CE Vip- Beam Design
CE vip - Beam Design
CE - Analysis of rates - version 6
Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။
Ebooks
Civil Engineering နဲ့ပတ်သတ်သော Ebook များ
Etabs
Etabs လေ့လာရန်
Site Mistake
Site Mistake
Etabs Tutorials
Download ဆွဲနည်း
Tuesday, December 8, 2015
မြေကြီးကို ကောက်ယူပြီး ခန့် မှန်းခြေ အကြမ်းဖြင်း ခပ်တည်တည်နှင့် manual test လုပ်လို့  ရတယ်လို့  ဆိုပါတယ်။
site ထဲမြေတူးနေတုန်း ထွက်လာတဲ့ မြေကြီးကို ကောက်ယူပြီး ခန့် မှန်းခြေ အကြမ်းဖြင်း ခပ်တည်တည်နှင့် manual test လုပ်လို့  ရတယ်လို့  ဆိုပါတယ်။
မြေကြီးကို အလုံးလေးလုံးပြီး အချောင်းလေးဖြစ်အောင် လိမ့်ကြည့်ပါတဲ့။ မကျိုးမပျက်ပဲ ၁/၈ လက်မလောက် အချောင်းလေးရရင် cohesive soil ပဲ plasticity ကောင်းတယ် စသဖြင့် ပြောလို့ ရသတဲ့။
မြေကြီးအတုံးလေးကို လက်ဝါးပေါ်မှာ လက်မလေးနှင့် ပုံမှန် ခြေကြည့်တဲ့အခါ ကြေညက်သွားရင် အင်း ... မြေကြီးက granular soil ပဲသာပြောလိုက်ပါတဲ့။ မကြေညက်သွားပဲ အစိပ်အပိုင်းလေးတွေ အလိုက် ရှိနေရင် သြော် ... clay soil ရွံ့ စေးမြေ သို့ မဟုတ် silt နူန်းမြေ ပါလားပေါ့။
မြေကြီးတုံးလေး ကောက်ယူပြီး အလယ်ခေါင်ကို လက်မလေးနှင့် ဖိကြည့်လိုက်လို့  မာရေကြောရေနှင့် တောင့်ခံနေလို့ ကတော့ အမယ် ... unconfined compressive strength ကောင်းသဟ Type A soil ပဲ ဘာညာ။ မြေကြီးထဲ လက်မ ၀င်သွားလို့ ကတော့ Type C ပေါ့။
Ref; Excavations, Safe Practices for Small Business Owners and Contractors by Oregon OSHA
Tuesday, November 17, 2015
Autodesk Revit
Safety First
"တာတမံများကို ထိန်းသိမ်းပြုပြင်စောက်ရှောက်ခြင်း"
"တာတမံများကို ထိန်းသိမ်းပြုပြင်စောက်ရှောက်ခြင်း"
Scan ဖတ်တင်ပေးလိုက်ပါပြီ
pdf file = 63 MB
Freedom from Fear - Aung San Suu Kyi
Freedom from Fear - Aung San Suu Kyi
Download
Download ဆွဲတာအဆင်မပြေတဲ့သူငယ်ချင်းတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်
"ဒေါ်အောင်ဆန်းစုကြည်"
ရေးသားသော
"Freedom From Fear"
"ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး" စာအုပ်။
(မြန်မာဘာသာဖြင့်ပါ)
Saturday, November 14, 2015
စင်ကာပူ အိုးအိမ်က ထုတ်ထားတဲ့ Supervision Guide စာအုပ်
စင်ကာပူ အိုးအိမ်က ထုတ်ထားတဲ့ Supervision Guide စာအုပ်တွေဖြစ်ပါတယ်။
အိုးအိမ်က ပရိုဂျက်တွေမှာ Quality Standard အနေနဲ့ လိုက်နာဆောင်ရွက်နိုင်စေဖို့ ထုတ်ထားတာပါ။ စုစုပေါင်း ၅ အုပ်ပါ။ လေ့လာနိုင်စေဖို့ တင်ပေးလိုက်ပါတယ်။
1.Structural Engineering
http://www.mediafire.com/download/i1jmy6cwl054w05
မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၁)
Steel Structure အဆောက်အဦများကို Structure ဟု ခေါ်နေခြင်း
"ဆရာ ကျွန်တော်တို့က Structure နဲ့ ဆောက်ချင်တာ"
" ဟုတ် ကောင်းတာပေါ့ဗျာ တကယ်တော့ အဆောက်အဦ ကြီးကြီး ငယ်ငယ် Structure တွက်ချက်ပြီးမှ ဆောက်တာ အကောင်းဆုံးပါပဲ"
" ဟုတ် ဆရာ Rc ထက်စာရင် Structure က သက်သာမှာပေါ့နော့"
"သေဟ" လို့ စိတ်ထဲကနေ ရေရွတ်မိတယ်။ Steel Structure ကို သူတို့က Structure လို့ခေါ်နေတာကို ကိုယ်က Structure ခိုင်ခန့်မှုတွက်ချက်တာကို ပြောတာပဲ ထင်ပြီး ပြန်ပြောနေတာပါ။
အဲ့လို Steel Structure ကို Structure လို့ သုံးနှုန်းပြောတာ အင်ဂျင်နီယာ ၃, ၄ ဦး ကြုံဖူးပါတယ်။ အပြင်လူတွေလည်း ကြုံဖူးပါတယ်။ အစပိုင်းက ကြောင်အမ်းအမ်းဖြစ်ပေမယ့် နောက်တော့ သူတို့ပြောချင်တာကို သိလာတော့တာပါပဲ။
တကယ်တော့ Steel Structure တွေမှာသုံးတဲ့ I beam တွေကို Structural Steel လို့ခေါ်ပါတယ်။ Structural Steel နဲ့ ဆောက်တဲ့ အဆောက်အအုံ Structure တွေကို Structural Steel Structure, Steel Structure လို့သုံးပါတယ်။ Structural Steel design, Steel Construction စသဖြင့် Steel/ Structural Steel ဆိုပြီး သုံးနှုန်းပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
Friday, July 24, 2015
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆောက်အအုံဆိုင်ရာနည်းဥပဒေများ (သြဂုတ်၊၂၀၁၄)
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
အဆောက်အအုံဆိုင်ရာနည်းဥပဒေများ (သြဂုတ်၊၂၀၁၄)
http://www.mediafire.com/download/20z6sp7x7xc15zn/YCDC-Building_Regulation.zip
Monday, July 13, 2015
လမ်းအမျိုးအစားများ - အပိုင်း (၂) - Cold Mix Asphalt (CMA) နှင့်  Warm Mix Asphalt (WMA)
လမ်းအမျိုးအစားများ - အပိုင်း (၁) မှာ Flexible Pavement နဲ့ Rigid Pavement အကြောင်းကို မိတ်ဆက် အနေနဲ့  ဆွေးနွေးခဲ့ပြီး Flexible Pavement တည်ဆောက်ရာမှာ အသုံးများတဲ့ Hot Mix Asphalt နဲ့ Penetration Asphalt အကြောင်းကို အနည်းငယ်ဆွေးနွေးခဲ့ပါတယ်။ 
လမ်းအမျိုးအစားများ - အပိုင်း (၁) ကို မဖတ်ရသေးသူများ အောက်ပါ link မှာကြည့်နိုင်ပါတယ်။
https://www.facebook.com/notes/862260583836744
Flexible Pavement နဲ့  Rigid Pavement နှိုင်းယှဉ်ချက်ကိုတော့ အောက်ပါ link မှာပြထားပါတယ်။
https://www.facebook.com/notes/san-nwe/လမ်းအမျိုးအစားများ-အပိုင်း-၁-flexible-နှင့်-rigid-pavement-နှိုင်းယှဉ်ချက်များ/869839276412208
Cold Mix Asphalt (CMA) အကြောင်းကိုတော့ အသုံးနည်းတဲ့အတွက်ရော မြန်မာပြည် မသုံးဘူးလို့  ထင်တဲ့အတွက်ရောကြောင့် ရှင်းမပြဘဲ ချန်လှပ်ခဲ့ပါတယ်။ လမ်းအမျိုးအစားများ -အပိုင်း (၂) မှာ Flexible Pavement တည်ဆောက်နည်းများကို Japan နည်းစံနစ်ကို အခြေခံပြီး ဆွေးနွေးသွားမယ်လို့  ကြိုတင်စကားစခဲ့ပါတယ်။
ဒါပေမဲ့  မိတ်ဆွေတစ်ယောက်က comment မှာ CMA အကြောင်းရှင်းလင်းပေးဘို့ တောင်းဆိုထားတာကြောင့် ယခုအပိုင်း (၂) မှာဆွေးနွေးပေးပါမယ်။ တစ်ဆက်တည်းဘဲ ယခုအချိန်မှာ တဖြည်းဖြည်း ခေတ်စားလာနေတဲ့ Warm Mix Asphalt (WMA) အကြောင်းလည်း ထပ်ဖြည့်လိုက်ပါတယ်။ Flexible Pavement တည်ဆောက်နည်းများကိုတော့ အပိုင်း (၃) မှာဆွေးနွေးပေးပါမယ်။
၁- Cold Mix Asphalt (CMA)
Cold Mix Asphalt (CMA) ကို အပူပေးရန်မလိုခြင်း၊ ကြီးမားသောလမ်းကြိတ်စက်များမလိုခြင်းတို့ ကြောင့် လက်ဦးပထမကာလများက လမ်းပြင်ရာတွင် သုံးခဲ့ကြပါတယ်။
HMA နဲ့ CMA တို့ရဲ့ အဓိကကွဲပြားချက်ကတော့  CMA ဖျော်စပ်ရာတွင် ရောစာကျောက်နဲ့  ကတ္တရာကို အပူပေးရန်မလိုပဲ ပါတ်ဝန်းကျင်အပူချိန် (10°C-30°C) မှာရောစပ်နိုင်ပြီး HMA ကို (138°C-160°C) မှာရောစပ်ရတာဖြစ်ပါတယ်။ [Ref.3]
CMA ကို ရေဖျော်ထားတဲ့ ကတ္တရာ (water-based asphalt emulsion) နဲ့ ကျောက်စရစ် (သို့) ခွဲကျောက်ကို job nix formula အတိုင်း ရောနှောထားပါတယ်။  ကျောက်အစား ကတ္တရာလမ်းဟောင်းတွေက ပြန်ထုတ်ထားတဲ့ (asphalt millings) ကိုလည်း ကုန်ကျစရိတ် သက်သာဘို့ သုံးနိုင်ပါတယ်။ ကတ္တရာနဲ့  ကျောက် တွဲတဲ့အားကို (bonding) ကို ရေဖျော်ထားတဲ့ ကတ္တရာကရေတွေ အငွေ့ ပြန်ပြီး curing ဖြစ်သွားတဲ့အခါမှာ ရရှိပါတယ်။ အမေရိက နဲ့  ကနေဒါနိုင်ငံတွေမှာတော့ CMA ကို ready-mix အဖြစ် အိပ်တွေနဲ့ ထည့်ပြီးသားကို အဆင်သင့် ၀ယ်ယူအသံုးပြုနိုင်ပါတယ်။
Cold Mix Asphalt BagCold Mix Asphalt Bag
CMA in handCMA in hand
CMA in Road RepairCMA in Road Repair
အာရှနိုင်ငံတွေမှာတော့  India ဒေသအချို့ မှာသုံးတယ်လို့ သိရပါတယ်။ Brazil, Iraq, United Kingdom, Australia စတဲ့ နိုင်ငံတွေမှာလည်း သုံးတယ်လို့  လေ့လာသိရှိရပါတယ်။ (Ref. 2)
လမ်းခင်းပြီးလို့  Initial curing (အကြမ်းဖျင်း ၂၄ နာရီခန့်) ရပြီးတာနဲ့  သုံးလို့ ရပါပြီ။
CMA ရဲ့  အားသာချက်အချို့ ကတော့
  • ပျော့ပြောင်းပေမဲ့ အပူချိန်ပြောင်းလဲမှုကို ခံနိုင်ခြင်း
  • ဗဟိုဖျော်စက်ဖြင့်ဖြစ်စေ၊ လုပ်ငန်းခွင်တွင်ဖြစ်စေ ထုတ်လုပ်နိုင်ခြင်း
  • ရေဖျော်ထားတဲ့ ကတ္တရာ (water-based asphalt emulsion) နဲ့ ကျောက်စရစ် လွယ်ကူစွာ ရောနှောနိုင်ခြင်း
  • သယ်ယူစရိတ်သက်သာခြင်း
  • အလွယ်တကူသိမ်းဆည်းနိုင်သည့်ပြင် တစ်ကြိမ်သုံးပြီး ပြန်လည်သုံးနိုင်ခြင်း (recyclable)
  • Hot Mix Asphalt မရနိုင်သည့် ကျေးလက်ဒေသလမ်းများအတွက် အလွယ်တကူသုံးနိုင်ခြင်း
CMA ထဲကို ဘိလပ်မြေ ၊ ထုံး စတဲ့ additive များထပ်ထည့်ပြီး ပိုမိုကောင်းမွန်အောင်လုပ်ခြင်းအားဖြင့် HMA နီးပါးခိုင်ခန့်အောင် လုပ်နိုင်ပါသေးတယ်။ [Ref. 3]
CMA နည်းစနစ်ကို အောက်ပါ link မှာ ကြည့်နိုင်ပါတယ်။
https://youtu.be/noTpwZd-PwM
၂- Warm Mix Asphalt (WMA)
WMA နည်းစနစ်ကတော့ HMA နည်းစနစ်ထဲကို additive တွေထပ်ထည်ါပြီး ဖျော်စပ်ခြင်းနဲ့  လမ်းခင်းခြင်းတို့ကို HMA ထက်ပိုမိုနိမ့်ကျတဲ့ အပူချိန် (0°C-38°C) မှာ ပြုလုပ်နိုင်အောင် ဓါတုဗေဒအရောများနဲ့ ပြုပြင်ထားတဲ့ Mix Design ကိုသုံးပါတယ်။[Ref. 4]
WMAWMA
WMA ConstructionWMA Construction
WMA ရဲ့  အားသာချက်အချို့ ကတော့
  • ဖျော်စပ်ရာတွင် လောင်စာဆီကုန်ကျမှုသက်သာခြင်း
  • လမ်းခင်းရန်၊ သယ်ယူရန်၊ သိပ်သည်းအောင်ကြိတ်ရန်အတွက် အချိန်ပိုမိုရရှိခြင်း
  • လောင်စာဆီသုံးစွဲမှုနည်းသဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျှော့ချနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။
WMA အသုံးပြုမှုမှာ ယခုအခါ တဖြည်းဖြည်းပိုမိုခေတ်စားလာနေပြီဖြစ်ပါတယ်။ 2012 နှစ်စစ်တမ်းကောက်ယူမှုအရ အမေရိကန်နိုင်ငံတွင် ကတ္တရာထုတ်လုပ်မှု၏ ၂၅% မှာ WMA ဖြစ်ပြီး 2009 နှင့် နှိုင်းယှဉ်လျှင် 416% တိုးလာသည်ဟုဆိုပါသည်။
WMA နည်းစနစ်ကို အောက်ပါ link မှာ ကြည့်နိုင်ပါတယ်။
https://youtu.be/r0Zr23C76MU
----------------********------------------------------------
References and further readings;
1. http://www.asmg.com/services_mixes_cma.html
2. http://www.coldasphalt.com/
3. Use of Cold Mixes for Rural Road Construction, International Conference on Emerging Frontiers in Technology for Rural Area (EFITRA) 2012
4. Pavement Design Guide, Texas Department of Transportation, January 2011
Credit
San NweSan Nwe
လမ်းအမျိုးအစားများ - အပိုင်း (၁) Flexible နှင့် Rigid Pavement နှိုင်းယှဉ်ချက်များ
လမ်းအမျိုးအစားများ - အပိုင်း (၁) ရဲ့ နောက်ဆက်တွဲအဖြစ် Flexible နှင့် Rigid Pavement နှိုင်းယှဉ်ချက်များကို မျှဝေပေးလိုက်ပါတယ်။ အောက်ပါ အောက်ပါ link မှာကြည့်ပါ။
https://www.youtube.com/playlist?list=PL26WsM89U6p7Cn72ndk-g3C8nT2pxQfft
Connection နှေးလို့  youtube မှာကြည့်ဘို့  အဆင်မပြေသူတွေအတွက် Screenshot လေးတွေ အောက်မှာ ထည့်ပေးလိုက်ပါတယ်။
Pavement Comparison-1Pavement Comparison-1
Pavement Comparison-2Pavement Comparison-2
Pavement Comparison-3Pavement Comparison-3
လမ်းအမျိုးအစားများ - အပိုင်း (၁)- Pavement Type  ၃ မျိုး ကို မဖတ်ရသေးသူများ အောက်ပါ link မှာကြည့်နိုင်ပါတယ်။
https://www.facebook.com/notes/862260583836744/
အပိုင်း (၂) မှာတော့ Flexible Pavement တည်ဆောက်နည်းများကို Japan နည်းစံနစ်ကို အခြေခံပြီး ဆွေးနွေးသွားမှာမို့  စိတ်ဝင်စားသူများ စောင့်မျှော်ဖတ်ရှု ဆွေးနွေးကြဖို့  ကြိုတင် အသိပေးပါတယ်။
Credit
San Nwe
San Nwe
Disqus Shortname
Comments system