Tension Failure & Compression Failure
မေး -
concrete design အပေါ်မှာ လွှမ်းမိုးတယ့် tension failure နဲ့ compression
failure တွေအကြောင်းကို သိလိုပါတယ်ခင်ဗျာ။ နောက်ပြီး tension control တို့
အကြောင်းတွေရောပါ့။ ဆိုလိုတာက design က tension control ဖြစ်ပြီဆိုရင်
လက်ခံနိုင်တယ့် design ဖြစ်ပြီ ဆိုလို့ပါ။
ဖြေ -
Beam တစ်ချောင်းကို သူရဲ့ carrying capacity အထိ loading တင်ကြည့်ရင်
ပုံစံ(၂) မျိုးထဲက (၁)မျိုးနဲ့ Failure (ကျိုး) ဖြစ်နိုင်ပါတယ်။
ပထမတစ်မျိုးက
(steel ratio နည်းတဲ့အခါ အသင့်အတင့်ထည့်တဲ့အခါ) steel က အရင် yield
ဖြစ်ပြီး နောက်မှ concrete က cracks တွေ ကျယ်ပြီး beam အောက်ခြေကနေ အပေါ်ထိ
ပြန့်နှံ့ပြီး Failure ဖြစ်တာပါ။ ဒီလို Failure မျိုးကို Tension Failure
လို့ခေါ်ပါတယ်။
ဒုတိယတစ်မျိုးက ( (steel ratio ထည့်တာများတဲ့အခါ)
steel yield မဖြစ်ခင် concrete က strain အရမ်းများပြီး
ခံနိုင်ရည်အရင်ကုန်သွားပါတယ်။ အဲနောက်မှ steel က မခံနိုင်လို့ (ကျိုး)
Failure ဖြစ်တဲ့အခါ Warning Sign မပြနိုင်ပဲ Failure ဖြစ်ပါတယ်။ ဒီလို
Failure မျိုးကို Compression Failure လို့ခေါ်ပါတယ်။
Compression Failure က Warning Sign မပြတဲ့အတွက် Tension Failure ကိုပဲ ရွေးချယ်ကြပါတယ်။
Steel
က အရင် yield ဖြစ်မဖြစ် (Tension Failure လား Compression Failure လား)
ဆိုတာကို Balanced Steel Ratio နဲ့ဆုံးဖြတ်ပါတယ်။ Balanced Steel Ratio မှာ
Steel က yield ဖြစ်တာနဲ့ concrete က သူ့ရဲ့ compressive strain limit
ဖြစ်တဲ့ 0.003 ကို ရောက်တာတို့ တပြိုက်နက် ဖြစ်ပါတယ်။
ဒါကြောင့် တကယ်ထည့်တဲ့ Steel ratio က Balanced Steel Ratio ထက် ညီတာနဲ့ ငယ်တာဆိုရင် Tension Failure ဖြစ်ပါတယ်။
Balanced Steel Ratio ထက် များတာဆိုရင်တော့ Compression ဖြစ်ပါတယ်။
စာလေးမှာဆိုးလို့
Theory လျော့ပြီး အများနားလည်လွယ်အောင် ကြိုးစားရေးထားပါတယ်။
အသေးစိပ်ဖတ်ချင်သူများ Beam အခန်းမှာပြန်ဖတ်ပေးကြပါ။ ဖတ်ပြီး
ဆွေးနွေးလိုပါက comment box မှာဆွေးနွေးနိုင်ပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
0 comments:
Post a Comment