CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Wednesday, January 4, 2017

အပိုင်း (၁၄) Spiral ပတ်ထားသော column ၏ failure ဖြစ်ပုံ

Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း (၁၄)
Spiral ပတ်ထားသော column ၏ failure ဖြစ်ပုံ

Failure ဖြစ်တဲ့ tie column တွေကိုကြည့်လိုက်ရင် အားလုံးလိုလိုက တိုင်ပတ်ပတ်လည်က concrete တွေကွဲထွက်ကုန်ပြီး အပြင်ဖက်ကို ကွာကျကုန်တာ အတွင်းထဲမှာရှိတဲ့ သံချောင်းတွေကိုလည်းမြင်နေရမယ်

စာအုပ်ထဲမှာတော့ ဒီစာကို concrete column fails by crushing and shearing outward along inclined plans လို့ရေးထားပါတယ်

သူပြောချင်တဲ့ inclined plan က shear plan ကိုဆိုလိုတာပါ MOM ထဲက Mohr's circule ဆွဲတဲ့အခန်းမှာ ဒီအကြောင်းပါပါတယ်

သံချောင်းအနေနဲ့ဆိုရင်တော့ အပြင်ဖက်ကို တွန့်လိမ်ကောက်ကွေးသွားလိမ့်မယ်

ဒါကို and the longitudinal steel by buckling outward between ties ဆိုပြီးစာအုပ်ထဲမှာ ရေထားပါတယ်

ကျတော်တွဲပြီးဘာသာပြန်ပေးတာက ခင်ဗျားတို့ original စာအုပ်ကိုင်ရင် ဖတ်ရတာ လွယ်အောင်လို့ပါ

Failure ဖြစ်တဲ့ spirally concrete column တိုင်တွေမှာတော့ Longitudinal သံချောင်းတွေနဲ့ concrete တွေကို spiral တွေက စပလိန်ကွင်းထဲမှာ ပစ္စည်းတွေ စုထည့်ထားသလို ချုပ်ထားပေးပါတယ်

ဆိုလိုတာက spiral ကွင်းတွေရဲ့ အပြင်ဖက်ကို concrete နဲ့ သံချောင်းတွေက ရုပ်ပျက်ဆင်းပျက် တိုးထွက်မထွားတော့ဘူးပေါ့

ဒါကိုစာထဲမှာ ဘယ်လိုရေးထားလည်းဆိုတော့ the longitudinal steel and the concrete within the core are prevented from moving outward by the spiral လို့ရေးပါတယ် ကျတော်မြန်မာလိုပြောထားတာနဲ့ တွဲပြီးတိုက်ကြည့်ပါ

ဒါပေမဲ့ cover အပြင်ဖက်မှာ ရှိတဲ့ ကွန်ကရစ်တွေကတော့ သူ့ကိုပတ်ထားတာဘာမှမရှိတော့ spiral တွေရဲ့ ကာကွယ်ချင်းကိုခံရမှာမဟုတ်ဘူး ဒါကြောင့် အရေခွံကျွတ်သွားသလို အတွင်းမှာရှိတဲ့ သံချောင်းတွေကိုမြင်နေရတာ

ဒီအတိုင်းဆိုရင် ကျတော်တို့ရဲ့ အရင် tie ကွင်းပတ်ထားတာတွေနဲ့  နှိုင်းယှဉ်လိုက်မယ်ဆိုရင် spiral တွေရဲ့ အားသားချက်တွေ ထွက်လာပါပြီ tie column တွေက failure ဖြစ်ရင် ကွန်ကရစ်ကော် သံချောင်းကော် အပြင်ဖက်ကို ရုပ်ပျက်ဆင်းပျက် ကွာကျကုန်တယ် သံချောင်းကလည်း ရုပ်ပျက်ဆင်းပျက် အပြင်ဖက်ကို ထိုးထွက်မယ် ကွန်ကရစ်ကလည်း အတွင်းမှာရှိတာအကုန်မြင်ရနိုင်အောင်လောက်အောင်ကို ဘာမှမကျန်တော့ဘူး spiral တွေမှာတော့ ဒီလိုအခြေနေ နဲမယ်လို့ပြောလို့ရတယ်

failure ဖြစ်ပြီဆိုရင်တော့ ဘာမှဆက်ပြီးသုံးလို့မရတော့ပါဘူး ကျတော်တို့က ဘာလို့ failure ဖြစ်တာကြီးကိုဦးစားပေးပြောနေလည်းဆိုတော့ အကြောင်းရှိပါတယ် spiral တိုင်က failure ဖြစ်ရင် သူ့ရဲ့ stability ကိုဆက်ပြီးထမ်းထားနိုင်လို့ပါ ဆိုလိုတာက load လေးတော့ နဲနဲပါးပါးထမ်းနေသေးတယ်ပေါ့

tied column တွေလို ရုပ်တရက် ၀ိုင်းဒိုင်းဆိုပြီး ပြိုမကျဘူး ငလျှင်လုပ်ပြီးတဲ့အချိန်မှာ column တိုင်တွေ failure ဖြစ်သွားရင်တောင် spiral column တွေက အဆောက်ဦးထဲမှာရှိတဲ့ လူတွေ အပြင်ဖက်ကို ဆင်းနိုင်အောင် နဲနဲပါးပါးလေး စောင့်ပေးတယ်ပေါ့

ဒါကို ACI ကနေ သူတို့ အမေရိကန်နိုင်ငံမှာရှိတဲ့ ငလျှင်လုပ်လို့ ပျက်စီးသွားတဲ့ အဆောက်ဦးတွေကို သုတေသနလုပ်ရင်း အတည်ပြုထားတာပါ

သူ့ရဲ့အားသာချက်က ထပ်ရှိပါသေးတယ် spiral တွေမှာသုံးထားတဲ့ bar တွေလည်း yielding ဖြစ်တာတွေ fracture ဖြစ်တာတွေဖြစ်ပြီး ပျက်စီးသွားနိုင်ပါတယ် ဒါပေမဲ့ column failure ဖြစ်သွားတာထက်တော့ အရင်ဖြစ်မှာမဟုတ်ဘူး

column ties နဲ့ spiral ties တွေရဲ့  သူတို့ နှစ်မျိုးရဲ့ ခံနိုင်အားကတော့ သိပ်မကွာပါဘူး ဒါပေမဲ့ spiral တိုင်တွေက failure ဖြစ်နေတဲ့အချိန်မှာ ပိုစိတ်ချရလို့ safety factor ယူတာနဲတယ် ဥပမာ ခံနိုင်အားကို နဂိုရှိတာထက် tie column တွေမှာ ၂၀ ရာခိုင်နုန်းလျှော့ပြီးခွင့်ပြု မှာဆိုရင် spiral တိုင်တွေမှာတော့ ၁၅ ရာခိုင်နုန်းပဲ လျှော့ပြိးခွင့်ပြုမယ် ဘာလို့လည်းဆိုတော့ သူက ပိုစိတ်ချရလို့ပါ

--------------------

အောက်မှာပြထားတဲ့ပုံရဲ့ ဘယ်ဖက်ခြမ်းက ငလျှင်လုပ်ပြီးတဲ့အချိန်မှာ tied column ပျက်စီးသွားပုံပါ

ညာဖက်ခြမ်းကတော့ spiral column ပါပဲ ဘေးကို 50 cm ရွေ့ပြီး ပျက်စီးသွားတာတောင်မှ အားဆက်ထမ်းနေသေးတယ်

Aung Hla Min Naing
Structure Engineer တစ်ယောက်၏ခြေလှမ်းများ အပိုင်း (၁၅)
Spiral ၏ size နှင့် spacing ကို design လုပ်ခြင်း


အပိုင်း(၁၃) ACI Code အရ Ties နှင့် Spirals တို့ဧ။် သတ်မှတ်ချက်များ

Structure Engineer တစ်ယောက်ဧ။်ခြေလှမ်းများ အပိုင်း(၁၃)
ACI Code အရ Ties နှင့် Spirals တို့ဧ။် သတ်မှတ်ချက်များ

Ties အကြောင်းကိုအရင်ပြောပါမယ် Ties အတွက်လိုအပ်ချက်က ၂ ခုပဲရှိပါတယ် ဘယ်လိုထားရမလည်းဆိုတဲ့ပုံစံရယ် ဘယ်လောက်အကွာထားရမလည်းဆိုတဲ့ spacing ရယ်ပါ

Ties ရဲ့ တစ်ကွင်းနဲ့တစ်ကွင်းအကွာဝေးဟာ ထိုက်သင့်သလောက်စိတ်ရပါမယ် ဘယ်ထိလည်းဆိုရင် ရှေ့ပိုင်းမှာပြောခဲ့သလို အပေါ်ကနေ Load ကျလို့ တိုင်ထဲက သံချောင်းတွေက ဘေးဖက်ကို concrete cover ကိုဖောက်ပြီး အပြင်ဖက်ကို ကျော်မသွားအောင်ပါ

column တိုင်ထဲမှာ cross tie ကွင်းတွေအများကြီး ကန့်လက်ဖြတ်ထားမယ်ဆိုရင်လည်း concrete လောင်းတဲအချိန်မှာ ပြသနာနဲနဲရှိနိုင်ပါတယ် ဒါကြောင့် သတ်မှတ်ထားတဲ့ code တွေရှိပါတယ်

-------------------------

ACI Code 7.10.5 ( For Ties )

All bars of tied columns shall be enclosed by lateral ties, at least No.3(#10) in size for longitudinal bar up to No.10(#36,#43,#57) and bundle longitudianl bars. The spacing of the ties shall not exceed 16 diameters of longitudinal bars, 48 diameters of tie bar, not the least dimension of the column.

သူဘာရေးထားသလည်းဆိုရင် column ထဲမှာရှိတဲ့ သံချောင်းတိုင်းကို ties ကွင်းတွေနဲ့ဝန်းရံထားရမယ်

ties ကွင်းအတွက်သုံးတဲ့သံချောင်းရဲ့ diameter က အနည်းဆုံး 10 mm bar ကနေ 36mm,43mm,57mm ထိရှိမယ်

tie ကွင်းတစ်ခုနဲ့တစ်ခု အဝေးဆုံးအကွာဝေးက main bar dia ရဲ့ ၁၆ ဆထက်မပိုရဘူး , tie bar dia ရဲ့ ၄၈ ဆထက်မပိုရဘူး , column ရဲ့ အနည်းဆုံး dimension ထက်မပိုရဘူး ဥပမာ ၉x၁၂ တိုင်ဆိုရင် ၉" ထက်မပိုရဘူး

The ties shall be so arranged that every corner and alternate longitudinal bar shall have lateral support provided by the corner of tie having an included angle of not more than 135' , and no unsupported bar shall be father than 6 in. clear on either side from such a laterally supported bar.

ဒီစာက ဘာကိုပြောချင်တာလည်းဆိုတာ ပုံကိုကြည့်ပြီးမှပဲရှင်းသွားပါလိမ့်မယ် column တိုင်ရဲ့ ဒေါင့်တိုင်းမှာ ties ကွင်းတွေနဲ့ချိုးထားရမယ် သူဆိုလိုချင်တာက longitudinal bar တွေကို ဘေးကိုမရွေ့သွားအောင်ထိန်းထားဖို့ပါ အဲ့လို ဒေါင့်ချိုးချိုးတဲ့နေရာမှာ ၁၃၅ ဒီဂရီထက်မပိုရဘူး

သူရေးထားတာ unsupported bar နဲ့ laterally supported bar ဆိုပြီး နှစ်မျိုးရေးထားပါတယ် ဒီနှစ်ခုကိုသေချာကွဲရပါမယ် ပုံထဲမှာလည်းမြှားတော့ထိုးထားတယ် tie ကွင်းရဲ့ ဒေါင့်မှာ ချိတ်မိနေတဲ့ bar ဆိုရင် laterally supported bar ပါ ဒေါင့်မှာ မချိတ်မိနေဘူးဆိုရင်တော့ laterally unsupported bar ပါ သူကို tie ကွင်းက ထိရုံလေးတင်ထိသွားတာ အကယ်လို့ သူတို့နှစ်ခုရဲ့ အကွာဝေးက ၆ လက်မထက်ပိုသွားခဲ့ရင် cross ties ဆိုတဲ့ ties ကွင်းအဆန်းကြီးတွေကို သုံးပေးရပါမယ်

Ties တွေနေရာမှာ rebar တွေမသုံးချင်ဘူးဆိုရင် deformed wire ဒါမှမဟုတ် welded wire fabric တွေနဲ့အစားသုံးလို့ရပါတယ် ဒါပေမဲ့ equivalent area တော့ဖြစ်ရမယ် အကယ်လို့ column တိုင်အနေထားအရ သံချောင်းတွေက စက်ဝိုင်းပုံစံရှိနေခဲ့မယ်ဆိုရင် circular ties သုံးချင်လည်းသုံးကြပေါ့ ဒါက ACI ကပြောတဲ့ code ပါ

---------------------------

ACI Code 7.10.4 ( For Spirals )

Spirals shall consist of a continuous bar or wire not less than 3/8 in. in diameter and the clear spacing between turns of spiral must not exceed 3 in. nor be less than 1 in.

ဒီစာက ဘာကိုပြောချင်တာလည်းဆိုတော့ ကျတော်ရှေ့မှာပြောခဲ့သလိုပဲ မြွေတစ်ကောင်က တိုင်ပေါ်ပတ်ပြီးတက်သွားသလို spirals တွေကလည်း continuous bar တွေနဲ့ တိုင်ရဲ့ အပေါ်ကို တစ်လျှောက်လုံးပတ်ပြီး တက်သွားရပါတယ် bar နေရာမှာ WIRE သုံးချင်လည်းသုံးပေါ့ ဒါက ACI Code ကပြောထားတာပါ ဒါပေမဲ့ သူ့ရဲ့ dia က 3/8 လက်မထက် မငယ်ရဘူး သူတို့ရဲ့ စပလိန်လို အ၀ိုင်းတစ်ခုနဲ့တစ်ခုကြားအကွာဝေးက ၃ လက်မထက်မကြီးရဘူး အနည်းဆုံးရှိထားသင့်တာကတော့ ၁ လက်မပေါ့

spiral ရဲ့ အလုပ်လုပ်ပုံကို ကျတော်ရှေ့မှာရေးခဲ့ပြီးပါပြီ နောက်လာမဲ့အပိုင်းမှာ spiral ပတ်တာနဲ့ circular tie သုံးတာနဲ့ failure ဖြစ်ပုံခြင်းကွာခြားပုံကို ဆက်ရေးပါမယ်

Aung Hla Min Naing
Structure Engineer တစ်ယောက်ဧ။်ခြေလှမ်းများ အပိုင်း(၁၄)
Spiral ပတ်ထားသော column ၏ failure ဖြစ်ပုံ


အပိုင်း(၁၂) Lateral ties and spirals

Structure Engineer တစ်ယောက်ဧ။်ခြေလှမ်းများ အပိုင်း(၁၂)
Lateral ties and spirals

Beam ရဲ့ ထိန်းကွင်းကို stirrups လို့နမ်မည်ပေးရင် Column အတွက်လည်း နမ်မည်တခုခုပေးရတော့မယ် လေးထောင့် Column ဆိုရင် ties လို့ခေါ်လိုက်ပါ အ၀ိုင်းဆိုရင်တော့ spiral ပေါ့ သူက အပြင်မှာလုပ်နေ ကြသလိုမျိုး စက်ဝိုင်းကွင်းတွေမဟုတ်ဘူး မြွေတစ်ကောင်က တိုင်ပေါ်ကိုတက်သွားသလို တိုင်ကိုပတ် ခွေပြီးတက်သွားရမှာ အဲ့ဒါကြောင့် spiral လို့ခေါ်တာဟုတ် မဟုတ်ရင် circular ties လို့ခေါ်မှာပေါ့

Spiral တွေရဲ့ လုပ်ဆောင်ဆောင်ချက်ကို ပုံဖေါ်ကြည့်ရအောင်ပါ စလင်ဒါဗူးရှည်တစ်လုံးထဲကို သဲအပြည့်ထည့် အပေါ်ကနေဖိချလိုက် ဖိအားများရင် ဗူးကပွင့်ထွက်သွားမှာ ဒီလိုအခြေနေကနေ ကာကွယ်ဖို့ဆိုရင် ဗူးကို စပလိန်လို သံကွင်းတွေနဲ့ ပတ်ထားဖို့လိုတယ် အဲ့ဒါ column တိုင်တစ်လုံးရဲ့ spiral တွေအလုပ်လုပ်ပုံပဲ

spiral တွေမရှိတဲ့ column က မိန်းမမရှိတဲ့ ယောက်ျားတွေနဲ့တူပါတယ် သူတို့ဘ၀က ပြည့်စုံနေရင်တောင်အပေါ်က  ဖိအားကြောင့် အချိန်မရွေး ပွင့်ထွက်သွားနိုင်တယ်

column တိုင်ကိုအပေါ်ကနေဖိမယ်ဆိုရင် အပေါ်ကနေတိုသွားလေလေ ဘေးဖက်ကို ကားသွားလေလေပဲ ဒါကို poisson's ratio အရ အနည်းနဲ့အများတော့ပြောင်းလည်းရှိပါတယ် spiral တွေက column တွေရဲ့အပေါ်က ဖိအားတွေကြောင့် ဘေးကို ကားချင်လေလေ သူက အတွင်းကိုညစ်လေလေပဲ အဲ့ဒါသူ့အလုပ်ပဲ သူ့မှာ tension တစ်ခုဖြစ်စေတယ် အဲ့ဒါကို spiral ရဲ့ hoop tension လို့ခေါ်ပါတယ် circular column တစ်ချောင်းကဘယ်လောက်ထိ ကောင်းမကောင်းဆိုတာ သူ့ကိုပတ်ထားတဲ့ sprial တွေနဲ့ဆိုင်ပါတယ် spiral တွေ yield စဖြစ်တာနဲ့ သူတို့ရဲ့ ဘ၀ကလည်း ပျက်စီးပြီပဲ ...

Ties ဖက်ကိုလှည့်ရအောင်ပါ အိမ်တိုင်ပဲဖြစ်ဖြစ် တံတားတိုင်ပဲဖြစ်ဖြစ် သူတို့ရဲ့ cross-section တွေကို တင်ထားတဲ့ပုံမှာကြည့်ကြပါ သံချောင်းပါမယ် သံချောင်းကိုပတ်ထားတဲ့ lateral ties ပါမယ်

ဒီနေရာမှာ သံချောင်းကိုထားတဲ့ပုံစံတွေကိုပြောချင်တာပါ တိုင်ရဲ့ axial force ကများမယ် moment ကနည်းမယ်ဆိုရင်တော့ သံချောင်းတွေကို တိုင်ရဲ့ perimeter ပတ်လည်တစ်လျှောက် ဖြန့်ထားပါတယ်

အကယ်လို့ bending moment အရမ်းများခဲ့မယ်ဆိုရင် သံချောင်းတွေကို compression ဖက်ခြမ်းကိုစုမှာလား tension ဖက်ခြမ်းကိုစုမှာလားဆိုတာ တွေးရပြီ ကျတော်တို့ လုပ်ခဲ့တဲ့ beam design လိုပေါ့ beam မှာကျတော့ အပေါ်ကနေ gravity အတိုင်းအောက်ကို တည့်တည့်ကျမယ်ဆိုတာသေချာနေပြီ column မှာကျတော့ ဘယ်ဖက်ကိုလည်းဖြစ်နိုင်တယ် ညာဖက်ကိုလည်းဖြစ်နိုင်တယ် ဘယ်ညာကြည့်ပြီး tension ဖက်ခြမ်း compression ဖက်ခြမ်း ကွဲသွားနိုင်တယ်

အပေါ်က ကျလာမဲ့ အလေးချိန်တွေကများတယ်ဆိုရင် သံချောင်းတွေအများကြီးထည့်ရမယ် သံချောင်းကများရင် သူတို့ကို ချုပ်ဖို့ ties တွေကလည်းများမယ် ဒါကြောင့် သံချောင်းကျပ်ခြင်းဆိုတာဖြစ်လာတော့မှာပါ

ဒီလိုအခြေနေတွေအတွက် bundle bar system တွေကိုသုံးလာကြပါတယ်

bundle bar ဆိုတာတစ်နေရာထဲမှာသုံးလေးခုလောက်စုထားတာပါ လက်တွေ့စမ်းသက်ချက်တွေအရတော့ သူတို့အလုပ်လုပ်ပုံကတော့ တူတူပါပဲ သူတို့ရဲ့ အားသာချက်ကတော့ concrete လောင်းတဲ့နေရာမှာ အဆင်ပြေတာပဲ

--------------------------------------------

ties and spirals တွေရဲ့ လုပ်ဆောင်ချက်

ties and spirals တွေရဲ့ လုပ်ဆောင်ချက်က structure နည်းအရအထောက်ကူပြုတယ် construction နည်းအရလည်းအထောက်ကူပြုတယ်

constrction နည်းအရဆိုရင်  ဥပမာ ကွန်ကရစ်လောင်းတဲ့အချိန်မှာ သံချောင်းက ဘေးကိုမစောင်းသွားအောင် မရွေ့သွားအောင် ပုံစံကျအောင် လုပ်ဆောင်ပေးတယ်

structure နည်းအရဆိုရင်တော့ Longitudinal bars နဲ့ concrete ကြားမှာ stress တွေမများရအောင်လုပ်ဆောင်ပေးတယ် ဥပမာ ၂ ယောက်ပဲထမ်းရမှာက သူကရောက်လာတော့ ၃ ယောက်စာဖြစ်သွားတာပေါ့ အဲ့ဒါအပြင် သံချောင်းက အပေါ်ကနေ အလေးချိန်ကြီးကြီးမှားမှားဖိချလို့ cover ရဲ့ အပြင်ဖက်ကို ထိုးထွက်မသွားအောင်လုပ်ဆောင်ပေးတယ် သူက ဘေးပတ်ပတ်လည် ချုပ်ထားတာလေ

------------------------------------------

Aung Hla Min Naing
Structure Engineer တစ်ယောက်ဧ။်ခြေလှမ်းများ အပိုင်း(၁၃)
ACI Code အရ Ties နှင့် Spirals တို့ဧ။် သတ်မှတ်ချက်များ


အပိုင်း(၁၁) Column တိုင်တစ်လုံး၏ ခံနိုင်အားကိုတွက်ထုတ်ခြင်း

Structure Engineer တစ်ယောက်၏ခြေလှမ်းများ - အပိုင်း(၁၁)
Column တိုင်တစ်လုံး၏ ခံနိုင်အားကိုတွက်ထုတ်ခြင်း

For Axially Loaded Compression Members
---------------------------------------------

column တွေထဲမှာ short column ရယ် slender column ရယ် နှစ်မျိုးရှိတဲ့ထဲမှာ short column က ရာခိုင်နုန်းတော်တော်များများပါတယ်လို့ ရှေ့ကအပိုင်းမှာရေးခဲ့ပြီးပါပြီ

short column အကြောင်းကိုပြောမယ်ဆိုရင် axially loaded compression member တွေအကြောင်းကိုပြောရတော့မယ် ဒါဘာပြောချင်လည်းဆိုတော့ load က column တိုင်ရဲ့တည့်တည့်ကိုကျတာပါ ဒီလိုဆိုတော့ column တိုင်တည့်တည့်မကျတဲ့အခါမျိုးလည်းရှိတာပေါ့ အခုတွက်ပြမဲ့ equation က load ကသာ column ရဲ့ တည့်တည့်ကျမယ်ဆိုရင် ဘယ်လောက်ထိခံနိုင်မလည်းဆိုတာတွက်မှာပါ တည့်တည့်မကျဘူး distance တစ်ခုကနေ လွဲပြီးကျမယ် ဆိုလိုတာက moment အနေနဲ့ကျမယ်ဆိုရင်လည်း မစိုးရိမ်ပါနဲ့ ACI ကပြောထားတဲ့ equation လေးတွေရှိပါတယ်

ကျတော့အနေနဲ့ equation ရေးပြတာမဟုတ်ပဲ equation ရအောင် ACI က နှစ်ပေါင်းများစွာ ဘယ်လိုစဉ်းစားခဲ့ရလည်းဆိုတော တဆင့်ချင်းရေးပါမယ်

ပထမဆုံးအနေနဲ့ column ပေါ်ကျတဲ့ load ကသာမများဘူးဆိုရင် steel ကော် concrete ကော် နှစ်ခုစလုံး elastic အခြေနေပါ ... မြင်သာအောင်ဥပမာပေးရရင် သရေကွင်းတစ်ခုကိုဘယ်ညာဆွဲလို့ ဆွဲတဲ့အားမများဘူးဆိုရင် ဆွဲထားတာပြန်လွတ်လိုက်ရင် သူ့ရဲ့ နဂိုနေရာကိုပြန်ရောက်သွားပါတယ် သူ့ပေါ်ကျတဲ့အလေးချိန်တွေကြောင့် column က ပုံစံမပျက်ခဲ့ဘူးလို့ဆိုလိုတာပါ

အခုလို elastic အခြေနေမှာ concrete ရဲ့ strain နဲ့ steel ရဲ့ strain ကတူပါတယ်

Elastic အခြေနေမှာ stress နဲ့ strain က တိုက်ရိုက်အချိုးကျပါတယ်

strain ဆိုတာက အားသက်ရောက်လို့ ရှည်သွားတဲ့ပမာဏကိုပြောတာ

-------------------------------------------------------

column တိုင်မှာ Steel နဲ့ Concrete နှစ်မျိုးပဲရှိတာ သူတို့နှစ်ယောက်က ရောနေတာ column တိုင်ဆီကို အပြင်ကလာမဲ့အားတွေကို သူတို့နှစ်ယောက် တစ်ယောက်နဲနဲခွဲဝေရမှာ

concrete ရှည်ထွက်လာတဲ့အတိုင်း steel က လိုက်ရှည်ချင်ရင် အပြင်ကလာတဲ့အားတွေကို ခွဲဝေတဲ့နေရာမှာ တစ်ခုနဲ့တစ်ခုက မတူနိုင်တော့ဘူး ဘာလို့လည်းဆိုတော့ concrete ရဲ့ ခံနိုင်အားနဲ့ steel ရဲ့ ခံနိုင်အားကမတူဘူးလေ

ဥပမာ concrete တစ်လက်မရှည်ဖို့ အားက တစ်ကျပ်လိုတယ်ဆိုရင် steel တစ်လက်မရှည်ဖို့ဆိုရင် အားက ၃ ကျပ်လည်း ဖြစ်သွားနိုင်တယ်

ကျတော်တို့က ရှည်တာကိုတူချင်တော့ အပြင်ကလာတဲ့အားတွေကို အချိုးကျကျခွဲဝေရတော့မယ်

-------------------

အဲ့ဒါကို fs=nfc လို့ပြောလိုက်

fs ဆိုတာက သံချောင်းက ထမ်းရမဲ့ stress
fc ဆိုတာက ကွန်ကရစ်က ထမ်းရမဲ့ stress
n ဆိုတာက သူတို့နှစ်ယောက်ရဲ့ အချိုးကျကျခွဲဝေရမဲ့အဆ

n=Es/Ec
Ec=57000√f'c

ဒီမှာမေးစရာရှိတာက ဘာလို့ ရှည်သွားတဲ့တန်ဖိုး တူချင်လည်းဆိုတာပါ .... တူရပါမယ် သူတို့နှစ်ခုက တစ်သားထဲလောင်းထားတာမို့လို့ပါ တန်းဖိုးနှစ်ခုက မတူတော့ဘူးဆိုရင် steel ရှည်သလောက် concrete ကလိုက်မရှည်ဘူးဆိုရင် သံချောင်းကျွတ်သွားတာတွေ  ပြုတ်သွားတာတွေ ချောင်သွားတာတွေဖြစ်ပြီး failure ဖက်ကိုဦးတည်ပါလိမ့်မယ် ...

--------------------

RC တိုင်ရဲ့ ခံနိုင်အားကိုတွက်ပါတော့မယ်

Load,P  = Stress X Area
P = f x A

Column တိုင်ရဲ့ခံနိုင်အား  = Concrete ခံနိုင်အား + Steel ခံနိုင်အား

Column တိုင်းရဲ့ခံနိုင်အား = fc x Ac + fs x Ast

Ac = Area of concrete, Ast= Area of steel
fc  = Concrete stress ,  fs= Steel Stress

-----------------------

ကွန်ကရစ်ရဲ့ Area, Ac ဆိုတာ column တိုင်တစ်ခုလုံး area ထဲကနေ သံချောင်းကိုနုတ်ထားတာပဲ Ag ကတော့ gross area တစ်ခုလုံးပါ

P = fc Ac + fs Ast  >>> Eq-1

P = fc ( Ag - Ast )  +  fs  x Ast
P = fc Ag - fc Ast  + (fs) Ast
P = fc Ag - fc Ast + (nfc) Ast

equation တစ်ခုထဲမှာ material ၂ မျိုးမလိုချင်ဘူး တစ်မျိုးထဲလိုချင်တော့ fs နေရာမှာ nfc သွင်းလိုက်တာပါ ဒါကိုနောက်ဆုံးဟိုရွေ့ဒီရွေ့ equation အရ ရှင်းလိုက်ရင်နောက်ဆုံးရလာမှာက

P = fc [ Ag + (n-1)Ast ]  >>>  Eq-2

ဒါက elastic အခြေနေပါ ... ဒီ Equation- 2 က column ထဲမှာ ဖြစ်ပျက်နေတဲ့ အားတွေပဲရှိသေးတယ် column တိုင်ရဲ့ အမြင့်ဆုံးခံနိုင်အားမဟုတ်သေးဘူး column ရဲ့ အမြင့်ဆုံးခံနိုင်အားကိုလိုချင်ရင် ကွန်ကရစ်ထမ်းရမဲ့အားကလည်း အမြင့်ဆုံး ultimate,f'c အခြေနေ ရှိရမယ် သံချောင်းရဲ့ stress ကလည်း yield stress fy ပေါ့

ဒါကြောင့် fc , fs နေရာတွေမှာ 0.85f'c , fy တွေ အစားသွင်း .... P ကလည်း အားသက်ရောက်မှုခံရတယ်ဆိုတဲ့အခြေနေကနေ အားသက်ရောက်မူခံနိုင်တဲ့အခြေနေ Pn  ဖြစ် ... Equation 1 ရဲ့ symbol တွေကိုပြောင်းလိုက်သော် ---

Pn = 0.85 f'c Ac + fy Ast >>> Eq-3

ဒီ Eq-3 က Ac ဆိုတာ ကွန်ကရစ်ရဲ့ Area ပဲရှိသေးတယ် တကယ်တော့ Ac ကိုလိုချင်ရင် Ag ထဲကနေ သံချောင်းကိုနုတ်ရမှာ ဒါကြောင့်

Pn = 0.85 f'c (Ag-Ast) + fy Ast >>> Eq-4

ဒီလောက်ဆိုရမယ်ထင်ပါတယ် ဒါက ခံနိုင်အားပဲရှိပါသေးတယ် design အရခွင့်ပြုမဲ့ကောင်မဟုတ်သေးဘူး တန်ဖိုးနဲ့လျှော့ချရပါမယ် strength reduction factor တွေက beam နဲ့ column တွေမှာမတူပါဘူး column တွေမှာက safety factor ပိုယူပါတယ်

ဘာကြောင့်လည်းဆိုရင် beam ထက်အရေးကြီးလို့ပါ beam က failure ဖြစ်ရင် local အနေနဲ့ပဲအဖြစ်များပါတယ် column က တော့ တစ်တိုင်လစ်တာနဲ့ တအိမ်လုံးပြိုကုန်မှာ ဒါကြောင့် circular column တွေမှာဆိုရင် 0.75 , square or rectangular တွေမှာဆိုရင် 0.65 အသီးသီးရှိကြပါတယ် beam မှာတော့ အများအားဖြင့် 0.9 ပဲရှိကြတယ် ( ACI 10.3.6.1 ) ဒီမှာတချက်စစ်ကြည့်ပါ circular ထက်ကို square or rectangular column တွေက ကြောက်လန့်ပြီးတော့ ပို့လျှော့ထားတယ် ဘာလို့လည်းဆိုတော့ circular column တွေက သံချောင်းရေ အလုံးအရေတွက်ပိုများတယ်လေ

💡ဒါက axial load အတွက်ပါ သို့သော် တချို့သောအခြေနေတွေမှာ construction error ကြောင့်ပဲဖြစ်ဖြစ် စောင်းသွားတာမျိုးတွေရှိနိုင်ပါတယ် ဒါကို eccentricities of loading လို့ခေါ်ပါတယ် ဒီလိုအခြေနေမျိုးအတွက် ACI ကစဉ်းစားထားပြီးသားပါ နဂိုရှိပြီးသား တန်ဖိုးကိုပဲလျှော့ချလိုက်ပါတယ် ထပ်ပြီးလျှော့ချထားတာကတော့ အောက်ပါ အတိုင်းပါ

For spirals 0.85
For ties 0.8
----------------

Summary

💡 without accentricities of loading

Pn=0.85 f'c ( Ag - Ast ) + Ast fy

💡 For concentrically-Loaded Spirally -Reinforced columns

Max.strength=0.6375[0.85f'c(Ag-Ast)+Ast fy]
0.6375=0.85x0.75

💡 For concentrically-Loaded Tied - Reinforced columns

Max.strength=0.52 [0.85f'c(Ag-Ast)+Ast fy]
0.52=0.8x0.65

-----

Structure Engineer တယောက်၏ခြေလှမ်းများ အပိုင်း ( ၁၂ )
Column ၏ Lateral Ties & Spirals
Aung Hla Min Naing


အပိုင်း (၁၀) Short Column ဆိုတာ ...Structure Engineer တယောက်၏ခြေလှမ်းများ

Structure Engineer တယောက်၏ခြေလှမ်းများ အပိုင်း (၁၀)
Short Column ဆိုတာ ...

short column ဆိုတာတော့ခဏလောက်ထားပါဦး column အကြောင်းအရင်ရေးပါမယ်

Column ဆိုတာကအဓိက Compression ကိုထမ်းရမဲ့ compression member ပါ။ ဒါပေမဲ့ compression တစ်ခုဘဲရှိမယ်မထင်ပါနဲ့ သူ့ဘေးပတ်လည် Beam တွေရဲ့ Direction ၂ ခုကနေလာတဲ့ moment တွေကြောင့် tension လည်းထမ်းနိုင်ချေရှိတယ် biaxial compression ပေါ့ဗျာ

ဒါကြောင့် ACI code အရ design အရ compression only ဖြစ်ခဲ့ရင်တောင် minimum tension capacity ကိုထည့်စဉ်းစားရမယ်ဆိုတာပါပါတယ်

Nilson ရဲ့ စာအုပ်ထဲမှာ Column ကိုအုပ်စုသုံးခုခွဲပြီးလေ့လာပြထားပါတယ်

အုပ်စု ( ၁ ) Column ဟာ longitudinal reinforcing ထည့်ထားတဲ့သံချောင်းရယ် tie ရယ် Column ရယ် ... square column ကိုပြောတာ

အုပ်စု (၂) Column ဟာ Longitudinal steel တော့ပါတယ် tie ကွင်းတော့မဟုတ်တော့ဘူး spiral ဖြစ်သွားပြီ circular column ကိုပြောတာ 

အုပ်စု ( ၃ ) composite member ... ဒါက steel section ကို ဘောင်ခက် formwork လုပ်ပြီး ကွန်ကရစ်လောင်းထည့်လိုက်တာပဲ ဒါပေမဲ့မေးစရာရှိတာက ဒီကောင့်ကိုလုပ်ရင်ကော် သံချောင်းသေးသေးလေးတွေမထည့်ဘူးလား /// ဒါကတော့ ထည့်ချင်လည်းရတယ် မထည့်ချင်လည်းရတယ် ကိုယ့်ရဲ့ design ပေါ်မှာမူတည်ပါတယ် ပြီးတော့ tie တွေလည်း မပတ်ဘူးလားဆိုတော့ ပတ်ချင်လည်းရတယ်မပတ်ချင်လည်းရပါတယ် စာအုပ်ထဲမှာတော့ အဲ့လိုပဲရေးထားပါတယ်

နောက်တခုက compostie member အခန်းက BE ရောက်မှပါတာပါ ကျောင်းလေးနှစ်တက်ပြီးရင်တော့ အပေါ်က နှစ်မျိုးအကြောင်းကိုကောင်းကောင်းသိပါပြီ...

.................................

နောက်ထပ်တခုက Longitudinal Steel ကိုဘယ် Direction အတိုင်းထည့်လည်းဆိုတာပါ .... Beam ရဲ့ Longitudinal steel ကိုကျတော့ horizontal direction အတိုင်းထည့်တယ်

Column ရဲ့ Longitudinal steel ကျတော့ vertical အတိုင်းထည့်ရတယ် ... ဘာကြောင့်လည်းဆိုတော့ load ကျတဲ့ direction ချင်းမတူကြလို့ ဒါကြောင့် column မှာ load ကျတဲ့ direction အတိုင်းထည့်ရပါမယ်

........................

column နဲ့ steel ratio ပြသနာ .....

Ratio ဆိုကတည်းက အနည်းဆုံး ၂ခုပါရတော့ပါမယ် ဘာတွေရဲ့ အချိုးလည်းဆိုတော့ section area တွေရဲ့အချိုးပါ As/Ag

steel ရဲ့ cross sectional area နဲ့ concrete ရဲ့ gross cross sectional area အချိုးပါ ဒါပေမဲ့ Beam ကျတော့မတူဘူးဗျ ဒါမသိလို့ ကွဲကုန်ပါဦးမယ်

beam မှာကျတော့ steel ratio = As/bd  cover နုတ်ပြီးသား effective depth နဲ့သွားတာပါ column မှာကျတော့ gross နဲ့သွားပါတယ် effictive depth ဆိုတာမရှိဘူး ဆိုဒ်အပြည့်နဲ့သွားပါတယ် slab မှာလည်း ဆိုဒ်ကပါးတော့ ဒီအတိုင်းပဲသွားပါတယ်

column တွေမှာဆိုရင် steel ratio ကို 1 percent ကနေ 8 percent အထိထားခွင့်ရှိတယ် ဒါကိုကျတ်ထားရပါမယ် အခုကျတော်ပြောတာ လက်တွက်ပါမကဘူး စက်တွက်ပါရပါတယ်

column ကို software နဲ့ design လုပ်ရင် အဆင်မပြေဘူးဗျ အနီရောင်လေးပြတယ်ဆိုတာ 8 percent ထက်ကြီးသွားလို့ပါ ဒါက ACI Code အရပါ

critical အဖြစ်ဆုံးကတော့ 3 percent ပါ ဘာကြောင့်လည်းဆိုတော့ အပြင်မှာလည်း သံချောင်းဆင်ရတာအဆင်ပြေတယ် practical သုံးလို့လည်းရတယ်

ဘာကြောင့် 8 percent နဲ့အထက်မသုံးလည်းဆိုတော့ သံချောင်းအရမ်းများသွားပြီ အပြင်မှာလည်းသံချောင်းဆင်ရတာအဆင်မပြေတော့ဘူး အလုပ်လုပ်ရတာလည်း မလွယ်ကူတော့ဘူး သံချောင်းကျပ်ပြီ

မေးစရာရှိတာက beam မှာက သံချောင်းကျပ်တာတွေမပြောဘူး ဘာလို့ column ကျမှ ဘာလို့ကျပ်တာတွေလာပြောလည်းဆိုတော့ လောင်းတဲ့သဘာဝချင်းမတူလို့

beam ကျတော့ depth သေးသေးလေးကိုလောင်းရတာပါ column ကျတော့ အမြင့်ကြီးကနေ ၉ပေ ၁၀ပေ အောက်ရောက်တဲ့အထိ လောက်ထည့်ရတာကြောင့်ပါ ဒါကြောင့်ပိုပြီး ပြသနာဖြစ်ရတာပါ

column မှာသုံးတဲ့သံချောင်းဆိုရင် ကြီးတဲ့ဆိုဒ်သုံးပါမယ် သေးတဲ့ဆိုဒ်ကိုရှောင်ရမယ် တကယ့် super size တွေသုံးပါတယ် ဘာကြောင့်လည်းဆိုရင် သေးတဲ့ဆိုဒ်သုံးမိရင် သံချောင်းတွေအများကြီးဆင်ရမယ် သံချောင်းကျပ်ခြင်းကိုဖြစ်မယ် ဒါကြောင့် column မှာကျတော့ ဒီ flow အတိုင်းသွားမှာပါ choose No.14 or No.15 Like this.....

Practical ဖြစ်အောင်စမ်းပြီးသုံးပြပါမယ် 9×12 တိုင်ကိုသံချောင်းဘယ်လောက်ထည့်မလည်း ???

critical ဖြစ်တဲ့ steel ratio 3 percent ကိုရွေးလိုက်ပါမယ် ... As=9×12×0.03 ( steel ratio = As/Ag)

...............

Column နဲ့ပတ်သတ်သော တခြား ACI Code များ

ACI Code က ဘာထပ်ပြောထားသေးလည်းဆိုတော့ square နဲ့ rectangular တိုင်ဆိုရင် သံချောင်းအနည်းဆုံး ၄ လုံးနဲ့အထက် spiral တိုင်ဆိုရင် အနည်းဆုံး 6 လုံးနဲ့အထက်ရှိရမယ်

ထက်ပြီးအဆင့်မြင့်ရရင် square ကိုဆတိုးရင် ပြသနာဖြစ်ပါတယ် ဒါကြောင့် 4 ဆတိုးသွားသင့်ပါမယ် ဒီလိုမှမဟုတ်ရင် ဘက်ပဲ့နေလိမ့်မယ်

နောက်တစ်ခါထပ်ရှိသေးတာက minimun 1 percent steel ratio ပါ အနည်းဆုံးကတော့ သံချောင်းထည့်ပေးရပါမယ် ဘာကြောင့်လည်းဆိုတော့ creep & Shrinkage effect ကြောင့်ပါ ခုဏက ACI code ကလို moment effect ကိုထည့်စဉ်းစားပေးရမယ်ဆိုတဲ့အတိုင်းပါ တကယ်တော့ moment ဆိုတာက beam တွေကနေလာတဲ့ moment ပါပဲ column ကို tension ဖြစ်စေနိုင်တဲ့ effect တွေပါ ဒါတွေကြောင့် 1 percent ကိုကိုယ်စားပြုတာ

တွက်လိုက်လို့ tension လုံးဝမပါဘူးဆိုပြီး မထည့်ပဲလည်းမနေပါနဲ့ အပူချိန်ကြောင့် အကျုံ့အကြွတွေရှိသေးတယ် နောက်ပြီး အချိန်တွေအကြာကြီးအားထမ်းရလို့ ညောင်းသွားတဲ့   creep တွေလည်းရှိသေးတယ်ပေါ့ဗျာ...

...............

Column ကိုဆက်ခွဲလိုက်မယ်ဆိုရင် Short Column ရယ် Long Colum ရယ်ဆိုပြီးထပ်ရှိပါသေးတယ်။ဒီမှာ Long Column လို့တော့မခေါ်ဘူးပေါ့ဗျ Slender Column လို့ခေါ်တယ် ...

အခုကျတော့ခေါင်းစဉ်က Short Column ဆိုတော့ ဒါကိုအရင်သွားပါမယ်

ဒါပေမဲ့ short column နဲ့ပတ်သတ်ပြီး သိပ်ဦးနှောက်ခြောက်နေစရာမလိုပါဘူး ပုံမှန်ဆို slide way မဖြစ်နိုင်တဲ့ တနည်းပြောရရင် braced လုပ်ထားတဲ့ အိမ်တွေအားလုံးရဲ့ ၉၀ ရာခိုင်နုန်းက short column ထဲပါတယ်

slide way လည်းဖြစ်နိုင်တယ် braced မလုပ်ထားဘူး Unbraced ပေါ့ဗျာ အဲ့ဒါရဲ့ ၄၀ ရာခိုင်နနုးလည်း short column ဖြစ်နိုင်ပါတယ် ဒါဆိုဘာအဓိပ္ပါယ်လည်းဆိုတော့ column တွေထဲမှာ short column တွေရဲ့ percent ဟာအများကြီးပါနိုင်တယ်

ဒါက ACI ရဲ့ ASCE ( American Society of Civil Engineering ) ရဲ့ စစ်တန်းကနေလာတာပါ

short column က percentage များတယ် ဒါကြောင့် short column ဘဲလေ့လာမယ် မလုပ်လိုက်ပါနဲ့

ကျတော်တို့နောက်ပိုင်းပစ္စည်းတွေက ဆိုဒ်သေးသေးလေးနဲ့ ခိုင်ခန့်မှု့   ရှိအောင်  high strength material တွေ သုံးလာကြတဲ့အတွက် slenderness column လည်း ဒီနောက်ပိုင်းခေတ်စားလာပါတယ်  slenderness column တွေက တွက်ရတာပိုခက်သလို ပိုရှုပ်ပါတယ်

Aung Hla Min Naing
Structure Engineer တယောက်၏ခြေလှမ်းများဂအပိုင်း ( ၁၁ )
Slender Column ဆိုတာ ...


Friday, December 23, 2016

Sand သဲအကြောင်း နည်းနည်း ပြောကြည့်ရအောင်။



Sand သဲအကြောင်း နည်းနည်း ပြောကြည့်ရအောင်။
သဘာဝတရားကြီးရဲ့  ရာသီဥတုဒါဏ်တွေကြောင့် တိုက်စားခံရ သယ်ယူခံရ အနယ်ကျခံရနှင့် နှစ်ပေါင်းများစွာအကြာ ကျောက်သားတွေ ဘ၀ကနေ နောက်ဆုံးမှာ သဲဖြစ်လာတာပါ။
အဓိကအားဖြင့် silica ( silicon dioxide, SiO2 ) တွေ ဖြစ်ပါတယ်။
သဲကို သဘာဝအတိုင်း ရရှိနိုင်တာအပေါ် မူတည်ပြီး ၃မျိုး ရှိပါတယ်။
Pit sand တွင်းသဲ
River sand မြစ်သဲ
Sea sand ပင်လယ်သဲ တို့  ဖြစ်ပါတယ်။
တွင်းသဲ ဆိုတာက ကုန်းတွင်းပိုင်းမှာ သဘာဝအတိုင်း သဲထွက်ရှိတဲ့ နေရာမှာ တူးပြီး ထုတ်လုပ်တဲ့ သဲပါ။ ကုန်းတွင်းသဲမို့ လို့  ဆားဓါတ်ကင်းစင်ပါတယ်။ sharp angular grain ပါ။ ဒါပေမယ့် ကုန်းတွင်းပိုင်းမို့  clay မြေစေး organic materials စတာတွေ မပါအောင် ဂရုပြုရပါတယ်။
မြစ်သဲကတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ အတွက် အများဆုံး သုံးနေတဲ့ သဲအမျိုးအစားပါ။ fine rounded grain ပါ။ စီးဆင်းနေတဲ့ရေတွေ တိုက်စားမှုကြောင့် ဖြစ်ပါတယ်။ မြစ်ကမ်းစပ် သို့ မဟုတ် မြစ်ကြမ်းပြင်ကနေ ရယူပါတယ်။ ရေထဲကမို့ လို့  clean condition ဖြစ်ပါတယ်။ အရောင်က အဖြူရောင် ဖြစ်ပါတယ်။
ပင်လယ်သဲကတော့ ပင်လယ်ကမ်းစပ်တွေကနေ ပင်လယ်ကြမ်းပြင်ကနေ ရယူပါတယ်။ အရောင်က အညိုရောင်ပါ။ သူလဲ fine rounded grain ပါပဲ။ ပင်လယ်ထဲကမို့ လို့  ဆားဓါတ်ပါပါတယ်။ ဆားဓါတ်ပါလို့  လေထုထဲက moisture ကို စုပ်ယူပါတယ်။ အဲဒါကြောင့် အစိုပြန်တာ ဆွေးမြေ့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းတွေမှာ အသုံးပြုလေ့ မရှိပါဘူး။ land fill လိုနေရာမျိုးတွေမှာ သုံးပါတယ်။
အရွယ်အစားနှင့် ပတ်သက်ပြီး
Fine sand
Coarse sand
Gravelly sand ဆိုပြီး သဲကို ၃မျိုး ခွဲပါတယ်။
1.5875 mm sieve အောက်ကျတဲ့ သဲကို fine sand လို့  ခေါ်ပါတယ်။ နူးညံ့လို့  platering အချောကိုင်ခြင်းလုပ်ငန်းမှာ သုံးပါတယ်။ ဒီမှာတော့ သဲနုလို့  ခေါ်ပါမယ်။
3.175 mm sieve အောက်ကျတဲ့ သဲကို coarse sand လို့ ခေါ်ပါတယ်။ အုတ်စီတဲ့လုပ်ငန်းမှာ သုံးပါတယ်။
7.62 mm sieve အောက်ကတဲ့ သဲကို gravelly sand လို့  ခေါ်ပါတယ်။ ကွန်ကရစ်လုပ်ငန်းတွေမှာ သုံးပါတယ်။
Coarse sand နှင့် gravelly sand ကို ဒီမှာတော့ သဲကြမ်းလို့  ခေါ်ပါမယ်။
Grading of sand ပါဝင်အရွယ်အစား အမျိုးခွဲခြင်းအရ သဲကို ဇုန် ၄ခုခွဲပါတယ်။
10mm, 4.75mm, 2.36mm, 1.18mm, 600 micron, 300 micron, 150 micron sieve တွေမှာ % passing အရ Zone I, Zone II, Zone III, Zone IV ဆိုပြီး ခွဲတာပါ။
ဥပမာအားဖြင့် သက်ဆိုင်ရာ sieve တွေအလိုက် Zone I သဲက % အားဖြင့် 100, 90-100, 60-95, 30-70, 15-34, 5-20, 0-10 ဆိုပြီး ရှိပါတယ်။
နောက်ဆုံးထုတ်ထားတဲ့ 2014 Yellow Book မှာ Grade 20 Grade 25 Grade 30 Reinforced Concrete မှာ Sand (Zone IV) လို့  ဆိုထားပါတယ်။
Finest modulus နှင့် silt content နှင့် ပတ်သက်ပြီး construction work တွေကို ခွဲထားပါသေးတယ်။
Brick work အုတ်စီလုပ်ငန်းတွေအတွက် finest modulus 1.2 to 1.5 ရှိရမှာဖြစ်ပြီး silt content က 4% မကျော်ရပါဘူး။
Platering အချောကိုင်လုပ်ငန်းအတွက် finest modulus 1.5 ကျော်ရမှာ ဖြစ်ပြီး silt content က 4% မကျော်ရပါဘူး။
Concrete work ကွန်ကရစ်လုပ်ငန်းတွေအတွက် finest modulus 2.5 to 3.5 ရှိရမှာဖြစ်ပြီး silt content က 4% မကျော်ရပါဘူး။
Silt content ဆိုတာက သဲထဲမှာ နူန်းဘယ်လောက် ပါသလဲဆိုတဲ့ ရာခိုင်နူန်းပါ။
သဲမှာ silt တွေ clay တွေ ပါမပါ သိချင်ရင် ဖန်ခွက်တစ်ခုထဲ အနည်းငယ်ထည့် ရေထည့်ပြီး မွှေပါ။ အနည်ကျအောင် ထားလိုက်ပါ။ ကြည်သွားတဲ့အခါ ရေထဲက သဲအပေါ်မှာ silt နှင့် clay ကို အလွှာတစ်ခုအနေနှင့် တွေ့ ရပါမယ်။
သဲထဲ organic impurities တွေ ပါမပါသိချင်ရင် သဲထဲကို sodium hydroxide အရည်ကို လောင်းထည့်ပြီး မွှေပါ။ sodium hydroxide ဆိုတာ caustic soda ကိုပြောတာပါ။ အရည်က အညိုရောင်ပြောင်းသွားရင် မသန့် စင်တဲ့ ဓါတ်ပစ္စည်းတွေ ပါလို့  ဖြစ်ပါတယ်။
ဒါလေးတွေက သဲ အခြေခံလေးတွေပေါ့။
Ref; Building Materials – Sand by Ravindra Patnayaka

https://web.facebook.com/engineerkyitharmyint
Kyithar Myint 

အပိုင်း (၄) One way Slab တွင် temperature and shrinkage steel ထည့်ခြင်း

Structure Engineer တစ်ယောက်၏ ခြေလှမ်းများ အပိုင်း (၄)
One way Slab တွင် temperature and shrinkage steel ထည့်ခြင်း
ဘာကြောင့် T & S Steel ကိုထည့်တာလဲ ? ? ?
ဒီ steel ကိုထည့်ရမယ်ဆိုတာတော့လူတိုင်းသိပါတယ် ဒီတော့ ဘယ်လိုထည့်မလည်းမပြောခင် ဘာကြောင့်ထည့်ရလည်းဆိုတာကို နားလည်ဖို့လိုပါတယ်
concrete ဆိုတာလောင်းပြီး ခြောက်သွားတဲ့အချိန်ကျရင် ကျုံ့သွားမှာပဲ ဒါကိုဘယ်လိုအခြေအနေကမှရှောင်လွဲလို့မရပါဘူး အကယ်လို့ slab ကို သူ့ရဲ့ support ပေါ်မှာ ပေါ့ပေါ့ပါးပါးလေးတင်ထားမယ်ဆိုရင် လောင်ပြီးလို့ ခြောက်သွားတဲ့အချိန်မှာ သူ့ရဲ့ အနားနှစ်ဖက်စွန်းက နဂိုရှိနေရာကနေ နဲနဲလေး လွတ်သွားမှာပါ ဒါကိုမြင်သာအောင်ပြောမယ်ဆိုရင် slab က တိုသွားတာပါ ဒါပေမဲ့ဒီလိုအခြေနေမျိုးကမရှိသလောက်ပါပဲ ဘာကြောင့်လည်းဆိုရင် slab နဲ့ beam ကို လောင်းတဲ့အချိန်ကတည်းက အသေချုပ်ထားသလိုဖြစ်နေလို့ပါ စာစကားနဲ့ပြောရင်တော့ rigid ဖြစ်တယ်ပေါ့
ဖြစ်လာတဲ့အကျိုးဆက်ကို ဥပမာပေးရင် သရေကွင်းနဲ့တူပါတယ် ဘယ်ညာဆွဲဆန့်ထားရင် သူ့မှာ အလည်ကိုစုချင်တော့ တင်းအားလာဖြစ်ပါတယ် ဒါကို tension stress လိုခေါ်တယ် slab အကြောင်းပြောနေတာဆိုတော့ ဒါကို shrinkage stress လို့ခေါ်လိုက်ပါ
ဒါမျိုးတွေကဘယ်မှာအဖြစ်များလည်းဆိုတော့ outdoor structure တွေမှာပါ temperature အပြောင်းအလဲအရမ်းများတဲ့နေရာတွေပေါ့ ဥပမာ တံတားတွေ နေ့ခင်လိုအချိန်မှာ ကိစ္စမရှိပေမဲ့ ညလိုရောက်တဲ့အခါမှာ အေးသွားပြီ သူကအထဲကို ပြန်ကျုံ့ချင်တယ် ဒါက tensile stress ကိုအစပျိုးပေးလိုက်တာပါ
ကျတော်တို့သိတဲ့ ကွန်ကရစ်တွေက tension member တွေမဟုတ်ပါဘူး ဆိုလိုတာက tension ခံနိုင်တယ်လို အဓိကမယူဆဘူးပေါ့ ဒါကိုတချို့က concrete က tension ဆိုရင်မခံနိုင်ဘူးလုပ်ကြတယ် အဲ့ဒါမဟုတ်ပါဘူး ကွန်ကရစ်ကို tension ကိုလည်း ထိုက်သင့်သလောက်ခံနိုင်ပါတယ် ဒါပေမဲ့ အတွင်းကဖြစ်လာမဲ့ tension force အတွက် သူ့ကိုအဓိကအားမကိုးဘူးလို့ ဆိုလိုတာပါ
ကျတော်မနှစ်ကရေးခဲ့တဲ့ serviceability အခန်းမှာတုန်းကလိုပဲ ဘယ်ကွန်ကရစ်မဆို tension ၀င်ရင် ကွဲပါတယ် မကွဲဘူးဆိုဦးတော့ အနည်းဆုံးတော့ hairline crack ကိုတော့ ရှောင်လို့ရမှာမဟုတ်ပါဘူး
tensile force ကြောင့်ဖြစ်လာမဲ့ cracking တွေကို နဲနိုင်သမျှနဲအောင်နဲ့ ကျုံသွားတာကို နည်းနိုင်သမျှနည်းအောင် slab တလျှောက်မှာ steel ကို အပြိုင်ထည့်ပါတယ် ဒါကြောင့် ဒါကို temperature and shrinkage steel လို့ခေါ်တာပါ main steel နဲ့ ဒေါင့်မှန်ကျတဲ့အတိုင်းပါ
One way slab မှာ main steel ကို bending moment အတွက်ထည့်ပါတယ် ဒီလိုထည့်ခြင်းက shrinkage နဲ့ crack အတွက်ပါ ကောင်းမွန်ပါတယ် ဒါပေမဲ့ main steel ကို one direction အတိုင်းပဲထည့်တာလေ
contraction ဖြစ်တယ်ဆိုတာ one direction အတိုင်းပဲဖြစ်တာမှမဟုတ်တာ လေးဖက်စလုံး equally in all direction ဖြစ်တာဆိုတော့ one way slab မှာ bending moment ဖြစ်မဲ့အခြမ်း support ၂ ခုကြားကို main steel ထည့် ကျန်တဲ့ လွန်နေတဲ့နှစ်ဖက်ကျတော့ T&S steel ကိုထည့်ပါတယ် ဒါကို distribution steel လို့လည်းခေါ်ပါတယ် ဒီတော့ slab ပြင်ကြီးက စကာကွက်ကြီးလိုဖြစ်သွားတာပေါ့
....................
Temperature and Shrinkage နဲ့ပတ်သတ်တဲ့ ACI Code များ
ACI code 7.12.2.1 specifies the minimum ratios of reinforcement area to gross concrete area (based on the total depth of the slab) as shown in table 8.2 but in no case may such
reinforcing bars be placed farther apart than 5 times the slab thickness or more than 18 in .In no case is the reinforcement ratio to be less than 0.0014
ဘယ်လိုထည့်ရမလည်းဆိုတာကတော့ table မှာ ပြထားတဲ့အတိုင်းပါပဲတဲ့ သံချောင်းတခုနဲတခုခြား အဝေးဆုံး spacing က slab အထူထက် ၅ ဆ ... ဒါမှမဟုတ် ၁၈ လက်မထက် မပိုစေနဲ့ပေါ့ ဒါပေမဲ့ ACI
က " may " ဆိုပြီး grammar နည်းအရသုံးထားပါတယ် သူဆိုလိုတာက မဖြစ်မနေတော့မဟုတ်ဘူး အဲ့လိုလုပ်ရင်ပိုကောင်းတယ်လို့ပြောတာပါ တချို့ ACI Code တွေမှာ " prohabit "လို့သုံးပါတယ် ဆိုလိုတာက " မင်းတို့လုံးဝကို မလုပ်နဲ့ကွာ " ဆိုတဲ့အဓိပ္ပါယ်နဲ့ပါ တချို့စာတွေကတော့ " must " လို့သုံးပါတယ် ဆိုလိုတာက " အဲ့အတိုင်းဖြစ်အောင်လုပ် "ဆိုတဲ့သဘောပါ code တစ်ခုချင်းစီမှာ ပါဝါလေးကွာပါတယ်
ကျတော်အင်္ဂလိပ်လိုရေးပေးထားတာ အဲ့ဒါလေးကိုသိစေချင်လို့ ဒါကြောင့်ပြောပါတယ် အင်္ဂလိပ်စာကျွမ်းရင် original ပဲဖတ်ကြပါလို့ -:)
Aung Hla Min Naing
Structute Engineer တစ်ယောက်၏ ခြေလှမ်းများ slab အပိုင်း(၅)
Two way slab အား structure နည်းအရဖြေရှင်းခြင်း
ပုံထဲက ၈ လက်မ မဟုတ်ပါဘူး ၁၈ လက်မပါ


Disqus Shortname

Comments system