Friday, January 30, 2015

Column မှာ Lapping Location နှစ်မျိုး

`2 kinds of Column RebarLapping
Splice Length Location by SDC´

#introduction

အားလုံးနားလည်အောင် ရိုးရိုးရှင်းရှင်းပဲ
ပြောပါမယ် . . Column မှာ Lapping
Location နှစ်မျိုးတွေ့ဖူးကြပါလိမ့်မယ်

(1)Floor Level မှာဆက်တာ
(2)Mid Height မှာဆက်တာ

အဲ့ဒီနှစ်မျိုးမှာ ဘယ်ဟာမှန်တယ်
ဘယ်ဟာမှားတယ်လို့အယူအဆနဲ့
အထင် အမြင် ရှုပ်နေတတ်ကြပါတယ်

(၂)ခုလုံးသူ့နေရာနဲ့သူမှန်ပါတယ်
Engineering မှာ ၂ မျိုးစီပဲရှိတယ်

အခုဟာက Seismic စဉ်းစားတာနဲ့
မစဉ်းစားတာဆိုတဲ့ ရှုထောင့် (၂)ခု!

အ ဖြေက Seismic Design
Category ပေါ်ပဲမူတည်ပါတယ်

Seismic Design Category
လို့ခေါ်တဲ့ SDC ပေါ်မူတည်ပြီး
Moment Resisting Frame
(3) မျိုးရှိတာကိုအရင် မှတ်ပေးပါ

(1)OMRF
ordinary moment resisting frame

(2)IMRF
intermediate moment resisting frame

(3)SMRF
special moment resisting frame

#explaination
အ ခေါ်အ ဝေါ်နဲ့တင် နားရှုပ်မှာစိုးလို့
ကျနော်တို့Structural Term တွေအစား
Steel fixer အမြင် နဲ့ပဲကြည့်ရ အောင်

OMRF အတွက်ဆိုရင် Floor Level
မှာဆက်လို့ရပါတယ် . . Seismic ဖြစ်တဲ့
ငလျင် ရဲ့Strong Lateral Force ကို
စဉ်းစားစရာမလိုလို့ပါ . .

IMRF နဲ့ SMRF အတွက်ဆိုရင်
Floor Level မှာဆက်လို့မရပါဘူး
Mid Height မှာဆက် ရပါတယ် . .

Seismic ဖြစ်တဲ့ ငလျင် ရဲ့
Strong Lateral Force ကိုစဉ်းစားလို့ပါ . .

Seismic Force ဝင် လာတဲ့အချိန်မှာ
Building တစ်ခုလုံးက Dynamic ပါ
လှုပ်ပါလိမ့်မယ် . . High-rise ဆိုရင်
ယိမ်းထိုးနေပါလိမ့်မယ် . . အဲ့ဒီအချိန်မှာ

Beam နဲ့ Slab တွေက သူတို့ကို
ထမ်းပေးထားတဲ့ Column အ ပေါ်
ဘေးတိုက် Lateral Direction ကိုမှ
Point Load အ နေနဲ့သက်ရောက်ပါတယ် . .

အထပ်မြင့် အ ဆောက်အဦဆိုရင်
3D Anaysis Software(Etabs/
SAP200,etc.) တစ်ခုခုမှာ ဆွဲပြီး
မျက်စိထဲထင် သာမြင် သာရှိအောင်
Run ကြည့်လို့ရပါတယ် . . .

Software မတတ် သေးရင် လဲ
ကျောင်းတုန်းကလို Free Body
Line Diagram လေးဆွဲကြည့်ရင်
ပုံမှာပြထားသလို Triangle ပုံ
Moment Diagram တွေ့ရပါမယ်

အဲ့ဒီမှာ Moment အနည်းဆုံးနေရာက
Mid Height ဆိုတာ တွေ့ရပါလိမ့်မယ်

ဟုတ်ကဲ့ . . Steel/Rebar ဆိုတာ
Moment ကို အဓိက Resist လုပ်ဖို့
ထည့်ထားပေးတာပါ . . အဲ့ဒီတော့
Moment များတဲ့နေရာတွေမှာ
အားနည်းတဲ့ Lapping မ ဆက်တာ
ပိုသင့်တော်ပါတယ် ..

ဒီရည် ရွယ်ချက် ကြောင့် IMRF နဲ့
SMRF ရဲ့ Column တွေမှာ Rebar
Lapping ကို Moment များတဲ့
Floor Level မှာ မထားရပဲ Moment
နည်းသွားတဲ့ Mid Height မှာထားကြတာ
ဖြစ်ပါတယ် . .

OMRF အတွက်က Floor Level
IMRF/SMRF က Mid Height

SMRF နဲ့ IMRF က Rebar Splice
ဘာကွာပြန်သလဲဆိုတော့ 33% နဲ့50%
ကွာပါတယ် . . OMRF က 100% ပါ

OMRF လား IMRF လား SMRF လား
ဆိုတာက SDC ပေါ်ပဲမူတည်ပါတယ်

#StructuralSuggesstion

Structural အပိုင်းလေး နည်းနည်း
ထပ်လင်းမယ်ဗျာ. .နည်းနည်းရှုပ်နေကြလို့

SDC ဆိုတာ Seismic Zone တစ်ခုထဲ
အ ပေါ်ပဲမူတည်တာမဟုတ်ပါဘူး ..

Recognizing that building
performance during a seismic
event depends not only on the
severity of sub-surface rock
motion, but also on the type of
soil upon which a structure is
founded, the SDC is a function of
LOCATION, OCCUPANCY, SOIL TYPE.

ငလျင် စဉ်းစားမှမဟုတ်ပါဘူး
SDC ဆိုတာ Occupancy Type နဲ့
Soil Type အ ပေါ်လဲမူတည်ပါတယ်

ထင် သာမြင် သာ ဥပမာက တော့
စာသင် ခန်း . . ဟောခန်းမကျယ်တွေနဲ့
ဓမ္မာရုံ တွေပါပဲ . . ခန်းဖွင့်ကျယ်တယ်

Span ကျယ်လေ - Beam ကြီးလေ
Beam ကြီးလေ Column အ ပေါ်
သက် ရောက်နေမယ့် ဘေးတိုက်
Own wt/Point Load ကြီးလေပါပဲ

Applied Reaction ကြီးလေ
Ultimate Moment ကြီးလေ ပေါ့

အဲ့ဒါကြောင့် ငလျင် စဉ်းစားသည်ဖြစ်စေ
မစဉ်းစားသည်ဖြစ်စေ .. Span ကျယ် ရင်
Rebar Splice/Lapping နေရာပါ
D & C အကုန်ဂရုစိုက်နေသင့်ပါတယ်

စာရေးကောင်းကောင်းနဲ့ရှည်သွားတယ်
တန်ဖိုးရှိတဲ့အချိန်တွေပေးပြီးဖတ်ပေးတာ
ဆွေးနွေးပေးတာကျေးဇူးတင် ပါတယ်ဗျာ
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ

Aung Myat Thu
BE-Civil(TU-Taunggyi)
MilLimetRe-Training & Design Group

#References:Ch(13) Seismic
Design of R.C Structures by
Saya U Nyi Hla Nge

OMRF
A moment frame in which members
and joints are capable of resisting forces by flexural as well as
a long the axis of the members
(for low seismic effects).

IMRF
A moment frame in which members
and joints are capable of resisting forces by flexural as well as
a long the axis of the members
(for moderate seismic effects).

SMRF
A moment frame in which members
and joints are capable of resisting forces by flexural as well as
a long the axis of the members
(for high seismic effects).
 

Millimetre - Training & Design Group

 

0 comments:

Post a Comment

Disqus Shortname

Comments system