Wednesday, January 7, 2015

Footing မှာ Rebar ထည့်ရတဲ့ရည် ရွယ်ချက်

Millimetre - Training & Design Group
မျိုးဆက်သစ်အင် ဂျင် နီယာများအတွက်
Footing မှာ Rebar ထည့်ရတဲ့ရည် ရွယ်ချက်
Single Footing's Detailing Basic Concepts
Also known as Individual column footing(or)Isolated Footing.
Why Single Footing?
များသောအားဖြင့် Square (သို့)
Rectangular Shape သုံးလေ့ရှိတယ်
အ ကြောင်းပြချက်က တော့ Paper
work ကစပြီး StructureCalculation
Drawing Design to Construction
အဆင့်တိုင်း Simple ရိုးရှင်းလို့ပါပဲ ...
ဒါပေမယ့် တခြားသော Circular
Triangular, Irregular shape တွေ
မသုံးရဘူးဆိုတဲ့ အ ကြောင်းပြချက် မရှိပါ
(Pile capမှာ irregularတွေ့ရပါမယ်)
How it is reinforced?
Single footing မှာ ဘယ်လို
Rebar ဆင် ရလဲဆိုတာ မ ပြောခင်
Single footing ဘယ်လို failure
ဖြစ်နိုင် လဲဆိုတာ အရင် သိဖို့လိုပါတယ်
အ ခြေခံက တော့ နှစ်မျိုးပါပဲ
(1)Shear
(2)Bending
Punching Shear(2way shear)
Beam Shear(1way shear) ဆိုပြီး
နှစ်မျိုးရှိပေမယ့် များသောအားဖြင့်
Control ဖြစ်တတ်တဲ့ Punching ကို
figure(a) မှာ ပြထားပါတယ် ...
Why always in bottom layer?
ဘာလို့ Bottom Layer ပဲအမြဲ
ဆင် လဲဆိုတော့ Single Footing
Natural Axis(N.A)line ရဲ့
အ ပေါ်ခြမ်းက Column load ကျတဲ့
Compression Zone ဖြစ်ပြီးတော့
အောက်ဖက်ခြမ်းက ဆန့်ကျင် ဖက်
Tension Zone ဝင်နေတတ်လို့ပါ ...
နောက်ထပ် ထင် သာ မြင် သာရှိအောင်
Footing ကိုဇောက်ထိုးကြည့်ကြည့်ပါ
Footing က အ ပေါ်မှာရှိနေပြီး
Column က အောက်က နေ Support
လုပ်ပေးထားတော့ တစ်ဖက်စီထွက်ပြီး
ဝဲထားတဲ့ Cantilver Beam နဲ့တူပါတယ်
အားလုံးသိထားတဲ့အတိုင်း
Cantilever Beam မှာဆိုရင်
N.A ရဲ့အ ပေါ်က Tension ပါ
Concrete က Compression ကို
အပြည့်အဝခံနိုင် ပြီး Tension ကို
အနည်းငယ်သာခံနိုင် တဲ့အတွက်
Tension မှာ Reinforced လုပ်ပြီး
Rebar နဲ့အားဖြည့်ပေးရပါတယ်
အဲ့ဒါကြောင့် ... Single Footing မှာ
သံဆင် ရင် အမြဲတမ်းလိုလို တစ်လွှာ
Both Directions ပဲဖြစ်နေတာပါ
Which one is Main steel?
တကယ်လို့ Single Footing ကို
Rectangular Shape သုံးရင်
Short direction က Main steel
Long direction က Distribtion
Steel လို့ပြောလို့ရ ပေမယ့် ...
Square shape သုံးရင် အ ပေါ်အောက် Rebar နှစ်ခုလုံးက Main steel ပါပဲ
B=L ဆိုတော့ နှစ်ခုလုံးက short span
တစ်ဖက်ကမှန် ရင် တစ်ဖက်က တော့
Main steel level အမြဲမှားနေမှာပါပဲ!
Bottom layer steel က မှန် ရင်
သူ့အတွက် effective depth မှန်တယ်
minimum As = p B D
Top layer steel က မှားနေရင်
သူ့ရဲ့effective depth လျော့တယ်
ဒါက Beam တွေနဲ့Slab တွေ မှာလဲ
မကြာခဏကြုံရ လေ့ရှိတဲ့
Design & Construction ကြားက
ရှောင် လွှဲလို့မရတဲ့ Error တစ်ခုပါပဲ
သိပ်မစိုးရိမ်ပါနဲ့ ..ဒီအချက်ကို
Structural Engineer ကမူလ
Design တွက်ချက်မှုအဆင့် မှာကြိုတင်
စဉ်းစားပေးထားရပါတယ် ...
1bar diameter လွဲရုံနဲ့ ဒီ Structure
မပြိုသွားအောင် Steel Fixer တွေရဲ့
အလွဲအမှား(သို့မဟုတ်)အခက်အခဲကို
Structural Calculation Stage မှာ
Construction uncertainty တစ်ချက်
အ နေနဲ့နှစ်ဖက်လုံးရဲ့Effe: depth ကို
Average ယူပြီး Sufficient spacing
စဉ်းစားတွက်ချက်ပေးထားရပါတယ် ...
What is different with pile cap?
Cap ဆိုတာ တကယ်တော့
Single footing ပါပဲ ... ဒါပေမယ့်
Rebar ဆင် ပုံမတူတာက တော့
Cap ရဲ့ အောက်မှာ Pile ရှိလို့ပါ ...
Cap/Footing က အ ပေါ်ကကျလာတဲ့
Column load နဲ့အောက်က ပြန်ပင့် တဲ့
Pile ရဲ့ Reaction နှစ်ခုကြားမှာညှပ်ပြီး
N.A line ရဲ့ နှစ်ဖက်လုံးက Tension
Action ဝင် နေတာမို့လို့ N.A ရဲ့
နှစ်ဖက်လုံးမှာ Rebar နဲ့အားဖြည့်ရတယ်
Point to rembember:
Combined နဲ့ Mat or Raft က တော့
ဇောက်ထိုးမြင်ကြည့်ရင် Doubly
Reinforced Slab နဲ့Behaviour
တူတာကြောင့် N.A ရဲ့
နှစ်ဖက်လုံးမှာ Rebar နဲ့အားဖြည့်ရတယ်
How much steel is required?
How much footing area is required?
ဆိုတဲ့ Footing Design Basis ကို
တစ်ခါက page မှာတင် ပေးပြီးပြီ မလို့
အကျယ်တဝင့် ပြန်မ ပြောတော့ပါဘူးဗျာ
တန်ဖိုးရှိတဲ့အချိန်တွေပေးပြီး
ဆွေးနွေးတာကျေးဇူးတင် ပါတယ်
မျှဝေတယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
Aung Myat Thu(TU-Taunggyi)
MilLimetRe-Training & Design Group
More discussions here:
0936048015, 09260329221
09428333161, 09428372685
09428311664, 09254103237
09250485660, 09254248069
09428343982, 09250351794
‪#‎keywords‬:
Figure 12.2(a) shows how the
column could push its way
through the footing, producing
what is known as ‪#‎punching‬ shear.
Figure 12.2(b) shows how the
column could induce a bending
stress on the underside of the
footing.
Both of these failures can be
resisted by means of reinforcement
placed in the bottom of the
footing, as shown in Fig.12.3.
‪#‎Main_or_Distribution‬
In a rectangular footing,the bars
in a shorter direction are placed
underside of those in the longer
direction.
‪#‎Combined_or_MatRebar‬
The easiest way to appreciate
this particular type of failure is
to consider the columns and
footing turned upside down to
form a beam supported on two
columns.
‪#‎Shapes‬
Square or Rectangular footings
are generally used, but there is
no reason why circular,triangular,
or octagonal shapes sholud not
be used.
Search references on google:
Reiforced Concrete Detailing
by John A. Baker
Civil Detailing Manual 2004
by American Concrete Institute

0 comments:

Post a Comment

Disqus Shortname

Comments system