Wednesday, January 7, 2015

Splice Sleeve connector ဆိုသည်မှာ

Splice Sleeve connector ဆိုသည်မှာ


စင်ကာပူနိုင်ငံရှိ HDB အိမ်ယာစီမံကိန်း ပရောဂျက်များတွင် Precast Wall/ Column Connection အတွက် အဓိက အသုံးပြုနေသော Splice Sleeve Connector အကြောင်းကို ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Splice Sleeve connector ဆိုသည်မှာ precast column/ Wall ကို ဆက်သွယ်သော Joint connection တွင် အသုံးပြုသော mechanical connector ကို ခေါ်ဆိုခြင်း ဖြစ်ပါသည်။ Splice Sleeve connector များအား စင်ကာပူ နိုင်ငံရှိ အိုးအိမ် တိုက်ခန်း (HDB Flat) ဆောက်လုပ်ရေး လုပ်ငန်းများတွင် ယခင်က အသုံးပြုခဲ့သော Spiral Connector များ အစားထိုးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံး ပြုကြပါသည်။

Splice Sleeve နည်းပညာသည် America တွင် အစပျိုးခဲ့ပြီး Japan နိုင်ငံ Nisso Master Builders(NMB) တွင် စတင်ခဲ့ပြီး 1973 တွင် Building Center of Japan (BCJ) မှ စတင် အသိအမှတ်ပြုခဲ့သော နည်းပညာ ဖြစ်ပါသည်။

Splice Sleeve Connector တွင် အဓိကအားဖြင့် အစိတ်အပိုင်း ၃ ခု ပါဝင်ပါသည်။ ၄င်း တို့မှာ Splice Sleeve Bottle, Splicing Bar နှင့် Grout တို့ ဖြစ်ကြပါသည်။
Splice sleeve bottle ကို ductile iron နဲ့ လုပ်ထားပြီးတော့ precast component အထဲမှာ မြှုတ်နှံ ထားလေ့ ရှိပါတယ်။

Splicing bar ကိုတော့ splice sleeve ရဲ့ အလယ်မှာ တေ့ဆက် ဆက်ပြီး SS mortar နှင့် grouting လုပ်ပေးရပါတယ်။ SS mortar ဆိုတာက Splice Sleeve Connector အတွက် သီးခြား ထုတ်လုပ်ထားတဲ့ non shrink grout တစ်မျိုးဖြစ်ပြီးတော့ Japan နိင်ငံမှာ ထုတ်လုပ်ပါတယ်။ ခံနိင်ရည်အားကတော့ Grade 70 ဖြစ်ပါတယ်။


ဒါတွေကတော့ Splice Sleeve Connector ရဲ့ အဓိက ပါဝင်တဲ့ material တွေ ဖြစ်ပါတယ်


ဒါတွေက Splice Sleeve Bottle တွေကို precast panel တွေထဲ install မလုပ်ခင်ပုံပါ


ဒီပုံကတော့ Precast မလောင်းမှီ Splice Sleeve connector တပ်ဆင်ထားပုံပါ


ဒီပုံကတော့ Floor Slab လောင်းပြီးနောက် Splicing Bar တွေ ထုတ်ထားတာပါ


ဒီပုံကတော့ Precast Column ရဲ့ အောက်ဘက်ပိုင်းက Splice Sleeve တွေကို မြင်ရပုံပါ


ဒီပုံကတော့ Splicing Rebar Connector ပါတဲ့ Column ကို Install လုပ်နေပုံပါ


ဒီပုံကတော့ Splice Sleeve Connector ကို SS Mortar ဖြင့် Grouting လုပ်နေပုံပါ

REf https://www.facebook.com/aunghsu.myat/notes

0 comments:

Post a Comment

Disqus Shortname

Comments system