CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Friday, December 16, 2016

CQHP - Guidelines PDF file

CQHP က Guidelines ရဲ့ PDF file တွေ တင်ထားပေးပါတယ်။
CQHP ရုံးမှာ သွားရောက်ဝယ်ယူဖို့ အခက်အခဲရှိသူတွေနဲ့ နယ်ဝေးကသူတွေ လေ့လာစေနိုင်ဖို့ (Just for knowledge sharing and educational purpose only) အတွက်ပါ။ မူရင်းစာအုပ်တွေကိုတော့ CQHP ရုံးချုပ်မှာ ၀ယ်ယူစေချင်ပါတယ်။

1) CQHP Mechanical Guidelines
http://www.mediafire.com/view/qq2q2vyh2xkely6/CQHP_Guidelines_for_Mechanical.pdf

2) CQHP Mechanical Quick Guidelines
http://www.mediafire.com/view/x2a1784izls8epl/CQHP_Guidelines_for_Mechanical_Quick_Guidelines.pdf

3) CQHP Electrical Works
http://www.mediafire.com/view/s8u0fjwm89pib0y/CQHP_Electrical_Works.pdf

4) CQHP Electrical Installation 2007
http://www.mediafire.com/view/pzxon1x8otho66l/CQHP_Electrical_Installation_2007.pdf

5) CQHP Electrical Temporary Installation
http://www.mediafire.com/view/qttjjee6knjdptg/CQHP_Electrical_Temporary_Installations.pdf

6) CQHP Testing of Electrical Wiring Installation
http://www.mediafire.com/view/ma25x1sqce39o39/CQHP_Testing_of_Electrical_Wiring_Installation.pdf

7) CQHP Building Electrical Wiring Installation
http://www.mediafire.com/view/cz2uj7j1a5e9y8c/CQHP_Building_Electrical_Wiring_Installation.pdf

8) CQHP Guideline for Sanitary Works
http://www.mediafire.com/view/m9621e2h0zja9b9/CQHP_Guidelines_for_Sanitary.pdf

9) CQHP Guidelines for External Inspection Engineer
http://www.mediafire.com/download/h14rutc4d2czbr0/CQHP_Guidelines+for+External+Inspection+Engineer.pdf

10) CQHP Guidelines for Construction Projects
http://www.mediafire.com/view/bnbuardlz7hsa0r/CQHP_Guidelines_on_Construction_Projects.pdf

11) CQHP Guidelines for Safety
http://www.mediafire.com/download/mth2pyz0ldbeazf/CQHP+Guidelines+for+Safety.pdf

12) CQHP Guidelines for Architectural
http://www.mediafire.com/download/2yhtzcnzw2qrt0c/CQHP+Guidelines+on+Architectural+Work.pdf

13) CQHP Inspector Guidelines
http://www.mediafire.com/view/2jyv77wj1jgtk5s/CQHP_Guidelines_for_Inspector_Guideline_Myanmar.pdf

Credit
Aung Hsu Myat



Seismic Design (Part 2) OMRF, IMRF, SMRF ဘာတွေကွာလဲ?

Seismic Design (Part 2)

OMRF, IMRF, SMRF ဘာတွေကွာလဲ?

(လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်)

OMRF
Seismic Design မှာ Oridinary Moment Resisting Frames တွေကို Seismic Design Category B အတွက် အသုံးပြုနိုင်ပါတယ်။

ACI 318-08 အရ

OMRF ရဲ့ Flexural Members တွေ (Beam တွေအတွက်) ACI 318-08 Section 21.2.2 မှာ အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။

“Beams shall have at least two of the longitudinal bars continuous along both the top and bottom face. These bars shall be developed at the face of support.”

ဆိုလိုတာက Beam တစ်ချောင်းမှာ
အနည်းဆုံး Top bar ၂ ချောင်းနဲ့ bottom bar ၂ ချောင်း ပါရပါမယ်။
(ဒီနေရာမှာ အဲဒီ သံချောင်း ၂ ချောင်းစီရဲ့ area, As ဟာ အနည်းဆုံး As min ရှိရပါမယ်။ ဒီနေရာမှာ OMRF နဲ့ OMRF မဟုတ်တဲ့ frame ကွာခြားတာက OMRF မဟုတ်တဲ့ beams တွေမှာ tension face မဟုတ်ပါက As min ထည့်စရာမလိုပဲ stirrup supporting bar တွေလောက်ပဲ ထည့်စရာလိုတာဖြစ်ပါတယ်။)

ဒါ့အပြင် တိုတဲ့ column တွေ (column ရဲ့ clear height က column အနား c1 ရဲ့ ၅ ဆနဲ့ ၅ ဆ ထက်တိုတာတွေအတွက်) column shear ကို ထည့်သွင်းစဉ်းစားပေးရပါမယ်။

(မှတ်ချက် ACI 318-05 မှာ ဒီ ကန့်သတ်ချက် မရှိပါဘူး၊ ACI 318-05 အရဆိုရင် code ထဲက Chapter 1 to 18 ကို လိုက်နာဆောင်ရွက်ရုံသာ ဖြစ်ပါတယ်။)
Spilces – OMRF တွေမှာ Beam နဲ့ Column တွေအတွက် သံချောင်းတွေကို ဘယ်မှာဆက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိး မကန့်သတ်ထားပါဘူး။ ဒီတော့ လုပ်ရလွယ်ကူတဲ့ Floor level မှာပဲ ဆက်လေ့ ရှိကြပါတယ်။

IMRF

IMRF မှာ Beams တွေအတွက်
၁။ Column face မှာ ဆိုရင် bottom bar (positive steel) တွေကို တွက်ချက်ရာမှာ positive moment ကို အနည်းဆုံး အဲဒီနေရာမှာရှိတဲ့ negative moment ရဲ့ ၃ ပုံ  ၁ ပုံ ယူပြီးတွက်ချက်ရပါမယ်။

၂။ Section ရဲ့ မည်သည့် နေရာမှာမဆို (top & bottom bar တွေအတွက်) Moment တန်ဖိုးကို တွက်ချက်ရာမှာ အနည်းဆုံး Support face မှာ ဖြစ်ပေါ်တဲ့ အများဆုံး Moment တန်ဖိုးရဲ့ ၅ ပုံ ၁ ပုံ ရှိရပါမယ်။

၃။ နောက်ပြီး beam ရဲ့ အဆုံး (column face ကနေ 2h အကွာအဝေးအတွင်းမှာ) hoops တွေ ထည့်သွင်းပေးရပါမယ်။
ဒီ hoops တွေရဲ့ Spacing အနေနဲ့ အနည်းဆုံး အောက်ပါအတိုင်း ထားရှိပေးရပါမယ်။ (အသေးဆုံးတန်ဖိုးကို ယူရပါမယ်)
(a) d/4;
(b) Eight times the diameter of the smallest longitudinal
bar enclosed;
(c) 24 times the diameter of the hoop bar;
(d) 12 in.

၃။ Beam တလျှောက် Stirrups တွေကို အများဆုံး spacing အနေနဲ့ d/2 ထားရှိပေးရပါမယ်။ (ဒီ Stirrups တွေအတွက် Seismic hook မလိုအပ်ပါ)

IMRF မှာ Column တွေအတွက်
၁။ Strong Column - Weak beam ဖြစ်ရမယ်လို့် မကန့်သတ်ထားပါ။

၂။ Column တွေရဲ့ အဆုံးဘက် Joint Face ကနေ တိုင်းရင် lo အကွာအဝေးအတွင်းမှာ hoops တွေကို စီမံထားပေးဖို့လိုပါတယ်။ (ACI 318-08 Section 21.3.5.2)

Spilces – IMRF တွေမှာ Beam နဲ့ Column တွေအတွက် သံချောင်းတွေကို ဘယ်မှာဆက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိး မကန့်သတ်ထားပါဘူး။ ဒီတော့ လုပ်ရလွယ်ကူတဲ့ Floor level မှာပဲ ဆက်လေ့ ရှိကြပါတယ်။

SMRF

SMRF တွေမှာတော့ Beam တွေအတွက်

၁။ Column Face မှာ beam တွေရဲ့ positive moment ခံနိုင်ရည်အားဟာ အနည်းဆုံး negative moment ခံနိုင်ရည်အားရဲ့ တစ်ဝက် ရှိရပါမယ်။ (ဆိုလိုတာက တကယ်လို့ Column face မှာ Negative Moment က 200 kN-m ရှိပါက အဲဒီနေရာမှာ Positive Moment ကို 100 kN-m ယူဆပြီး တွက်ပေးရပါမယ်) (IMRF အတွက် ၃ ပုံ ၁ ပုံ ပါ)

၂။ Section ရဲ့ မည်သည့် နေရာမှာမဆို (top & bottom bar တွေအတွက်) Moment တန်ဖိုးကို တွက်ချက်ရာမှာ အနည်းဆုံး Support face မှာ ဖြစ်ပေါ်တဲ့ အများဆုံး Moment တန်ဖိုးရဲ့ ၄ ပုံ ၁ ပုံ ရှိရပါမယ်။ (IMRF အတွက် ၅ ပုံ ၁ ပုံ ပါ)

၃။ Beam size ကန့်သတ်ချက်တွေရှိသလို As max အတွက် Rho ကိုလဲ အများဆုံး 0.025 လို့ ကန့်သတ်ထားပါတယ်။

၎။ သံချောင်းတွေ Lap splices တွေနဲ့ ဆက်တဲ့နေရာတွေမှာ hoops တွေ စီမံပေးရပါမယ်။ (OMRF နဲ့ IMRF မှာ မလိုအပ်ပါ)
အောက်ပါပုံကို ကြည့်ပါ။

၅။ နောက်ပြီး beam ရဲ့ အဆုံး (column face ကနေ 2h အကွာအဝေးအတွင်းမှာ) hoops တွေ ထည့်သွင်းပေးရပါမယ်။ (IMRF နဲ့ တူပါတယ်) (ACI 318-08 Section 21.6.4)

၆။ Beam တလျှောက် Stirrups with seismic hooks တွေကို IMRF ကဲ့သို့ အများဆုံး spacing အနေနဲ့ d/2 ထားရှိပေးရပါမယ်။

Splices Requirements for SMRF

SMRF တွေမှာ Beam တွေအတွက်ရော Column အတွက်ရော

Mechanical splice တွေ သုံးမယ်ဆိုရင်

Type 1 mechanical splices တွေကို Beam or column face ကနေ 2h အကွာအဝေးအတွင်း အသုံးမပြုရပါ။
Type 2 mechanical splices တွေကိုတော့ ထားချင်တဲ့နေရာမှာ ထားနိုင်ပါတယ်။

Weld splice တွေ သုံးမယ်ဆိုရင်

Beam or column face ကနေ 2h အကွာအဝေးအတွင်း မဆက်ရပါဘူး။
ဒါ့အပြင် Stirrup, ties စတာတွေနဲ့ longitudinal reinforcement တွေကို welding လုပ်ခွင့် လုံးဝ မရှိပါဘူး။ (Stirrup, Ties စတာတွေ ဆင်ဖို့အတွက် welding လုပ်မယ့် သီးခြား additional rebar ထည့်ပေးနိုင်ပါတယ်)

သံချောင်းတွေကိုဆက်ရာမှာ Lap splices တွေ သုံးမယ်ဆိုရင်တော့

i) Joint ထဲမှာ
ii) Column Face ကနေ 2h အကွာအဝေးအတွင်းမှာ
iii) Flexural yielding ဖြစ်နိုင်တဲ့နေရာတွေမှာ မဆက်ရပါဘူး။

(IMRF နဲ့ OMRF မှာ ဒီ ကန့်သတ်ချက် မရှိပါဘူး။ SMRF မှာပဲ ကန့်သတ်ထားတာဖြစ်ပါတယ်)

SMRF မှာ Column တွေအတွက်

၁။ Strong Column - Weak beam ဖြစ်ရပါမယ်။ (Joint တစ်ခုမှာ Column တွေရဲ့ စုစုပေါင်း moment ခံနိုင်ရည်အားဟာ Beam တွေရဲ့ စုစုပေါင်း moment ခံနိုင်ရည်အားထက် ၂၀ ရာနှုန်း ပိုကြီးရပါမယ်။)

၂။ Column main bar တွေကို Lap Splices တွေနဲ့ ဆက်ရာမှာ Column ရဲ့ အလယ် တစ်ဝက်အတွင်း (Centre half) မှာသာ ဆက်ရပါမယ်။ ဆက်တဲ့အလျားကို Tension lap length ကို ယူရပါမယ်။ ဆက်တဲ့နေရာကို Transverse reinforcement တွေနဲ့ စီမံပေးရပါမယ်။
(ဒါပေမယ့် ဘယ်လောက် ရာခိုင်နှုန်းပဲ ဆက်ရမယ်ဆိုပြီးတော့ မကန့်သတ်ထားပါဘူး။ အဲဒီအတွက် 100% ဆက်နိုင်ပါတယ်။)

၃။ Mechanical Splice တွေ သုံးမယ်ဆိုရင် Type 1 mechanical splices တွေကို Beam or column face ကနေ 2h အကွာအဝေးအတွင်း အသုံးမပြုရပါ။
Type 2 mechanical splices တွေကိုတော့ ထားချင်တဲ့နေရာမှာ ထားနိုင်ပါတယ်။
Weld splice တွေ သုံးမယ်ဆိုရင်
Beam or column face ကနေ 2h အကွာအဝေးအတွင်း မဆက်ရပါဘူး။

၎။ Column တွေရဲ့ အဆုံးဘက် Joint Face ကနေ တိုင်းရင် lo အကွာအဝေးအတွင်းမှာ transverse reinforcement တွေကို စီမံထားပေးဖို့လိုပါတယ်။

ဒီတော့ ခြုံပြီး သုံးသပ်ရရင်….
1. Seismic Design ဖြစ်တယ်ဆိုတိုင်း SMRF မဟုတ်သလို SMRF မဟုတ်ပါက SMRF အတွက် သတ်မှတ်ထားတဲ့ Detailing requirements တွေ မဖြစ်မနေ လိုက်နာဖို့ မလိုပါဘူး။
2. Beam တွေရဲ့ Bottom bar တွေကို Column Face ကနေ 2h အကွာအဝေးအတွင်း မဆက်ရဘူးဆိုတာ SMRF ရဲ့ သတ်မှတ်ချက်သာ ဖြစ်ပါတယ်။
3. Column တွေကို Lapping ဆက်ရာမှာ Column ရဲ့ အလယ် centre half အတွင်းမှာသာ ဆက်ရမယ်ဆိုတာကလဲ SMRF အတွက် သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။
4. ဒါ့အပြင် column rebar တွေကို Lapping ဆက်ရာမှာ 50% ပဲ ဆက်ရမယ်ဆိုတာမျိုး ACI Code က သတ်မှတ်ထားတာ မရှိပါဘူး။
5. SMRF အနေနဲ့ Design လုပ်မယ်ဆိုပါက SMRF Detailing Requirements တွေအားလုံး လိုက်နာရမယ့်အပြင် ….. Supervision requirements တွေကိုလဲ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ ဥပမာ Strong Column/ weak beam requirements တွေ ပြည့်စုံနေဖို့ လိုပါတယ်။ ဒါမှပဲ SMRF အတွက် ရည်ရွယ်ထားတဲ့ behavior အတိုင်း ပြုမူဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အခြေခံ လိုအပ်ချက်တွေ မပြည့်စုံပဲ တချို့သော Detailing တွေလောက်သာ ဆွဲယူ အသုံးပြုရုံနဲ့တော့ သိသာထင်ရှားတဲ့ အကျိုးရလာဒ်တွေ ရရှိနိုင်စေမှာ မဟုတ်ပါဘူး။

ကျေးဇူးတင်ပါတယ်။

Aung Hsu Myat
16 Dec 2016

Part 1 ကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။
https://www.facebook.com/aunghsu.myat/posts/10202689782841022?pnref=story

Reference
ASCE 7-05
https://www.google.com.sg/url?sa=t&rct=j&q=&esrc=s&source=web&cd=1&ved=0ahUKEwjjno7DhPbQAhVFMo8KHXnLCc4QFggZMAA&url=http%3A%2F%2Fwww.dres.ir%2Fsazeh%2FDocLib9%2FASCE%25207-05%2520Minimum%2520Design%2520Loads%2520for%2520buildings%2520and%2520other%2520Struc.pdf&usg=AFQjCNFZ2y_z0uP3CM63MIXopOEKOP5d4w&sig2=tjDLTkEoWoz1S9PSo6eIfA&bvm=bv.141536425,d.c2I&cad=rja
ACI 318-08
https://www.google.com.sg/url?sa=t&rct=j&q=&esrc=s&source=web&cd=1&cad=rja&uact=8&ved=0ahUKEwjD1YzdhPbQAhVKM48KHbPAAxMQFggZMAA&url=http%3A%2F%2Fpeople.dicea.unifi.it%2Fgianni.bartoli%2Fnormative%2FAci-318R-08.pdf&usg=AFQjCNFXRaOP1JaRc4WuzzqgWfLBL-7YbA&sig2=xKBSli1feQ2lIpZ6EbnT9Q&bvm=bv.141536425,d.c2I


Thursday, December 15, 2016

Seismic Design (Part 1) OMRF, IMRF, SMRF ဆိုတာဘာတွေလဲ?

Seismic Design (Part 1)

OMRF, IMRF, SMRF ဆိုတာဘာတွေလဲ?

Structure ကို အခုမှ စတင်လေ့လာမယ့် မသိသေးသူတွေအတွက်သာ ရည်ရွယ်ပါတယ်။

OMRF တို့ IMRF တို့ SMRF တို့ ဆိုတာတွေ ကြားဖူးကြမှာပါ။ အဲဒါတွေက ဘာတွေလဲဆိုတော့ Moment Resisting Frames တွေကို ပြောတာပါ။ အဆောက်အအုံတွေ တည်ဆောက်ရာမှာ ငလျင်၊ လေတိုက်နှုန်း စတာတွေကြောင့် ဖြစ်လာတဲ့ ဘေးတိုက်တွန်းအားတွေ ခံနိုင်စေဖို့ Lateral Load resisting system တွေ ထည့်သွင်းစဉ်းစားတွက်ချက် တည်ဆောက်ကြရပါတယ်။ အဲဒီ Lateral Load Resisting System တွေက Shear wall system တွေရှိမယ်၊ Truss System တွေ ရှိမယ်၊ Tube System တွေ ရှိမယ်၊ Braced Framed System တွေရှိမယ်၊ Outrigger System တွေရှိမယ်၊ Moment Frame system တွေ ရှိပါမယ်။ အဲဒီ System တွေကိုမှ သင့်တော်သလို ပေါင်းစပ် အသုံးပြုတဲ့ Dual System တွေလဲ ရှိပါတယ်။ (ပုံ ၁ ကို ကြည့်ပါ)

ဒီ Post မှာတော့ Moment Resisting Frame တွေအကြောင်းကိုသာ ပြောပြသွားမှာ ဖြစ်ပါတယ်။

Moment Frame ဆိုတာဘာလဲ?

Moment Frame ဆိုတာကတော့ Frame ကို ဘေးတိုက်တွန်းအားတွေခံနိုင်အောင် Beam နဲ့ Column Joint တွေကို rigid Joint တွေ ဖြစ်အောင် လုပ်ထားပေးတဲ့ Frame တွေ ဖြစ်ပါတယ်။ ဒီ Moment Frame တွေမှာ Lateral Load တွေကို Beam နဲ့ Column တွေရဲ့ ကွေးညွှတ်မှုခံနိုင်ရည်အားက ခံဆောင်ပေးတာဖြစ်ပါတယ်။ (Frame အမျိုးအစား နောက်တစ်ခုဖြစ်တဲ့ Braced Frames တွေမှာတော့ Lateral stability အတွက် diagonal braces တွေ ထည့်သွင်းအသုံးပြုကြတာ ဖြစ်ပါတယ်)

ပုံ ၂ မှာ Basic Lateral Load Resisting Systems တွေကြည့်နိုင်ပါတယ်။

Moment Frame တွေကို ဘာကြောင့် အမျိုးအစားခွဲတာလဲ?
Moment Frame တွေကို Design လုပ်တဲ့အခါ ဘေးတိုက်တွန်းအားကို ခံနိုင်ရည်ရှိအောင် Design လုပ်ရတာဖြစ်ပါတယ်။ အဲဒီဘေးတိုက်တွန်းအားတွေက လေတိုက်ခြင်း သို့မဟုတ် ငလျင်လှုပ်ခြင်းတွေကြောင့် ဖြစ်ပေါ်တာဖြစ်ပါတယ်။
ဒီနေရာမှာ ငလျင်လှုပ်ခြင်းအတွက် Design လုပ်တဲ့အခါ ငလျင်လှုပ်တဲ့အချိန်က အရမ်းတိုတောင်းပေမယ့် အဲဒီငလျင်ကြောင့် အဆောက်အအုံမှာ ဖြစ်ပေါ်လာတဲ့ ဘေးတိုက်တွန်းအားတွေဟာ အလွန်များတာကို တွေ့ရပါတယ်။ ဒီတော့ ငလျင်လှုပ်တဲ့ ပမာဏ တိုတောင်းလွန်းတဲ့အတွက် အဆောက်အအုံ Design လုပ်ရာမှာ ငလျင်လှုပ်တာကြောင့် ဖြစ်ပေါ်လာတဲ့ အားတွေကို အပြည့်အဝ ထည့်သွင်းတွက်ချက်ပေးဖို့ မလိုအပ်သလို၊ အဲဒီလိုထည့်သွင်းတွက်ချက်ရင်လဲ economical ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။

Building Code တွေမှာ ငလျင်လှုပ်မှုကြောင့် ဖြစ်လာတဲ့အားတွေကို လျှော့ပြီးတွက်ချက်ဖို့် ခွင့်ပြုပေးထားတာ တွေ့ရပါတယ်။ အဲဒါကို R factor (Response Modification Factor) လို့ ခေါ်ပါတယ်။

Building Code တွေအရ RC နဲ့ Steel Moment Frames တွေကို Seismic loading တွက်ချက်မှုအတွက် Ordinary, Intermediate, Special Moment Resisting Frames ဆိုပြီး အမျိုးအစား ၃ မျိုး ခွဲထားပါတယ်။

ASCE 7 မှာ
Ordinary Reinforced Concrete Moment Frame တွေအတွက် R=3
Intermediate Reinforced Concrete Moment Frame တွေအတွက် R=5 နဲ့
Special Reinforced Concrete Moment Frame တွေအတွက် R=8 လို့ သတ်မှတ်ပေးထားပါတယ်။

ပုံ ၃ မှာ ပြထားတာက ASCE 7 က Response Modification Factor တွေ ဖြစ်ပါတယ်။

ဒီနေရာမှာ အဲဒီ Response Modification Factors တွေကဘာကိုဆိုလိုလဲဆိုတော့ ဥပမာအနေနဲ့ တကယ်လို့ ငလျင်ကြောင့် အဆောက်အအုံတစ်ခုမှာဖြစ်လာတဲ့ စုစုပေါင်း ဘေးတိုက်တွန်းအားဟာ 100 Ton ရှိမယ်ဆိုရင် -
Ordinary Moment Frame တွေအတွက် 100/3 = 33.3 Ton အတွက်ပဲ Design လုပ်ရမှာဖြစ်ပါတယ်
Intermediate Moment Frame ကို အသုံးပြုမယ်ဆိုပါက 100/5 = 20 Ton အတွက်ပဲ Design လုပ်ရမှာဖြစ်ပြီး
Special Moment Frame တွေအတွက်ဆိုရင်တော့100/8 = 12.5 Ton အတွက်ပဲ Design လုပ်ရမှာဖြစ်ပါတယ်။

ဆိုလိုတာက Special Moment Frame ကိုသုံးပြီး Design လုပ်မယ်ဆိုရင် Ordinary Moment Frame ကိုသုံးပြီး Design လုပ်တာထက် Lateral Load တွေ အများကြီးလျှော့ပြီး လုပ်လို့ရတဲ့အတွက် Member sizes တွေ လျော့နည်းသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်... Rebar Detailing တွေ၊ Construction standard တွေကိုတော့ Special Moment Frame တွေအတွက် သတ်မှတ်ထားတဲ့ ပိုမိုတင်းကြပ်တဲ့ Spec တွေအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါမယ်။ (Member size တွေ သေးသွားပေမယ့် Detailing အတွက် ကုန်ကျစရိတ်ပိုလာပါမယ်)

ဒါ့အပြင် Building Code တွေမှာ ငလျင်ပြင်းအား ဘယ်လောက်အတွက် (Seismic Design Categories ဘယ်လောက်အတွက်) ဘယ် Frame အမျိုးအစားကိုပဲ သုံးခွင့်ပြုထားတယ်ဆိုတာ သတ်မှတ်ထားပါတယ်။

ASCE 7 အရ -
OMRF ကို Seismic Design Category B အထိပဲ အသုံးပြုလို့ရမှာဖြစ်ပါတယ်။
IMRF ကို တော့ Seismic Design Category C အထိ အသုံးပြုခွင့်ပေးထားပြီး
Seismic Design Category D,E, F တွေမှာတော့ SMRF ကို အသုံးပြုရမှာဖြစ်ပါတယ်။

ဒီတော့ SDC B မှာ OMRF ကို ခွင့်ပြုထားပေမယ့် SMRF သုံးချင်ရင်ရော မရဘူးလားမေးစရာ ရှိလာပါတယ်။ အဖြေက သုံးလို့ရပါတယ်။ သုံးမယ်ဆိုရင် သူ့သတ်မှတ်ချက်တွေကို လိုက်နာရပါမယ်။ ငွေကုန်ကြေးကျ ဘယ်ဟာက ပိုများမလဲ ဆိုတာလဲ ပြန်လည်ဆန်းစစ်ဖို့လိုပါမယ်။

(ဒီတော့ SMRF တို့ IMRF တို့ကိုမှသာ Seismic Design အဖြစ် သတ်မှတ်လို့ရတာ မဟုတ်ပါဘူး။ OMRF သည်လဲ Seismic Loading ကို ထည့်စဉ်းစားတဲ့မယ်ဆိုရင် Seismic Design ပဲ ဖြစ်ပါတယ်။)

နောက်အပိုင်းမှာ Reinforced Concrete OMRF, IMRF, SMRF တွေမှာ ဘာတွေကွာလဲဆိုတာ ပြောပြသွားပါမယ်။

ကျေးဇူးတင်ပါတယ်။

Aung Hsu Myat
15 Dec 2016




Saturday, November 19, 2016

ကွန်ကရစ်ထုထည် ပြောင်းလဲခြင်း




ကွန်​ကရစ်​ထုထည်​ ​ပြောင်းလဲခြင်း
*********************************

*** ကွန်​ကရစ်​ဟာ မာခဲ​နေစဉ်​ အ​တောအတွင်းမာ ထုထည်​ ​ပြောင်းလဲနိုင်​ပါတယ်​။ အစိုဓာတ်​ ဆုံးရူံးရမယ်​ဆိုရင်​ ကျုံ့သွားမယ်​။ ဒါ​ပေမဲ့ ​ရေထဲမှာ မာခဲရမယ်​ဆိုရင်​ ပြန့်​ကားလာမှာပါ။

*** ကွန်​ကရစ်​ရဲ့ ထုထည်​​ပြောင်းလဲမှု အ​ကြောင်းအရင်းများဟာ ၀န်​သက်​​ရောက်​မှု​တွေ၊ အချိန်​​ပြောင်းလဲမှု​တွေ၊ ​ရေနဲ့ ဘိလပ်​​မြေ ဓာတ်​ပြုမှု ဖြစ်​စဉ်​​တွေနဲ့ စိုထိုင်းဆ ​ပြောင်းလဲမှု​တွေ​ကြောင့်​ လို့ မှတ်​ယူနိုင်​ပါတယ်​။
(ပထမဆုံးအနေနဲ့ ကျုံ့တာကို စပြောကြမယ်)

>>> Shrinkage (ကျုံ့ခြင်း)
************************

*** ကွန်​ကရစ်​ ​ခြောက်​သွားလို့ ​ပြောင်းလဲတဲ့ ထုထည်​နဲ့ ​ရေဖယ်​ထုတ်​လိုက်​လို့ ​ပြောင်းလဲတဲ့ ထုထည်​ဟာ မတူညီပါဘူး။ ​ရေ​ငွေ့ပြန်​သွားတဲ့ ​ရေ​တွေ​ကြောင့်​​တော့ shrinkage မဖြစ်​ပါဘူး။ ဖြစ်​ရင်​လည်း အနည်းငယ်​ဘဲပါဘဲ။

*** ကွန်​ကရစ်​ဟာ ​ခြောက်​လာမယ်​ဆိုရင်​ ​ရေ​ငွေ့ပြန်​မယ်​။ ပြီး​တော့ ထိန်းထားတဲ့ ဘိလပ်​​မြေအနှစ်​​တွေရဲ့ ထုထည်​ဟာလည်း​ ​ပြောင်းပါတယ်​။ အဲဒါ​ဆိုရင်​​တော့ shrinkage ဖြစ်​လာပါပြီ။ ကွန်​ကရစ်​မှာ ​ရေရဲ့ tension capillary ​လေး တိုးတိုးလာပါတယ်​။ capilleries ​တွေ မရှိလို့ ​ရေဆုံးရူံးသွား​တာနဲ့ ​တော့  shrinkage မဖြစ်​ပါဘူး။ ဒါ​ပေမဲ့ စုတ်​ယူထားတဲ့ ​ရေ​တွေ ဖယ်​ထုတ်​လိုက်​မယ်​ဆိုရင်​​တော့ shrinkage ဖြစ်​ပါပြီ။

*** အစိုဓာတ်​​ပြောင်းလဲတဲ့ အ​ခြေအ​နေ​တွေက​နေ ​အ​ကြောင်းရင်းများစွာက ကွန်​ကရစ်​ ကျုံ့ခြင်းကို ဖြစ်​​စေပါတယ်​။

*** ၁။ ဘိလပ်​​မြေနှင့်​ ​ရေပါဝင်​မှု။   ။ ကွန်​ကရစ်​​ဖျော်​စပ်​ရာမှာ ​ရေ (သို့) ဘိလပ်​​မြေ ပိုမို ပါဝင်​မယ်​ဆိုရင်​ shrinkage ပိုဖြစ်​ပါတယ်​။

*** ၂။ ဘိလပ်​​မြေ​ပေါင်းစပ်​ဖွဲ့စည်းမှုနှင့်​ မှုန့်​ညှက်​မှု။   ။ ​စောလျင်​စွာ strength  ရ​စေတဲ့ ဘိလပ်​​မြေနဲ့ အပူထုတ်​မှုနည်းတဲ့ ဘိလပ်​​မြေ (High-early-strength and low-heat cement)  ဟာ ပုံမှန်​ဘိလပ်​​မြေ​တွေထက်​ shrinkage ပို​ဖြစ်​​စေပါတယ်​။ မှုန့်​ညှက်​တဲ့ ဘိလပ်​​မြေ​တွေဟာ စိုထိုင်းတဲ့ အ​ခြေအ​နေ​တွေမှာ ပိုမိုပြန့်​ကားလာ​စေပါတယ်​။

*** ၃။ ​ရောစာများ၏ တိုးတက်​​ပြောင်းလဲလာမှု၊ အမျိုးအစားနှင့်​ ပမာဏ။    ။ ​သေးငယ်​တဲ့ ​ရောစာ​လေး​တွေဟာ shrinkage ကို ပိုမိုဖြစ်​​စေပါတယ်​။ ကြီးမားတဲ့ ​ရောစာ​တွေက​တော့ shrinkage နည်း​စေပါတယ်​။

*** ၄။ ပတ်​၀န်းကျင်​အ​​ခြေအ​နေများ၊ စိုထိုင်းမှုနှင့်​ အပူချိန်​။   ။ ကွန်​ကရစ်​ ပုံစံငယ်​​လေး​တွေဟာ (concrete specimens)  စိုထိုင်းတဲ့ အ​ခြေအ​နေမှာ 200 to 300 x 10^(-6)  ထိ ပြန့်​ကားလာ​စေပါတယ်​။ ဒါ​ပေမဲ့ ​လေထဲမှာ ​ခြောက်​​သွေ့​အောင်​ ထားလိုက်​မယ်​ဆိုရင်​​တော့ ကျုံ့သွားပါတယ်​။ မြင့်​မားတဲ့ အပူချိန်​​ဟာ ​ရေ​ငွေ့ပြန်​ခြင်းကို မြန်​​စေပါတယ်​။ ဒါ​ကြောင့်​  shrinkage ကို တိုးလာ​စေပါတယ်​။ 

*** ၅။  Admixtures  ။   ။ ကွန်​ကရစ်​မှာ ​ရေလိုအပ်​ချက်​တိုး​စေတဲ့ Admixtures ​တွေဟာ shrinkage ကိုလည်း တိုး​စေပါတယ်​။

*** ၆။ အရွယ်​အစားနှင့်​ ပုံစံ။ သံကူကွန်​ကရစ်​ member ​တွေမှာ shrinkage ဖြစ်​တာ​ကြောင့်​ ကွန်​ကရစ်​ထဲမှာ tension stress ​တွေ တိုးလာ​စေပါတယ်​။ ထို့အတူဘဲ steel မှာလည်း compressive stress တိုးလာ​စေပါတယ်​။ အဲဒီ stress ​တွေဟာ သက်​​ရောက်​​နေတဲ့ loading ​တွေနဲ့​ပေါင်းပြီး တိုးလာပါတယ်​။ ဒါ​ကြောင့်​ steel percentage များပြီး ထည့်​တဲ့အခါ ကွန်​ကရစ်​မှာ အက်​ကွဲ​ကြောင်း (cracks) ​တွေ ဖြစ်​​စေနိုင်​ပါတယ်​။ ကွန်​ကရစ်​ထဲက  tensile stresses ​တွေကို reinforcement ​တွေဆီ ​ကောင်း​ကောင်းဖြန့်​ခွဲ​ပေးနိုင်​မယ်​ ဆိုရင်​ internal stresses ကွာခြားချက်​ကို ​လျော့ချ နိုင်​ပါတယ်​။

*** Ordinary concrete  ​တွေအတွက်​ ​နောက်​ဆုံးကျုံ့ခြင်းတန်​ဖိုး (final shrinkage values) ဟာ 200 က​နေ 700 x 10^(-6) ကြားမှာ ​ပြောင်းလဲ​နေပါတယ်​။ normal-weight concrete  အတွက်​ဆိုရင်​ 300 x 10^(-6) ကို သုံးနိုင်​ပါတယ်​။

*** British Codes ​တွေအရ 500 x 10^(-6)  ကို ​ပေးပါတယ်​။ အဲဒီမှာ ကွန်​ကရစ်ကို ချုပ်​မထားဘူးဆိုရင်​ 3 m အတွက်​ 1.5  mm shrinkage ဖြစ်​မယ်​ဆိုတဲ့ သ​ဘောပါ။

3 m x (1000 mm) x 500 x 10^(-6) = 1.5 mm လို့ အလွယ်​တကူ တွက်​ချက်​နိုင်​ပါတယ်​။

*** အကယ်​၍ member  ကို ချုပ်​ထားမယ်​ဆိုရင်​ tensile stress ( 10 N/mm2) 1400 psi ​ပေါ်လာမှာပါ၊

*** setting ဖြစ်​ပြီးတဲ့​နောက်​မှာ အချိန်​ကာလတစ်​ခု​လောက်​ အစိုဓာတ်​ကို ထိန်းထားမယ်​ဆိုရင်​ shrinkage ကို ​လျော့ချနိုင်​ပါတယ်​။ ထို့​ကြောင့်​ (၇)ရက်​ထက်​ မနည်းတဲ့ အချိန်​ကာလတစ်​ခုအထိ ကွန်​ကရစ်​ရဲ့ အစိုဓာတ်​ကို ထိန်း​ပေးထားဖို့ အ​ရေးပါလာတယ်​။

*** ​လေတိုက်​တဲ့ ​နေရာမှာ ကွန်​ကရစ်​ကို ထားမယ်​ဆိုရင်​ ​လေလာတဲ့ဘက်​မှာ shrinkage ပိုဖြစ်​ပါလိမ့်​မယ်​။

*** shrinkage ဟာ structural member ​တွေရဲ့ deflection ကို တိုး​စေပါတယ်​။ အချိန်​နဲ့ အမျှတိုးလာ​နေမှာပါ။

*** အဲဒါနဲ့ အချိုးညီစွာဘဲ ကွန်​ကရစ်​ထဲမှာရှိတဲ့ သံ​ချောင်းဟာ shrinkage ​ကြောင့်​ ဖြစ်​လာတဲ့ curvature  (​ကွေးညွတ်​ခြင်း)နဲ့ deflection  ကို ကာကွယ်​​ပေးနိုင်​ပါတယ်​။

*** ​ယေဘုယျအားဖြင့်​ကြည့်​မယ်​ဆိုရင်​ ကွန်​ကရစ်​မာ​ကျောစကာလမှာ မြင့်​မားတဲ့ နှုန်းနဲ့ ကျုံ့မှာဖြစ်​ပြီး ​နောက်​ပိုင်းမှာ​တော့ တဖြည်းဖြည်းနဲ့ ​လျော့ကျလာပါတယ်​။

*** အဲဒီ​တော့ ၂ ပတ်​ကြာတဲ့ အခါ shrinkage တန်​ဖိုးဟာ 15% က​နေ 30 % ထိ ရှိပြီး​တော့ ၁ လ ​ကြာတဲ့ အခါ 40 % က​နေ 80 % အထိ ဖြစ်​လာပါတယ်​။ ၁ နှစ်​ကြာတဲ့ အခါမှာ​တော့ 70 % က​နေ 85 % ထိ ဖြစ်​လာမယ်​လို့ ဆိုနိုင်​ပါတယ်​။

Ref; Structural Concrete Theory and Design
Min Han


Wednesday, November 16, 2016

List of ACI Codes

List of ACI Codes...
.
ACI Code တွေကို List လုပ်ထားတာပါ.. List ထဲမှာ မပါသေးတာတွေ ရှိပါသေးတယ်။ Versions တွေဆိုလဲ update မဖြစ်တာတွေ ရှိပါတယ်...
.
ACI 104-71  Preparation of Notation for Concrete
ACI 116R-00  Cement and Concrete Terminology
ACI 117-90)  Standard Specifications for Tolerances for Concrete Construction and Materials (ACI 117-90)
ACI 117R-90  Commentary on Standard Specifications for Tolerances for Concrete Construction and Materials
ACI 121R-98  Quality Management System for Concrete Construction
ACI 209R-92  Prediction of Creep, Shrinkage, and Temperature Effects in Concrete Structures (Reapproved 1997)
ACI 210R-93  Erosion of Concrete in Hydraulic Structures (Reapproved 1998)
ACI 211 Concrete Mix Design
ACI 211.1-91 Standard Practice for Selecting Proportions for Normal, Heavyweight, and Mass Concrete
ACI211.2-98 Standard Practice for Selecting Proportions for Structural Lightweight Concrete
ACI211.3R-02 Guide for Selecting Proportions for No-Slump Concrete
ACI211.4R-93 Guide for Selecting Proportions for High-Strength Concrete with Portland Cement and Fly Ash
ACI211.5R-01 Guide for Submittal of Concrete Proportions
ACI211.6T-14 Aggregate Suspension Mixture Proportioning Method
ACI211.7R-15 Guide for Proportioning Concrete Mixtures with Ground Limestone and Other Mineral Fillers
ACI211.8R-15 Guide to Troubleshooting Concrete Mixture Issues as Influenced by Constitutive Material, Jobsite Conditions 45.5$
ACI 212.3R-91 Chemical Admixtures for Concrete (Reapproved 1999)
ACI 212.3R-10 Report on Chemical Admixtures for Concrete
ACI 212.4R-93 Guide for the Use of High-Range Water-Reducing Admixtures (Superplasticizers) in Concrete (Reapproved 1998)
ACI 213R-03  Guide for Structural Lightweight Aggregate Concrete
ACI 214-77  Recommended Practice for Evaluation of Strength Test Results of Concrete (ACI 214-77)*
ACI 214.4R-03 Guide for Obtaining Cores and Interpreting Compressive Strength Results
ACI 215R-74  Considerations for Design of Concrete Structures Subjected to Fatigue Loading (Reapproved 1997)
ACI 216_89  Guide for Determining the Fire Endurance of Concrete Elements (Reapproved 1994)
216.1-97 Standard Method for Determining Fire Resistance of Concrete and Masonry Construction Assemblies
ACI 221R-96  Guide for Use of Normal Weight and Heavyweight Aggregates in Concrete (Reapproved 2001)
ACI 221.1R98 State of the Art Report on Alkali-Aggregate Reactivity
ACI 222R-96  Corrosion of Metals in Concrete
ACI222R-01 Protection of Metals in Concrete Against Corrosion
ACI 223-98  Standard Practice for the Use of Shrinkage-Compensating Concrete
ACI223R-10 Guide for the Use of Shrinkage-Compensiating Concrete (52$)
ACI 224R-90  Control of Cracking in Concrete Structures
ACI224R-01 Control of Cracking in Concrete Structures
ACI224.1R-07 Causes, Evaluation, and Repair of Cracks in Concrete Structures
ACI224.2R-94 Cracking of Concrete Members in Direct Tension
ACI224.3R-95 Joints in Concrete Construction
ACI224.4R-13 Guide to Design Detailing to Mitigate Cracking
ACI 225R-99  Guide to the Selection and Use of Hydraulic Cements
ACI 229R-99  Controlled Low-Strength Materials
ACI 232.2R-96 
ACI 233R-95  Ground Granulated Blast-Furnace Slag as a Cementitious Constituent in Concrete
ACI 234R-96  Guide for the Use of Silica Fume in Concrete* (ACI 234R-06)
ACI 237 Self-Consolidating Concrete
ACI 301-99  Specifications for Structural Concrete
ACI 301M-99  Specifications for Structural Concrete
ACI 302.1R-96 Guide for Concrete floor and Slab Construction
ACI 302.2R-06
ACI 303R-91  Guide to Cast-In-Place Architectural Concrete Practice
ACI 304R-00  Guide for Measuring, Mixing, Transporting, and Placing Concrete
ACI 305R-99  Hot Weather Concreting
ACI 306R-88  Cold Weather Concreting
ACI 307-98  Design and Construction of Reinforced Concrete Chimneys (ACI 307-98)
ACI 307R-98  Commentary on Design and Construction of Reinforced Concrete Chimneys (ACI 307-98)
ACI 308-92  Standard Practice for Curing Concrete (ACI308-92) (Reapproved 1997)
ACI 309R-96  Guide for Consolidation of Concrete
ACI 313-97  Standard Practice for Design and Construction of Concrete Silos and Stacking Tubes for Storing Granular Materials (ACI 313-97)
ACI 313R-97  Commentary on Standard Practice for Design and Construction of Concrete Silos and Stacking Tubes for Storing Granular Materials (ACI 313-97)
ACI 315-99  Details and Detailing of Concrete Reinforcement
ACI 315R-94  Manual of Engineering and Placing Drawings for Reinforced Concrete Structures (ACI 315R-99)
ACI 318-99  Building Code Requirements For Structural Concrete (ACI 318-99) And Commentary (ACI 318R-99)
ACI 318M-99  Building Code Requirements For structural Concrete (ACI 318M-99) And Commentary (ACI 318RM-99)
ACI318-02  Building Code Requirements For structural Concrete (ACI 318-02) And commentary (ACI 318R-02)
ACI 330R-92  Guide for Design and Construction of Concrete Parking Lots (330R-01)
ACI 332R-84  Guide to Residential Cast-in-Place Concrete Construction (1999)
ACI 343R-95  Analysis and Design of Reinforced Concrete Bridge Structures
ACI 345R-91  Guide For Concrete Highway Bridge Deck construction
ACI 346-90  Standard Specification for Cast-in-Place Nonreinforced Concrete Pipe (ACI 346-90) (Reapproved 1997)
ACI 346R-90  Recommendations for Cast-in-PlaceNonreinforced Concrete Pipe (Reapproved 1997)
ACI 347R-94  Guide to Formwork for ConcreteACI 349-97 Code Requirements for Nuclear Safety RelatedConcrete Structures (ACI 349-97)
ACI 349R-97  Commen t ary on Code Requirements for Nuclear Safety Rel a tedConcrete St ructures (ACI 349-97)
ACI 350R-89  Environmental Engineering Concrete Structures
ACI 352R-91  Recommendations For Design Of beam-Column Joints In Monolithic reinforced Concrete Structures
ACI 357R-84  Guide for the Design and Construction of Fixed Offshore Concrete Structures
ACI 359-92  Code for Concrete Reactor Vessels and Containments (ACI 359-92)
ACI 360R-92 Design of Slabs on Grade
ACI 363R-92 State-of-the-Art Report on High-Strength Concrete
ACI 371R-98  Guide for the Analysis, Design, and Construction of Concrete-Pedestal Water Towers
ACI 372R-00  Design and Construction of Circular Wire- and Strand-Wrapped Prestressed-Concrete Structures
ACI 373R-97  Design and Construction of Circular Prestressed Concrete Structures with Circumferential Tendons
ACI 435R-95  Control of Deflection in Concrete Structures
ACI 437R-91  Strength Evaluation of Existing Concrete Buildings
ACI 440R-96 State-of-the-Art Report on Fiber Reinforced Plastic (FRP) Reinforcement for Concrete Structures
ACI 441R-96 High-Strength Concrete Columns:State of the Art Report
ACI445R_99 RECENT APPROACHES TO SHEAR DESIGN OF STRUCTURAL CONCRETE
ACI 503R-93 USE OF EPOXY COMPOUNDS WITH CONCRETE
ACI 504R-90 Guide to Sealing Joints in Concrete strucutres
ACI 506R-90 Guide to Shotcrete
ACI 524R-93 Guide to Portland Cement Plastering
ACI 530-99 Building Code Requirement For Masonry Design
Aci 530r-99 Commentry On Building Code Requirement For Masonry Design
ACI 533R-93 Guide for Precast Concrete Wall Panels
ACI 543R-00 Design, Manufacture, and Installation Concrete Piles
ACI 546R-96 Concrete Repair Guide

ACI 547R-79 Refractory Concrete: Abstract of State-of-the-Art Report
ACI 549R-97 State-of-the-Art Report on Ferrocement
ACI 550R-96 Design Recommendations for Precast Concrete Structures
ACI 551 R-92 Tilt-Up Concrete Structures
ACI 124.1 R-92 BAHA I HOUSE OF WORSHIP
ACI 124.2R-94 THE MERCER MILE BUILDINGS
ACI 126.3R-99 Guide to Recommended Format for Concrete in Materials Property Database
ACI 201.1 R-92 Guide for Making a Condition Survey (Reapproved 1997)
ACI 201.2R-92 Guide to Durable Concrete
ACI 207.1R-96 Mass Concrete
ACI 207.2R-95 Effect of Restraint, Volume Change, and Reinforcement on Cracking of Mass Concrete
ACI 207.3R-94 Practices for Evaluation of Concrete in Existing Massive Structures for Service Conditions
ACI 207.4R-93 Cooling and Insulating Systems for Mass Concrete
ACI 207.5R-99 Roller-Compacted Mass Concrete
ACI 210.1 R-94 Compendium of Case Histories on Repair of Erosion-Damaged Concrete in Hydraulic Structures
ACI 211.1-91) Standard Practice for Selecting Proportions for NormalHeavyweight, and Mass Concrete (ACI 211.1-91) Reapproved 1997
ACI 211.2-98 Standard Practice for Selecting Proportions for Structural Lightweight Concrete (ACI 211.2-98)
ACI 211.3R-97 Guide for Selecting Proportions for No-Slump Concrete
ACI 211.4R-93 Guide for Selecting Proportions for High-Strength Concrete withPortland Cement and Fly Ash
ACI 211.5R-96 Guide for Submittal of Concrete Proportions
ACI 212.3R-91 Chemical Admixtures for Concrete
ACI 212.4R-93 Guide for the Use of High-Range Water-Reducing Admixtures (Superplasticizers) in Concrete
ACI 214.3R-88 Simplified Version of the Recommended Practice for Evaluation of Strength Test Results of Concrete
ACI 216.1-97 / Standard Method for Determining Fire TMS 0216.1-97 Resistance of Concrete and MasonryConstruction Assemblies
ACI 221.1R-98 State-of-the-Art Report on Alkali-Aggregate Reactivity
ACI 222.1-96 Provisional Standard Test Method for Water-Soluble Chloride Available for Corrosion of Embedded Steel in Mortar and Concrete Using the Soxhlet Extractor
ACI 224.1R-93 Causes, Evaluation and Repair of Cracks in Concrete Structures
ACI 224.2R-92 Cracking of Concrete Members in Direct Tension
ACI 224.3R-95 Joints in Concrete Construction
ACI 228.1R-95 In-Place Methods to Estimate Concrete Strength
ACI 228.2R-98 Nondestructive Test Methods for Evaluation of Concrete in Structures
ACI 230.1R-90 State-of-the-Art Report on Soil Cement
ACI 232.2R-96 Use of Fly Ash in Concrete
ACI 302.1R-96 Guide for Concrete Floor and Slab Construction 

Aung Hsu Myat


ကျောင်းဆင်းလာသော အင်ဂျင်နီယာ တယောက်အနေဖြင့် မည်သည်တို့ကို တပ်ကျွမ်းသင့်သနည်း။

စာစဉ် ၊ ၉၄ ၊ from school

Q 1. ကျောင်းဆင်းလာသော အင်ဂျင်နီယာ တယောက်အနေဖြင့် မည်သည်တို့ကို တပ်ကျွမ်းသင့်သနည်း။

1. Drawing
drawing ကို၊ စေ့စပ်သေချာစွာ၊ စိတ်ရှည်လက်ရှည်ဖတ်ပြီး၊ အလုပ်သမားနဲ့ဆက်ဆံသော shop drawing ရေးဆွဲနိုင်အောင်၊ လေ့လာအားထုတ်ရပါမည်။
2. Estimate
ခန့်မှန်းချေ စာရင်းကို၊ ပန်းရံတေ၊ လက်သမားတေကလည်း၊ ဘာလုပ်မယ်ဆိုရင်၊ ဘာတေဝယ်ပေးပါ ဆိုတဲ့၊ ခန့်မှန်းချေ စာရင်းစာရွက်ကလေးတေ၊ ရေးပေးတပ်ကြပါတယ်။ ကိုယ်ကလဲ ကနဦးမှာတော့၊ yellow book ကို အမှီပြုပြီး ပစ္စည်းတောင်းခံလွှာတေမှာ ခန့်မှန်းချေစာရင်းကလေးကို shop drawing မှတဆင့် estimate သေးသေးလေးတော့ ကြိုးစားပြီးရေးဆွဲဘို့ လိုပါတယ်။
3. Study
ကွင်းဆင်းပြီးအကောင်အထည်ဖော်တဲ့အခါ ဘယ်ကစပြီးဘယ်လိုလုပ်မယ် ဆိုတာကို ရုံးခန်းထဲမှာ ကြေညက်အောင် ဆောင်ရွက်သွားဘို့ လိုပါတယ်။
4. Work distribution
လုပ်ငန်းခွင်ထဲရောက်တဲ့အခါ ဘယ်သူဘာလုပ်၊ ဘယ်လိုလုပ်ဆိုပြီးတော့၊ လုပ်ငန်းတာဝန်ခွဲဝေပေးနိုင်ရ ပါမည်။
5. Record
လုပ်ငန်းပြီးတဲ့အခါ လုပ်ငန်းပမာဏ မည်မျှကို လုပ်သားအင်အားမည်မျှဖြင့် အချိန်မည်မျှကြာအောင် ဆောင် ရွက်ခဲ့သည်ကို သိရှိနိုင်ရန် လုပ်ငန်းစတင်ကတဲက မှတ်သားထားရပါမည်။
6. Decision
အထက်ပါ ၅ချ က်ကို ကျေ ညက်လာတဲ့အခါ လုပ်ငန်းဆောင်ရွက်သည်ကိုလည်းကောင်း၊ လုပ်ငန်းခွင်အခက် အခဲများကိုလည်းကောင်း မိမိ၏ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်ဆောင်ရွက်နိုင်စွမ်းရှိလာပါသည်။
7. Work permit
မိမိကိုယ်တိုင်ကလည်း၊ ကနဦးစတင်ဆောင်ရွက်ရသော၊ လုပ်ငန်းသစ်ဖြစ်လျင်သော်လည်းကောင်း၊ option - ရွေးချယ်စရာ ၂ခုနှင့်အထက် ရှိနေလျ င်သော်လည်းကောင်း၊ မိမိအထက်က ပုဂ္ဂို လ်က အင်ဂျင်နီယာ မဟုတ်ဘဲ သံသရပွားတပ်သူ ဖြစ်လျ င်သော်လည်းကောင်း၊ မိမိတာဝန်ခံနိုင်သော အကန့်အသတ်ထက်ကျော်လွန်ပါက၊ လုပ်ငန်းခွင့်ပြု မိန့်တောင်းခံရပါမည်။

1. Input and out put
Drawing ကို စိတ်ရှည်လက်ရှည် စေ့စပ်သေချာစွာဖတ်ခြင်းသည် Input ဖြစ်ပီး Shop Drawing ရေးဆွဲခြင်းသည် output ဖြစ်ပါသည်

In put
1.1 Structure Notes , Archi Notes  များ ဖတ်ခြင်း။
1.2 Site Plan ဖတ်ခြင်း။
1.3 Plans, sections & Elevations များကို တွဲဖတ်ခြင်း။
1.4 Detailed Drawing များဖတ်ခြင်း
1.5 3D Model ကို၊ ဖတ်ခြင်းတု့ဖြစ်ပါသည်။
Out put
1.1 soft drawing ရေးဆွဲခြင်း။
အထက်ပါ in put ၅-မျိုးကို၊ ကြိုးစားအားထုတ်နေရင်း၊ ရှုတ်ထွေးသွားသည်များရှိတပ်သကဲ့သို့၊ drawing တချပ်ခြင်းတွင်၊ မိမိမလိုအပ်သေးသော၊ data အချက်အလက်များကလည်း၊ ရှုတ်ထွေးနေသည်သာ၊ ဖြစ်ပါ သည်။ ထို့ကြောင့် drawing ပေါ်ရှိ၊ မိမိမလိုအပိသေးသော အချက်အလက်များကို ဖယ်ထုတ်ခြင်း၊ သို့မဟုတ် မိမိလိုအပ်သော အစိပ်အပိုင်းများကိုသာ ကူးယူရေးဆွဲခြင်းဖြင့် drawing ကို တဖြေးဖြေး ပိုမိုနားလည်လာ ပါလိမ့်မည်။ ၄င်းကို soft drawing ဟုခေါ်ပါသည်။ (အသုံးပြု လို့ မရသေးပါ။)
1.2 shop drawing ရေးဆွဲခြင်း။
အထက်အပိုဒ် 1.1 ပါ၊ soft drawing များရေးဆွဲပြီးသောအခါ အဆောက်အဦးတခုလုံးကို အလွတ်နီးပါး ရသွားပါတော့သည်။ ထိုအခါ အဆောက်အဦးကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်
(a) ပန္နက် ဘယ်လိုရိုက်မယ်။
(b) operation ဘယ်လိုခွဲမယ်။ construction joint ဘယ်နေရာမှာထားမယ်။
(c) မြေကြီး ဘယ်လိုတူးမယ်။
(d) သံချောင်းဘယ်လိုကွေးမယ် - bending schedule
(e) သံချောင်းဘယ်လိုဖြတ်မယ်။
(f) သံချောင်းဘယ်လိုဆင်မယ်။
(g) ပုံစံခွက်ကို ဘယ်အမျိုးအစားသုံးမယ်။ ဘယ်လို ကြို တင်ပြုလုပ်ထားမယ်။ ဘယ်လိုတပ်ဆင်မယ်။ ဘယ်လို ပြန်ဖြုတ်မယ်။
(h) grade ဘယ်လောက်ရှိတဲ့ ကွန်ကရစ်ကိုသုံးရမယ်။ m3 ဘယ်လောက်ရှိတယ်။ manual, boom pump, stationary pump, bucket ဘယ်ဟာကို အသုံးပြုပြီးတော့၊ ဘယ်လိုလောင်းမယ်။ curing ဘယ်လိုလုပ်မယ်။
အစရှိသည်တို့၊ ပုံစံငယ်များရေးဆွဲပြီးတော့၊ estimate ငယ်များတွက်ချက်ကာ၊ အလုပ်သမားကို၊ အသင့်ညွှန် ကြားနိုင်အောင်၊ ဆောင်ရွက်ရသောလုပ်ငန်းကို၊ construction engineer တို့၏၊ သို့မဟုတ် site engineer တို့၏၊ shop drawing ဟု၊ ခေါ်ပါသည်။

2. Operation
Operation ဆိုသည်မှာ၊ တကြိမ်တည်းနှင့် အပြီးတည်ဆောက်သော၊ လုပ်ငန်းအစိတ်အပိုင်းတရပ်ကို၊ one operation ဟုခေါ်ပါသည်။ plan area ကြီးပါက ၊ ကြမ်းခင်းလောင်းသည့်အခါ၊ construction joint များထားပြီး၊ operation ၂ခု၊ ၃ခု၊ ခွဲပြီးလုပ်ကြရပါသည်။ အထပ်အမြင့် တထပ်တိုင်းတထပ်တိုင်းတွင်လည်း၊ တထပ်လျင် column များကို၊ operation တခု၊ ကြမ်းခင်းကို operation တခု၊ လုပ်ကြသည်များရှိသကဲ့သို့၊ column + ကြမ်းခင်း တထပ်စာကို၊ operation တခု လုပ်ကြသည်လည်း ရှိပါသည်။



Disqus Shortname

Comments system