ့ အချက် ကို လည်း အခြေခံနိုင်ပါတယ်။ အနည်းဆုံး ၁ နာရီ ထက် မလျော့သင့်ပါဘူး။
          • တစ်ရက်စာ ခံတဲ့ အပေါ်ကန် ကို ဖြည့်မယ် ဆိုရင်တော့ အေးအေးဆေးဆေး 12 နာရီလောက် အထိ ထားပြီး ဖြည့်နိုင်ပါတယ်။ 6-8 hours ကတော့ သင့်တော်ပါတယ်။ (အထူးသဖြင့် Power Interruption အခြေအနေ မှာ Generator backup လုပ်တာနဲ့ ညှိပြီး တွက်ရတဲ့ အခါမှာပါ။)
        • Pump Head
          • Pump Head = Static Head + Friction / Dynamic Losses
          • ပုံမှန် ကတော့ Friction Losses တွေကို အသေးစိတ် တွက် ရမှာပါ။ ဒါပေမဲ့ ပိုက်အရွယ်အစား ကိုလည်း အပေါ်မှာ ပြခဲ့တဲ့ အတိုင်း 40mmAq/m အတွင်းထားပြီး ပိုက် အကွေးအကောက် နဲ့Horizontal Run သိပ်မရှည်လွန်းရင် အကြမ်းအားဖြင့် Static Head ထက် 10-15% ပိုထားလိုက်ရင် အဆင်ပြေ လေ့ရှိ တတ်ပါတယ်။
      2. Booster Pumps
        • Flowrate: Probable Max. Demand
        • Pump Head: To achieve min. pressure at use point
        • Pneumatic Tank: To limits maximum start/stops per hour
      3. Hot-water Circulation Pumps
        • Flowrate: To maintain water temperature
        • Pump Head: To overcome friction loss (Static Loss, not important)


    Back to Top -
  6. System Equipments / Components
    1. Pumps ရေပန့်များ
      • အရည် အမျိုးမျိုး ကို တွန်းပို့ ဘို့ အတွက် Pump ကို သုံးရပါတယ်။ Domestic Cold & Water Supply Systems မှာ အသုံးများတဲ့ Applications တွေကတော့။
      • Transfer / Pump-ups: တစ်နေရာ က နေ တစ်နေရာ ကို မောင်းတင် ပို့ဘို့။ အောက်မှာ ရှိတဲ့ ရေကန် က နေ အပေါ်မှာ ရှိတဲ့ ရေကန် ကို ရေ မောင်းတင် ဘို့ အတွက် အသုံးပြုပါတယ်။
      • Pressure Boosting: လိုအပ်တဲ့ ဖိအား Pressure ရအောင် မြှင့်တင်ပေးဘို့။ ကန်အမြင့် က Appliance အထက် လိုသလောက် အမြင့် မရှိတဲ့ အခါ လိုအပ် တဲ့ ဖိအားရအောင် မြှင့်တင်ပေးဘို့ အတွက် အသုံးပြုပါတယ်။
      • Re-Circulation အရည်တွေ ကို ပိုက်တွေ Equipments တွေကြား Closed-loop လည် ပြီးစီးနေအောင် လုပ်ပေးနိုင်ဘို့။ ဒါကိုတော့ Hot water circulation အတွက် အသုံးပြုပါတယ်။
      • အသုံးများတဲ့ Pumps အမျိုးအစား ကတော့ Centrifugal Pumps ပါ။ သူ့မှာမှ သုံးရမဲ့ လိုအပ်ချက် ကို လိုက်လို့Inline, Vertical, Split Case, Multi-stage စသည်ဖြင့် အမျိုးမျိုး ထပ်ကွဲ နိုင် ပါသေးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်Pump Systems တစ်ခု အတွက် အနည်းဆုံး ပါဝင်ရမဲ့ Pipe Fittings တွေ ကို အောက် မှာ ဖော်ပြပေးထားပါတယ်။
      • ဒီ Fitting Arrangement (အစီအစဉ်) က Construction Industry ကို စဝင် ကတည်းက အလွတ်ရ နေရမဲ့ ပုံပါ။ စာဖတ်သူ လည်း Construction Industry မှာ mechanical services လုပ်မယ် ဆိုရင် မသိမဖြစ် သိနေရပါမယ်။
      • တစ်ခုစီ ကို လေ့လာကြည့်ရင်
        1. Gate Valves (or) Isolation ValvesPump (သို့) Fitting တစ်ခုခု ကို Maintenance လုပ်စရာ ရှိရင် ပိတ်ထားနိုင်ဘို့ ပါ။ Throttle လုပ်ဘို့တော့ မသင့်တော်ပါဘူး။
        2. Strainer ကတော့ ရေထဲမှာ ပါလာမဲ့ ခဲသလဲ၊ အမှိုက်တွေ ကြောင့် Pump မပျက်စီး ရအောင် တပ်ပေးရတာပါ။ ဒါကြောင့် Pump မဝင်ခင် တပ်ပေးရပါတယ်။
        3. Flexible Connections က Pump က Vibration Pipe ကိုမကူးအောင် တားထားပေးတဲ့ သဘောပါ။Pumps က rotating machine မို့ Vibration ဖြစ်ပါတယ်။
        4. Reducers က ပိုက်အရွယ် အစားနဲ့ Pump Connection Sizes တွေ မတူတဲ့ အခါ သုံးဘို့ပါ။ တစ်ခု သတိထားရမှာ က Pump Suction အတွက် Top Flat Eccentric Reducer သုံးဘို့ပါ။ အဓိက ရည်ရွယ်ချက် ကတော့ ပိုက်ထဲမှာ Air Pocket မပေါ်စေဘို့ပါ။
        5. Check Valve က တစ်ဘက်ထဲ စီးစေ မဲ့ One Direction Water Flow ဖြစ်စေဘို့ပါ။ ဒါကြောင့် Pumpအထွက်ဘက်မှာ တတ်ပေးရပါတယ်။ ဒါမှ ပိုက်ထဲကရေတွေ ပြောင်းပြန် ပြန်စီးမလာမှာ ဖြစ်ပါတယ်။
        6. Pressure Gauges ကတော့ Water Pressure ကိုသိဘို့ပါ။ Pump Performance ကို ခန့်မှန်းလို့ ရအောင်ပါ။ Suction ဘက်မှာတတ်ထားတဲ့ Gauge က Strainer ပိတ်နေ၊ မပိတ်နေ ကို လည်း သိစေ နိုင်ပါတယ်။
      • လူစောင့်မလိုပဲ သူ့ အလိုအလျောက် မောင်းနိုင် ရပ်နိုင်အောင် Automatic Control လုပ်နိုင်တဲ့ Control Panel တွေ တတ်ဆင် ထားပေးရပါသေးတယ်။
      • Transfer Pumps
        • ရေကန် တွေ မှာ Floatless Level Sensors တွေ တပ်ထားမယ်။ သူနဲ့ အတူ Pump ကိုမောင်းပေးမဲ့level controllers တွေ တပ်ဆင် ထားပေးရပါမယ်။
        • အပေါ်ကန်မှာ ရေနည်းလာရင် မောင်းတင်မယ်။
        • ရေပြည့်ရင် ရပ်မယ်။
        • အောက်ကန် မှာ ရေ (Pump မောင်းလို့ မရလောက်အောင်) အရမ်းနည်း နေရင် Alarm
        • အပေါ်ကန် မှာ ရေလျှံသွားရင် Alarm
        • Pump Fault ဆိုရင် Alarm
        • စသည်ဖြင့်ပါ။ အများအားဖြင့် Pump အပိုတစ်ခု ဆောင်းထားပြီး အပြန်အလှန် Duty ယူဘို့ လည်း လုပ်ထားပေးရပါတယ်။
      • Booster Pumps
        • Cut-in and Cut-out Pressure သတ်မှတ် ထားပြီး Pressure Sensors တွေနဲ့ မောင်းတာ ရပ်တာ လုပ်ရပါတယ်။
        • Pressure က Cut-In Pressure ထိကျလာပြီဆိုရင် မောင်း
        • Pressure က Cut-Out Pressure ထိတက်လာပြီဆိုရင် ရပ်
        • စုတ်ယူတဲ့ ရေကန် မှာ ရေ (Pump မောင်းလို့ မရလောက်အောင်) အရမ်းနည်း နေရင် Alarm
        • Pump Fault ဆိုရင် Alarm
        • Pressure မှာ Standby Cut-in ဆိုတာပါ ထည့်ပြီး High Demand (or) Duty Pump failure ဖြစ်တဲ့ အခါ အကူ Pump မောင်းဘို့ လုပ်နိုင်ပါသေးတယ်။
      • Pump တွေရဲ့ Characteristics တွေ က လည်း အထိုက်အလျောက် အသေးစိတ်ပြီး နက်နဲပါတာမို့ နောက်ကြုံတဲ့ အခါ သီးသန့် တင်ပြပေးပါမယ်။

    2. Pressure Reducing Valves Assembly(ရေဖိအား လျှော့ ဗားအတွဲ )
      • Standard Pressure Reducing Valve Assembly for Domestic Water Systems ပုံကို အောက်မှာ ဖော်ပြပေးထားပါတယ်။
      • Pressure Reducing Valve Fault ဖြစ်ရင် ယာယီ သုံးဘို့ Globe Valve တပ်ဆင်ထားတဲ့ Bypass ပါဝင် ပါတယ်။ (Globe Valve က Throttle ထိန်းညှိလို့ ကောင်းပါတယ်။ Bypass တွင် Gate valve မသုံးရပါ။)
      • ဒီ arrangement ကို လည်း အလွတ်ရထားသင့်ပါတယ်။ ရှေ့နောက် သူ့နေရာနဲ့ သူ ရှိမှ အလုပ်ကောင်းကောင်း လုပ်မှာမို့ပါ။
      • ရွေးချယ်တဲ့ အခါ သတိထားရမှာ က Cavitation Effect ပါ။ Cavitation ဆိုတာက စီးနေတဲ့ ရေထဲ မှာ ပလုံစီ လာတာ ကို ခေါ်တာပါ။
      • Pump တွေမှာ Cavitation ဖြစ်တာ ကိုတော့ တော်တော်များများ သိကြပေ မဲ့ valve တွေမှာ Cavitation ဖြစ်တာ ကိုတော့ သိပ်သတိ မထားမိ တတ်ကြပါဘူး။ အထူးသဖြင့် Pressure Reducing Valve တွေမှာCavitation မဖြစ်အောင် အရမ်း ဂရုစိုက် ရပါတယ်။
      • High pressure drop နဲ့ Low outlet pressure ဆိုတဲ့ Factors (အချက်) နှစ်ချက် ပေါင်းလိုက် တဲ့ အခါCavitation ဖြစ်လာပါတယ်။ အဲဒီ အခြေအနေ မှာ Fluid ရဲ့ Pressure က သူ့ Vapor Pressure အောက် ရောက်သွားတာ မို့ Bubbles လေးတွေ ပလုံစီ လာပါတယ်။ ဒီ Fluid Flow Stream မှာပဲ Pressure က Vapor Pressure အထက်ပြန် တက်လာတဲ့ အခါ ပလုံစီ နေတဲ့ Bubbles လေးတွေ ပြန် အရည်ထဲ ပျော်ဝင် ဘို့ ဖြစ်လာတဲ့ အခါ ဒီ Bubbles နေရာ ကို အရည်က အရှိန် နဲ့ ဝင် extremely high impact forces တွေ ဖြစ်ပေါ်လာပါတယ်။ ဒီအခါ Valve ကိုသာမက အနီးအနား က Pipe တွေကို ပါ ပြင်းပြင်းထန်ထန် တိုက်စားပါတော့ တယ်။ Pump တွေမှာ Cavitation ဖြစ်တဲ့ အခါ Impellers တွေ တွန့်လိမ် ကောက်ကွေး၊ လိပ်၊ ပျက်စီး သွားတာ တွေ့ ရပါတယ်။
      • ဒီလို Cavitation ဖြစ်တဲ့ အခါ ပိုက်ထဲ မှာ ကျောက်စရစ် ခဲ တွေ စီးသွား သလို အသံ နဲ့ တုန်ခါ မှု ကို ပါ ဖြစ်စေပါတယ်။
      • Pressure Reducing Valve က ဖြစ်နိုင်တဲ့ Cavitation Chart နမူနာ ကို အောက် မှာ ဖော်ပြ ထားပါတယ်။


    Back to Top -
  7. References (မှီငြမ်းစရာ)

Concrete Admixtures- အပိုင်း (2) Fly Ash ခေါ် ကျောက်မီးသွေးပြာများ (အကျဉ်းချုပ်)

Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (2) - Fly Ash ခေါ် ကျောက်မီးသွေးပြာများ (အကျဉ်းချုပ်)

3.1) Fly Ash ( Fuel Ash ) (ကျောက်မီးသွေးပြာ)
Fly Ash များကို ကျောက်မီးသွေးသုံးလျှပ်စစ်စွမ်းအင်ထုတ်လုပ်သည့် စက်ရုံရှိ မီးပြင်းဖို (furnaces) များမှ မီးမလောင်နိုင်ပဲ မီးခိုးခေါင်းတိုင် (flue) အတွင်းတွင်အခိုးအငွေ့ အဖြစ်ကြွင်းကျန်ခဲ့သည့် ဘေးထွက်ပစ္စည်းမှရရှိသည်။ ကျောက်မီးသွေးများ အပူချိန် ၁၅၀၀ ဒီဂရီစင်တီဂရိတ်တွင် လောင်ကျွမ်းစေသောအခါ ကြွင်းကျန်သောအရာများ အရည်ပျော်ပြီး ပြင်ပလေနှင့်ထိတွေ့ ခါ ရုတ်တရက် အေးသွားပြီး ဘောလုံးပုံ အမှုန်ကလေးများဖြစ်ပေါ်ကာ မီးခိုးငွေ့ များနှင့်အတူ အပေါ်သို့ တက်လာပါသည်။ ၎င်းတို့ ကို Fly ash ဟုခေါ်ပြီး အောက်ပိုင်းတွင် ကျန်ခဲ့သည့် အမှုန်များကို Bottom ash ဟုခေါ်ပါသည်။

ပုံ (၃-၁) ကျောက်မီးသွေးပြာ (Fly ash) ရရှိပုံ

Fly ash ကို ကွန်ကရိဖျော်စပ်ရာတွင် အသုံးပြုရန်အတွက် ကိုက်ညီရမည့် စံချိန်စံညွှန်းများကို ASTM C618 ဖြင့်သတ်မှတ်ထားပါသည်။ Fly ash ရရှိသည့် မူလနေရာ၊ ပါဝင်သည့်သတ္တုပစ္စည်းများ ပေါင်းစပ်ဖွဲ့စည်းမှု (composition)၊ လိုအပ်သည့် ကွန်ကရိလုပ်ဆောင်ပုံ (performane) ပေါ်မူတည်၍ Fly ash ရောနှောသည့် ပမာဏမှာ cementitious material စုစုပေါင်းပမာဏ (by mass) ၏ ၅% မှ ၆၅% ထိရှိနိုင်ပါသည်။

Fly ash ၏လက္ခဏာသည် မူလကျောက်မီးသွေးပေါ် မူတည်၍ များစွာ ကွဲပြားနိုင်ပါသည်၊ မည်သို့ဆိုစေ Fly ash အားလုံးတွင် အဓိကပါဝင်သည့် ဓါတ်သတ္တုများမှာ ဆီလီကွန်ဒိုင်အောက်ဆိုဒ် (SiO2 ) နှင့် ကယ်လ်စီယမ်အောက်ဆိုဒ် (CaO) တို့ ဖြစ်ပါသည်။

Fly ash ၏ ရေချိန်သပ်သည်းဆမှာ 2.35 ဖြစ်သည့်အတွက် ဘိလပ်မြေ၏ ရေချိန်သပ်သည်းဆ 3.15 ထက်ပေါ့ပါးသည်၊ အကျိုးဆက် အနေဖြင့် ကွန်ကရိ density ပိုနည်းပါသည်။

Fly ash ကို ASTM C618 တွင် Class C နှင့် Class F ဟူ၍ ၂ မျိုး ထပ်မံ ခွဲခြားထားပါသည်။

* Class F ကို anthracite ကျောက်မီးသွေး (သို့) ကတ္တရာ ကျောက်မီးသွေးများ လောင်ကျွမ်းရာမှ ရရှိပြီး ကယ်လ်စီယမ် ပါဝင်မှုနည်းပြီး ပိုဇိုလန်သတ္တိများ ပါဝင်ပါသည်။

* Class C ကို ကတ္တရာ ပါဝင်မှုမပြည့်ဝသည့် (subbitumenous) ကျောက်မီးသွေးများ လောင်ကျွမ်းရာမှ ရရှိပြီး ကယ်လ်စီယမ်ပါဝင်မှု များကာ ဘိလပ်မြေကဲ့သို့ သတ္တိရှိသည့် သတ္တုပစ္စည်းများနှင့် ပိုဇိုလန်သတ္တိများပါဝင်ပါသည်။

Fly Ash သုံးစွဲရခြင်း၏ ရည်ရွယ်ချက်
• ဘိလပ်မြေသုံးစွဲမှုလျှော့ချရန်
• ထုတည်ကြီးမားသော ကွန်ကရိလုပ်ငန်း (mass concrete/ thick concrete) တွင် အပူချိန်လျှောါချနိုင်ရန်
• တာရှည်ခိုင်ခံ့မှု (durability) ပိုမိုကောင်းမွန်စေရန်

ဘိလပ်မြေအစားထိုး သုံးစွဲရာမှ အကျိုးသက်ရောက်မှု
• Fly ash သည် လုံးချောပုံ ရှိသဖြင့် workability ပိုမိုကောင်းမွန်စေခြင်း
• ကွန်ကရိစိုနေစဉ် ရေစိမ့်ထွက်ခြင်း (bleeding) သက်သာစေခြင်း
• ကွန်ကရိရာစာများ တစ်ခုစီကွဲထွက်ခြင်း (segregation) ဖြစ်နိုင်ခြေနည်းခြင်း
• အိပ်ချိန် (setting time) နှင့် သက်တမ်းနု ခံနိုင်အား (early age strength)နှေးကွေးစေခြင်း
• Fly ash ပါဝင်မှု 20% အောက်သုံးစွဲပါက သက်တမ်းရင့်ကွန်ကရိခံနိုင်အား ( later age strength) ပိုမိုကောင်းမွန်ခြင်း စသည်တို့ ဖြစ်ပါသည်။

သတိပြုရန် အချက်များ၊

Fly Ash ပါဝင်သော ကွန်ကရိသည် setting time နှေးသည့်အတွက်
- curing လုပ်ရန် အချိန်ပိုလိုသည်၊
- ရိုးရိုးဘိလပ်မြေ သုံးသော ကွန်ကရိထက် form work ပေါ်တွင် ဖိအားသက်ရောက်မှု ပိုများသည်၊

အပိုင်း (၃) တွင် ပိုဇိုလန်များ အကြောင်း ဆွေးနွေးပါမည်။

---------------------------
San Nwe 23-Jun-2016
Revision 1 . 28-Jun- 2016
----------------------------

Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (1) ကို အောက်ပါ link တွင် ဖတ်နိုင်ပါသည်။

https://web.facebook.com/groups/myanmarprofessionalcivilengineers/permalink/1817286905159135/

Concrete Admixtures - အပိုင်း (၁)

ကျွန်တော် post မတင်နိုင်တာတော့ အတော်ကြာသွားပါပြီ။ ခုတော့ ရတဲ့အချိန်လေးထဲကနေ Concrete Admixture တွေအကြောင်း ဆွေးနွေးချင်ပါတယ်။
*********************
Concrete Admixtures (ကွန်ကရိ အပိုဆောင်းအရောအနှောများ)
အပိုင်း (၁)



(၁) နိဒါန်း
ကွန်ကရိတွင် အဓိကပါဝင်သည့် ပစ္စည်းများမှာ ဘိလပ်မြေ၊ သဲ၊ ကျောက် နှင့် ရေတို့ပင်ဖြစ်ပါသည်။
ယခုခေတ်ကွန်ကရိလုပ်ငန်းအများစုတွင် သာမန်ထက် ပိုမို ကောင်းမွန်သည့် ကွန်ကရိရရှိရန်၊ လုပ်ကိုင်ရလွယ်ကူစေရန်စသော အကြောင်းများ ကြောင့် ကွန်ကရိAdmixtureများကို တွင်ကျယ်စွာ အသုံးပြုကြပါသည်။
Admixture များကို အဓိကအားဖြင့် အောက်ပါအတိုင်း အုပ်စု (၂) ခွဲနိုင်ပါသည်။
(၁) Chemical Admixtures (ဓါတုအရောများ) နှင့်
(၂) Mineral Admixtures (တွင်းထွက်သတ္တုအရောများ) ဖြစ်ပါသည်။
Mineral Admixture ကို Supplementary Cementitious Material (SCM) ဟုလည်း သုံးနှုံးကြပါသည်၊ ဓါတုအရောများကို များသောအားဖြင့် အရည်ပုံစံဖြင့်တွေ့ ရလေ့ရှိပြီး တွင်းထွက်သတ္တုအရောများကိုမူ အမှုန့် ပုံစံဖြင့်တွေ့ နိုင်ပါသည်။
ပုံ (၁) Mineral Admixtures (SCM)
ပုံ (2) Chemical Admixtures
ပုံ (၃) Admixture အမျိုးအစားများ ခွဲခြားထားပုံ
ASTM C 494 အရ Chemical Admixture Type များကို အောက်ပါအတိုင်း အသေးစိတ် သတ်မှတ်ထားပါသည်။
Type A: Water-reducing admixtures
Type B: Retarding admixtures
Type C: Accelerating admixtures
Type D: Water-reducing and retarding admixtures
Type E: Water-reducing and accelerating admixtures
Type F: Water-reducing, high range admixtures
Type G: Water-reducing, high range, and retarding admixtures
Type S: Specific performance admixtures
ပုံ(၃) တွင်ပြထားသည့် Chemical Admixtures (ဓါတုအရောများ) နှင့်
(၂) Mineral Admixtures (တွင်းထွက်သတ္တုအရောများ) အကြောင်း တစ်ခုချင်းစီကို အပိုင်းများခွဲ၍ ဆက်လက်ဆွေးနွေးသွားပါမည်။

အပိုင်း (၂) တွင် Mineral Admixtures များမှ Fly Ash အကြောင်း ဖတ်ရန် အောက်ပါ Link ကို နှိပ်ပါ။
+++++++++++++++++++
San Nwe 22/Jun/2016
+++++++++++++++++++

ETABS-4 Storey RC Building မြန်မာလို ရှင်းလင်းချက် သင်ခန်းစာများ

4 Storey RC Building Structure Analysis & Design
ETABS မြန်မာလို ရှင်းလင်းချက် သင်ခန်းစာများ

ယခုသင်ခန်းစာများသည် ယခင်သင်ခန်းစာOne Storey Building Structure ကို လေ့လာဖူးသူများနှင့် အခြေခံမရှိသေးသူများအတွက်သာ ရည်ရွယ်ပါသည်။

စဉ်ဆက်မပြတ် အင်ဂျင်နီယာ ပညာရေး ဝေးသည် မရှိစေရ။

One Storey Buiding Structure သင်ခန်းစာများ မလေ့လာရသေးပါကလေ့လာရန်
https://web.facebook.com/btechtinkoko/photos/a.688397997933469.1073741828.688369877936281/777439022362699/?type=3&size=687%2C581&fbid=777439022362699

သင်ခန်းစာမလေ့လာခင် ဖတ်ရန်(အရေးကြီးသည်)
https://drive.google.com/open?id=0B9EknlQ74Yj2Qkp4dVRoelVKTzQ

Part1
https://drive.google.com/file/d/0B9EknlQ74Yj2U3BhMGhScjZIWUE/view?usp=sharing

Part2
https://drive.google.com/open?id=0B9EknlQ74Yj2UkpxN2F6cmZDSDA

Part3
https://drive.google.com/open?id=0B9EknlQ74Yj2ZTktNHdycGpnX2c

Part4
https://drive.google.com/open?id=0B9EknlQ74Yj2V1htSklHcEUwd00

Part5
https://drive.google.com/open?id=0B9EknlQ74Yj2OERDREFNeFQtNU0

Part6
https://drive.google.com/open?id=0B9EknlQ74Yj2TUNPaUh4b0x2bHc

Part7
https://drive.google.com/open?id=0B9EknlQ74Yj2ekU1V2hIamZzdjA

Part8
https://drive.google.com/open?id=0B9EknlQ74Yj2ZVF3ZTJjTmsxc3M

Part9
https://drive.google.com/open?id=0B9EknlQ74Yj2UlpKTDh1Rk5zb00

Part10
https://drive.google.com/open?id=0B9EknlQ74Yj2R045enJUUjhkRjA

Part11
https://drive.google.com/open?id=0B9EknlQ74Yj2cDh3NklWcGVzZHM

Part12
https://drive.google.com/open?id=0B9EknlQ74Yj2cEFoOFpmUWF2RDg

Part13
https://drive.google.com/open?id=0B9EknlQ74Yj2aGVaT3prbWxlZ0U

Part14
https://drive.google.com/open?id=0B9EknlQ74Yj2OFJKellpQlpKWkE

Part15
https://drive.google.com/open?id=0B9EknlQ74Yj2WDBBbVNtMFdGTFU

Part16
https://drive.google.com/open?id=0B9EknlQ74Yj2UUFpX0JrQm9uSGs

Load Combo
https://drive.google.com/open?id=0B9EknlQ74Yj2d25zMmNLUlhLODA

Two way slab & Stair Spreadsheet
https://drive.google.com/open?id=0B9EknlQ74Yj2Vy1WRFpkREROS2M

Two way slab moment coefficient
https://drive.google.com/open?id=0B9EknlQ74Yj2aWgtZ0xObV9lTkE

Square Footing Spreadsheet
https://drive.google.com/open?id=0B9EknlQ74Yj2WVg2dmxGajdrVzA

Cantilever One way slab spreadsheet
https://drive.google.com/open?id=0B9EknlQ74Yj2NlpTR1VRbzVDZms

တခြားsiteပေါ်ထပ်မတင်ပေးနိုင်ပါ အချိန်ရော bill ရောထပ်ကုန်ပါသည် အခုလည်း သင်တန်းတွေနဲ့မအားတဲ့ကြားကတင်ပေးထားတာပါ ကိုယ်တိုင်လည်းကြိုးစားပြီးdownload ဆွဲကြည်ကြပါ ဖုန်းနဲ့တော့အဆင်မပြေနိုင် fileအားလုံးက phone storageနဲ့မဆန့် နိုင်ပါ computer နဲ့လေ့ကျင့်ရမယ့် သင်ခန်းစာဖြစ်သည့်အတွက်ကွန်ပျူတာနဲ့ဒေါင်းကြပါ။

BTech Tin Ko Ko

Monday, June 20, 2016

မြို့ပြ လမ်းပန်းဆက်သွယ် ရေး စနစ် များ နှင့် အမီလိုက်ရန် လိုမည့် MEGA-City မဟာရန်ကုန်မြို့တော်။

ရန်ကုန်မှာ ကားတွေ အရမ်းများနေပြီလား...
Mega-Cities လို့ ခေါ်တဲ့ လူဦးရေ သန်းချီနေထိုင် တဲ့ မဟာမြို့တော်ကြီးတွေ မှာ လူနေမှု ဘဝကို ထိန်းနိုင်ဘို့ အတွက် Infrastructureပြည့်စုံလုံလောက် ဘို့ အရေးကြီးပါတယ်။ လမ်းပန်းခရီး၊ ဆက်သွယ်ရေး၊ သောက်သုံးရေ၊ မိလ္လာ၊ မိုးရေ နဲ့ ရေနုတ်မြောင်းတွေ၊ အမှိုက်သိမ်း စနစ် တွေ က အခြေခံ ဝန်ဆောင်မှု Infrastructure တွေ ပါ။ မြို့မှာ Urban Master Planning နဲ့ အတူ Municipal Codes တွေ သတ်မှတ်ပြဌာန်း ထားရပြီး စနစ်ကျ တဲ့ Soft Infrastructures လို့ခေါ်တဲ့ အုပ်ချုပ်မှုစနစ်၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ အခြားလူမှုရေးရာ စီမံခန့်ခွဲ မှုတွေ လည်း လိုအပ်ပါတယ်။
ဒီအထဲ က မှ အခြေခံ လိုအပ်ချက် တစ်ခု ဖြစ်တဲ့ လမ်းပန်းဆက်သွယ် ရေး စနစ်တွေ နဲ့ ပတ်သက်ပြီး ကျနော့် အတွေ့အကြုံ နဲ့ အမြင်တွေကို တင်ပြပေးသွား မှာ ဖြစ်ပါတယ်။

စာရေးသူ က Road User တစ်ယောက်သာဖြစ်ပါတယ်။ Transportation Management ကျွမ်းကျင်သူ မဟုတ်ပါ။ ကိုယ်သုံးခဲ့ရတဲ့ လမ်းတွေ နဲ့ အတွေ့အကြုံ ကို ပဲ အခြေခံ ရေးသားမှာ ဖြစ်ပါတယ်။ အခြေခံ အားဖြင့် အချက် နှစ်ချက် ကို တွေ့ရမှာ ဖြစ်ပါတယ်။
1). Freeways or Expressways : အမြန်လမ်းမများ
2). Public TransportationMass Transit: အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်များ

ပထမ အကြောင်းအရာ က တော့ ကားလမ်းတွေ ပါ။ မြို့ပြတွေမှာ လမ်းဆုံလမ်းခွ တွေ များတာ မို့ မီးပွိုင့် စနစ် နဲ့ ယာဉ်အသွားအလာ ကို ထိန်းရပါတယ်။ မီးပွိုင့်တွေ မှာ ရပ်ရတာ၊ အရှိန်လျှော့ရတာ။ အခြားကားတွေ ကို စောင့်ရတာ က အင်မတန် အချိန်ကုန် နိုင်ပါတယ်။ ပြီးတော့ ကားရဲ့မြန်နှုန်း က လည်း သိပ်များလို့ မရပါဘူး။
ဒီအချက် ကို ဖြေရှင်း နိုင်ဘို့ အတွက် Freeway or Expressway လို အမြန်လမ်းတွေ ကို အသုံးပြု လာကြပါတယ်။ ဒီအမြန်လမ်းတွေ မှာ မီးပွိုင့်တွေ မရှိသလို ပိုပြီးတော့လည်း မြန်မြန်မောင်းနိုင်အောင် လည်း ဆောက်လုပ်ထားလေ့ရှိပါတယ်။ ဒီလို လမ်းမျိုးတွေ ကို စကာင်္ပူ မှာ နေတဲ့ သူတွေ Expressed Ways တွေ လို့ သိကြပါတယ်။ AYE, PIE, KJE, စသည်ဖြင့် အမြန်လမ်းမတွေ ရှိပါတယ်။ အမေရိက မှာ တော့ ဖရီးဝေး (Freeway) တွေပေါ့။  ဒီလို လမ်းမတွေ ဟာ မြို့တော်တွေ မှာ ကားမကျပ် ဘို့ နဲ့ အချိန်ကုန် သက်သာဘို့ မရှိမဖြစ် လိုအပ်ချက်တွေ ထဲက အချက်တစ်ခုပါ။
အဲ ကားလမ်းပေါ် အမြန်ကား မဟုတ်တာ တွေ တက်မလာနိုင်အောင် တော့ တားဆီးမှု တွေ လုပ်ရပါမယ်။ ဒီလမ်းတွေ ပေါ် အမြန်ကားတွေ က လွဲရင် လမ်းကူး လမ်းလျှောက် တဲ့သူ၊ စက်ဘီးစီး၊ ထော်လာဂျီ၊ နွားတွေ၊ လှည်းတွေ။ ဖုတ်ချက်ဖုတ်ချက် မော်တော်ဆိုင်ကယ်၊ စတာတွေ က မရှိသင့်တဲ့ အရာတွေ ပါ။

ဒုတိယ အကြောင်းအရာ ကတော့ လူတွေ အများကြီး ကို ခရီးရောက်အောင် ပို့ပေးနိုင်မဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေ ပါ။ ဘတ်စ်ကား၊ တက်ခစီ တွေ သာမက Mass Transit တွေ ဖြစ်တဲ့ မြို့ပတ် ရထားတွေ၊ သဘောင်္ စတာ တွေ ပါဝင်ပါတယ်။

မြို့တော် မဟာရန်ကုန် နှင့် ကားကျပ်မှု ပြဿနာ။
ရန်ကုန်မြို့ မှာ ကားတွေကျပ်နေတာ က တော့ တော်တော် ကို အခြေအနေ ဆိုးနေပါတယ်။ တစ်နေ့ တစ်နေ့ လမ်းပေါ်မှာ အချိန်ကုန်ကြရ လို့ နိုင်ငံမှာ လည်း ဆုံးရှုံးမှု ရှိနေတယ် ဆိုတာ တွေးကြည့်ရင် သိနိုင်ပါတယ်။ ဟိုနားဒီနား သွားမယ် ဆိုရင်တောင် မလွယ်ပါဘူး။
နေ့တစ်ဒူဝ ခရီးသွားရတဲ့ သူတွေ ရဲ့ ဒုက္ခ မသက်သာ သလို တက်ခစီ သမားတွေ ဘတ်စ်ကား သမားတွေ ခမျာ လည်း စားသာမဲ့ ပုံ မပေါ်ပါဘူး။
အရေးပေါ် အခြေအနေ မှာ မီးသတ်ကား နဲ့ သူနာပြုကား ဆေးရုံကားတွေ သွားဘို့လာဘို့ ခက်စေမှာ လည်း ပြဿနာ တစ်ခုပါ။
အရင် ကားဈေး တွေ ယုတ္တိမတန်အောင် မိုးထိနေတဲ့ အချိန် က နဲ့ စာရင် တော့ ကားတွေ အရေအတွက် အဆမတန် ပွားလာတာ အမှန်ပါ။ နိုင်ငံခြား က ပြန်လာတဲ့ လူတွေ လည်း ဒီကားကျပ် တဲ့ ဒါဏ် အရင် က နဲ့ မတူတော့တာ ကောင်းကောင်း သိကြပါတယ်။
သူ့အိုး နဲ့ သူ့ဆန်၊ တိုးတက်လာတဲ့ လူဦးရေ နဲ့ မီအောင် လမ်းတွေ ကို ပိုကောင်း ပိုများလာအောင် လိုက် မလုပ်နိုင် ခင် ကားတွေ များ လာတာ လည်း ကျပ်တဲ့ အကြောင်းရင်း မှာ ပါတာပါပဲ။ (ကားပါမစ် က ရတဲ့ အခွန်တွေ တော့ လမ်းထဲ ကို ဘယ်လောက်ပြန်ထည့်တယ် မသိပါ။)
လမ်းကူးရတာလည်း တကယ့်ကို စွန့်စားခန်းဝင်နေ ကြတဲ့ အတိုင်းပါပဲ။ ကားမောင်းတဲ့ သူတွေ က လည်း လူတွေ ကို ဂရုစိုက်ရကောင်းမှန်း မသိ၊ ကူးတဲ့ သူတွေ ကလည်း ကြုံတဲ့ နေရာကကူး။
ဂုံးကျော်တံတား တွေ ဆောက်နေတာ လည်း လမ်းပိတ်ရခြင်း အကြောင်းအရင်း တစ်ခု လို့ ဆိုကြပါတယ်။ ဒါဆိုရင် ရန်ကုန်မှာ က ကားတွေ အရမ်းများနေလို့ လား။ ကားကျပ်ရခြင်း အကြောင်းရင်း က ကိုယ်ပိုင်ကားတွေ၊ ဘတ်စ်ကားတွေ များလွန်းနေတာကြောင့် တစ်ခုထဲလား။ ဒါကလည်း အများရဲ့ အမြင်ပါ။ အကြောင်းအရင်း (Root Cause) ကို ဆန်းစစ် ကြရအောင်ပါ။
ဒီစာဖတ်ပြီး မှ ပြန်စဉ်းစား ကြည့်ပါလား စာဖတ်သူ။
ကဲ... အခြား နိုင်ငံ က မြို့တွေမှာရော ဘယ်လိုရှိလဲ။ (နှိုင်းယှဉ် ကြည့်ရအောင်ပါ။)

 ၁။ မလေးရှား ကွာလာလမ်ပူ (KL) 
ကျနော်နေခဲ့တဲ့ 1997-99 လောက် တုန်းက Monorail တွေ မလုပ်နိုင်လို့ရပ်ထားတုန်း။ မြေအောက် ရထားလည်း မရှိသေးပါဘူး။ KLCCနားမှာ တစ်ထပ် နဲ့ လေဟာပြင် 24h Indian လဘက်ရည် ဆိုင်တွေရှိတယ်။ အဲဒီဆိုင်တွေ မှာ မနက် ဆို လုပ်ဖော်ကိုင်ဖက် တွေ နဲ့ စကားပေါင်းစုံ ပြောရင်း ထိုင်ချင်ထိုင်၊ တစ်ခါတစ်လေ လည်း နေ့လည် ထမင်းသွားစား လုပ်ရဲ့။ (ခုတော့ အားလုံး High-Rise Buildingsတွေ ဖြစ်ကုန်ပါပြီ)။ ခု KLCC က နာမည်ကြီး Central Park မှာ အဲဒီတုန်းက အပင် တောင် ကောင်းကောင်း မရှိသေးပါဘူး။ နောက် လေး၊ ငါးနှစ် အလွန် မှာ ပြန်ရောက်တော့ Mono railLRT အပြင် မြေအောက် ရထားပါ ပြေးနေပြီ။ တကယ်လုပ်တော့လည်း အဟုတ် ဖြစ်သွားတာပါပဲ။
အဲ ကျနော် ပထမဆုံး ခြေချခဲ့ တာက ဆူဘန်းလေဆိပ်၊ နောက်လေဆိပ် ကို မြို့နဲ့ ကီလိုမီတာ ၆၀ လောက် ဝေးတဲ့ နေရာ ရွှေ့လိုက်တော့ အသံတွေ စီကနဲ ထွက်လာသံ ကြားလိုက်သေးတယ်။ KLIA လေဆိပ် အပြီးမှာ အမြန် ရထားလမ်းလည်း သူတို့ ဖောက်ခဲ့ကြတယ်။ KLIA Express ဆိုတာ စီးတဲ့ သူတွေ အားလုံးနီးပါး သဘောကျတဲ့ ရထားပါ။ စီးရတာ ငြိမ့်ငြိမ့်ငြောင်းငြောင်း နဲ့ ခရီးစဉ် က ၂၈ မိနစ်ထဲရယ်။ တစ်နာရီ ကို ကီလို ၁၅၀ အထိမောင်းနိုင်တယ် လို့ ဆိုပါတယ်။ ဒီလိုရတား လမ်းမျိုး နဲ့ ရထားမျိုး သုံးပြီး ရန်ကုန် မန္တလေး ပြေးရင် ကြာလှ သုံး-လေး နာရီပေါ့။ ပြီးရင် ခန်းနားသပ်ရပ်မှု ကလည်း စပါယ်ရှယ် လို့ ပြောရမှာပါပဲ။ (ဒီရထား တစ်ခါစီးဖူး ပြီးရင် ဘယ်သူမှ မလေးရှား ကို အထင်မသေးရဲတော့ဘူးမှတ်။ ဒါလည်း ဂုဏ်ရည်ကောင်းတစ်ခု ယူတဲ့ နည်းပါပဲ။)
KL Sentral ဘူတာ ရောက်လို့ ခရီးဆက်ဘို့ ရှိရင် စိတ်ကြိုက် Monorail, LRT, MRT ရွေးစီးချင် စီးနိုင်တယ်။ မလေးရှားမှာ လည်းExpressed Ways တွေ လည်းရှိပါတယ်။ မြို့ထဲနား အထိပေါ့။  မြို့ထဲ မှာတော့ Expressed way နည်းတယ်။
KLCC မှာ ပရောဂျက် တစ်ခု ကို စလုံး က လှမ်းကိုင်တဲ့ အခါ အစည်းအဝေး လာရင် KLIA Express & MRT ကို ကြိုက်လို့ တစ်ခါတစ်လေ ဒီလို နှစ်ဆင့် စီးချင်စီးတယ်။ မဟုတ်ရင် တော့ တက်ခစီ နဲ့ အမြန်လမ်း ကနေ ဒိုးပေါ့။ ကုန်ကျစရိတ် နဲ့ အချိန် ကတော့ အတူတူ လောက်ပါပဲ။ တက်ခစီ ကတော့ အထုပ်လျှောက်ဆွဲ နေဘို့ မလိုတာမို့ လူနည်းနည်း ပိုသက်သာတာပေါ့။

၂။ စကာၤပူ
စကာၤပူ မွာ 2000 လောက်တုန်း က ရုံးက Pasir PanjangPSA နဲ့ မလှမ်းမကမ်း မှာ။ တကဲ့ တောလေးလိုပါပဲ။ လမ်းကလည်း တစ်ထပ်ထည်း၊ ဘတ်စ်ကား ကြာလွန်းလို့ Commonwealth ကနေ စက်ဘီးစီးသွားတဲ့ အခါ သွားဘူးတယ်။
မကြာပါဘူး တိုင်တွေ တက်လာပြီး Expressed Way တစ်ခု ဖြစ်လာတယ်။ PSA နားက Warehouses ကြီး တွေ နေရာမှာ Office Buildings တွေ အကြီးအကျယ် ပြောင်းဆောက်တဲ့ အချိန်မှာ အလုပ်ကိစ္စ နဲ့ ရောက်ပြန်တော့ လည်း ကြွက်တွင်းတူး တဲ့ အင်္ဂလိပ် အင်ဂျင်နီယာ အချို့ တွေ့တယ်။ အဲဒီ အချိန်တုန်း က MRT ဆိုတာ အရှေ့အနောက်၊ တောင်မြောက် ရယ်။ ဘယ်လောက်ကြာခဲ့လို့လဲ MRTအသစ်တွေ အလျှို အလျှို ပေါ်လာပါရောလား။
Changi လေဆိပ် ဆိုတာ လည်း အစတုန်းက Terminal 1&2 ပဲရှိသေးတယ်။ ရထားလည်း မရောက်သေးပါဘူး။ သူငယ်ချင်းတွေ အကြိုအပို့ လုပ်ရင် ကိုယ်ချည်းပဲ ဆို ဘတ်စ်ကား နဲ့ သွားရတယ်။ နောက် Terminal 3 ဆောက်တဲ့ အချိန် Site ထဲ ခနတဖြုတ် ရောက်တတ်တယ်။ ဆောက်ပြီးခါစ Operation မလုပ်ခင် လည်း ပရောဂျက် က Tour ခေါ်ပြလို့ ရောက်ဖြစ်ပါတယ်။ ပရောဂျက် က အရမ်းကြီး လွန်းလို့ အင်ဂျင်နီယာ အချို့ ချူသံခလောက်သံ ပါအောင် ညီးတဲ့ ပရောဂျက်ပေါ့။ ကျနော် နဲ့ Woodlands က ပရောဂျက်တစ်ခု က လုပ်ဖော်ကိုင်ဖက် စလုံး Civil Engineer တစ်ယောက် ကို ရုံးက အဲဒီ့ ပရောဂျက် ကို ပို့ လိုက်တယ်။ တကယ်ဆို သူက Bedok မှာနေတာ။ ပရောဂျက် က သူ့အိမ်နဲ့ ကပ်ရက်၊ မခံနိုင်လို့ ထွက်သွားပါရောလား...
ခု ဆို လေဆိပ်ကို MRT လည်းရောက်နေတာ ကြာပြီ။ ဟိုတစ်လော က စလုံး ကို Transit နဲ့ ဝင်တော့ ကလေးတွေ က ရထားစီးချင်တယ် ဆိုတာ နဲ့ လေဆိပ် အပြန် ရထားနဲ့ ပြန်ခဲ့ ကြသေးတယ်။
စကာင်္ပူ မှာ Expressed ways တွေ က လူတိုင်းလိုလို သုံးနေကြတာပါ။ တစ်ခါတစ်ရံ မြို့ထဲအဝင် လမ်းမကျပ် အောင် ERP နဲ့ ပိုက်ဆံကောက်ပြီး ထိန်းပါတယ်။
စကားမစပ်။  ။ Nicoll Highway collapse case လို အမှားမျိုး ကိုလည်း သတိရဘို့ လိုပါတယ်။ မကျွမ်းကျင် တဲ့ အလုပ်မှာ ကျနော်တို့ အင်ဂျင်နီယာ တွေ လက်တဲ့ မစမ်းစေလိုပါ။ (အထူးသဖြင့် Myanmar PE များ ကျွမ်းကျင် မှုရှိရန် လက်တွေ့အတွေ့အကြုံ များစွာ လည်း လိုပါကြောင်း သတိရစေလိုပါသည်။ စာအနည်းငယ် ဖတ်ရုံဖြင့် လုံလောက်သော အတွေ့အကြုံ မရနိုင်ပါ။)

Public Transportation ဆိုလည်း ကောင်းမှကောင်း... ရထားတွေ က လည်း တစ်ကျွန်းလုံး နီးပါး ရောက်နေပြီ။
ရန်ကုန် မှာ ဘတ်စ်ကားတွေ လမ်းလုတာ အဆဲခံ ရပေမဲ့ စက်ာပူ မှာ တော့ ဘတ်စ်ကားတွေ နေရာရပါတယ်။ ကားများတဲ့ အချိန် မှာ ဘတ်စ်ကား တွေ အတွက် သီးသန့် လမ်းသတ်မှတ်ပေးထားတယ်။ အခြားကားတွေ ဝင်ရှုတ်တာ နည်းအောင်လို့။
နိုင်ငံအကျယ်အဝန်း က သေးတော့ ကားအရေအတွက် ကို ကန့်သတ်ဘို့ လိုတယ်။ နိုင်ငံသေးသေးမှာ ဝင်ငွေကောင်းတဲ့ သူတွေ နေတာမို့ ကားတွေကို Quota စနစ် နဲ့ COE ကို လေလံဆွဲရတယ်။ အစိုးရ က ဈေးတင်ထားတာ မဟုတ်ပေမဲ့ လူတွေ က လိုက် ပေးတော့ တစ်ခါတစ်လေ COE တင် ခြောက်သောင်း၊ ခုနှစ်သောင်း ဖြစ်လိုဖြစ်ရဲ့။
(မြန်မာပြည် မှာ လည်း ကားအရေအတွက် ကို စနစ်တကျ တွက်ချက် ထိန်းချုပ် ဘို့ လိုကောင်းလိုနိုင်ပါတယ်။ ဒီလောက် အဆင့် မဟုတ်ပေမဲ့ မီးခိုးထွက် အင်ဂျင်ကျ ကားတွေ၊ အန္တာရာယ်ရှိတဲ့ ကားတွေ ကို စစ်ပြီး လမ်းပေါ်ကနေ ဖယ်ပစ်နိုင်ဘို့ ပါ။)


၃။ ဟူစတန်၊ တက်ခ်ဆက်
ခုကျနော် နေတဲ့ Texas ပြည်နယ် ကတော့ Public Transport ဆိုတာ Houston, Dallas, Austin တို့လို မြို့ကြီးတွေ အတွင်းလောက်မှာ ပဲ ရှိတာပါ။ သွားရေး၊ လာရေး (ဈေးသွားရင်တောင်) သိပ်မနီး လှ တာ မို့ ကိုယ်ပိုင်ကားတွေပဲ အားကိုးကြရပါတယ်။ တက်ခစီ က လည်း အီနေအောင် ပေးရတာ။ (တစ်ခါတစ်လေ တက်ခစီ စီးရရင် စကာင်္ပူ ကို သတိရတယ်။) အိမ်တိုင်းလိုလို ကား နှစ်စီး၊ သုံးစီး တော့ ရှိကြတာပါပဲ။ နောက် Texan Size လို့ ပြောကြတဲ့ ကားအကြီးတွေ ကို လည်း ကြိုက်ကြတယ်။ တစ်ယောက် ထဲ ရုံးသွားတဲ့ ကားတောင် Ford F150 လို V-8 Truck တွေ မောင်းတဲ့ သူက အများသား။
ဒီလောက် ကားတွေ များနေတာ ရန်ကုန် လို လမ်းမျိုးတွေ ဆို ခက်ရချည့်။ အဓိက ကတော့ Freeways တွေ နဲ့ Tollways တွေ ကို သုံးကြရပါတယ်။ Tollways ဆိုတာ ကလည်း ERP လို ပုံစံ ပိုက်ဆံကောက်တာမို့ အရှိန်လျှော့စရာ မလိုပါဘူး။ (ကွာတာ ကတော့ အကောင့်ဖွင့်ပြီး RFID Tag နဲ့ တန်းသုံးတာပါ။ Cash Card မရှိပါဘူး။) အဲ ဖရီးဝေး က လှမ်းလို့ Tollways ပဲရှိတဲ့ နေရာမှာ ပိုက်ဆံ မပေးချင် လို့ ဘေးလမ်းက သွားလည်း ရပါတယ်။ မီးပွိုင့် ဖြတ်ရမှာ လောက်ပါပဲ။
ဒီ Freeways နဲ့Tollways အမြန်လမ်းတွေ တစ်ခု ကနေ တစ်ခု ကို ကူးတဲ့ အခါ ရပ်စရာ မလိုပဲ အရှိန် နည်းနည်း လျှော့ပြီး အလွယ်တကူ ကူးသွား လို့ ရအောင် လည်း လုပ်ထားတာ မို့ အချိန်ကုန် အရမ်းသက်သာပါတယ်။
အောက် က Google Maps မှာ ကျနော်နေတဲ့ (Houston, Texas) မြို့က လမ်းဆုံ တစ်ခု ကို ပြထားပါတယ်။ ဒီလို လမ်းဆုံ မျိုးတွေ ဒီမှာ အများကြီး ရှိပါတယ်။ 
ဒီပုံ ကတော့ Interstate 10 & Belt-way 8 ပါ။ လမ်းက နှစ်ထပ်ပါ။ (အဲလမ်းဆုံ မှာ တော့ အထပ်ထပ် ပါ၊ မြင်တဲ့ အတိုင်းပါပဲ။)
အပေါ်က Freeway 10 & Sam Houston Tollway (Beltway 8) အောက်က တော့ သူတို့ ရဲ့  Feeder Roads တွေပေါ့။ ဖရီးဝေး ဆိုတဲ့ အတိုင်း မီးပွိုင့် မပါတဲ့ လမ်း နှစ်လမ်း ကို အရှိန် သိပ်မလျှော့ရပဲ ချိတ်ဆက်ပေးသွားတာပါ။ I-10 အပေါ်လမ်းမှာ အသွား ၇-လမ်း အပြန် ၇-လမ်း ရှိပါတယ်။ Beltway မှာတော့ တစ်ဘက် လေးလမ်းစီပါ။ Beltway ကမြို့ပတ်လမ်းပါ။ အတွင်းမှာ လည်း မြို့ပတ်အမြန်လမ်း နံပါတ် 610 ရှိပါတယ်။
လူတစ်ယောက်ထက် ပိုများရင် အမြန်လမ်းပေါ် မှာ အခွင့်အရေး ပေးလေ့ရှိပါတယ်။ Texas မှာတော့ HOV (High Occupancy Vehicles) Lane လို့ ခေါ်ပြီး California မှာတော့ Car Pool Lane လို့ လည်း သိကြပါတယ်။ ဒီလမ်းတွေ က ကားကျပ်တဲ့ အချိန် မှာ အခြားလမ်းတွေ ထက် အများကြီး ပိုချောင် လေ့ရှိတာ မို့ လူကြုံလိုက်မဲ့ အသိအကျွမ်း များ ရှိရင် ကျေးဇူးတောင် တင်စရာ ကို ဖြစ်လို့။
အောက်က Feeders တွေ ကလည်း တစ်ခြမ်းကို သုံးလမ်းစီလောက် ရှိပါတယ်။ Feeders တွေမှာတော့ မီးပွိုင့် တွေ ပါပါတယ်။ ဂ-ကွေ့ ကို တော့ မီးပွိုင့် မရောက်ခင် လေး မှာ ထားပေးပါတယ်။ ပြန်ကွေ့ချင်ရင် မီးပွိုင့်စောင့်စရာ မလိုတော့ဘူးပေါ့။ Feeders တွေ ကို Freeway နဲ့အပြိုင် လုပ်ထားပေးတာ က တော့ ဟူစတန် မြို့ရဲ့ ထူးခြားချက် တစ်ခု ပါ။ အဝင်အထွက် လွယ်သွားသလို Freeway က မှားထွက်မိရင် လည်း ခန နဲ့ ပြန်တက်လို့ ရနိုင်ပါတယ်။
ညာဘက်ချိုးဘို့ တော့ အများအားဖြင့် ရန်ကုန် မှာလို ကြက်လျှာစွန်း ပေါင်းသွားတဲ့ အကွေ့လမ်းရှိတတ်ပါတယ်။ မီးပွိုင့်မိနေ တဲ့ အချိန် ညာဘက်ကွေ့ဘို့ပြင်နေတဲ့ ကား မီးနီမှာ ကိုယ့်လမ်း ကားရှင်းလို့ ညာဘက်ကို ကွေ့ခွင့်ရှိပါတယ်။ ကားတော့ တစ်ချက်ရပ်ရပါတယ်။ ဒါကပြည်နယ်တိုင်းလိုလို မှာ ရနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။
Freeway I-10 & Feeder Roads မှာ အပေါ်အောက် တစ်ဖက် ၁၀ လမ်းစီလောက် ပါတာတောင် နေ့တိုင်း လိုလို ကားကျပ်ပါတယ်။ ကားချောင် ရင် တော့ Freeway တွေမှာ မိုင် ၇၅-၈၀ (ကီလို ၁၂၀-၁၃၀ နီးပါး) လောက်တော့ အနည်းဆုံး ဆော်ကြတာပါပဲ။
ဒီလမ်းဆုံ ကို စိတ်ကြိုက် အပေါ်အောက် ဘေးဘီ ကြည့်လို့ ရအောင် Google Map & Street View တွေ ကို အောက်မှာ ပေးထားပါတယ်။
https://www.google.com/maps/@29.7834464,-95.5622015,711m/data=!3m1!1e3
လမ်းပေါ်က မြင်ကွင်း
https://www.google.com/maps/@29.783321,-95.5626006,3a,79.7y,-137.79h,84.12t/data=!3m4!1e1!3m2!1soKiO7WynfHyN-h6R1G3BNw!2e0

ကယ်လီဖိုးနီးယား LA နားမှာ နေတုန်းက လည်း တစ်နေရာရာ သွားချင်ရင် Freeway ပဲ အားကိုးရတာပါပဲ။ အသုံးများခဲ့ တာ က လည်း I-10 ပါ။ I-10 အတိုင်း ဟူစတန် က နေ LA မောင်းသွားရင်တော့ မိုင် 1,600 လောက်မောင်းရမယ်။ (နားမောင်းရင် နှစ်ရက်လောက် နဲ့ ရောက်မယ်ထင်ပါရဲ့။)
CALIFORNIA STREETS AND HIGHWAYS CODE ကို အောက်မှာ ပေးလိုက်ပါတယ်။
http://www.leginfo.ca.gov/.html/shc_table_of_contents.html
I-10 က တောင်ပိုင်း မှာရှိတဲ့ အမြန်လမ်းမကြီး ဖြစ်ပြီး အနောက် ကယ်လီဖိုးနီးယား က နေ ဖလော်ရီဒါ ပြည်နယ်အထိ၊ (Pacific က နေ အရှေ့ Atlantic Ocean နား အထိ) မိုင် ၂၅၀၀ နီးပါး ရှည်ပါတယ်။ လမ်းတစ်လျောက်လုံး တစ်ဘက် ခုနှစ်လမ်း၊ ရှစ်လမ်းသွား တော့ မဟုတ်ပါဘူး။ မြို့ကြီးတွေ နားနီးလာရင် တစ်ဖြေးဖြေး လမ်းတွေ များလာမယ်။ အချို့ တောဘက်မှာ နှစ်လမ်း၊ သုံးလမ်း ဖြစ်ချင် ဖြစ်ပါမယ်။
https://en.m.wikipedia.org/wiki/Interstate_10

ဒီမှာသုံးမဲ့ ဘတ်ဂျက်ရဲ့ အချို့က ကားမောင်းသူ တွေ ဆီ က လာတာပါ။ ဓါတ်ဆီ နဲ့ ဒီဇယ် မှာ ဒီ လမ်းအတွက် အခွန် ထည့်ကောက် ထားပါတယ်။ စကောက်တုံး က တော့ တစ်ပြားနှစ်ပြားပေါ့။ ခုဆို ဓါတ်ဆီ တစ်ဂါလံ အတွက် ပျမ်းမျှ ၂၆ပြားကျော်လောက် ကောက်တယ် လို့ သိရပါတယ်။
https://www.eia.gov/tools/faqs/faq.cfm?id=10&t=10
ဒီလို အခွန်မျိး မြန်မာပြည် မှာ လုပ်မယ် ဆိုရင် တော့ မတရားရာ ကျမလားပဲ။ ဘီးခွန် ဆိုတာ လည်း ကောက်တယ်။ မြို့ဝင်ကြေး လည်း ပေးရတယ်။ တိုးဂိတ် မှာလည်း ပေးရသေးတယ်။ ဆိုတော့....


၎။ မဟာရန်ကုန်
အပေါ်မှာ ကျနော် ယှဉ်ပြခဲ့တဲ့ မြို့တွေ နဲ့ ယှဉ်ရင် မဟာရန်ကုန်မြို့တော် ကလည်း သူတို့ နည်းတူ လူဦးရေ ရော အရွယ်အစား ရော ကMega-City တစ်ခု အဆင့်မှာ ရှိနေတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ (အဲ အိမ်ဈေး အပါအဝင်။)
နောက်လမ်းကူးတဲ့ သူတွေ အဆင်ပြေအောင် အခြားနိုင်ငံတိုင်းလိုမှာ ရှိလေ့ရှိတဲ့ လူကူးမီးပွိုင့်လို (သို့) လူကူးတံတား မျိုးတွေလည်း ထားပေးသင့်ပါတယ်။ Accessible
ဖြစ်ရင်တော့ပိုကောင်းတာပေါ့။ လူတွေလည်း အန္တာရာယ် ကင်းကင်းကူးနိုင်အောင်ပါ။ (ကျနော် ကားစီးရင် ထိုင်ရတာ က ကိုယ်မောင်းနေကျ ဘယ်ဘက်မှာ ဆိုတော့ ပြောရမယ် ဆို မမောင်းပေမဲ့ ဒရိုင်ဘာ တစ်ယောက် လို တွေးကြည့်မိပါတယ်။ လူတွေဒီလောက် ပျားပန်းခတ်နေတဲ့ နေရာ ကိုယ့်အကျင့် နဲ့ ဆို ရပ်နေရမယ် ထင်ပါတယ်။)
ရန်ကုန် မှာ လည်း လမ်းနှစ်ထပ် တွေ တွေ့ပါတယ်။ အမြန်လမ်း မဟုတ်ပဲ တောင်မရောက် မြောက်မရောက် ဂုံးကျော် တံတားသာသာ မို့ ဟိုမရောက် ဒီမရောက်၊ Ramps တွေ နဲ့ နေရာတောင် ပိုရှုပ်သွားသလို ပါပဲ။ (ကျနော့်အမြင်ပါ။) ဒီလို ဂုံးကျော်တံတားတွေ ဆောက် လမ်းတွေ ဖြစ်သလို ပြင်နေတဲ့ အဆင့် နဲ့ တော့ ဒီလမ်းကျပ်တဲ့ ပြဿနာ က ရှင်းသွားဘို့ မမြင်ပါဘူး။
လူတန်းစား အချို့ ကား နည်းနည်း ပိုစီးလာနိုင်တာ ကို ရမယ်ရှာရင် သင့်တော်မယ် လို့ မထင်တာတော့ အမှန်ပါ။
ဘတ်ဂျက်ကြောင့် လို့ လွယ်လွယ်ပြောရင် ဆင်ခြေပေးရင်လည်း ရပါတယ်။ အကြောင်းရင်း ရှာရင် ပြောလို့လည်း ကုန်မှာ မဟုတ်သလို အလကား အကုသိုလ် ပွားမှာ မို့...
City/Urban Planning နားလည်ကျွမ်းကျင်တဲ့ ပညာရှင်တွေ ကို ဖိတ်ခေါ်ပြီး Expressed Ways, Public Mass Transit စတဲ့ စနစ်တွေ ကို စဉ်းစားဘို့ လိုနေပါပြီ။ (ဒါနဲ့ ပတ်သက်လို့ Proposal Presentation & Animations တွေ့မိပါတယ်။ လမ်းနှစ်ထပ် လုပ်ဘို့  နဲ့ MRTထည့်ဘို့။ လိုအပ်ချက် မီမယ်လို့ တော့မထင်သေးပါ။) လမ်းနှစ်ထပ် လုပ်ရင်လည်း အပေါ်က Expressed Ways တွေ မှာ တိုးလာမဲ့ ကားအရေအတွက် ကို ထည့်စဉ်းစားပေးဘို့ လိုအပ် ပါလိမ့်မယ်။ အနည်းဆုံး တစ်ဘက် သုံးလမ်းသွား လောက် ရှိမှ ရေရှည်သုံးဘို့ အဆင်ပြေပါမယ်။ နှစ်လမ်းထဲရှိတဲ့ Tollway မှာ ကားပိတ်တတ်တာ နေ့စဉ် လို ကြုံဘူးလို့ပါ။ ချဉ်းကပ်လမ်း ပုံစံ တွေ ကို လည်း နိုင်ငံ တကာ အမြန်လမ်းမ တွေ ရဲ့ ပုံစံ မျိုး ဖြစ်အောင် လုပ်သင့်တယ် လို့ ထင်ပါတယ်။)
လောလောဆယ် ရန်ကုန်မှာ ပြေးမြင်တာကတော့ မြို့ပတ်ရထားလမ်းနေရာ။ သုံးတတ်ရင် သုံးလေးမျိုး သုံးလို့ ရလောက်ပါတယ်။ ရှိပြိးသား ဂုန်းကျော်တစ်ချို့တော့ ဖျက်သင့်တန် ဖျက်ပေါ့။ (ကျနော့် အမြင်ပါ။)
ဒီမြို့ပတ်လမ်း နဲ့ ရထားစနစ် ကို အဆင့်မြှုင့်ဘို့ အတွက် လိုအပ်မဲ့ ဘတ်ဂျက် အကူအညီ ချေးငွေ ကို JICA နဲ့လက်မှတ်ထိုး ပြီး သဘောတူထားပြီ လို့ သိရပါတယ်။
October 16, 2015
Signing of Japanese ODA Loan Agreement with Myanmar: Support for the Yangon urban transportation network, a stable power supply to the Greater Yangon area and the East-West Economic Corridor
http://www.jica.go.jp/english/news/press/2015/151016_01.html

ဘယ်လို ဘယ်အဆင့် အထိ လုပ်မယ် ဆိုတာ တော့ ရှာ မကြည့်ရသေးပါဘူး။ တစ်ချိန်ထဲ မှာ ပဲ ပြင်တုန်း အမြန်ကားလမ်း နဲ့ ရထားလမ်း တွဲတင်လို့ ရရင်တော့ ပိုကောင်း မယ် လို့ မြင်ပါတယ်။ အဆင်ပြေ ရင် Utilities Infrastructure တွေ အတွက် ပါနေရာ ရနိုင်ပါတယ်။ အခွင့်အရေး ဆိုတာ က အမြဲတမ်း ရမှာ မဟုတ်ပါဘူး။ မဟုတ် ရင် တောမရောက် တောင်မရောက် ဂုံးကျော် တံတားတွေ လို ဇော်ကန့်လန့် မဖြစ်စေ ချင်တာ တော့ အမှန်ပါ။ 

လေဆိပ် ကို သွားဘို့ ကလည်း လမ်းကျွမ်းကျင်တဲ့ သူကို သုံးလေးနာရီ ကြိုခေါ်ထားတာတောင် အမီရောက် ဘို့ မသေချာချင်ဘူး။

US မှာ တော့ ဒီလို အမြန်လမ်းမတွေ (မြို့ဖြတ်လမ်း၊ မြို့ပတ်လမ်း အပါအဝင်) ကို လမ်းပန်းဆက်သွယ်ရေး (လမ်း၊ တံတား) တာဝန်ယူလေ့ ရှိပြီး မြို့ထဲ က လမ်းသွယ်၊ လမ်းမ တွေ ကို တော့ စည်ပင်သာယာ က တာဝန်ယူရပါတယ်။
JICA & Yagon-2040
ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေ နဲ့ မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ နဲ့သက်ဆိုင်တဲ့ Japan International Cooperation Agency (JICA) နဲ့ Yangon City Development Committee (YCDC) ပူးတွဲ လေ့လာထားတဲ့ A Strategic Urban Development Plan of Greater Yangon Reports တွေပါ။ လက်ရှိအခြေအနေ ကို လည်းဖော်ပြထားတာ တွေ့နိုင်ပါတယ်။ လမ်းကျပ်တာ၊ Water Tap တိုင်းမှာ ဘက်တီးရီးယား တွေ့နေတာ၊ Sanitation လိုအပ်ချက် တွေ အပါအဝင်ပါ။
Infrastructure upgrade အတွက် အခြေအနေ ကောင်းတစ်ခု လို့ ပဲ ဆိုရပါလိမ့်မယ်။
FINAL REPORT I  http://open_jicareport.jica.go.jp/pdf/12122511.pdf
FINAL REPORT II  http://open_jicareport.jica.go.jp/pdf/12145967.pdf
Credit to Linn Kyaw Zaw for the web links

အသေးစိတ် ဖတ်ကြည့်ရင် သူတို့ရဲ့ အားစိုက်ထုတ်မှု မနည်းလှတာ ကို တွေ့ရပါလိမ့်မယ်။
သတိပြုရမှာ က အချက်တော်တော်များများ က အမှန်တွေ အသေးစိတ် နဲ့ လုပ်သင့်တာတွေ ကို မီးမောင်းထိုးပြထားတာ ဖြစ်ပေမဲ့ တကယ်လုပ်မဲ့ အခါ အတားအဆီး တွေ ရှိနေအုံးမယ် ဆိုတာပါ။ ဒီအချက် ကို အောက်မှာ ဖော်ပြပေးထားတဲ့ သတင်းတစ်ပုဒ် မှာ တွေ့မြင်နိုင်ပါတယ်။
ယနေ့ အချိန်အထိ ၂၀၁၃ ခုနှစ်တွင် JICA က တင်ပြခဲ့သော ကျယ်ပြန့်သည့် အစီအစဉ်ကို မြန်မာအစိုးရ၏ အကောင်အထည် ဖော်မှုက ၁၀ ရာခိုင်နှုန်း ပင်မရှိဟု ဆူဇူကီးမာဆာဟီကိုက ပြောသည်။
ရန်ကုန်ကို ကယ်ကြစို့။
http://burma.irrawaddy.com/article/2015/04/04/73560.html


ဘတ်ဂျက်၊ နည်းပညာ၊ အတွေ့အကြုံ ရှိတဲ့ အင်ဂျင်နီယာ နဲ့ ကန်ထရိုက် တွေ လည်း လိုအပ် မှာ ဖြစ်ပါတယ်။ နိုင်ငံခြား အကူအညီ လိုအပ်တာ လည်း အမှန်ပါ။ ကောင်းမွန်တဲ့ နည်းစနစ် (Public Works Construction Regulations & Control) တွေ လည်း ရှိဘို့လိုအပ်ပါမယ်။
ဒါ့အပြင် လိုအပ်ချက် မရှိဘူး လို့ လည်း မပြောနိုင်ပါဘူး။ စာဖတ်သူ ကိုယ်တိုင် သေချာ လေ့လာကြည့်ပြီး ဆန်းစစ် သုံးသပ်စေလိုပါတယ်။
Building Codes က တစ်ပိုင်း ဒီ့အပြင် Municipal Codes & City Ordinance တွေ လည်းရှိအုံးမှ။ ပစ်ထားသလို ဖြစ်နေတာ က လည်း ကြာပြီ ဆိုတော့။
ကိုယ့်အကျိုးအတွက် ပဲ ကြည့်ပြီး ကန့်လန့်တိုက်တတ်တဲ့ သူတွေ က လည်း ကိုယ့်စရိတ် နဲ့ ကိုယ် အလိုက်တသိ သွားဘို့ မပြောနဲ့  စရိတ်ပေးရင် တောင်...
မြို့ပြလူနေမှု အရည်အသွေး ကတော့ မပြောတော့ပါဘူး။ ကားရှုတ်တာ အပြင် အခြား ပြင်စရာ ဆိုလို့ အမှိုက်လေး စည်းကမ်းမဲ့ ပစ်လို့ ရှုတ်နေတာရယ်၊ ရေလေး၊ လေလေး မသန့်တာရယ်၊ အစားအသောက် မစားရဲတာလေးရယ်၊ အသံလေး ဆူညံတာရယ်၊ မီးလေးမမှန်တာရယ်၊ ခြင်လေးယင်လေး ပေါတာရယ် နဲ့ လမ်းပေါ် ဟိုထွေးဒီထွေး ကွမ်းသွေးချည်း ဖြစ်နေတာလေး လောက်ပါ။ ဒါတွေ ကို ပြင်နိုင်ဘို့ Infrastructure တွေ က အဓိက ကျနေတော့လည်း....

Summary
ဒါလေးတွေ ပိုကောင်းအောင် ဘယ်လိုလုပ်ကြမလဲ ကို စဉ်းစားပေးကြပါ။
၁။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ လူစည်းကမ်း။
၂။ အမြန်လမ်းမ နှင့် သက်ဆိုင်သော Highway-Codes များ။
၃။ ကုန်ကျစရိတ် နဲ့ ကားလမ်း အသုံးပြုသူများ။
၎။ ကားအရေ အတွက် ထိန်းသိမ်းရေး နဲ့ လမ်းပေါ်မှာ မရှိသင့်တော့တဲ့ ကားတွေ ကို လိုင်စင်ဆက်ထုတ် မပေးဘို့။
၅။ Public Transportations : သယ်ယူပို့ဆောင်ရေး စနစ်များ ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ဘို့
၆။ လေဆိပ် အသွားအပြန် ခရီးစဉ်။
၇။ Infrastructure

စာရေးသူ ၏ အာဘော် ကို လွတ်လပ်စွာ သဘောထားကွဲလွဲ ခွင့်ရှိပါကြောင်း....
Download PDF: "I002_R02 Transportation Infrastructure and Yangon.pdf"

Sunday, November 15, 2015

မြို့ပြ အခြေခံ စနစ်များ နှင့် စည်ပင်သာယာ ဝန်ဆောင်မှု စနစ်များ အကြောင်း မိတ်ဆက်။

မြန်မာနိုင်ငံ ရဲ့ Infrastructure တွေ ကို မွမ်းမံဘို့ Mega-City ဖြစ်နေတဲ့ မဟာရန်ကုန် ရဲ့ လိုအပ်ချက် တွေ ကို ဆွေးနွေးနိုင်ဘို့ အချက်တွေကို File Upload တင်ပေးလိုက်ပါတယ်။ (Rev 4, 28 Nov 2015)
တိုးတက်လာတဲ့ လူဦးရေ နဲ့ မွမ်းမံ ရမဲ့ စနစ်တွေ အကြောင်းပါ။ အင်မတန် အိမ်ယာ ဈေးကြီးတဲ့ မြို့ ဖြစ်နေပေမဲ့ အခြေခံ စနစ်တွေ မပြည့်စုံသေးတာ ကို မဟာရန်ကုန် က စပြီး ပြင်နိုင်အောင် အဖြေရှာ ပေးနိုင်ဘို့ပါ။
လက်ရှိအစိုးရ ဖွဲ့တော့ မဲ့ NLD ပါတီ ရဲ့ စီးပွားရေး မူဝါဒ အချက် ငါးခု မြောက် က လည်း Infrastructure တွေ ကို မွမ်းမံဘို့  ဖြစ်တာမို့ အကောင်အထည် ပေါ်နိုင်ပါစေ လို့ ဆန္ဒလည်းပြု လိုအပ်ချက် တွေ ကို လည်း လေ့လာတဲ့ သဘောပါ။

မြန်မာနိုင်ငံ နဲ့ ပတ်သက်လို့ မြို့ပြအခြေအနေ တွေ အကြောင်း ပြောဆို ဆွေးနွေး ကြတဲ့ အခါ ပြည်ပရောက် မြန်မာ အင်ဂျင်နီယာ တွေ နဲ့ နိုင်ငံခြားသား အင်ဂျင်နီယာ တွေ သဘော တူညီတဲ့ အကြောင်းအရာ တစ်ခု ကတော့ မြန်မာနိုင်ငံ က Public Infrastructure တွေ ကို တိုးချဲ့ ပြီး ပိုမို ကောင်းမွန် အောင် လုပ်သင့် နေပြီ ဆိုတဲ့ အချက်တစ်ခုပါ။
ဒီနေရာမှာ Public Infrastructure ဆိုတာ ကတော့ နိုင်ငံ တစ်ခု၊ မြို့ပြတစ်ခု ရဲ့ လူနေမှု နဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက် ဘို့ အထောက်အပံ့ ပေးမဲ့ အခြေခံ စနစ်တွေ ကို ဆိုလိုပါတယ်။ ဒါကို Hard Infrastructure နဲ့ Soft Infrastructure လို့ နှစ်ပိုင်းခွဲနိုင်ပါတယ်။
Hard Infrastructure လို့ခေါ်တဲ့ အခြေခံ စနစ်တွေ ကိုကြည့်ရင်။
  1. ခရီးသွား အဆင်ပြေဘို့ လမ်းပန်းဆက်သွယ်ရေး ကွန်ယက်များ။ (ကားလမ်း၊ အမြန်လမ်း၊ ရထားလမ်း၊ မြို့ပြ လူများစု ပို့ဆောင်ရေး စနစ်များ၊ တံတား၊ ကားဂိတ်၊ဘူတာ၊ သဘောင်္ဆိပ်၊ လေဆိပ်၊)
  2. မိုးရေ နှင့် ရေအရင်းအမြစ် စီမံခန့်ခွဲ ရေး နှင့် ရေသန့် ပေးဝေရေး စနစ်များ၊
  3. မိလ္လာ နှင့် ရေဆိုး သန့်စင်ရေး နှင့် စွန့်ပစ်ရေး စနစ်များ၊
  4. အမှိုက်သိမ်း စနစ် နှင့် စနစ်တကျ စွန့်ပစ် ရေး စနစ်များ၊ သန့်ရှင်းရေး စနစ်များ။
  5. အဆိပ်အတောက် (သို့) အန္တာရာယ် ဖြစ်စေနိုင်သော အမှိုက်များ စနစ်တကျ သန့်စင် စွန့်ပစ်ရေး စနစ်များ။
  6. လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး နှင့် ဖြန့်ဝေရေး စနစ်များ၊
  7. ဆက်သွယ်ရေး တယ်လီဖုန်း၊ ကေဘယ် (တီဗီ၊ အင်တာနက်) နှင့် အရေးပေါ် အချက်ပေး နှင့် ကာကွယ်ရေး စနစ်များ၊

ဒုတိယ အမျိုးအစား က တော့ နိုင်ငံ တိုးတက်ရေး နဲ့ ပြည်သူတွေ ရဲ့ လူနေမှု ဘဝ တိုးတက်ရေး (စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ အပန်းဖြေ ရေး နဲ့ အသက် အိုးအိမ် စည်းစိမ် လုံခြုံစိတ်ချ မှု ရှိရေး) အတွက် လိုအပ်တဲ့ Soft Infrastructure လို့ ခေါ်တဲ့ အဖွဲ့အစည်း တွေ၊ စီမံခန့်ခွဲမှု စနစ်တွေ နဲ့ ၄င်းတို့ရဲ့ အခြေခံ အဆောက်အအုံတွေ ကို ဆိုလိုပါတယ်။
  • အုပ်ချုပ်ရေး တရားဥပဒေ စိုးမိုးရေး။ ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ အရေးပေါ် (ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အရေးပေါ်သူနာပြု / လူနာပို့ဆောင်ရေးနှင့် သဘာဝ ကပ်ဘေး ကာကွယ်ရေး စနစ်များ)၊ နိုင်ငံတော် ကာကွယ်ရေး နဲ့စစ်ဘက်ဆိုင်ရာ။
  • စီးပွားရေး။ ။ ဘဏ်၊ ဈေးကွက်၊ အခြေခံ စီးပွားရေး နှင့် ကုန်ထုတ်လုပ်မှု ဆိုင်ရာ စက်ရုံ အလုပ်ရုံ၊ ဝန်ကြီးဌာန (လယ်ယာ၊ စက်မှု၊လက်မှု၊ သယံဇာတ။)
  • လူမှုရေး။ ။ကျန်းမာရေး၊ (ဆေးရုံ၊ဆေးခန်း)၊ ပညာရေး (စာသင်ကျောင်း၊ သင်တန်းကျောင်း၊ တက္ကသိုလ်)၊ ကပ်ဘေး မှ ပြန်လည်ပြိုးထောင်ရေး။
  • ရိုးရာဓလေ့ ယဉ်ကျေးမှု၊အားကစား နှင့် အပန်းဖြေရေး။ ။အားကစားရုံ၊ အားကစားကွင်း၊ ပန်းခြံ၊ ပြတိုက်၊ ရုပ်ရှင်၊ ရှေးဟောင်းအမွေ အနှစ်၊ဘာသာရေး ဆိုင်ရာ အသင်းအဖွဲ့ များ။
ဒီလိုအပ်ချက်တွေ က လည်း မြို့ပြ စည်ပင်သာယာရေး (မြူနီစီပါယ်) စနစ် တွေ အတွက် အခြေခံ ဖြစ်နေပြန်ပါတယ်။ နိုင်ငံ တကာ ရဲ့ မြို့တွေ မှာ သူတို့ မြို့တိုးတက်ဖွံ့ဖြိုးရေး အတွက် အစီအစဉ် တွေ ရှိနေလေ့ရှိပါတယ်။ ကိုယ့်မြို့စီးပွားရေး နဲ့ လူနေမှု ဘဝတိုးတက်ဘို့၊ သန့်ရှင်း သာယာလှပဘို့၊ နာမည်ကောင်း ရှိဘို့ နဲ့ထိန်းသိမ်း နိုင်ဘို့၊ လုံခြုံစိတ်ချ ရဘို့၊ စီးပွားရေ အရရော၊ အလည်အပတ် အတွက်ပါ ဆွဲဆောင်မှု ရှိဘို့ ရေတို၊ ရေရှည်စီမံကိန်း တွေ သတ်မှတ် ပြီး မြို့ကျက်သရေ နဲ့ ဂုဏ်သိက္ခာ ရှိအောင် မြို့တော်ဝန် နဲ့ အုပ်ချုပ်ရေး စနစ် တွေ စည်ပင်သာယာ၊ အခြားလူမှုရေး၊ လိုအပ်ချက် တွေ ကို စနစ်တကျ အုပ်ချုပ် စီမံ ခန့်ခွဲ နေနိုင်ဘို့ လိုအပ်ပါတယ်။
စာရေးသူ အနေနဲ့ ဆရာကြီးတစ်ယောက် မဟုတ်သလို Jack-of-All-Trades မဟုတ်တာ မို့ ကိုယ် ရင်းနှီးကျွမ်းဝင်တဲ့၊ လုပ်ငန်းအတွေ့ အကြုံနဲ့ တိုက်ရိုက် ပတ်သက်တဲ့ မြို့ပြဒေသ အဆောက်အအုံ တွေ ဘက် ရှုထောင့်ကနေ ပဲ ကြည့်ပြီး ဆွေးနွေး မှာပါ။ မဟာ ရန်ကုန် မြို့တော် အတွက် အဆင့်မြှင့် ဘို့ လိုအပ်တဲ့ မြို့ပြလူနေမှု စနစ် မှာ ရှိသင့်တဲ့ ဝန်ဆောင်မှု အကြောင်းအရာ အချို့ ကို ဦးစားပေး ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။
မြို့လို့ခေါ်လိုက်ရင် မြို့အင်္ဂါရပ်တွေ နဲ့ ညီဘို့ လိုပါတယ်။ ဒီအင်္ဂါရပ် ဆိုတဲ့ စကားလုံး မှာ လည်း ခေတ်နဲ့ လည်း လိုက်လျော ညီထွေ ရှိတဲ့ အင်္ဂါရပ်မျိုး တွေ ကို ဆိုလိုပါတယ်။ မြို့တော် ဆိုရင် လည်း မြို့တော် တစ်ခု ရဲ့ လိုအပ်ချက် နဲ့ ညီဘို့ လိုအပ်ပါမယ်။ အနာသိမှ ဆေးရှိမှာ မို့ လုပ်သင့်တာ နဲ့ ဖြစ်သလို လုပ်နေရတာ တွေ ကို အခြေအနေ ဆိုးသည်ထက် ဆိုးသည့် ဘက် ကို မသွားပဲ အမြန်ဆုံး ပြုပြင်နိုင်ဘို့ ကြိုးစားကြရမှာပါ။ စနစ် ကျတဲ့ စီမံခန့်ခွဲမှု တွေ လုပ်ထုံးလုပ်နည်း တွေ ချမှ ပြီး သင့်တော်တဲ့ စီမံကိန်းတွေ ကို လည်း အကောင်အထည် ဖော်ဆောင် နိုင်ဘို့ လိုအပ်ပါတယ်။
မြို့လို့ ဆိုလိုက်တာ နဲ့ စနစ်တကျ ဖောက်လုပ်ထားတဲ့ လမ်းတွေ ရှိရမယ်။ ရာဇဝတ် မှု နဲ့ မီးဘေးအန္တာရာယ် တွေ တင် မက သဘာဝ ဘေးအန္တာရာယ် အတွက် ကာကွယ်မှု အစီအစဉ် တွေ ရှိရမယ်။ ရေ၊ မီးအစုံ ရှိရမယ်။ အမှိုက် တွေ ရှင်းရမယ်။ သန့်ရှင်းမှု ရှိရမယ်။ အနားယူ အပန်းဖြေ၊ လေ့ကျင့်ခန်း လုပ်ဘို့ ပန်းခြံတွေ၊ ကစားကွင်းတွေ ရှိရမယ်။ ကျန်းမာရေး အတွက် လိုအပ်တဲ့ ဆေးရုံ၊ ဆေးခန်း နဲ့ အရေးပေါ် လူနာစောင့်ရှောက်မှု စနစ်တွေ ရှိရမယ်။ နေချင် စဖွယ်လည်း ဖြစ်နေရပါမယ်။
ဟုတ်ကဲ့။ မြို့ပြတစ်ခု မှာ နေတဲ့ သူတွေ အတွက် ဒါတွေက ရသင့်တဲ့ အခြေခံ လိုအပ်ချက်တွေ ပါ။ ရေ၊မီး အစုံ လိုချင်ပါတယ်။ ခြင်ကိုက် မခံခြင်ကြပါဘူး။ အစားအသောက်တွေ ယင်နားတာ မကြိုက်ကြ ပါဘူး။ အမှိုက်တွေ နဲ့ နံစော်ညစ်ပတ်နေတာ လည်း ကြိုက်ကြမယ် မထင်ပါဘူး။ သွားရေးလာရေး လည်း လွယ်ကူချောမွေ့စေချင်ပါမယ်။ စိတ်ချမ်းသာစွာ သွားလာနေထိုင်ချင်ကြပါမယ်။
ဒါဆို ဒီလို စည်ပင်သာယာ ဝန်ဆောင် မှု တွေ အလကား ရနိုင်မလား ဆိုရင် လည်း မရနိုင်ပါဘူး လို့ပဲ ဖြေရပါမယ်။။ လမ်းတွေခင်းတာ၊ လူသွား ပလက်ဖောင်းတွေ၊ မီးပွိုင့်တွေ၊ ရေ၊ မီး၊ မိလ္လာ စနစ်တွေ အပါအဝင် Infrastructure တွေ အားလုံး ကို ဆောက်လုပ်ဘို့၊ ထိန်းသိမ်းဘို့၊ မွမ်းမံ ချဲ့ထွင်ဘို့ ကုန်ကျစရိတ် တွေ လည်း ရှိပါတယ်။ ဒီကုန်ကျ စရိတ် တွေ ကို မြို့ကို စနစ်တကျ စီမံခန့်ခွဲမှု တွေ က ရလာတဲ့ အခွန်အကောက် ငွေတွေ၊ မ တည်ငွေ တွေ နဲ့ ဖြည့်ဆီးပေးရပါတယ်။ မြို့တော်တွေ ရဲ့ စီမံ ခန့်ခွဲ မှု လိုအပ်ချက် ကို နောက် ပိုင်း စာစုတွေ မှာ ဆက်လက် ဆွေးနွေးပေးသွားပါမယ်။
ရန်ကုန် မြို့တော် မှာ ဒုတိယ ကမ္ဘာစစ် မဖြစ်မီ က လူဦးရေ ငါးသိန်းခန့် ပဲ ရှိတယ်လို့ ဆိုပါတယ်။ ခုလက်ရှိ အခြေအနေ မှာ လူဦးရေ က ငါးသန်း မက တော့တာ မို့ မဟာ ရန်ကုန် မြို့တော် လို့ ပြောရမှာပါ။ လူဦးရေ ဆယ်ဆ မက တိုးလာပေမဲ့ ကိုလိုနီ ခေတ် တုံး က မြို့တော်စည်ပင် သာယာရေး အတွက် စနစ်တကျ တွက်ချက် ဆောက်လုပ်ခဲ့ တဲ့ ရေပေးဝေရေး၊ မိလ္လာစနစ် နဲ့ စည်ပင်သာယာ ဝန်ဆောင်မှု တွေ က ဘယ်လောက်အဆင့် အထိ တိုးချဲ့မှု ရှိခဲ့ပါသလဲ။ ဘယ်လောက် အထိ ထိန်းသိမ်း ထား နိုင်ခဲ့ သလဲ။ ဆိုတဲ့ မေးခွန်း ကို ဖြေနိုင်တဲ့ သူရှားပါလိမ့်မယ်။ နှစ်ပေါင်း ခုနှစ်ဆယ် ဆိုတာ နည်းတဲ့ အချိန် မဟုတ်တာ မို့ အချို့ စနစ် တွေ ခုချိန် အထိ သုံးလို့ ရနေဆဲ ဆိုရင်တောင် လဲလှယ်၊ မွမ်းမံ ဘို့ လိုအပ်နေ လောက်ပါပြီ။ လူဦးရေ က လည်း ထပ်တိုး လာဘို့ရှိပါတယ်။
မွမ်းမံတယ် ဆိုတဲ့ နေရာမှာ လက်ရှိ အခြေအနေ ကို ပြေလည်းရုံ လောက်သာမက ရေရှည် အတွက်၊ တိုးတက်လာမဲ့ လူဦးရေ၊ ပြောင်းလဲလာနိုင်တဲ့ စီးပွားရေး အခြေအနေ နဲ့ အဆောက်အအုံ အမျိုးအစား၊ စတာ တွေ ကို ပါခြုံငုံ သုံးသပ်ပြီး အနာဂါတ် အချိန် အတိုင်းအတာ တစ်ခု အတွက် ပါပြင်ဆင်ထား ဘို့ လိုအပ်ပါတယ်။
ဒါ့အပြင် ဒီ နှစ်ပေါင်း ခုနှစ်ဆယ် အတွင်း နိုင်ငံ တကာ မှာ နည်းစနစ် တွေ က လည်း အတော်လေး တိုးတက်ပြောင်းလဲ ခဲ့ပါတယ်။ နိုင်ငံတကာ နဲ့ ရင်ပေါင်တန်း နိုင်ဘို့ အတွက် က ကိုယ့်နေရာ တစ်ခုထဲ ကွက်ကြည့်နေ လို့ မဖြစ်နိုင်ပါဘူး။ အခြားနိုင်ငံ မြို့ပြ တွေ ရဲ့ တိုးတက်မှု ကို လည်း မျက်ခြေမပြတ် ဘို့ လိုအပ်ပါတယ်။
အခု လက်ရှိဖြစ်နေတာက
  1. ခရီးသွား ရတာ အဆင်မပြေကြပါဘူး။ ကားတွေ ပိတ်ကျပ်နေတယ်။ အချိန်အရမ်းကုန်တယ်။ ဘတ်စ်ကားတွေ၊ လိုင်းကားတွေ က လည်း လူတွေ ကျပ်ကျပ်တည်းတည်း စီးနေရတုန်း၊ လမ်းသွားရတာ လည်း အဆင်မပြေကြပါ။
  2. မိုးရေကို စနစ်တကျ မစွန့်ထုတ်နိုင်၊ သောက်ရေအဖြစ်လည်း ရေကန်တွေ နဲ့ မစုဆောင်းနိုင်သေးပါ။ ရေအရင်းအမြစ် စီမံခန့်ခွဲ နိုင်မှု အားနည်းနေပါသေးတယ်။
  3. ရေသန့် ပေးဝေရေး စနစ်များ ကို ကြည့်ရင်လည်း နိုင်ငံတကာ နဲ့ WHO ကလက်ခံ နိုင်တဲ့ ရေသန့် အဆင့် ပေးဝေနိုင်မှု အားနည်းပါတယ်။ tap water က မသန့်ပါ၊ စည်ပင်ရေ မပေးနိုင်တာ မို့ သဘာဝဆိုးကျိုးများစွာ ပေးမဲ့ အထပ်မြင့် နဲ့ အဝီစိတွင်းတွေ တူးပြီး မြေအောက်ရေ ကို မတန်တဆ ထုတ်ယူ သုံးစွဲနေရပါတယ်။ ရေကို ဆိုးဝါးစွာ ညစ်ညမ်းစေမဲ့ မြေအောက် အုတ်ကန် တွေ နဲ့ ရေလှောင်ပြီး သုံးစွဲ နေကြဆဲပါ။
  4. မိလ္လာ နှင့် ရေဆိုး သန့်စင်ရေး နှင့် စွန့်ပစ်ရေး စနစ်များ ဆိုရင် လည်း ပိုက်လိုင်း၊ ( Sewer Pipes & Manhole Networks) တွေ မနိုင်တော့ပါ။ အထပ်မြင့်အပါအဝင် အဆောက်အဦ တော်တော်များများ မှာ Septic Tanks တွေ သုံးပြီး ကမ္ဘာမြေကြီး ကို ပူဇော်ပသ နေကြရဆဲပါ။ Septic Tanks တွေ က ထွက်လာတဲ့ ရေနဲ့ ချိုးရေ၊ သုံးရေတွေ စွန့်ထုတ်ဘို့ အတွက်လည်း ကိုယ်ထူကိုယ်ထ မြောင်းတွေ တူးကြရပါတယ်။ ရေနုတ်မြောင်း မဟုတ်ပဲ၊ ခြင်ပွား၊ ရေပုတ်၊ ရေသေတွေ ဖြစ်နေပါတယ်။
  5. အမှိုက်သိမ်း စနစ် နှင့် စနစ်တကျ စွန့်ပစ် ရေး စနစ်များ၊ သန့်ရှင်းရေး စနစ်များ ဆိုရင် လည်း ကောင်းသော ပြောင်းလဲမှု တွေ နဲ့ တိုးတက်မှု တွေ တွေ့လာရပြီ ဆိုပေမဲ့ လက်ရှိအခြေအနေ က တော့ ရှုတ်ပွ နေဆဲပါ။ လူတွေ ကလည်း အမှိုက်တွေ မဆင်မခြင် ပစ်နေကြတုန်းပါ။
  6. အဆိပ်အတောက် (သို့) အန္တာရာယ် ဖြစ်စေနိုင်သော အမှိုက်များ စနစ်တကျ သန့်စင် စွန့်ပစ်ရေး စနစ်များ မှာ လည်း စည်ပင်သာယာ ဘက်က ကျိုးစားအားထုတ်မှု တွေ တွေ့လာရပါပြီ။ လုပ်ငန်းရှင်တွေ ဆက်ပြီး မမှားကြဘို့ နဲ့ ကိုယ့်အရှုတ် ကိုယ်ရှင်းဘို့ လည်း လိုပါမယ်။
  7. လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး နှင့် ဖြန့်ဝေရေး စနစ်များ၊ အသစ်တွေ လည်း လုပ်နေကြပါတယ်။ JICA နဲ့ပေါင်း ပြီး 500KVလိုင်းတွေ နဲ့ Infrastructure မြှင့်ဘို့ လုပ်နေတာ လည်း တွေ့ရပါတယ်။ အခြားရေအားလျှပ်စစ် အပါအဝင် ထုတ်နေတာ တွေ တော့ တွေ့လာရပါပြီ။ အိမ်တွေမှာ ရှိတဲ့ မီးအားမြှင့်ထိန်းစက်၊ တွေ ပျောက်သွားဘို့ နဲ့ လျှပ်စစ်ပစ္စည်းတွေ ကောင်းကောင်းသုံးရ ဘို့ တော့ ဘယ်လောက်စောင့်ရမယ် မသိသေးပါ။
  8. ဆက်သွယ်ရေး တယ်လီဖုန်း၊ ကေဘယ် (တီဗီ၊ အင်တာနက်) နှင့် အရေးပေါ် အချက်ပေး နှင့် ကာကွယ်ရေး စနစ်များ၊ ဒီနေရာ မှာ အရေးပေါ် (ရေကြီး၊ မုန်တိုင်း) တွေ အတွက် တီဗီ၊ ကေဘယ်တီဗီ နဲ့ ရေဒီယို မီဒီယာ အားလုံးမှာ ဖြတ်ပြီး အရေးပေါ် (overwrite) ကြေငြာ အချက်ပေးတဲ့ စနစ်မျိုးတွေ လည်း မရှိသေးပါဘူး။
မီးဘေးကာကွယ် ရေး စနစ် တွေ ကို သတ်မှတ်ပြဌာန်း ပေမဲ့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ Public Fire Hydrants Networks တွေ ကလည်း အရင် ကိုလိုနီခေတ် တုန်းက ကောင်းကောင်း ရှိခဲ့ပုံ ရပေမဲ့ ခု က ပြောက်တိပြောက်ကျား နဲ့ လွယ်လင့်တကူ အဆင်သင့် မရှိသေးပါဘူး။ မီးဘေးကာကွယ်ရေး စနစ်တွေ စနစ်တကျ အကောင်အထည် ဖော်နိုင်ဘို့ ရာ ရေပေးတဲ့ စနစ် ကို လည်း အဆင့်မြှင့် ဘို့ လိုအပ်တယ် ဆိုတာပါ။
မိုးရေ စနစ်တကျ စီမံခန့်ခွဲတဲ့ စနစ်၊ မိလ္လာစနစ် နဲ့ အမှိုက်သိမ်း စနစ် မကောင်းတဲ့ အခါ မြို့တော် သန့်ရှင်းရေး သာယာ လှပရေး ဆိုတာ ဖြစ်မလာ နိုင်ပါဘူး။ အနံ့အသက် ဆိုးရွားရုံမက၊ ခြင်၊ ယင်၊ ကြွက်၊ ပိုးဟတ် နဲ့ အခြား ရောဂါပိုး သယ်ဆောင်မဲ့ အကောင်ပလောင် တွေ ကိုပါ တိုးပွား စေမှာပါ။ မသန့်ရှင်းတဲ့ အမှိုက်ပုံ တွေ ကို ဖြတ်စီးလာတဲ့ မိုးရေကို လည်း သောက်ရေကန်တွေ ကို ပို့လို့ မရတော့ပါဘူး။
နေထိုင်တဲ့ လူဦးရေ တိုးပွား လာတာ နဲ့ လက်ရှိစည်ပင်သာယာ စနစ်တွေ မလုံလောက် တော့တာ ကို YCDC မှာ ရှိတဲ့ အင်ဂျင်နီယာ တွေ လည်း လေးလေးနက်နက် သိကြပါလိမ့်မယ်။ သုတေသန စာတမ်းတွေ နဲ့ Presentations အချို့ ကို အင်တာနက် မှာ တွေ့မိပါတယ်။ ကန့်သတ်ချက် တွေ၊ ဘတ်ဂျက်၊ နည်းပညာ၊ ကန်ထရိုက်တာ၊ အဆင့်တိုင်းမှာ အခက်အခဲ တွေ ကို လည်း ကြုံတွေ့ရမှာပါ။
နိုင်ငံတကာ က ပညာရှင်တွေ ကလည်း မြန်မာ နိုင်ငံ ကို လာရောက် အကြံပေး ဆွေးနွေးမှု ရှိကောင်းရှိပါလိမ့်မယ်။ ဂျပန် အစိုးအရ အကူအညီ နဲ့ အကြံပေး အဖွဲ့ တစ်ခု ရောက်တယ် ဆိုတဲ့ သတင်းလည်း ကြားမိပါတယ်။ ဂျပန် အစိုးရ အေဂျင်စီ တစ်ခု ဖြစ်တဲ့ JICAကတော့ နိုင်ငံတွင်း မှာ အကူအညီ ပရောဂျက် တွေ လုပ်ပေးနေတယ် လို့ တော့ သိရပါတယ်။။
ကားလမ်း နဲ့ ခရီးသွား လုပ်ငန်းတွေ ကို ပြင်ဘို့ အကြောင်းကို အချို့က အာရုံစိုက်ကြပါတယ်။ ဟုတ်ကဲ့ လမ်းပန်းဆက်သွယ် ရေးပြင်ဘို့ လိုသလို အရမ်းအခြေခံ ကျတဲ့၊ ရေ၊ မိလ္လာ၊ မီး၊ အမှိုက်၊ သန့်ရှင်းရေး လုပ်ငန်းတွေ ကိုလည်းကြည့်ရပါမယ်။ ဆေးမီးတို တွေ နဲ့ ပဲ ကုနေရင် ဂျာအေး သူ့အမေရိုက် နေပါလိမ့်မယ်။ Master Planning နဲ့ အင်ဂျင်နီယာ၊ ပြည်သူလူထု အသိများ လာဘို့ လိုပါတယ်။ Public Works Major Reform လိုအပ်တာမို့ ပြိုင်တူ တွန်းဘို့ လိုအပ်ပါလိမ့်မယ်။
အဓိက ကတော့ Public Works တွေ ကို Tranparency နဲ့ ဌာန ဆိုင်ရာချင်း ယိုင်းပင်း၊လက်တွဲ လုပ်ဆောင် နိုင်ဘို့ပါ။ စည်ပင်သာယာ နဲ့ ဆိုင်တဲ့ လုပ်ငန်းတွေ အားလုံး ကို Master Plan နဲ့ သေသေချာချာ Coordination လုပ်ပြီးမှ အကောင်အထည် ဖော်နိုင်ပါမယ်။
ဆက်ရန်-https://www.dropbox.com/s/uzm8avzq96yjyc2/I001_R4%20Infrastructure%2C%20Municipal%20Svs%20and%20Bldg%20Mech%20Sys.pdf?dl=0

Credit - ChawLwin

Disqus Shortname

Comments system