Friday, January 30, 2015

မာမူဖြစ်စဉ် (the hardening process )

Hydration ခေါ် ဘိလပ်မြေမှုန်များနှင့်ရေကြား ဓါတ်ပြုမှုကြောင်gel ခေါ် ချွဲကျိသည့်
ပစ္စည်းတစ်မျိုးကို ဖြစ်ပေါ်စေသည်။ ဤဓါတ်ပြုခြင်းနှင့်gel များဖြစ်ပေါ်စေခြင်း ဖြစ်စဉ်သည်
ဘိလပ်မြေအားလုံးကုန်ဆုံးသည်အထိ (သို့)paste ထဲရှိ မူလလစ်လပ်နေရာအားလုံး ပြည့်သွားသည်
အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။ သုံးနေကျ ကွန်ကရစ်အရောများတွင် ဘိလပ်မြေ
ကုန်သွားခြင်းကြောင့် ရပ်တန့်သွားသည်က များသည်။ paste များထဲမှ အစိုဓါတ်ကို မထိန်းသိမ်း
ထားနိုင်ခဲ့လျှင် paste ထဲမှရေများ အငွေ့ပျံထွက်သွားခြင်းကြောင့် ဓါတ်ပြုမှုဖြစ်စဉ် ရပ်တန့်
သွားပါမည်။ ထို့ကြောင့် ဆုံးရှုံးသွားသော ရေများကို ပြန်လည်ဖြည့်ထည့်ပေးခြင်းဖြင့် အသား
သေအောင် လုံလောက်စွာပြုလုပ်ပေးရန်အရေးကြီးပါသည်(curing)။ ပြီးပြည့်စုံသော ဓါတ်ပြုခြင်း
ဖြစ်မြောက်စေရန် ကြာမြင့်ချိန် (the time required for complete hydration) သည် -
(၁) ကွန်ကရစ်ထဲ၌ပါဝင်သော ဘိလပ်မြေအနည်းအများ ( richness of mix )
(၂) ဘိလပ်မြေအမျိုးအစား  ( type of cement )
(၃) ပတ်ဝန်းကျင်အပူချိန် ( ambient temperature )
(၄) အကယ်၍ w/c < 0. 55 by weight  ဖြစ်ခဲ့လျှင် ပြင်ပရေရရှိအောင် ပံ့ပိုး
ပေးနိုင်မှု တို့ပေါ်တွင် မူတည်ပြောင်းလဲပါသည်။

Fig. 2 Concrete of lower water-cement ratio is stronger and more watertight.
(for illustration only, to show trends)

ဓါတ်ပြုခြင်းသည် စမ်းသပ်ခန်း အခြေအနေတွင် ဖြစ်ပါက တစ်လအကြာတွင် စုစုပေါင်း
ဘိလပ်မြေ၏ ၈၀% အထိ ဓါတ်ပြုပြီးဖြစ်သော်လည်း၊လက်တွေ့လုပ်ငန်းခွင်တွင်မူ ရက်အနည်းငယ်
အတွင်းကွန်ကရစ်သည်တစ်စိတ်တစ်ဒေသအားဖြင့်ခြောက်သွေ့သွားတတ်သည်။အောက်ခံမြေကြီး
ထဲမှ ရေစိမ့်ဝင်လာမှု (သို့) မိုးရွာချိန်များတွင် ရရှိသောရေမှ အစိုဓါတ် ရရှိမှုကြောင့် ဓါတ်ပြုခြင်း
ဆက်လက်ဖြစ်ပေါ်သည်။ ထို့ကြောင့် ဘိလပ်မြေ၏ဓါတ်ပြုမှုသည် ရေနှင့်ထိတွေ့တိုင်းဖြစ်ပေါ်
နေသောကြောင့် နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ဆက်လက်ဖြစ်ပေါ်နေမည်။
ဓါတ်ခွဲခန်း အခြေအနေများ အောက်တွင် ကွန်ကရစ်၏ အဆုံးစွန်ခံနိုင်ရည်အား(ultimate strength)
၏ ထက်ဝက်ခန့်ကို ပထမတစ်ပတ် အကြာတွင် ရရှိနိုင်ပြီး တစ်လ အကြာတွင်
လေးပုံသုံးပုံအထိ ရရှိနိုင်ပါသည်။ Paste ၏ ခံနိုင်ရည်အားသည် ဓါတ်ပြုမှုပေါ်တွင် မူတည်
သောကြောင့် ဓါတ်ပြုမှု ဖြစ်နေသမျှ ခံနိုင်ရည်အားတက်၍ ခြောက်သွေ့သွားသောကြောင့်
ဓါတ်ပြုမှု ရပ်သွားလျှင် ခံနိုင်ရည်အား တက်ခြင်းလည်း ရပ်သွားမည်ဖြစ်ပါသည်။

Fig. 3 Keeping concrete moist increases strength, especially at early ages

ပတ်ဝန်းကျင်အပူချိန်ကို မြှင့်ပေးခြင်းဖြင့် ဓါတ်ပြုခြင်းနှုန်းကိုလည်း မြှင့်တင်ပေးနိုင်သည်။
မြင့်သောအပူချိန်ကြောင့် gel ကို ပြုပြင်ပြောင်းလဲစေရာ ၄င်းကြောင့် ကွန်ကရစ်၏ အဆုံးစွန်
ခံနိုင်ရည်အားကို ကျဆင်းစေပါသည်။
Concrete Technology - U nyi hla nge

0 comments:

Post a Comment

Disqus Shortname

Comments system