Thursday, November 27, 2014

Column shear failure

ဒီတခါတော့ structure Design တွေမှာ အလေးထားမခံရဘဲ လျစ်လှူရှု့ခံရလေရှိတဲ့ တိုင်က စတားကွင်း (Column Tie) တွေ အကြောင်း ပြောချင်ပါတယ်။
Beams(ထုတ်) တွေ Column(တိုင်) တွေရဲ့ main bars တွေကို အများဂရုပြုလေ့ရှိပါတယ်။ Transverse reinforcement (Shear reinforcement)  ကတော့ Beam တွေမှာလောက် အာရုံထားပြီး column မှာတော့ အာရုံစိုက်မှုနည်းနေတတ်ကြပါတယ်။
ပုံမှန်ဆို  Column(တိုင်) တွေက shear failure မဖြစ်နိုင်ပေမယ့် Earthquake ကြောင့် ပြိုလဲမှုတွေမှာ Column shear failure က အဓိကအကြောင်းအရင်းတစ်ခုပါ။


ဒီလို Column shear failure မဖြစ်အောင် Ductile behavior ရဖို့လိုပါတယ်။
အဲ့ဒီ အတွက်  ACI က သတ်မှတ်ထားတဲ့ Minimum Transverse Reinforcement တွေ ရှိပါတယ်။
ဒါတွေကတော့
Minimum Transverse Reinforcement


စတားကွင်း (Column Tie) တွေက Floor နားတွေမှာ စိတ်ရပါတယ်။ အဲ့စိတ်ရမယ့် အကွာအဝေးကို lo လို့ သတ်မှတ်ပြီးတော့ lo တန်ဖိုးကတော့
1) တိုင်ရဲ့ပိုငယ်တဲ့အနား (Smaller of h1 or h2)
2) ကွင်ကျတိုင်အရပ် ရဲ့ ခြောက်ပုံတစ်ပုံ (lc/6)
3) ၁၈ လက်မ (18 in)
အဲ့ဒါတွေထဲက အကြီးဆုံးတန်ဖိုးကို ယူရပါမယ်  လို့ သတ်မှတ်ပါတယ်။
lo အတွင်းမှာ ထည့်ရမယ့် စတားကွင်းအကွာအဝေး (Tie spacing, s1)  ကိုတော့
1) တိုင်ရဲ့ပိုငယ်တဲ့အနားရဲ့ လေးပုံတစ်ပုံ (0.25 X Smaller of h1 or h2)
2) အသေးဆုံးမိန်းဘားရဲ့ ခြောက်ဆ ( 6db)
3) so (so တန်ဖိုးရှာပုံကို ပုံမှာဖော်ပြထားပါတယ်)
အဲ့ဒါတွေထဲက အငယ်ဆုံးတန်ဖိုးကို ယူရပါမယ်  လို့ သတ်မှတ်ပါတယ်။


ကျန်တဲ့နေရာ (Floor အလယ်ပိုင်း) ထည့်ရမယ့် စတားကွင်းအကွာအဝေး (Tie spacing, s2)  ကိုတော့
1) မိန်းဘားရဲ့ ခြောက်ဆ ( 6db)
2) 6"
အဲ့ဒါတွေထဲက အငယ်ဆုံးတန်ဖိုးကို ယူရပါမယ်  လို့ သတ်မှတ်ပါတယ်။
အနည်းဆုံးထည့်ရမယ့် စတားကွင်း (Tie) ရဲ့ စုစုပေါင်း cross sectional area ကတော့ အောက်က Equations နှစ်ခုနဲ့တွက်ပြီး အဲ့ထဲက များတဲ့ဟာကို ယူရပါမယ်။
Ash = 0.3(sbcf’c / fyt)[(Ag / Ach) - 1]
Ash = 0.09sbcf’c / fyt


ဒါတွေကတော့ ACI က သတ်မှတ်ထားတဲ့ Minimum Transverse Reinforcement တွေပါ။ ဒါတွေအပြင် Shear Force ကနေလဲ တွက်ချက်ပြီး ရှာရပါဦးမယ်။
Shear Force ကနေ ရှာတဲ့အခါ Earthquake ကြောင့်ဖြစ်တဲ့ shear force က maximum shear force ရဲ့ တဝက်နဲ့ တဝက်ထက်များနေရင်ဖြစ်ဖြစ် Factored compression force က Agfc'/20 အောက် ငယ်ရင်ဖြစ်ဖြစ် Concrete ရဲ့ shear ခံနိုင်ရည်ကို ထည့်မတွက်ရပါဘူး။
Laterl tie ရဲ့ shear ခံနိုင်ရည်နဲ့ပဲ design လုပ်ရပါမယ်။
Reference
ACI 318-08
NEHRP Seismic Design Technical Brief No. 1 (Seismic Design of Reinforced Concrete Special Moment Frames)
& Other RC Gooks
(ဗိုလ်ဗိုလ်ကျော်)

0 comments:

Post a Comment

Disqus Shortname

Comments system