CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Friday, January 30, 2015

ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၂)

ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၂)

ကတ္တရာလမ်းတွေဟာ Fatigue လို့ခေါ်တဲ့ နှစ်ရှည်လများ ၀န်အလေးချိန်သက်ရောက်မှုဒဏ်ကို ခံနိုင်ရမယ်။ ကတ္တရာလမ်းတွေကို Flexible pavement လို့ ခေါ်တယ်။ ကွန်ကရစ်တွေလို မဟုတ်ပဲ ကတ္တရာလမ်းတွေက flexible ဖြစ်တယ်။ လမ်းပေါ်ကို သက်ရောက်လာတဲ့ ၀န်အလေးချိန်ကို အောက်ခံအလွှာတွေနဲ့ မျှတတောင့်ခံပေးတယ်။ ဒါကြောင့် ကတ္တရာ Mix Design လုပ်သူတွေဟာ နှစ်ရှည်လများ ၀န်အလေးချိန်ကို ခံနိုင်ဖို့ သင့်တော်တဲ့ ကတ္တရာကို သုံးရတယ်။ ကတ္တရာဟာ အရမ်း ပျော့လွန်းရင် အပိုင်း (၁) မှာ ဖော်ပြခဲ့သလို stability ကောင်းမှာမဟုတ်ဘူး။ မာလွန်ပြန်ရင်လည်း လမ်းကွဲအက်တတ်တယ်။ ကြားဖြေတစ်ခုကို ညှိယူရတယ်။ ဒါကိုသိဖို့ material science နဲ့ ကတ္တရာလမ်းသဘောသဘာဝတွေကို နားလည်ဖို့၊ ဒေသခံကျောက်တွေကို နားလည်ဖို့လိုတယ်။

နောက်တစ်ခု သတိထားရတာက ရာသီဥတု။ ကတ္တရာဟာ အပူပြင်းရင် ပျော့ပြီး၊ အေးရင်မာမယ်။ ဒါကြောင့် ဆောင်းရာသီနဲ့ နွေရာသီ၊ မိုးရာသီ ရာသီဥတုတိုင်းမှာ ခံနိုင်တဲ့ ကတ္တရာကို ရွေးတတ်ရတယ်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုက ပြည်နယ်အတော်များများဟာ ဆောင်းကျရင် မတရားအေးတယ်။ အေးတော့ ကတ္တရာက contract (ကျုံ့) ဖြစ်တယ်။ ဒါကြောင့် thermal cracking တွေ ထွက်လာတတ်တယ်။ ဒါကြောင့် ကတ္တရာလမ်းတွေဟာ ကျုံ့ချည်၊ ဆန့်ချည်နိုင်စွမ်းရှိတဲ့ elasticity စွမ်းရည်လည်း အတိုင်းအတာတစ်ခုအထိ ရှိနေဖို့ လိုအပ်တယ်။

နောက်တစ်ချက်က ရေရှည်တည်တံနိုင်မှု။ မြန်မာပြည်မှာ AC ကတ္တရာ mixture တွေကို အသုံးပြုမှုနည်းသေးတော့ အများစုက AC ဒီဇိုင်းတွေကို မကျွမ်းကျင်ကြသေးဘူး။ ဒါကြောင့်လည်း ကတ္တရာလမ်းတွေဟာ ရေရှည်မခံဘူး ဖြစ်နေတာ။ ကတ္တရာလမ်းမှာပါဝင်တဲ့ ကျောက်နဲ့ ကတ္တရာရည်အချိုးအစားဟာ သင့်တင့်မျှတဖို့လိုတယ်လို့ အပိုင်း (၁) မှာ ရေးခဲ့တယ်။ ကတ္တရာအချိုးအစားကို မျှမျှတတ တွက်ချက်ပြီး သုံးလိုက်တယ် ထားအုံး၊ အဲဒီ သုံးလိုက်တဲ့ အချိုးအစားဟာ uniform မဖြစ်ရင် ပိုက်ဆံကုန်ရကျိုးမနပ်ပေဘူး။ ဥပမာ ဟိုနေရာမှာ ကတ္တရာများပြီး၊ ဒီနေရာမှာ ကတ္တရာနည်းသွားရင် လမ်းဟာ uniform pavement ဖြစ်မလာဘူး။ ကတ္တရာများတဲ့ နေရာမှာ hydroplaning ဖြစ်ပြီး လူ့အသက်ပါဆုံးရှုံးနိုင်တဲ့ accident ဖြစ်တတ်တယ်။ ဒါဆိုရင် ရေရှည်ခံအောင် ကတ္တရာလမ်းကို ဘယ်လိုတည်ဆောက်မလဲ။

တည်ဆောက်နိုင်တဲ့ တစ်ချက်က ကျောက်မျက်နှာပြင်ကို ကတ္တရာရည် ရောက်ဖို့လိုတယ်။ အနေတော် film thickness ရှိဖို့ လိုတယ်။ ဒီအချက်နဲ့ပတ်သက်ပြီးတော့ အသေးစိတ်ရှင်းပြစရာတွေ ရှိတယ်။ ဒီပို့စ်မှာတော့ ရှည်မှာစိုးလို့ နောက်မှပဲ ပြောပါတော့မယ်။ လောလောဆယ် အနေတော် ကတ္တရာအသားလေး ကျောက်မျက်နှာပေါ်မှာ ရှိရမယ်လို့ပဲ မှတ်လိုက်ပါ။ အနေတော်ရှိမှ ကျောက်လေးတွေက ယာဉ်အသွား ၀ိတ်ဖိမှုကြောင့် စင်ထွက်မသွားပဲ နဂိုအတိုင်းတည်ရှိနေမှာ ဖြစ်တယ်။ တဖြည်းဖြည်း စင်ထွက်နေရင် လမ်းက တာရှည်မခံပဲ အပေါက်တွေနဲ့ မိုးရွာသီမှာ ပွက်အိုင်တွေ ဖြစ်လာလိမ့်မယ်။ စင်ထွက်သွားအောင်ထိ ကတ္တရာမနည်းလွန်းဘူး၊ ဒါပေမယ့် ကျောက်မျက်နှာပြင်အားလုံးကိုလည်း ကတ္တရာမရောက်ဘူးဆိုရင် ရေတွေ စီးဝင်ပြီး oxidize ဖြစ်ဖို့ အားပေးတယ်။ တနည်းအားဖြင့် ကတ္တရာသားဟာ ဆတ်လာပြီး လမ်းပျက်စီးမှုကို မြန်စေတယ်။

ရေရှည်ခံနိုင်အောင် လုပ်နိုင်တဲ့ နောက်တစ်ချက်ကတော့ AC mixture ထဲက လေပေါက်လေးတွေကို ထိန်းသိမ်းခြင်းပါ။ ဒါက အနုစိတ်လေးဆန်သလို သိပ္ပံနည်းကျရှည်ရှည်လျားလျား ပြောနေရပါလိမ့်မယ်။ လမ်းကြိတ်စက် ရှုဒေါင့်ကပဲ အကြမ်းရှင်းပြရမယ်။ လမ်းခင်းတဲ့အခါ လမ်းကြိတ်စက်ကို ဘာကြောင့်သုံးလဲ။ ကျောက်ထည်ကို ပိုကျစ်အောင် ကြိတ်တယ်။ တစ်နည်းအားဖြင့် ကျောက်တုံးကြားတွေထဲက လေထုကို လျော့အောင် လုပ်တာပဲ။ AC လမ်းတွေခင်းတဲ့အခါ သင့်တော်တဲ့ သိပ်သည်းဆရအောင် လမ်းကြိတ်စက်အမျိုးမျိုးသုံးပြီး ကြိတ်ရတယ်။ အကြိတ်နည်းရင် လေခိုမယ်။ လေခိုပေါက်ကို မိုးရွာရင်၊ နှင်းကျရင် ရေတွေဝင်မယ်။ လမ်းအရင် ပျက်စီးတတ်တယ်။ အဲဒီလိုပဲ အကြိတ်များရင်လည်း လမ်းရဲ့ ကိုယ်ထည်ကို ဖျက်စီးပလိုက်သလိုဖြစ်သွားလို့ ဂရုစိုက်ရမယ်။ ကတ္တရာလမ်းက flexible ဖြစ်တယ်လို့ ပြောတာ လေပေါက်လေးတွေကို ထိန်းသိမ်းထားလို့။ အကြိတ်များသွားရင် flexible မဖြစ်တော့ပဲ ကတ္တရာဟာလည်း ရာသီဥတု၊ အပူချိန်ကို လိုက်ပြီး elastic မဖြစ်တော့ဘူး။ ဒါဆိုရင် လမ်းလည်း ရေရှည်မခံနိုင်တော့ဘူးပေါ့။

ဆက်ရန်…

Advanced Engineering
Photo: ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၂)

ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၁)

ကတ္တရာလမ်းတစ်ခုဟာ ကွဲအက်ခြင်း၊ ပုံပျက်ခြင်း မရှိပဲ အချိန်ကာလတစ်ခုအထိ တာရှည်ရမယ်။ ရေတိုက်စားမှုဒဏ်၊ စိုထိုင်းဆစိမ့်ဝင်မှုဒဏ်တွေကို တောင့်ခံနိုင်ပြီး ကျောက်သားပေါ်က ကတ္တရာ ကွာကျတာမျိုး မရှိသင့်ဘူး။ မျက်နှာပြင်ဟာ အလွန်တရာချောနေခြင်းမရှိပဲ ကားဘီးနဲ့ သဟာဇာတ ဖြစ်နေရမယ်။ ဈေးသက်သက်သာသာနဲ့ အလွယ်တကူ ခင်းနိုင်ရမယ်။ အဲဒီအချက်အလက်တွေကို ပြည့်စုံနိုင်ဖို့ ကတ္တရာရဲ့ Mix Design ကို သေချာနားလည်ရမယ်။ ကွန်ကရစ်မှာ water cement ratio အရေးကြီးသလို ကတ္တရာဒီဇိုင်းမှာလည်း ကတ္တရာပမဏနဲ့ ကျောက်ပမာဏ၊ ကျောက်အရွယ်အစားတွေက အရေးကြီးတယ်။

ပထမတစ်ချက်အနေနဲ့ ကတ္တရာလမ်းတွေမှာ ရှိသင့်တဲ့ stability အရည်အသွေးကို ကြည့်ကြမယ်။ ကတ္တရာလမ်းတစ်ခုဟာ ခိုင်မာတည်ငြိမ်ပြီး အန္တရာယ်ကင်းကင်းသွားလာနိုင်တဲ့ လမ်းတစ်ခုဖြစ်ဖို့လိုတယ်။ အဲဒီအရည်အသွေးကို ပြည့်မှီဖို့ ...

၁။ ကျောက်မျက်နှာပြင်နဲ့ ကျောက်အား -
ကျောက်လေးတွေရဲ့ ပုံစံနဲ့ မျက်နှာပြင်ကြမ်းတမ်းမှုတွေကို ကြည့်ရမယ်။ ကျောက်ဟာ လုံးဝိုင်းနေရင် ကျောက်အချင်းချင်း ကျားကန်ပေးမှု အားနည်းပြီး အပေါ်က ယာဉ်အသွားမှာ ရွေ့သွားနိုင်တယ်။ ဒါကြောင့် ကျောက်လေးတွေဟာ လုံးဝိုင်းမနေသင့်ပဲ angular ဖြစ်နေဖို့ လိုတယ်။ ကျောက်လေးတွေဟာ ချောနေရင်လည်း ကျောက်အချင်းချင်းကျားကန်ပေးမှု အားနည်းပြီး လမ်းမှာ ရှိသင့်တဲ့ friction value နိမ့်နေရင်လည်း ယာဉ်မောင်းတွေအတွက် အန္တရာယ်ရှိနိုင်တယ်။ နောက်တစ်ချက်က ကျောက်ပျော့မှု။ ကျောက်ဟာ ကြွပ်ဆတ်နေရင် အပေါ်က ၀န်ဖိအားကို မခံနိုင်တဲ့အတွက် အဲဒီလမ်းဟာလည်း ရေရှည်မခံနိုင်ဘူး။

၂။ ကျောက်စီမှု -
နိုင်ငံတကာမှာ လမ်းခင်းရင် သက်ဆိုင်ရာ အေဂျင်စီတွေက ကတ္တရာလမ်းဒီဇိုင်းမှာ ပါဝင်သင့်တဲ့ ကျောက်အရွယ်အစားတွေကို သတ်မှတ်ထားတာရှိတယ်။ ဒီဇိုင်းကို လိုက်ပြီး နံပါတ် ၄ က ဘယ်လောက်ကနေ ဘယ်လောက်ကြားရှိရမယ်၊ နံပါတ် ၈ က ဘယ်လောက် အနည်းဆုံး ရှိရမယ်၊ အနုတ် ၂၀၀ အရွယ် အမှုန်လေးတွေက ဘယ်လောက်ထက် ပိုမရှိသင့်ဘူး စသဖြင့် sieve size ကို လိုက်ပြီး သတ်မှတ်ထားတယ်။ တကယ်လို့ ကျောက်ငယ်နဲ့သဲ (fine) အရေအတွက် များသွားရင် ဒီဇိုင်းအထည်ဟာ တောင့်တင်းမှုမရှိနိုင်ဘူး။ ဒါကြောင့် ဒီဇိုင်းမှာ ပါဝင်သင့်တဲ့ ကျောက်အရွယ်အစားတွေကို သေချာသိထားပြီး စနစ်တကျ ကျောက်စီမှုကို ပြုရတယ်။

၃။ ကတ္တရာရည် ပါဝင်မှု -
လိုအပ်တာထက် ကတ္တရာရည် များသွားပြန်ရင်လည်း ကတ္တရာဟာ ချောဆီလို ပြုမူသွားပြီး ၀န်အဖိမှာ ရွေလျားပြီး မတည်ငြိမ်နိုင်ဘူး။

၎။ အပူပြင်းချိန်နဲ့ ကတ္တရာရဲ့ Viscosity -
Viscosity ဆိုတာ resistance to flow။ ရွေလျားမှုကို ကန့်သတ်မှု။ ကတ္တရာဟာ အပူချိန်ကိုလိုက်ပြီး သူရဲ့ပရော်ပါတီတွေက ပြောင်းလဲတယ်။ အပူနိမ့်မှာ အခဲသဏ္ဍန်ကို ဆောင်သလို အပူပြင်းချိန်မှာ အရည်သဏ္ဍန်တုန့်ပြန်တတ်ပြန်တယ်။ နွေရာသီပူပြင်းချိန်မှာ viscosity ဟာ အနိမ့်ဆုံး ရှိတတ်တယ်။ ဒါကြောင့် ၀န်အဖိမှာ တည်ငြိမ်မှုမရှိပဲ လမ်းပိန်မှုတွေ ဖြစ်တတ်တယ်။ ဒါကြောင့် သုံးစွဲတဲ့ ကတ္တရာအမျိုးအစားကို ချင့်ချိန်ပြီး နွေရာသီအပူပြင်းချိန်မှာ ခံနိုင်တဲ့ အမျိုးအစားကို သုံးစွဲသင့်တယ်။

ဆက်ရန် ...

Photo: ကတ္တရာလမ်းကောင်းတစ်ခုမှာ ရှိသင့်တဲ့ အရည်အသွေးများ (၁)

Column မှာ Lapping Location နှစ်မျိုး

`2 kinds of Column RebarLapping
Splice Length Location by SDC´

#introduction

အားလုံးနားလည်အောင် ရိုးရိုးရှင်းရှင်းပဲ
ပြောပါမယ် . . Column မှာ Lapping
Location နှစ်မျိုးတွေ့ဖူးကြပါလိမ့်မယ်

(1)Floor Level မှာဆက်တာ
(2)Mid Height မှာဆက်တာ

အဲ့ဒီနှစ်မျိုးမှာ ဘယ်ဟာမှန်တယ်
ဘယ်ဟာမှားတယ်လို့အယူအဆနဲ့
အထင် အမြင် ရှုပ်နေတတ်ကြပါတယ်

(၂)ခုလုံးသူ့နေရာနဲ့သူမှန်ပါတယ်
Engineering မှာ ၂ မျိုးစီပဲရှိတယ်

အခုဟာက Seismic စဉ်းစားတာနဲ့
မစဉ်းစားတာဆိုတဲ့ ရှုထောင့် (၂)ခု!

အ ဖြေက Seismic Design
Category ပေါ်ပဲမူတည်ပါတယ်

Seismic Design Category
လို့ခေါ်တဲ့ SDC ပေါ်မူတည်ပြီး
Moment Resisting Frame
(3) မျိုးရှိတာကိုအရင် မှတ်ပေးပါ

(1)OMRF
ordinary moment resisting frame

(2)IMRF
intermediate moment resisting frame

(3)SMRF
special moment resisting frame

#explaination
အ ခေါ်အ ဝေါ်နဲ့တင် နားရှုပ်မှာစိုးလို့
ကျနော်တို့Structural Term တွေအစား
Steel fixer အမြင် နဲ့ပဲကြည့်ရ အောင်

OMRF အတွက်ဆိုရင် Floor Level
မှာဆက်လို့ရပါတယ် . . Seismic ဖြစ်တဲ့
ငလျင် ရဲ့Strong Lateral Force ကို
စဉ်းစားစရာမလိုလို့ပါ . .

IMRF နဲ့ SMRF အတွက်ဆိုရင်
Floor Level မှာဆက်လို့မရပါဘူး
Mid Height မှာဆက် ရပါတယ် . .

Seismic ဖြစ်တဲ့ ငလျင် ရဲ့
Strong Lateral Force ကိုစဉ်းစားလို့ပါ . .

Seismic Force ဝင် လာတဲ့အချိန်မှာ
Building တစ်ခုလုံးက Dynamic ပါ
လှုပ်ပါလိမ့်မယ် . . High-rise ဆိုရင်
ယိမ်းထိုးနေပါလိမ့်မယ် . . အဲ့ဒီအချိန်မှာ

Beam နဲ့ Slab တွေက သူတို့ကို
ထမ်းပေးထားတဲ့ Column အ ပေါ်
ဘေးတိုက် Lateral Direction ကိုမှ
Point Load အ နေနဲ့သက်ရောက်ပါတယ် . .

အထပ်မြင့် အ ဆောက်အဦဆိုရင်
3D Anaysis Software(Etabs/
SAP200,etc.) တစ်ခုခုမှာ ဆွဲပြီး
မျက်စိထဲထင် သာမြင် သာရှိအောင်
Run ကြည့်လို့ရပါတယ် . . .

Software မတတ် သေးရင် လဲ
ကျောင်းတုန်းကလို Free Body
Line Diagram လေးဆွဲကြည့်ရင်
ပုံမှာပြထားသလို Triangle ပုံ
Moment Diagram တွေ့ရပါမယ်

အဲ့ဒီမှာ Moment အနည်းဆုံးနေရာက
Mid Height ဆိုတာ တွေ့ရပါလိမ့်မယ်

ဟုတ်ကဲ့ . . Steel/Rebar ဆိုတာ
Moment ကို အဓိက Resist လုပ်ဖို့
ထည့်ထားပေးတာပါ . . အဲ့ဒီတော့
Moment များတဲ့နေရာတွေမှာ
အားနည်းတဲ့ Lapping မ ဆက်တာ
ပိုသင့်တော်ပါတယ် ..

ဒီရည် ရွယ်ချက် ကြောင့် IMRF နဲ့
SMRF ရဲ့ Column တွေမှာ Rebar
Lapping ကို Moment များတဲ့
Floor Level မှာ မထားရပဲ Moment
နည်းသွားတဲ့ Mid Height မှာထားကြတာ
ဖြစ်ပါတယ် . .

OMRF အတွက်က Floor Level
IMRF/SMRF က Mid Height

SMRF နဲ့ IMRF က Rebar Splice
ဘာကွာပြန်သလဲဆိုတော့ 33% နဲ့50%
ကွာပါတယ် . . OMRF က 100% ပါ

OMRF လား IMRF လား SMRF လား
ဆိုတာက SDC ပေါ်ပဲမူတည်ပါတယ်

#StructuralSuggesstion

Structural အပိုင်းလေး နည်းနည်း
ထပ်လင်းမယ်ဗျာ. .နည်းနည်းရှုပ်နေကြလို့

SDC ဆိုတာ Seismic Zone တစ်ခုထဲ
အ ပေါ်ပဲမူတည်တာမဟုတ်ပါဘူး ..

Recognizing that building
performance during a seismic
event depends not only on the
severity of sub-surface rock
motion, but also on the type of
soil upon which a structure is
founded, the SDC is a function of
LOCATION, OCCUPANCY, SOIL TYPE.

ငလျင် စဉ်းစားမှမဟုတ်ပါဘူး
SDC ဆိုတာ Occupancy Type နဲ့
Soil Type အ ပေါ်လဲမူတည်ပါတယ်

ထင် သာမြင် သာ ဥပမာက တော့
စာသင် ခန်း . . ဟောခန်းမကျယ်တွေနဲ့
ဓမ္မာရုံ တွေပါပဲ . . ခန်းဖွင့်ကျယ်တယ်

Span ကျယ်လေ - Beam ကြီးလေ
Beam ကြီးလေ Column အ ပေါ်
သက် ရောက်နေမယ့် ဘေးတိုက်
Own wt/Point Load ကြီးလေပါပဲ

Applied Reaction ကြီးလေ
Ultimate Moment ကြီးလေ ပေါ့

အဲ့ဒါကြောင့် ငလျင် စဉ်းစားသည်ဖြစ်စေ
မစဉ်းစားသည်ဖြစ်စေ .. Span ကျယ် ရင်
Rebar Splice/Lapping နေရာပါ
D & C အကုန်ဂရုစိုက်နေသင့်ပါတယ်

စာရေးကောင်းကောင်းနဲ့ရှည်သွားတယ်
တန်ဖိုးရှိတဲ့အချိန်တွေပေးပြီးဖတ်ပေးတာ
ဆွေးနွေးပေးတာကျေးဇူးတင် ပါတယ်ဗျာ
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ

Aung Myat Thu
BE-Civil(TU-Taunggyi)
MilLimetRe-Training & Design Group

#References:Ch(13) Seismic
Design of R.C Structures by
Saya U Nyi Hla Nge

OMRF
A moment frame in which members
and joints are capable of resisting forces by flexural as well as
a long the axis of the members
(for low seismic effects).

IMRF
A moment frame in which members
and joints are capable of resisting forces by flexural as well as
a long the axis of the members
(for moderate seismic effects).

SMRF
A moment frame in which members
and joints are capable of resisting forces by flexural as well as
a long the axis of the members
(for high seismic effects).
 
Millimetre - Training & Design Group

အသားသေအောင်ပြုလုပ်ခြင်း (curing)

အသားသေအောင်ပြုလုပ်ခြင်း (curing)
စံသတ်မှတ်ချက်များ (specifications)တွင် ပေးထားသည့် curing ပြုလုပ်ချိန်သည်
ကွန်ကရစ် ပျော့ပျောင်းနေချိန်တွင် ရေချက်ချင်းဆုံးရှုံးမှုကြောင့် မျက်နှာပြင်အက်ကွဲကြောင်းများ
ဖြစ်ပေါ်မှုကို ကာကွယ်ရန်နှင့် သတ်မှတ်ခံနိုင်ရည်အားကို သေချာစွာရရှိစေရန် ရည်ရွယ်၍
ပေးထားခြင်း ဖြစ်သည်။Beam များ ၊ Column များနှင့် စိုနေသည့် မြေကြီးနှင့်ထိတွေ့မှုမရှိသော
Slab များထဲရှိ ဘိလပ်မြေသည် တမင်စီစဉ်ပြုလုပ်သည့် Curing လုပ်ပြီးသည်နှင့် ဓါတ်ပြုမှု ရပ်ဆိုင်း
သွားမည့် ဖြစ်နိုင်ခြေများစွာ ရှိသည်။ အကယ်၍ အဆောက်အအုံ အစိတ်အပိုင်း(structural
member) တစ်ခုကို မိုးရေမှ ကာကွယ် ထားပါက စိုထိုင်းဆ ၈၀ ရာခိုင်နှုန်းကျော်မှသာ ဓါတ်ပြုမှု
သိသိသာသာ ဆက်လက် ဖြစ်ပေါ်နိုင်ပါသည်။ သို့သော် မြေထိန်းနံရံ (retaining wall) နှင့်
လမ်းကွန်ကရစ်ကြမ်းခင်းပြားကဲ့သို့ စိုနေသော မြေကြီးနှင့် ထိတွေ့နေသည့် အစိတ်အပိုင်း များမှာမူ
တမင်စီစဉ် ပြုလုပ်သည့် Curing မရှိသော်လည်း ဓါတ်ပြုခြင်း ကောင်းစွာ ဖြစ်နိုင်သည်။

ပေးထားသော အပူချိန်တစ်ခုတွင် အမြင့်ဆုံးနှုန်းဖြင့် ဓါတ်ပြုခြင်းကို သေချာပေါက် ဖြစ်စေရန်
ဘိလပ်မြေအနှစ် (cement paste) ကို ရေပြည့်ဝနိုင်သမျှ ပြည့်ဝအောင်ထားရမည်။
ဤကဲ့သို့ပြုလုပ်ရန် ရေကိုထည့်ပေးရာတွင် မျက်နှာပြင်မှ အငွေ့ပျံသွားသည့် ရေကို
အစားထိုးရုံ သာမက ဓါတ်ပြုမှုကြောင့် အထဲရှိ အပေါက်ငယ်များ (စသမနျ) ထဲမှ ရေများ
ကုန်ခန်းသွားခြင်း [၄င်းကို အတွင်းရေကုန်ခန်းမှုဖြစ်စဉ် (self-desiccation) ဟုခေါ်သည်။]“
ကိုလည်း အစားထိုး ပေးရန် ရေကိုထည့်ပေးရမည်ဖြစ်သည်။ သမရိုးကျ အရောတစ်ခုအတွက်
အတွင်း ရေကုန်ခမ်းမှု ဖြစ်စဉ်ကြောင့် ကုန်ခန်းသွားသည့် ရေကို ပြန်ဖြည့်ရန် ပထမအပတ်ထဲတွင်
ရေ 0. 044 lb/lb of cement (1/2 gal./sack of cement ) ခန့်လိုအပ်ပါသည်။

Fig. 4 At early ages, the higher the curing temperature the higher the strength.
However, high curing temperature may result in relatively low strength at
later ages

အကယ်၍ သက်နုကွန်ကရစ်တစ်ခု၏ မျက်နှာပြင်ကို ဖုံးပိတ်မည် ဆိုပါက အကယ်၍ ရေ-
ဘိလပ်မြေ အချိုးသည် 0. 4 (by weight) ( 4.5 gal / sack )  ထက်နည်းခဲ့လျှင် အတွင်း
ရေကုန်ခမ်းမှု ဖြစ်စဉ်၏ အကျိုးဆက်အဖြစ် ဓါတ်ပြုခြင်းရပ်ဆိုင်းသွားနိုင်သည်။ မူလက ရေပါဝင်မှု
မြင့်မားသည့် အနှစ်များအတွက်မူ ဖော်ပြပါ အတွင်းရေကုန်ခန်းမှုဖြစ်စဉ်ကြောင့် ဓါတ်ပြုခြင်း
ရပ်ဆိုင်းသွားမည် မဟုတ်သော်လည်း နှေးကွေးသွားနိုင်သည်။
 Concrete Technology - U nyi hla nge

မာမူဖြစ်စဉ် (the hardening process )

Hydration ခေါ် ဘိလပ်မြေမှုန်များနှင့်ရေကြား ဓါတ်ပြုမှုကြောင်gel ခေါ် ချွဲကျိသည့်
ပစ္စည်းတစ်မျိုးကို ဖြစ်ပေါ်စေသည်။ ဤဓါတ်ပြုခြင်းနှင့်gel များဖြစ်ပေါ်စေခြင်း ဖြစ်စဉ်သည်
ဘိလပ်မြေအားလုံးကုန်ဆုံးသည်အထိ (သို့)paste ထဲရှိ မူလလစ်လပ်နေရာအားလုံး ပြည့်သွားသည်
အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ သုံးနေကျ ကွန်ကရစ်အရောများတွင် ဘိလပ်မြေ
ကုန်သွားခြင်းကြောင့် ရပ်တန့်သွားသည်က များသည်။ paste များထဲမှ အစိုဓါတ်ကို မထိန်းသိမ်း
ထားနိုင်ခဲ့လျှင် paste ထဲမှရေများ အငွေ့ပျံထွက်သွားခြင်းကြောင့် ဓါတ်ပြုမှုဖြစ်စဉ် ရပ်တန့်
သွားပါမည်။ ထို့ကြောင့် ဆုံးရှုံးသွားသော ရေများကို ပြန်လည်ဖြည့်ထည့်ပေးခြင်းဖြင့် အသား
သေအောင် လုံလောက်စွာပြုလုပ်ပေးရန်အရေးကြီးပါသည်(curing)။ ပြီးပြည့်စုံသော ဓါတ်ပြုခြင်း
ဖြစ်မြောက်စေရန် ကြာမြင့်ချိန် (the time required for complete hydration) သည် -
(၁) ကွန်ကရစ်ထဲ၌ပါဝင်သော ဘိလပ်မြေအနည်းအများ ( richness of mix )
(၂) ဘိလပ်မြေအမျိုးအစား  ( type of cement )
(၃) ပတ်ဝန်းကျင်အပူချိန် ( ambient temperature )
(၄) အကယ်၍ w/c < 0. 55 by weight  ဖြစ်ခဲ့လျှင် ပြင်ပရေရရှိအောင် ပံ့ပိုး
ပေးနိုင်မှု တို့ပေါ်တွင် မူတည်ပြောင်းလဲပါသည်။
Fig. 2 Concrete of lower water-cement ratio is stronger and more watertight.
(for illustration only, to show trends)

ဓါတ်ပြုခြင်းသည် စမ်းသပ်ခန်း အခြေအနေတွင် ဖြစ်ပါက တစ်လအကြာတွင် စုစုပေါင်း
ဘိလပ်မြေ၏ ၈၀% အထိ ဓါတ်ပြုပြီးဖြစ်သော်လည်း၊လက်တွေ့လုပ်ငန်းခွင်တွင်မူ ရက်အနည်းငယ်
အတွင်းကွန်ကရစ်သည်တစ်စိတ်တစ်ဒေသအားဖြင့်ခြောက်သွေ့သွားတတ်သည်။အောက်ခံမြေကြီး
ထဲမှ ရေစိမ့်ဝင်လာမှု (သို့) မိုးရွာချိန်များတွင် ရရှိသောရေမှ အစိုဓါတ် ရရှိမှုကြောင့် ဓါတ်ပြုခြင်း
ဆက်လက်ဖြစ်ပေါ်သည်။ ထို့ကြောင့် ဘိလပ်မြေ၏ဓါတ်ပြုမှုသည် ရေနှင့်ထိတွေ့တိုင်းဖြစ်ပေါ်
နေသောကြောင့် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ဆက်လက်ဖြစ်ပေါ်နေမည်။
ဓါတ်ခွဲခန်း အခြေအနေများ အောက်တွင် ကွန်ကရစ်၏ အဆုံးစွန်ခံနိုင်ရည်အား(ultimate strength)
၏ ထက်ဝက်ခန့်ကို ပထမတစ်ပတ် အကြာတွင် ရရှိနိုင်ပြီး တစ်လ အကြာတွင်
လေးပုံသုံးပုံအထိ ရရှိနိုင်ပါသည်။ Paste ၏ ခံနိုင်ရည်အားသည် ဓါတ်ပြုမှုပေါ်တွင် မူတည်
သောကြောင့် ဓါတ်ပြုမှု ဖြစ်နေသမျှ ခံနိုင်ရည်အားတက်၍ ခြောက်သွေ့သွားသောကြောင့်
ဓါတ်ပြုမှု ရပ်သွားလျှင် ခံနိုင်ရည်အား တက်ခြင်းလည်း ရပ်သွားမည်ဖြစ်ပါသည်။

Fig. 3 Keeping concrete moist increases strength, especially at early ages

ပတ်ဝန်းကျင်အပူချိန်ကို မြှင့်ပေးခြင်းဖြင့် ဓါတ်ပြုခြင်းနှုန်းကိုလည်း မြှင့်တင်ပေးနိုင်သည်။
မြင့်သောအပူချိန်ကြောင့် gel ကို ပြုပြင်ပြောင်းလဲစေရာ ၄င်းကြောင့် ကွန်ကရစ်၏ အဆုံးစွန်
ခံနိုင်ရည်အားကို ကျဆင်းစေပါသည်။
Concrete Technology - U nyi hla nge

Wednesday, January 7, 2015

Ties , Stirrups တွေက အလုပ်သုံးမျိုးလုပ်ပါတယ်

Structural design အ ခေါ်
‪#‎ShearReinforcement‬
(site အ ခေါ် ‪#‎စတားကွင်း‬
Column တိုင် မှာ ‪#‎Ties‬
Beam ဘင့် မှာ ‪#‎Stirrups‬
တချို့က Loops or Links စသဖြင့်ခေါ်တဲ့)

#ShearReinforcement တွေက
အလုပ်သုံးမျိုးလုပ်ပါတယ်
(1) စတားကွင်းတွေမပါပဲ Main steel တွေချည်းပဲ ချည်ထားလို့မရပါ
သူ့ရဲ့အ ခြေခံ No.1-function က
Main Steel(longitudinal Rebar) တွေကို Buckling မဖြစ်အောင် ထိန်းပေးပါတယ် ...
(2) Main steel တွေကို ထိန်းရုံလေးပဲမဟုတ်ပါ
No. 2-function က Member တွေကို
Horizontal Shear, Vertical Shear,
Diagonal Shear တွေ မဖြစ်စေဖို့
#ShearReinforcement တွေက အဓိက resist လုပ်တာပါ
Spacing ခပ်ကျဲကျဲနဲ့ ထိန်းရုံလေးပဲ
ချည်ထားမယ်ဆိုရင် (ငလျင်/မုန်တိုင်း)
ဘေးတိုက်အားတစ်ခုဝင် လာခဲ့ရင်
ပွင့်ထွက်ကုန်မှာပါ ..
According to ACI & Indian Code တွေအရ
12mm bar size အထိတော့stirrups
hook တွေကို 135°ကွေးထားသင့်ပါတယ်
့
(3) Ties ဆိုတဲ့နာမည်နဲ့လိုက်အောင်
သေချာတုပ်ပြီးချည်ထားမယ်ဆိုရင်
crushing ဖြစ်ပြီး concrete cover တွေ
ကွာထွက်ကုန် ရင် တောင်
Ties ကွင်းတွေက မပွင့်ပဲ
သူ့ရဲ့အတွင်းက
Main steel ကိုသာမက Concrete ရဲ့
တကယ်အလုပ်လုပ်မယ့် Gross Area ကိုပါထိန်းထားပေးမှာဖြစ်ပါတယ်
‪#‎Recommendation‬
အ ဆောက်အဦတစ်ခု ပြီးစီးဖို့ဆိုတာ
အင် ဂျင် နီယာတွေ တော်ရုံနဲ့တင် မရပါဘူး
စိတ်ဓာတ်ပြည့်ဝတဲ့ ကန်ထရိုက်တွေနဲ့
ကျွမ်းကျင် လုပ်သားတွေပါ
ဟန်ချက်ညီညီဆောင် ရွက်မှ ရပါတယ်
Structure တစ်ခု တည်မြဲဖို့ဆိုတာလဲ
Main Steel တွေထည့်ထားရုံနဲ့မရပါဘူး
Vertical Stirrups/ Horizontal Ties တွေသာမက
Binding Wire တွေပါ စနစ်တကျ
သူ့နေရာနဲ့သူ အလုပ်လုပ်မှရမှာပါ
မနက်ဖြန် Site ထဲရောက် ရင်
မြင်နေရတဲ့သံချောင်းတွေကို သတိထားပြီး ကြည့်လိုက်ပါ ...
သူ့နေရာနဲ့သူအလုပ်လုပ်နေကြပါတယ်
Reference: Chapter(19)
C. V. R. MURTY
Department of Civil Engineering
Indian Institute of Technology Kanpur
** How do Columns in R.C
Buildings Resist Earthquakes? **
Closely spaced horizontal closed
ties help in three ways, namely
(1)they hold together the vertical
longitudinal bars and prevent them
from excessively bending outwards
(in technical terms, this bending
phenomenon is called ‪#‎buckling‬)
(2) they carry the horizontal shear forces
induced by earthquakes, and
thereby resist diagonal shear cracks
(3) they contain the concrete in
the column within the closed loops.
The ends of the ties must be bent
as 135° hooks. Such hook ends
prevent opening of loops and
consequently buckling of concrete
and buckling of vertical bars.
အလုပ်တွေများတဲ့ကြားက
တန်ဖိုးရှိတဲ့အချိန်တွေပေးပြီးဖတ်တာ
Share ပေးတာ ကျေးဇူးတင် ပါတယ်ဗျာ
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
Aung Myat Thu
(TU-MES, Taunggyi)
MilLimetRe - Training & Design Group

Piled Raft Foundation• Raft Foundation ဆိုတာ

Piled Raft Foundation•
Raft Foundation ဆိုတာ
Mat Foundation ပါပဲ
အ ခေါ်အ ဝေါ်ခွဲထားတာက
Mat Foundation ရဲ့ အောက်မှာ
Pile တွေ ထောက်ထားရင် ကွဲပြားအောင်
Raft Foundation လို့ခေါ်ပါတယ်
Function လဲ ကွာလို့ပါ
‪#‎Why‬ ... Use?
Site Soil Condition က
soft compressible ‪#‎Clay‬ များပြီး
Water Table ကလဲ Ground Level နဲ့နီးတဲ့အခါ
Hard Stratum အောက်အမာ Level ကလဲ
Level မညီပဲ Sloping ဖြစ်နေတဲ့အ ခြေ အ နေမျိုးမှာ
Shallow Foundation အမျိုးအစားဖြစ်တဲ့
Mat Foundation တစ်ခုထဲနဲ့တင်
အ ဆောက်အဦရဲ့ Settlement ကိုထိန်းဖို့မနိုင် တော့ပါ ....
Mat Foundation ရဲ့မူလ အားသာချက်ဖြစ်တဲ့
(1) Uniform Settlement မ သေချာနိုင် တော့တဲ့အပြင်
Foundation Design မှာ ကြောက်စရာကောင်းတဲ့
(2) Differential Settlement ပါ
ဖြစ်လာနိုင် တဲ့ အ နေအထားမျိုးမှာ
Deep Foundation အမျိုးအစားဖြစ်တဲ့
Pile တွေက Shallow Foundation ဖြစ်တဲ့
Mat ကို လာထောက်ပေးပါတယ်
အဲ့ဒါက Piled Raft Foundation ပါ
Definition ဖွင့် ရ ရင် တော့
Piled Raft Foundation ဆိုတာ
Shallow Foundation နဲ့ Deep Foundation
နှစ်မျိုးလုံးပေါင်းထားတဲ့ ရှားပါး Foundation Design ပါပဲ
point to remember:
Piled Raft Foundation မှာပါတဲ့
‪#‎Raft‬ က တော့ နဂို Mat အတိုင်းသာ အလုပ်လုပ်ပါတယ် ...
(ဒါပေမယ့် အောက်က အ ထောက်
Pile တွေရှိလာတဲ့အတွက်
Mat ချည်းပဲသက်သက်ထက်စာရင်
ထည့်ရတဲ့ Steel လျော့လာလိမ့်ပါမယ်)
Piled Raft Foundation မှာပါတဲ့
‪#‎Pile‬ တွေက တော့ တခြား Pile Design တွေလို
Super-structure ကကျလာမယ့်
Majority Load တွေကို ထမ်းဖို့ အဓိကမဟုတ်ပါဘူး
သူထမ်းပေးထားတဲ့ Mat/ Raft ကို
Differential Settlement မဖြစ်စေဖို့
အဓိက ထောက်ထားပေးတာပါ
ဒါကြောင့် ဒီ Pile တွေကို#Settlement
‪#‎Reducer‬ လို့ခေါ်ပါတယ် .. ဒါကမှ
သူ့ရဲ့ Primary Purpose ပါ
အနှစ်ချုပ် ရရင် တော့
Piled Raft Foundation ဆိုတာ
Raft ရယ် ... Piles ရယ် ... Soil ရယ်
အဓိက Bearing Member-3 မျိုးပေါင်းထားတဲ့
Composite Foundation Structure တစ်ခုပါပဲ
ကျနော်တို့Taunggyi Myoma Tower Project မှာသုံးထားတာက
Bored Pile & Raft Foundation ပါ
တန်ဖိုးရှိတဲ့အချိန်တွေပေးပြီးဖတ်တာ
ကျေးဇူးတင် ပါတယ် ခင် ဗျာ
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
AUNG MYAT THU(TU-MES, Taunggyi)
Reference:
Performance of Pile Raft Foundation
in case of inadequate pile capacity
M.E. Thesis by Ma Zar Lee Tint
C.2(January, 2010) TU-Magway
The piled raft foundation is an
effective foundation concept used
to ‪#‎minimize‬ total settlement and
differential settlement, to ‪#‎improve‬
the bearing capacity of a shallow foundation
and to ‪#‎reduce‬ in an economical way
the initial stress level and benging moments of a raft.
Piled raft foundation is an economical potion
for circumstances where the performance of
the raft alone does not satisfy
the requirements.
For most piled raft foundations,
the primary purpose of the piles
is to act as •settlement reducers•.
Unlike conventional piled foundation design,
in which the piles are designed
to carry the majority of the load,
the design of a piled-raft foundation allows
the load to be shared between
the raft and piles.
The concept of piled raft foundation
combines the bearing elements
piles, raft and soil in a composite structure.

Ref - https://www.facebook.com/millimetretaunnggyi

Short Column နဲ့ Long Column

`Short Column နဲ့ Long Column´
Storey Height က Column ရဲ့
ငယ်တဲ့အနားတစ်ဖက် (၁၅)ဆ ထက်
ပိုမြင့်သွားရင် Long Column ပါ
‪#‎ShortColumn‬ : H = 15b
‪#‎LongColumn‬ : H > 15b
London က .. W. Morgan(1958) ရဲ့ သီအိုရီပါ .. Elastic Limit Design ခေတ်ကပါ
အခုလို Ultimate Design ခေတ်မှာ
ကျနော်က တော့ Column အနားရဲ့
(၁၂)ဆထက်ကျော် ရင် Long Column
လို့ သတ်မှတ်ပါတယ် ...
‪#‎example‬
12"x12" Column with 12' Height
H = 12 x b = 12 x 12 = 144" = 12'
therefore, this is Short Column.
အများအားဖြင့် တော့ ပတ်ဝန်းကျင် မှာ
တွေ့သမျှ Column တွေဟာ Short Column
Design Category တွေပဲ ဖြစ်မှာပါ
(ကျနော်တို့ တောင်ကြီးမှာဆိုရင်
Long Column ဆိုတာ ရှားပါတယ်
လက်ညှိုးထိုးပြလို့ရတာက တော့
ကျနော်တို့နည်းပညာတက္ကသိုလ် ရဲ့
ရှေ့မျက်နှာစာက ဝင် တာနဲ့တွေ့ရတဲ့
တိုင် အလုံးကြီးတွေပါ ... ပြီးတော့
က မ္ဘောဇဘဏ်ရှေ့က တိုင် အရှည်ကြီးနှစ်ခုပါ)
12' ထက် မြင့်တဲ့ Floor Height ရှားပါတယ်
12' ထက်မြင့်ရင် လဲ Column size
ကြီးလေ့ရှိတော့ Short Column ပါပဲ
(ဥပမာ-15"x15" column ဆိုရင်
H = 12 x 15 = 180" =15' ထိမြင့်လို့
ရပြန်ပါတယ် ... Short Column ပါပဲ
ဒီမှာ Site အ ခေါ် Short Column နဲ့
Design အ ခေါ် Short Column ချင်း
မတူတာ လေး ထောက်ပြချင် ပါတယ်
Site တွေမှာက
‪#‎Footing‬ က နေ Plinth Level ထိ
တက်လာတဲ့တိုင် တိုတွေနဲ့
‪#‎Landing‬ အောက်ထိ တစ်ဖြတ်လောင်းတဲ့
တိုင် တိုလေးတွေကို Short Column
လို့ခေါ်ကြပါတယ် ... မမှားပါဘူး
ဒါပေမယ့် ... ကျန်တဲ့ Floor to Floor
Column တွေကို Long Column လို့
ထင် သွားကြတာက ... မှားပါတယ်
အ ခေါ်အ ဝေါ်မှားတာ ပြဿနာမရှိပါဘူး
ဒါပေမယ့် တိုတာ Short Column
ရှည်တာ Long Column လို့ Design မှာ
ပြောလို့မရပါဘူး ... အ ပေါ်မှာပြောခဲ့တဲ့
W. Morgan ရဲ့ Slenderness ratio15 ဆ
ဒါမှမဟုတ် ကျနော်တို့ Millimetre ရဲ့
Slenderness ratio 12 ဆ နဲ့ ခွဲခြားရ အောင် ပါ ...
Design ပိုင်းမှာ ကွာခြားတာက
#ShortColumn တွေဟာ Axially
Compression Member တွေပါ
(Lateral Force နဲ့Bending Stress
မစဉ်းစားလို့ ရပါတယ်)
#LongColumn တွေမှာ တော့
Compressive stress တွေအပြင်
Bending stressတွေပါစဉ်းစားရပါမယ်
Reference: Chapter-9
Axially Loaded Columns
W. Morgan, Senior Lecturer in
Structures, The Northern Polytechnic, London
‪#‎Short‬ Column
A column may be considered to
be short when its effective height
does not exceed 15 times its
least width, e.g. a column 12"x12"
can be considered to be short
when its effective height does
not exceed 15 ft.
‪#‎Slenderness‬ Ratio
When a column is short, it is
subjected to simple crushing
stress as in Fig. 9.13.
Fig.9.14 is shown a column of
equal height to that of Fig. 9.13,
but because of its slenderness
it would fail due to a combination
of crushing and buckling,
at a lower stress per sq. in that
which would cause failure in
the short column.
It is obvious that slenderness
of a column depends not only
on its height, but also on its
cross section, i.e. H/b.
Effective height/ Least width
Point to remember:
ကျောင်းမှာသင် တဲ့ ACI code မှာတော့
Long Column ကို SlenderColumn လို့ခေါ်ပါတယ် .. ကျနော့်ဆရာပြောသလို
တရုတ်ကြီးနဲ့ပေါက်ဖော်ကြီး အတူတူပါပဲ
ဒီတစ်လကျနော်တို့ TMT-Project မှာ
Field လာဆင်းတဲ့ Civil Third Year
ညီ/ညီမ တွေကို နေ့လည်တိုင်း
Site အ ကြောင်းရှင်းပြ နေတာရယ်
Foundation ပြီးစီးဖို့ အလုပ်များနေတာရယ်ကြောင့်
page မှာစာတွေ ပုံမှန်မတင် ဖြစ်ခဲ့ပါဘူး ...
Engineer တွေအားလုံးအလုပ်များနေမှာပါ
တန်ဖိုးရှိတဲ့ အချိန်တွေပေးပြီးဖတ်တာ
ကျေးဇူးတင် ပါတယ် ခင် ဗျာ
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
Aung Myat Thu(TU-MES, Taunggyi)

Sizing of Pile Caps(Part-2)

*Sizing of Pile Caps(Part-2)*
Pile cap ဆိုတာ Single Footing နဲ့
သိပ်မကွာလှပါဘူး ... ကွာသွားတာက
‪#‎Difference‬:1
Single/isolated footing အောက်မှာ
အမာခံ Sufficient Soil Bearing ရှိပြီး
အဲ့ဒီ Soil pressures က footing ကို
Uniformly distributed Loadအဖြစ်
ညီညီညာညာ uplift လုပ်ပေးပါတယ်
Cap ရဲ့အောက်မှာက Pile တစ်ခု(သို့)
Group လိုက် ရှိပြီး အဲ့ဒီ Pile က ပြန်ပြီး
ထောက်ကန်ပေးတဲ့ Reaction တွေက
Cap ကို Concentrated point load
အဖြစ် သီးခြားစီ uplift ပြန်တွန်းပါတယ်
#Difference:2
Cap အောက်က Bearing Capacity က
Single Footing ထက်ပိုများတတ်ပါတယ်
Cap ရဲ့အောက်က ထောက်ထားတဲ့
Pile အားလုံးရဲ့ Capacity Reactions
တွေကို Cap ရဲ့ Area နဲ့ပြန်စားကြည့်ရင်
ဥပမာ - DL+LL = 450 tons
9'x9' pile cap
number of piles, n = 9
one pile capacity = 30 tons
Pile reactions = 9x50 = 450 tons
Upward force = Downward force
So, 9 piles can resist DL+LL.
for comparison only,
Q = 9x50/ (9x9) = 5.55 tsf
9'x9' square footing
Q = DL+LL/ Area
Q = 450/ (9x9) = 5.55 tsf
Point to remember-
‪#‎ရောသွားမှာစိုးလို့‬ Shallow
Foundation ဖြစ်တဲ့ Square footing
Design လုပ်တဲ့ foundation depth
level မှာ 5.55 tsf ရဖို့ခဲယဉ်းပါတယ်
အဲ့ဒီ Depth မှာ 5.55 tsf ရခဲ့ရင် တော့ Deep foundation ဖြစ်တဲ့ Pile မလိုပဲ
9'x9' square footing နဲ့တင် ရပါပြီ)
Q = 1 tsf ရတယ်ဆိုပါတော့
Area = DL+LL/ Q
Area = 270/ 1 = 270 Sft
L x B = 16.4' x 16.4'
Pile 9 လုံးခံထားတဲ့ 9'x9' cap တစ်ခုက
DL+LL = 270 tons ခံနိုင် တဲ့အချိန်မှာ
DL+LL = 270 tons လောက်ကိုခံနိုင် ဖို့
16.4'x16.4' လောက်ကြီးတဲ့ Square
Footing လိုလိမ့်မယ်လို့ကောက်ချက်ချပါတယ်
Note:1
အဲ့ဒါကြောင့် Cap Area က Single
Footing ထက်စာရင် ငယ်ပါလိမ့်မယ်
Note:2
Cap ရဲ့ Depth/ Thickness က တော့ ပုံမှန် Footing ထက်ပိုထူလာတတ်ပါတယ်
Pile reaction တွေက Point load
အဖြစ်သက်ရောက်တာက တစ်ကြောင်း
Comparison လုပ်ကြည့်တဲ့အခါ
Uplift Soil Pressures တန်ဖိုးကလဲ
ပိုများလာတတ်တာတစ်ကြောင်းမို့လို့ပါ
Pile Cap အ ကြောင်းထပ်တင်ပေးပါမယ်
Design Basis ဗဟုသုတရကြပါစေဗျာ
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
Aung Myat Thu(TU-Taunggyi)
Millimetre-Training and Design Group
9:55PM, 11.11.2014(Thuesday)
Reference:p.g.586, Chapter(16)
Design of Concrete Structures
14th Edition, Arthur H.Nilson
16.10-Pile Caps
Piles are generally arranged in
groups or clusters, one under
each column.
The group is capped by a spread
footing or cap that distributes
the column load to all piles in
the group.
These pile caps are in most ways
very similar to footings on soil,
except for two features.
#Difference:1
For one, reactions on caps act
as concentrated loads at the
individual piles, rather than as
distributed pressures.
#Difference:2
For another,if the total of all pile
reactions in a cluster is divided
by the area of footing to obtain
an equivalent uniform pressure
(for purposes of comparison only),
it is found that this equivalent
pressure is considerably higher
in pile caps than for spread footings.
This mean that moments,and
particularly ‪#‎shears‬ are also
correspondingly larger, which
requires ‪#‎greater‬ depths than
for a spread footing of similar
horizontal dimensions.

Sizing of Pile Caps(Part-1)

*Sizing of Pile Caps(Part-1)*
The size of the pile cap depends
on pile spacing and soil type.
ဆိုတဲ့ အတိုင်း Pile Cap Design ရဲ့
အ ရေးကြီးတဲ့အချက်တွေထဲက ၂ ခုက
(1)Soil Type နဲ့(2)Pile spacing ပါ
Junior များ အတွက်(2)Spacing of
Pile ကို အဓိက ဆွေးနွေးချင် ပါတယ်
The spacing of the piles in a group
is an extremely complicated
subject as it is related to the
sub-soil properties....ဆိုသလိုပဲ
Pile တွေရဲ့ spacing ကလဲ
Site ရဲ့ Soil ပေါ်မူတည်ပြန်ပါတယ်
ကျနော်က တော့ Soil အ ကြောင်း
မကျွမ်းကျင် လို့ မ ဆွေးနွေးလိုပါ ..
Structural designer များအ နေနဲ့
က တော့ ဒီ stage မှာ Geotect ရဲ့
Consultation ကို ယူရမှာပါ
နည်းပညာကျောင်းသား/သူများအ နေနဲ့
Minimum spacing ကိုတော့သိထားဖို့
လိုအပ်ပါတယ် ... ဆရာကြီးဦးညီလှငယ်
ပြုစုရေးသားထားတဲ့ စာအုပ်မှာတော့
A centre to centre spacing of
about ‪#‎3times‬ the butt (top)
diameter of the pile, ‪#‎but‬ not
less than 2.5 ft is customary.
e.g. if pile diameter is - 16"
minimum spacing = 3 x 16 = 48"
Note - ရိုက်ထားတဲ့ Pile တစ်ခုရဲ့
AllowableReaction=30to70tons
ဆိုရင် 3 ft လောက်ခြားလေ့ရှိပါတယ်
‪#‎Spacing‬ က 2.5 ft ထက် စိတ် ရင် Pile တစ်ခုထပ် ရိုက်တဲ့အခါ Pile တစ်ခုကို
သွားပြီးရိုက်ချိုးသလိုဖြစ်တတ်ပါတယ် ..
#Spacing ကျဲလွန်းရင် လဲ Cap ရဲ့
Area က မလိုပဲကျယ်လာတတ်ပါတယ်
Economic design မဖြစ်ဘူးပေါ့ဗျာ
e.g-4 piles are located in single
row with c/c spacing of 7 ft, its
cap will be over (3 x 7 ft) 21 ft.
Reference:page-50, Chapter(9)
Footings and Foundations, by
Saya U Nyi Hla Nge
Engineering မှာပုံသေမှတ်လို့မရပါဘူး
ကျနော် စာရေးတိုင်းပြောလေ့ရှိပါတယ်
Engineering Work တွေမှာအ ဖြေနဲ့
အယူအဆ လေးတွေ အနည်းဆုံး(2)မျိုး
ရှိတတ်ပါတယ် .. သူများပြောသမျှ
ပုံသေမမှတ်ပဲ ‪#‎ပုံရှင်‬ မှတ်ပေးပါလို့!
ဟုတ်ကဲ့ .. PE တစ်ယောက်ဖြစ်တဲ့
ဆရာကြီး Ruwan Rajapakse က
minimum spacing ကို #3times
မဟုတ်ပဲ ... 2.5 to 3times ယူပါတယ်
Typically,
engineers use 2.5d to 3d.
If centre to centre distance
is too small, piles will damage
each other.
But, if the piles are too far,
the pile cap will be too large
and the cost will increase.
If the site contains heavy
obstructions, such as rocks or
boulders, it is advisable to use
a larger spacing.
Reference:pg.415-Chapter(29)
Pile Design for Structural and
Geotechnical Engineers, by
Ruwan Rajapakse. OCM, P E
ကဲ..2 မျိုးဆိုရောမှာစိုးလို့3မျိုးဖြစ်အောင်
နည်းနည်းပိုပြီးကွဲပြားတဲ့ Reference
ဆရာကြီး John A.Baker ကိုပေးပါမယ်
19.2-Spacing of Piles
For ‪#‎preliminary‬ drawing work,
it is recommended that the
minimum spacing between the
piles should be as follows:
(1) for ‪#‎EndBearing‬ Piles,
not less than 2ft 6in c/c or
twice the width/diameter of pile
(3) for ‪#‎SkinFriction‬ Piles,
not less than 3ft 6in c/c or the
perimeter if the pile, whichever is greater.
Bearing Pile တွေကို 2times
Friction Pile တွေကို 4times
Reference:Chapter(19)Pile Caps
Reinforced Concrete Detailing
by John A.Baker
တန်ဖိုးရှိတဲ့ အချိန်တွေပေးပြီး
ဖတ်တာ ကျေးဇူးတင် ပါတယ်
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
Aung Myat Thu(TU-Taunggyi)
Millimetre-Training & Design Group
10:25PM, 9-11-2014(Sunday)

Disqus Shortname

Comments system