CE Vip- Beam Design
CE vip - Beam Design
CE - Analysis of rates - version 6
Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။
Ebooks
Civil Engineering နဲ့ပတ်သတ်သော Ebook များ
Etabs
Etabs လေ့လာရန်
Site Mistake
Site Mistake
Etabs Tutorials
Download ဆွဲနည်း
Monday, July 13, 2015
လမ်းအမျိုးအစားများ - အပိုင်း (၁)-Pavement Type ၃ မျိုး
ယခုအချိန်တွင် အဓိက အသုံးပြုနေကြသည့် Pavement Type  ၃ မျိုးရှိပါသည်။ ၄င်းတို့ မှာ
1) Flexible Pavement
2) Rigid or Concrete Pavement
3) Composite Pavement
1)    Flexible Pavement
Flexible Pavement ကို ကတ္တရာ (bitumen) နှင့် ကျောက်စရစ် (သို့ ) ခွဲကျောက် (granular material) တို.ဖြင်.တည်ဆောက်ပါသည်။
Typical Flexible PavementTypical Flexible Pavement
Flexible Pavement ခင်းရာတွင် အပေါ်လွှာများ (binder course and wearing or surface course) ဆောက်လုပ်ရာတွင် အောက်ပါအတိုင်း အဓိကအားဖြင့် ၃ မျိုးခွဲနိုင်ပါသည်။
1.1. Hot Mix Asphalt (HMA) method - for general traffic
1.2. Cold Mix Asphalt (CMA) method - for light traffic
1.3. Penetration method - for light traffic
1.1.  HMA ကို အများအားဖြင့် Asphalt Concrete (AC) ဟု အသုံးများပါသည်။ မြန်မာပြည်တွင် နိုင်လွန်ကတ္တရာဟု သုံးပါသည်။  HMA ကို central mixing plant တွင် သဲ၊ကျောက် စသည်တို့ကို သတ်မှတ်သော အပူချိန်ရောက်သည်အထိ အပူပေးပြီး ကတ္တရာဖြင့်ရောဖျော်ကာ လမ်းခင်းမည့်နေရာသို့ dump truck များဖြင့်ပို့ ဆောင်ပါသည်။
HMA MethodHMA Method
ဤလမ်းခင်းနည်း၏ အခြေခံသဘောမှာ surface course ပေါ်သက်ရောက်သည့် ၀န်ကို AC surface course မှတဆင့် ၀န်ထမ်းအား အဆင့်ဆင့်နည်းသွားသည့် base course, subbase course, subgrade တို့ သို့  ဖြန့်ကျက်သက်ရောက်စေသည့် နည်းဖြစ်ပါသည်။
AC Road StructureAC Road Structure
1.2. Cold Mix Asphalt (CMA) မှာအသုံးနညိးသဖြင့် ဤအခန်းတွင် ချန်လှပ်ခဲ့ပါသည်။
စိတ်ဝင်စားသူများ လမ်းအမျိုးအစားများ - အပိုင်း (၂) - Cold Mix Asphalt (CMA) နှင့်  Warm Mix Asphalt (WMA), အောက်ပါ link တွင်ဖတ်နိုင်ပါသည်။
Penetration MethodPenetration Method
ဤလမ်းခင်းနည်း၏ အခြေခံသဘောမှာ surface course ပေါ်သက်ရောက်သည့် ၀န်ကို အရွယ်စုံ ခွဲကျောက်များ အချင်းချင်း ချိတ်ဆက်မှု (interlock of aggregate) ကရရှိသည့် တည်ငြိမ်ခိုင်ခန့်မှုမှတဆင့် လမ်းအောက်ခံလွှာ (base course) ပေါ်သို ဖြန့်ကျက်သက်ရောက်စေပြီး ခွဲကျောက်များရွေ့ လျှားမှုကို ကတ္တရာဖြင့်တွဲထိန်းထားသည့်နည်းဖြစ်ပါသည်။
Macadam Road StuctureMacadam Road Stucture
ဤ ၃ မျိုး၏ဆောက်လုပ်ပုံ များကို အပိုင်း (၂) တွင်ဆက်လက် ဆွေးနွေးပါမည်။
2) Rigid or Concrete Pavement  
Rigid pavement ကို ဘိလပ်မြေ (Portland Cement)  Concrete ဖြင့်တည်ဆောက်ပါသည်။
Typical Rigid Pavement SectionTypical Rigid Pavement Section
Rigid pavement တွင်လည်း ဒီဇိုင်းအမျိုးအမျိုဒအစားပေါ်မူတည်ပြီး အောက်ပါအတိုင်း ၄ မျိုးထပ်မံခွဲခြားနိုင်ပါသည်။
a. Continuously Reinforced Concrete Pavement (CRCP)
b. Concrete Pavement Contraction Design (CPCD)
c. Jointed Reinforced Concrete Pavement (JRCP)
d. Prestressed Concrete Pavement (PCP)
a. Continuously Reinforced Concrete Pavement (CRCP) CRCP အမျိုးအစားမှာ joint မပါဝင်သော ဒီဇိုင်းဖြစ်ပြီး ခပ်စိတ်စိတ်ဖြစ်ပေါ်နေသော ကန့်လန့်ဖြတ် အက်ကြောင်းများမှာ CRCP ၏သိသာသောလက္ခဏာတစ်ခုဖြစ်ပါသည်။ ဤအက်ကြောင်းများကိုအထဲတွင်ပါဝင်သည့်သံချောင်းက မြဲမြံစွာဆွဲထိန်းထားခြင်းဖြစ်သဖြင့် ၄င်းတို့ညီညာ(uniformly spaced) စွာဖြစ်ပေါ်နေသမျှ စိုးရိမ်စရာမရှိပါ။ အောက်ပါပုံကို ကြည့်ပါ။
CRCPCRCP 
b. Concrete Pavement Contraction Design (CPCD)
CPCD ဒီဖိုင်းတွင် အက်ကြောင်းများကို contraction joint ကထိန်းထားပြီး dowel bar မှအပ သံချောင်းမပါဝင်ပါ။ အောက်ပါပုံကို ကြည့်ပါ။
CPCDCPCD 
c. Jointed Reinforced Concrete Pavement (JRCP)
 JRCP ဒီဇိုင်းတွင် contraction joint နှင့် သံချောင်းများက အက်ကြောင်းများကိုထိန်းထားပါသည်။ ကန့်လတ်ဖြတ်ဆက်ကြောင်း (traverse joint spacing) က Concrete contraction design (CPCD) spacing ထက်ပိုရှည်ထားပါသည်။ အောက်ပါပုံကို ကြည့်ပါ။ JRCPJRCP 
d. Prestressed Concrete Pavement (PCP)
PCP ဒီဇိုင်းမှာ ကျယ်ပြန့်စွာ အသုံးပြုခြင်းမရှိသေးသဖြင့် ချန်လှပ်ခဲ့ပါသည်။
3) Composite Pavement  
Composite Pavement ကို အထက်ပါ Flexible Pavement နှင့် Rigid Pavement နှစ်မျိုးကိုပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ကွန်ကရိ ကိုအောက်လွှာအဖြစ်ထားပြီး ကတ္တရာကို အပေါ်အလွှာအဖြစ်ခင်းပါသည်။ ဤနည်းမှာ ကွန်ကရိအောက်လွှာက ခိုင်မာသော လမ်းအောက်ခံ (road base) ကိုပေးပြီး ကတ္တရာအပေါ်လွှာက ချောမွတ် တောင့်တင်းသော မျက်နှာပြင် (smooth and non-reflective surface) ကိုပေးနိုင်သည့်အတွက် အကောင်းဆုံးဖြစ်ပါသည်။ သို့ သော် အလွန်ဈေးကြီးသဖြင့် အသုံးနည်းပါသည်။
ထို့ ကြောင့် ပထမ ၂ မျိုး ( Flexible Pavement နှင့် Rigid or Concrete Pavement) ကိုသာ ဆွေးနွေးသွားပါမည်။
Rigid နှင့် Flexible Pavement တို့ ၏ အဓိက လက္ခဏာများ
1) Traffic Load distribution
Load DistributionLoad Distribution
အထက်ပါပုံတွင်ပြထားသည့်အတိုင်း Rigid Pavement မှာ အလွန်ခိုင်မာတောင့်တင်းမှု (stiffness) ရှိသဖြင့် အထက်မှသက်ရောက်သော ၀န်အားမှာ ပိုမိကျယ်ပြန့်သော လမ်းအောက်ခံလွှာ ပေါ်သို့ ဖြန့်ကျက်ကျရောက်သွားပါသည်။ ထို့ ကြောင့် အထက်မှသက်ရောက်သော ၀န်အား၏ အဓိကအပိုင်းအား slab ကိုယ်တိုင်ကထမ်းထားပါသည်။
Flexible pavement တွင်မူ အထက်မှသက်ရောက်သော ၀န်အားကို အပေါ်မှ ကတ္တရာအလွှာအပါအ၀င် အောက်ခံအလွှာများက အဆင့်ဆင့်မျှဝေပြီးထမ်းကြရပါသည်။
Rigid နှင့် Flexible Pavement တို့ ၏ အားသာချက် နှင့် အားနည်းချက်များကို အောက်ပါ link မှာဖတ်နိုင်ပါသည်။
***********************Refrences*****************************
1. Pavement Analysis and Design, 2nd Edition-Yang H. Huang, University of Kentucky
2. Pavement Design Guide, Texas Department of Transportation, Revised January 2011
3. Manual for Asphalt Pavement, Japan Road Association, 1989
*** Self Compacting Concrete (SCC)***
*** Self Compacting Concrete (SCC)***
SCC က တဖြည်းဖြည်းခေတ်စားလာနေတဲ့ နည်းစံနစ်အသစ်တစ်ခုပါ။ ဒီနည်းစံနစ်ကို 1980 ပြည့်လွန်နှစ်များက ဂျပန်နိုင်ငံမှာ Mr. Okamura ဆိုသူကစတင်လေ့လာခဲ့ပြီး တိုကျိုတက္ကသိုလ်မှာ Mr. Ozawa ဦးဆောင်တဲ့ အဖွဲ့ က ဆက်လက် သုတေသနပြုခဲ့ကြပါတယ်။ 1988 ရောက်မှ
“High Perfoemance Concrete” ဆိုတဲ့ အမည်နဲ့ စတင်အသုံးပြုခဲ့ပါတယ်။
SCC ရဲ့ ထူးခြားချက်ကတော့ superplasticizer နဲ့  stabilizer တွေကို ကွန်ကရိဖျော်စပ်ရာမှာ ထပ်ထည့်ပြီး အလွန်ပျော့ပြောင်းချောမွေ့ ပြီးစီးဆင်းမှုကောင်းတဲ့ ကွန်ကရိကိုထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် vibrator သုံးဖို့ မလိုဘဲ formwork အတွင်းပိုင်း နေရာအားလုံးမှာ segregation မဖြစ်စေဘဲ self weight ကြောင့် compaction အလုံအလောက်ရနိုင်ပါတယ်။ Strenght အနေနဲ့ကတော့ 24 နာရီအတွင်း 30-40 N/mm² (Grade 30 to 40) အထိရနိုင်ပါတယ်။
ယခုအခါမှာတော့ နိုင်ငံတော်တော်များများမှာ SCC ကိုသုံးစွဲမှုများလာတယ်လို့လေ့လာ သိရှိရပါတယ်။
ကျွန်တော်တို့  မြန်မာပြည်မှာ သုံးဖို့ အတွက်တော့  ထုတ်လုပ်မှုစရိတ် ကြီးမြင့်မှုကြောင့် အချိန်အတော်ကြာအောင် စောင့်ရဦးမယ်ထင်ပါတယ်။ နည်းပညာပိုင်းနေနဲ့တော့ ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
SCC အကြောင်း စိတ်ဝင်စားသူများရင် သီးခြားခေါင်းစဉ်တစ်ခုအဖြစ် အချိန်ရတဲ့အခါ အကျယ်ထပ်ရေးဖို့ ကျိုးစားပါမယ် ကို Chamm Shwin ရေ့ ။
San Nwe Jun 3, 2015
******************************************************
San Nwe
ငြမ်းဆင်ခြင်း (Scaffolding) ၊ ကျောက်ပုံးရိုက်ခြင်း (Formwork) ၊ယာယီထာက်တိုင်စံနစ်များ (Falsework) အကြောင်းစာအုပ်များ
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ငြမ်းဆင်ခြင်း (Scaffolding) ၊ ကျောက်ပုံးရိုက်ခြင်း (Formwork) ၊ ထောက်တိုင်စံနစ်များ (Falsework) အတွက် ကောင်းနိုးရာရာ စာအုပ်များစုစည်းမှု ၊
1) Investigation into aspects of falsework, Prepared by the School of Civil Engineering   The University of Birmingham for the Health and Safety Executive
2) Guidance Notes on Falsework Safety
3) Draft Code of Practice for Formwork & Falsework    Safe work Australia
4) Falsework and Forms, Self-study course (US)
5) CHAPTER 6 - FALSEWORK, FORMWORK AND CONCRETE FINISH
6) Falsework Manual , 466 pages    by State of California, Department of Transportation
7) Safe erection, use and dismantling of falsework   
8) Indian Standard, FALSEWORK FOR CONCRETE STRUCTURES GUIDELINES
9) CODE OF PRACTICE FOR METAL SCAFFOLDING SAFETY   By Occupational Safety and Health Branch    Labour Department, HK
Credit
AutoCAD ဖြင့် Soap Case တစ်ခုဖန်တီးခြင်း
soap designအဆင့်(၁) ပထမဦးစွာ Unit Command (UN) ဝင်ကာ Length Type တွင် Decimal ၊ Insertion Scale တွင် Milimeters ထားပါ။
1အဆင့်(၂) Limits Command (Limits) ဝင်ကာ Lower Left corner = 0,0 ၊ Upper Right Corner = 500 , 500ထားပေးပါ။
2အဆင့်(၃) Home > View Group > Top ကိုဝင်ကာ အောက်ပါပုံတွင်ပေးထားသည့်အတိုင်းရေးဆွဲပါ။
3ပြီးလျှင် Circle Command (C) ဝင်ကာ Tan Tan Radius ကိုရွေးကာ အောက်ပါပုံတွင် ပေးထားသည့် အတိုင်း R = 70 , R = 65 ရှိသော အဝန်းပိုင်းလေးကိုရေးဆွဲပါ။ လိုသောအစိတ်အပိုင်းများကို Trim Command (TR) ဖြင့် ဝင်ကာ မလိုချင်သော အစိတ်အပိုင်းများကို ဖျက်ပေးပါ။
4အဆင့်(၄) Home > View Group > SW Isometric ကိုရွေးပါ။ Closed Area ကိုထုတင် ချင်သောကြောင့် Presspull Command (PRESSPULL) ဝင်ကာ ထုကို 30 mm တင်ပေးပါ။
5အဆင့်(၅) အောက်ခြေအနားများကို Fillet Command (F) ဝင်ကာ R = 15 ထားပေးပါ။ 3D Shape ကိုလိုချင်သောကြောင့် Visual Style တွင် Shaped With Edges ကိုရွေးပါ။
6အဆင့်(၆) Home > View group > Front ကိုရွေးကာ အောက်ပါပုံတွင်ပေးထားသည့်အတိုင်း ရေးဆွဲပါ။ ပြီးလျှင် Presspull Command (PRESSPULL) ဝင်ကာ ထုကို 70 mm တင်ပေးပါ။
7ပြီးလျှင် Midpoint မှကိုင်ကာSoap ၏ အောက်ခြေ midpoint တွင်ထားပေးပါ။
8အဆင့်(၇) Subtract Command (SU) ဝင်ကာ လိုချင်သော Object ကိုမှတ်ကာ မလိုချင်သော Object ကို ဖယ်ထုတ်ပေးပါ။ ဒါဆိုအောက်ခြေဖောင်းကြွပုံစံလေးကိုရရှိလာမည်ဖြစ်သည်။
9Home > Solid Editing Group ရှိ Shell ကိုရွေးကာ Shell Distance တွင် 2 ထားပါ။
10ဒါဆို 3D Solid ကို Offset ချထားသော ပုံစံကိုရရှိလာမည်ဖြစ်သည်။
11အဆင့်(၈) Home > View Group > Visual Style တွင် Shaded With Edgesကိုရွေးပါ။ ခေါင်းပွဖြစ်ချင်သောကြောင့် မူလ 2D Shape ကို Presspull Command (PRESSPULL) ဝင်ကာ ထု 2mm ထားပေးပါ။
12
13အဆင့်(၉) Midpoint မှ ကိုင်ကာ မူလ Solid Shape ၏ Midpoint တွင်ထားပေးပါ။ Subtract Command (SU) ဝင်ကာ အပြင် Solid ကို Select မှတ်ကာ ဖယ်ထုတ်မည့်အတွင်း solid ကို Select မှတ်ပါ။ ဒါဆိုအောက်ပါပုံလေးကို ရရှိလာမည်ဖြစ်သည်။
14အဆင့်(၁၀) Home > View Group > Top ကိုရွေးပါ။ ပြီးလျှင် Home > View Group > SW Isometric ကို ဝင်ကာ Presspull Command (PRESSPULL) ရွေးကာ ထုကို 50mm တင်ပေးပါ။
15ဒါဆိုအောက်ပါပုံလေးအတိုင်းရရှိလာမည်ဖြစ်သည်။
16အဆင့် (၁၁) Cylinder ၏ center မှကိုင်ကာ ပုံတွင်ပေးထားသည့်အတိုင်းနေရာချပေးပါ။
17အပေါက်ဖေါက်ချင်သောကြောင့် Subtract Command (SU) ဝင်ကာ အပြင်ဘက် Object ကိုselect မှတ်ကာ လိုချင်သောအတွင်း object ကို select ပေးပါ။ ဒါဆို ဆပ်ပြာခွက်လေးကို အပေါက်ဖေါက်ထားသည့် ပုံစံလေးကို ရရှိလာမည်ဖြစ်သည်။
18Post ကို Offline eBook လေးအဖြစ်ဒေါင်းချင်တော့…AutoCAD ဖြင့် Soap တစ်ခုဖန်တီးခြင်း
Drawing file လေးဒေါင်းချင်ရင်တော့…..soap case design
Credit http://www.mmdataworld.com/
SketchUp ဖြင့် Spiral Stair တစ်ခုဖန်တီးခြင်း
အဆင့်(၁) ပထမဦးစွာ Google SketchUp Pro 8 ကိုဖွင့်ပါ။ Template > Architectural Design – Feet and Inches ကို ရွေးကာ Start Using SketchUp ကိုဖွင့်ပါ။
Data World
အဆင့်(၂) Camera ထဲမှ Parallel Projection ကိုရွေးကာ Top သို့ပြောင်းထားပါ။
Data World
အဆင့်(၃) Circle (c) ကိုယူကာ Radius 3’ နှင့် Radius 3” ရှိသော circle ကိုရေးဆွဲပါ။ ပြီးလျှင် Line (L) ကိုယူကာ အောက်ပါပုံတွင်ပေးထားသည့်အတိုင်း လှေကားထစ်တစ်ထပ်စာပေါ်အောင် ရေးဆွဲပါ။
Data World
အဆင့်(၄) ကျန်သောအပိုင်းများကို ဖျက်ကာ လှေကားထစ်တစ်ထစ်စာကို ထားထားပါ။ Iso view သို့ပြောင်းပြီး object ကို select မှတ်ကာ Right Click နှိပ်၍ Make component ကိုရွေးပါ။ Create Component Box ပေါ်လာပါက Name တွင်မိမိစိတ်ကြိုက် သတ်မှတ်ကာ Create button ကိုနှိပ်ပါ။
Data World
အဆင့်(၅) Step ကို ထုတင်ချင်သောကြောင့် select မှတ်ကာ Right Click နှိပ်၍ Edit Component ကိုယူပါ။ ပြီးလျှင် Push Pull (P) ကိုယူကာ အထူ (5.5“) တင်ပါ။ ထုတင်ထားသော object ကို rotate လှည့်ချင်သောကြောင့် Rotate (Q) ကိုယူကာ axis တွင် base point သတ်မှတ်ပါ။ ပြီးလျှင် Ctrl ကိုနှိပ်၍ Step ၏ စမှတ်နှင့် ဆုံးမှတ်ကို ပေးကာ VCB box တွင် Angle ကို 24X ထားပါ။ ဒါဆိုအောက်ပါပုံကို ရရှိပြီဖြစ်သည်။
5
Data World
Data World
အဆင့်(၆) ပုံများအားလုံးကို select မှတ်ကာ Move (M) ကိုယူကာ step ၏ အောက်ခြေမှတ်မှကိုင်ကာ step ၏အပေါ်မှတ်သို့တင်ပေးပါ။ ပြီးလျှင် VCB Box တွင် 13 X ဟုရိုက်ထည့်ပါ။ Step တစ်ခုစီကို အောက်ပါပုံတွင်ပေးထားသည့်အတိုင်း selection မှတ်ပေးပါ။
Data World
Data World
အဆင့်(၇) Selection ပြောင်းပြန်မှတ်ချင်သောကြောင့် Shift ကိုဖိကာ object အားလုံးကို select မှတ်ပေးပါ။ ပြီးလျှင် Delete ကိုနှိပ်၍ဖျက်ပါ။
Data World
အဆင့်(၈) Step တစ်ခုကို select မှတ်ကာ Push Pull (P) ကိုဝင်၍ အောက်သို့ထု 3” လျှော့ချပါ။ ပြီးလျှင် ပထမဦးဆုံး Step တွင် Circle (c) ကိုယူကာ radius 0.5” ရှိသော circle တစ်ခုကိုရေးဆွဲပါ။ Line (L) ကိုဝင် circle ၏ center တွင် အမြင့် 3’ ရှိသော Line ကိုရေးဆွဲကာ ဒုတိယ step ၏ အမြင့် 3’ နှင့် ချိတ်ဆက်ပါ။
Data World
Data World
အဆင့်(၉) လမ်းကြောင်းကို select မှတ်ကာ Follow me ကိုယူ circle ကို click ပါ။ Railing က မဲနေပါက Railing ကို select မှတ်ကာ Right Click နှိပ်၍ Reverse Faces ကို ရွေးပေးပါ။
Data World
အဆင့်(၁၀) Axis တွင် Circle တစ်ခုရေးဆွဲပါ။ Push Pull ကိုယူကာ အမြင့် 10 ’ တင်ပါ။ အောက်ခြေကို 5” ထုတင်ပါ။ ဒါဆိုအောက်ပါပုံအတိုင်း Spiral Stair တစ်ခုကို ရရှိပါမည်။
Data World
Architectural Design ရေးဆွဲခြင်းကို စိတ်ဝင်စားသူများ အတွက် လေ့လာနိုင်ရန် တင်ပေးလိုက်ပါတယ်။
Credit - http://www.mmdataworld.com/
Autocad file to SketchUp
AutoCAD မှာ ဆွဲထားတဲ့ 3d model DWG file ကို SketchUp ထဲကို Import လုပ်လို့ ရပါတယ်။ SketchUp Pro > File Menu > Import ... နှင့် Open dialog box > Files of Type မှာ AutoCAD Files (*.dwg, *.dxf) ဆိုပြီးပါပါတယ်။ SketchUp ထဲမှာ materials တွေထည့်ပြီး V-Ray နှင့် render လုပ်လို့ ရပါတယ်။
Credit 
Kyithar Myint
Saturday, July 11, 2015
CE Analysis of rate - V4
Civil Engineer တွေအတွက်
CE Analysis of rate - V4
https://www.dropbox.com/s/nad4zwbri11miq7/com_analysisofrates_kophyoe.apk
Facebook
Download ဆွဲနည်းလမ်းညွန်
Civil Engineer တွေအတွက် CE Reader
*** Civil Engineer တွေအတွက် CE Reader ***
CE analysis of rates မှာ တင်တဲ့ ပို့စ်တွေဖတ်ရတာအဆင်မပြေတဲ့သူငယ်ချင်းတွေအတွက်
CE reader ပါ။ တွက်ချက်မူတွေတော့မပါပါဘူး စာဖတ်ဖို့ပါပဲ။
ပို့စ်တွေအားလုံး ပြန်ဝင်လာအောင်လုပ်ထားပေးပါတယ်။
ကျေးဇူးတင်ပါတယ်
ထွန်းအောင်ဖြိုး( TU Meikhtila)
https://www.dropbox.com/s/92lo9j1rgmh5bac/com_cereader_kophyoe.apk
Facebook
Disqus Shortname
Comments system