Friday, January 30, 2015

အသားသေအောင်ပြုလုပ်ခြင်း (curing)

အသားသေအောင်ပြုလုပ်ခြင်း (curing)
စံသတ်မှတ်ချက်များ (specifications)တွင် ပေးထားသည့် curing ပြုလုပ်ချိန်သည်
ကွန်ကရစ် ပျော့ပျောင်းနေချိန်တွင် ရေချက်ချင်းဆုံးရှုံးမှုကြောင့် မျက်နှာပြင်အက်ကွဲကြောင်းများ
ဖြစ်ပေါ်မှုကို ကာကွယ်ရန်နှင့် သတ်မှတ်ခံနိုင်ရည်အားကို သေချာစွာရရှိစေရန် ရည်ရွယ်၍
ပေးထားခြင်း ဖြစ်သည်။Beam များ ၊ Column များနှင့် စိုနေသည့် မြေကြီးနှင့်ထိတွေ့မှုမရှိသော
Slab များထဲရှိ ဘိလပ်မြေသည် တမင်စီစဉ်ပြုလုပ်သည့် Curing လုပ်ပြီးသည်နှင့် ဓါတ်ပြုမှု ရပ်ဆိုင်း
သွားမည့် ဖြစ်နိုင်ခြေများစွာ ရှိသည်။ အကယ်၍ အဆောက်အအုံ အစိတ်အပိုင်း(structural
member) တစ်ခုကို မိုးရေမှ ကာကွယ် ထားပါက စိုထိုင်းဆ ၈၀ ရာခိုင်နှုန်းကျော်မှသာ ဓါတ်ပြုမှု
သိသိသာသာ ဆက်လက် ဖြစ်ပေါ်နိုင်ပါသည်။ သို့သော် မြေထိန်းနံရံ (retaining wall) နှင့်
လမ်းကွန်ကရစ်ကြမ်းခင်းပြားကဲ့သို့ စိုနေသော မြေကြီးနှင့် ထိတွေ့နေသည့် အစိတ်အပိုင်း များမှာမူ
တမင်စီစဉ် ပြုလုပ်သည့် Curing မရှိသော်လည်း ဓါတ်ပြုခြင်း ကောင်းစွာ ဖြစ်နိုင်သည်။

ပေးထားသော အပူချိန်တစ်ခုတွင် အမြင့်ဆုံးနှုန်းဖြင့် ဓါတ်ပြုခြင်းကို သေချာပေါက် ဖြစ်စေရန်
ဘိလပ်မြေအနှစ် (cement paste) ကို ရေပြည့်ဝနိုင်သမျှ ပြည့်ဝအောင်ထားရမည်။
ဤကဲ့သို့ပြုလုပ်ရန် ရေကိုထည့်ပေးရာတွင် မျက်နှာပြင်မှ အငွေ့ပျံသွားသည့် ရေကို
အစားထိုးရုံ သာမက ဓါတ်ပြုမှုကြောင့် အထဲရှိ အပေါက်ငယ်များ (စသမနျ) ထဲမှ ရေများ
ကုန်ခန်းသွားခြင်း [၄င်းကို အတွင်းရေကုန်ခန်းမှုဖြစ်စဉ် (self-desiccation) ဟုခေါ်သည်။]“
ကိုလည်း အစားထိုး ပေးရန် ရေကိုထည့်ပေးရမည်ဖြစ်သည်။ သမရိုးကျ အရောတစ်ခုအတွက်
အတွင်း ရေကုန်ခမ်းမှု ဖြစ်စဉ်ကြောင့် ကုန်ခန်းသွားသည့် ရေကို ပြန်ဖြည့်ရန် ပထမအပတ်ထဲတွင်
ရေ 0. 044 lb/lb of cement (1/2 gal./sack of cement ) ခန့်လိုအပ်ပါသည်။

Fig. 4 At early ages, the higher the curing temperature the higher the strength.
However, high curing temperature may result in relatively low strength at
later ages

အကယ်၍ သက်နုကွန်ကရစ်တစ်ခု၏ မျက်နှာပြင်ကို ဖုံးပိတ်မည် ဆိုပါက အကယ်၍ ရေ-
ဘိလပ်မြေ အချိုးသည် 0. 4 (by weight) ( 4.5 gal / sack )  ထက်နည်းခဲ့လျှင် အတွင်း
ရေကုန်ခမ်းမှု ဖြစ်စဉ်၏ အကျိုးဆက်အဖြစ် ဓါတ်ပြုခြင်းရပ်ဆိုင်းသွားနိုင်သည်။ မူလက ရေပါဝင်မှု
မြင့်မားသည့် အနှစ်များအတွက်မူ ဖော်ပြပါ အတွင်းရေကုန်ခန်းမှုဖြစ်စဉ်ကြောင့် ဓါတ်ပြုခြင်း
ရပ်ဆိုင်းသွားမည် မဟုတ်သော်လည်း နှေးကွေးသွားနိုင်သည်။
 Concrete Technology - U nyi hla nge

0 comments:

Post a Comment

Disqus Shortname

Comments system