CE Vip- Beam Design
CE vip - Beam Design
CE - Analysis of rates - version 6
Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။
Ebooks
Civil Engineering နဲ့ပတ်သတ်သော Ebook များ
Etabs
Etabs လေ့လာရန်
Site Mistake
Site Mistake
Etabs Tutorials
Download ဆွဲနည်း
Sunday, February 19, 2017
Site Mistake (11) Composite Slab
Site Mistake (11)
Site Mistake (11)
Composite Slab
(ဗိုလ်ဗိုလ်ကျော်)
Unicode
Site Mistake (11)
Composite Slab
Decking ခင်းပြီး concrete လောင်းထားတဲ့ slabs တွေမှာ Load carring capacity (ဝန်ထမ်းနိုင်အား) ကို Decking နဲ့ Concrete တို့ Shear bond (ပူးကပ်နေတဲ့တွဲဆက်မှု) ကနေရပါတယ်။ အဲ့လို slab ကို composite slab လိုခေါ်ပါတယ်။
Rc slab မှာ concrete ရဲ့ reinforcement က slab အတွင်းထည့်ထားတဲ့ rebars တွေဖြစ်ပြီး Composite slab မှာေတော့ Reinforcement က Decking ပါပဲ။ အပူနဲ့ အကျုံ့အကြွ (temperature & shrinkage) ကို ထိန်းဖို့အတွက်သာ wire mesh လေးတွေကို ထည့်ပါတယ်။
ဒါကြောင့် composite slab မှာ decking နဲ့ concrete ရဲ့ bond ကအရမ်းအရေးကြီးပါတယ်။ အဲ့ shear bond လေးပျက်တာနဲ့ composite slab မဟုတ်တော့ပါ။ Decking က သူ့ဖာသာ load ကိုသီးခြားထမ်းနေမှာဖြစ်ပြီး concrete ကလဲ သူ့ဖာသာ ထမ်းနေမှာပါ။.
ပုံမှာတွေ့ရတဲ့ mistake ဟာဆိုလို့ရှိရင် Decking ရဲ့ မြောင်းလေး(Trough) လေးထဲအုတ်တွေစီထားတာပါ။ အဲ့အုတ်တွေက Decking နဲ့ တွဲဆက်နေမှာမဟုတ်ပါဘူး။ သက်သက်မဲ့သာ ဝန်ပိုစေမှာပါ။ (ဒီနေရာမှာ အုတ်ရဲ့ strength ကိုလဲသွားထည့်တွက်မနေပါပဲ။ ဘာနဲ့မှ bonding မကောင်းနိုင်တဲ့အတွက် ဒါကို ထည့်စဉ်းစားလို့မရနိုင်ပါ)။ အဲ့ မြောင်း (Trough) တွေမှာရှိနေရမယ့် Decking နဲ့တွဲဆက်နေမယ့် concrete မရှိတော့တဲ့အတွက်သက်သာသွားတဲ့ concrete တန်ဖိုးနဲ့မကာမိအောင်ပဲ composite slab ရဲ့တန်ဖိုးကို အများကြီးယုတ်လျော့သွားစေပါတယ်။
နောက် အဲ့မြောင်းလေး(Trough) ထဲမှာ Extral bar တွေထည့်ပြီးတော့လဲ Bending resistance ကို တက်အောင်လုပ်လို့ရတာကို အုတ်ပါနေတဲ့အတွက် လုပ်မရတော့ပါဘူး။
မှတ်ချက် ၊ Site Mistake များကို Inspectors များ Site Engineers များ Supervisers များအတွက် ကိုးကားနိုင်ဖို့ ရည်ရွယ်ရေးသားပါတယ်။
(ဗိုလ်ဗိုလ်ကျော်)
CE Pro New Version 1.2
CE pro Version 1.2 ပါ
1.Structure ပိုင်းမှာ
Square footing Design
Combined footing Design
Two way slab Design
Beam Design နဲ့
Axial compression stress တွက်တာပါဝင် ပါတယ် ။
Beam design ကို Etabs ကပြတဲ့ design result လိုပြပေးထားပါတယ်။
Structure ပိုင်းကို Hand calculation တွေထက်တင်ပေးမှာပါ ။
ခုက software ရေးနေရတာနဲ့ တခြားစာမရေးဖြစ်သေးလို့ပါ။
နောက်ပိုင်း Etabs , Safe , ASD and hand calculation တွေတွက်တာကိုရှင်းပြပြီး
အခြေခံ ဗဟုသုတတွေပါရှင်းပြသွားဖို့ စီစဉ်ထားပါတယ်။
tutorials တွေပါ ထည့်ပေးသွားမှာပါ ။ သင်တန်းမတတ်ဖြစ်ကျတဲ့engineer တွေ
အလွယ်တကူလေ့လာနိုင်အောင်ပါ။
Structure ပိုင်းရေးနေချိန် Analysis of rates ရေးဖို့တောင် အာရုံမနည်းပြန်ထည့်ရပါတယ် :) ။
2.Ebooks များ အလွယ်တကူဒေါင်းလုပ်ဆွဲရအောင်လုပ်ထားပေးပါတယ်။
3.Civil Engineering Myanmar ကရှင်းပြထားတဲ့ Seismic Design Video ဖိုင်များပါဝင်ပါတယ်။
Analysis of rate အပိုင်းက Brick work (fps and SI) ၂ ခုလုံးထည့်ပေးထားပါတယ်။
Download
အားလုံးကိုကျေးဇူးတင်ပါတယ်
ထွန်းအောင်ဖြိုး
Saturday, February 18, 2017
မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၃)
မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ(၂၃)
Torsion အတွက် steel ဆိုတာ Beam ရဲ့ အလယ်မှာထည့်ပေးရပါတယ်။
တော်တော်များများက Torsion အတွက် steel ကို Beam ရဲ့ အလယ်မှာပဲထည့်ပေးရတယ်လို့ပဲ အောက်မေ့တတ်ကြပါတယ်။
Torsion ဆိုတာ member တခုမှာ သူ့ရဲ့ အလျားလိုက် (longitudinal) direction ကို လှည့်ပြီးလည်တဲ့ moment ကို ခေါ်တာပါ။ Torsion ကြောင့်လိုအပ်တဲ့ reinforcement ကို Shear, Bending moment ကြောင့်လိုအပ်တဲ့ reinforcement ကိုသွားပေါင်းပေးရပါတယ်။
အဲ့မှာ Torsion ကြောင့်လိုတဲ့ longitudinal reinforcement တွေကို closed stirrups ကွင်းဘေး (perimeter) တလျောက် ဖြန့်ဝေထည့်ပေးရပါတယ်။ Beam ရဲ့အလယ်မှာပဲ စုပုံထည့်ရတာမဟုတ်ပါ။ အဲ့လို ထည့်ပေးရတဲ့ rebar spacing က maximum အများဆုံး 12" ထက်ပိုဝေးလို့မရပါဘူးလို့ ACI က ကန့်သက်ချက်ပေးထားပါတယ်။
အဲ့တော့ 15" beam depth ရှိတဲ့ beam တစ်ချောင်းရဲ့ Top နဲ့ Bottom rebars တွေက အပေါ် အောက် cover 1.5" လောက်စီလောက်နဲ့ stirrups ထုတွေနဲ့ သူတို့ရဲ့ bar diameter တစ်ဝက်စီလျော့ပြီး တစ်ခုနဲ့တစ်ခု 12" အောက်ပဲကွာဝေးပါတော့တယ်။
အဲ့လို 12" အောက်ပဲကွာတော့တဲ့အတွက် Torsion အတွက်လိုအပ်တဲ့ steel ကို Bending moment အတွက်လိုအပ်တဲ့ Top နဲ့ Bottom reinforcement တွေမှာပဲ သွားပေါင်းပေးပြီး Stirrups ရဲ့ corner ထောင့်ဆုံမှာပဲ ထည့်ပေးမယ်ဆိုလဲ ရပါတယ်။ Beam အလယ်ပိုင်းကို မထည့်လဲရပါတယ်။
12" ထက်ပိုဝေးရင်တော့ Beam အလယ်ပိုင်းပါဖြန့်ထည့်ပေးရမှာ ဖြစ်ပါတယ်။Stirrups တွေရဲ့ ထောင့် corner မှာရှိတဲ့ Rebar တွေကတော့ Torsion အတွက်မဖြစ်မနေ ထည့်ပေးရမှာဖြစ်ပြီးတော့ ဒီ bars တွေက torsion ခံနိုင်ရည်ကိုကောင်းစေပြီး cracks ဖြစ်ပေါ်မှုတွေကိုလဲ ကာကွယ်ပေးပါတယ်.
Photo from Structural Concrete Theory and Design 6th edition by Nadim Hassoun
(ဗိုလ်ဗိုလ်ကျော်)
Monday, February 13, 2017
Fc' သတ်မှတ်ခြင်း - Basic 1
တချို့အရာတွေလွယ်တယ်ဆိုပေမယ့် မသိတဲ့ junior တွေက မသိကျပါဘူး။ ဒါကြောင့်အခြေခံကစပြီး စာတမ်းပြုစုရေးသားနေပါ ။ Etabs အတွက် သင်ခန်းစာတွေရေးနေရင် စာတချို့ကိုပြန်တင်ပေးလိုက်ပါတယ်။
ဖုန်းဆက်ပြီး သင်တန်းတတ်ချင်လို့မေးကျတဲ့ CE USER တွေအတွက် စာအုပ် DVD ထွက်အောင်
ကြိုးစားပေးပါ့မယ် ။ လောလောဆယ် ကျွန်တော်ပြင်ဆင်နေတာက Etabs , Safe , ASD , Hand
Calculation and CE pro ကိုတွဲပြီး အသုံးပြုနိုင်အောင်ကြိုးစားနေပါတယ်။
Friday, February 10, 2017
Engineering Ebooks - Thura Zinsoe
စာအုပ်တွေ တင်ပြီးပါပြီ။
အင်္ဂလိပ်စာအုပ်တွေက စလို့ အင်ဂျင်နီးယားရင်းစာအုပ်မျိုးစုံကိုပါ စုစည်းပေးထားပါတယ်။
ပေးထားတဲ့ လင့်မှာ အလိုရှိတဲ့ စာအုပ်ကို ဒေါင်းလို့ရပါပြီ။
...
ကျနော့်ဝေါပေါ်မှာ တင်မက၊ Myanmar Professional Civil Engineer ပေ့မှာလဲ တင်ပေးထားမှာပါ။
လင့်ကို save ထားရင် ရှာရ လွယ်ပါလိမ့်မယ်။
ထပ်မံ အသိပေးချင်တာက ဒီ storage က ကို Htun Naing Oo အထောက်အပံ့ နဲ့ ဝယ်ထားတာ ဖြစ်ပါတယ်။
ပုံမှန်ဆိုရင် နှစ်စဉ်ကြေးပေးရပါတယ်။
တစ်နှစ်တော့ သုံလို့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
နောက်နှစ်တွေတော့ ဆက်ထိမ်းသိမ်းထားဖို့ မသေချာပါ။
ကျနော်တို့က နည်းပညာပျံ့ပွားရေးကို ရည်၇ွယ်လုပ်ဆောင်တာဖြစ်လို့ အကျိုးအမြတ် မရှိပါ။
Copyright တွေ claim လာမယ်ဆိုရင်လဲ ဖျက်ပစ်ရမယ့် စာအုပ်တွေကို ချက်ချင်း ဖျက်ပစ်မှာ ဖြစ်ပါတယ်။
တစ်နှစ်အတွင်း ဒေါင်းလုပ်ဆွဲထားဖို့ကို တိုက်တွန်းလိုပါတယ်။
စာအုပ်တွေဒေါင်းပြီးရင်လဲ ဖတ်ရှုကြပြီး အပြန်အလှန်ဆွေးနွေးကြလို့ မိမိတို့ရဲ့ အသိပညာများ ဆထက်တပိုး တိုးတက်ပါစေကြောင်း မေတ္တာရည်၍ ဆုတောင်းအပ်ပါသည်။
ခင်မင်စွာဖြင့်
သူရ
Note:
Terms and Conditions
(1) Our primary purpose is to contribute to the knowledge of young engineers,knowledge-seekers,researchers and the like in the context of non-business or non-commercial sharing.
(2) If anyone claims copyright over uploaded eBooks, we will remove them immediately.
(3) If there is anyone who makes use of uploaded eBooks for business purposes, it is not our responsibility...
English
https://drive.google.com/drive/folders/0B6TNM5NgcnkoamFtRWRRQkhpWDA?usp=sharing
Engineering Mathematics
https://drive.google.com/drive/folders/0B6TNM5NgcnkoM3czaC1pcEkyWlU?usp=sharing
Architecture
https://drive.google.com/drive/folders/0B6TNM5NgcnkodE5GWFRYYlJoTjQ?usp=sharing
Building Construction
https://drive.google.com/drive/folders/0B6TNM5NgcnkocklENF9lRTk5YTQ?usp=sharing
Building Materials and Services
https://drive.google.com/drive/folders/0B6TNM5NgcnkoZnlHaW5rdi1SU3c?usp=sharing
Composite Structures
https://drive.google.com/drive/folders/0B6TNM5NgcnkocUZ2T045UGxzUU0?usp=sharing
Concrete
https://drive.google.com/drive/folders/0B6TNM5NgcnkoNHlOdVYwSE9tWmc?usp=sharing
Design of Formwork
https://drive.google.com/drive/folders/0B6TNM5NgcnkoS29tenVRMGhzQjQ?usp=sharing
Design of Masnory Structures
https://drive.google.com/drive/folders/0B6TNM5NgcnkoOUp0NlJUMF91Nk0?usp=sharing
Design of RC members
https://drive.google.com/drive/folders/0B6TNM5NgcnkodzhCdXRnNGhsTEk?usp=sharing
Design of steel structures
https://drive.google.com/drive/folders/0B6TNM5NgcnkoU1FLUDQzOTNSa0U?usp=sharing
Detailing and reference manual
https://drive.google.com/drive/folders/0B6TNM5NgcnkoWnNfSGFpbS1NU2s?usp=sharing
English
https://drive.google.com/drive/folders/0B6TNM5NgcnkoamFtRWRRQkhpWDA?usp=sharing
Environmental Engineering
https://drive.google.com/drive/folders/0B6TNM5NgcnkoZlJvb1BjZExIWjQ?usp=sharing
Forensic Engineering,Retrofitting,Repair and Refurbishment
https://drive.google.com/drive/folders/0B6TNM5NgcnkoRU05bkFXTXBfTUk?usp=sharing
Foundation Engineering and Design of Deep Excavation
https://drive.google.com/drive/folders/0B6TNM5NgcnkoVGk4UVNsYnYzbmM?usp=sharing
Fundamental of Engineering
https://drive.google.com/drive/folders/0B6TNM5NgcnkoODFYTmxtNk1ZOHM?usp=sharing
Geotechnical Engineering-Soil and Rock
https://drive.google.com/drive/folders/0B6TNM5NgcnkoZnlaNjlET0UwU0k?usp=sharing
ICE Manual
https://drive.google.com/drive/folders/0B6TNM5NgcnkoaER5T2tscXRGS3M?usp=sharing
Irrigation, Fluid Mechanics, Hydraulic Engineering
https://drive.google.com/drive/folders/0B6TNM5NgcnkoSm8xdnRnQ3BqV1k?usp=sharing
Mc Graw Hill- Encyclopedia of Science and Technology
https://drive.google.com/drive/folders/0B6TNM5NgcnkoWm5xMkxmSXFNdDQ?usp=sharing
Mechanics of Materials
https://drive.google.com/drive/folders/0B6TNM5NgcnkoOVFyUERYWUZsVjA?usp=sharing
Offshore and Marine Engineering
https://drive.google.com/drive/folders/0B6TNM5NgcnkoeVNkZFFwcnRtXzg?usp=sharing
PE Exam Books
https://drive.google.com/drive/folders/0B6TNM5NgcnkoQU9nM29TNmR0SlE?usp=sharing
Pre-stressed and Post-tensioning structure
https://drive.google.com/drive/folders/0B6TNM5NgcnkoMjY0aUplVzFoTWM?usp=sharing
Project Management,Construction Method and Planning
https://drive.google.com/drive/folders/0B6TNM5NgcnkoTWZGMDkyUWVjbzQ?usp=sharing
Reference
https://drive.google.com/drive/folders/0B6TNM5NgcnkoamI4YnBFRExsYzA?usp=sharing
Reinforced Concrete Structures
https://drive.google.com/drive/folders/0B6TNM5NgcnkoZUNRWGl1Q1djVjQ?usp=sharing
Seismic Design
https://drive.google.com/drive/folders/0B6TNM5NgcnkoeENrNUN6MzN6YXc?usp=sharing
Singapore Supervision Guide Books
https://drive.google.com/drive/folders/0B6TNM5NgcnkocVRGUTVHU3owSXM?usp=sharing
Special Topics
https://drive.google.com/drive/folders/0B6TNM5NgcnkoTXhIbGVmaEl5N1k?usp=sharing
Structural Analysis and Design
https://drive.google.com/drive/folders/0B6TNM5NgcnkoaHVUajNWUy01QXc?usp=sharing
Sustainable Design
https://drive.google.com/drive/folders/0B6TNM5NgcnkoUXNrZWtaYkVnOFE?usp=sharing
Timber Structure
https://drive.google.com/drive/folders/0B6TNM5NgcnkoajlrTk5VSF8zYjA?usp=sharing
Transportation, Bridge, Tunneling
https://drive.google.com/drive/folders/0B6TNM5NgcnkoUnJ0aC1NbVI5dUE?usp=sharing
နောက်ထပ်ကြည့်မည်
Credit Thura Zinsoe
Thursday, February 2, 2017
SketchUp တွင် ဓါတ်ပုံကို 3D Model ပြောင်းနည်း
Tutorials ကို PDF file နဲ့ပဲတင်ပေးလိုက်ပါတယ်
 Download ဆွဲပြီး လေ့လာနိုင်ပါတယ်
ထွန်းအောင်ဖြိုး
Monday, January 30, 2017
CE Pro - V 1.1 အသစ်ပါ
CE Pro Version 1.1 ပါ
CE Pro သုံးဖို့ gmail နဲ့ registerလုပ်ရပါတယ်
Version 1 မှာမှတ်ပုံတင်ဖို့ အဆင်မပြေကျတဲ့သူတွေရှိတယ်လို့သိရပါတယ်
ဒါကြောင့် မှတ်ပုံမတင်ပဲ သုံးလို့ရအောင် Skip Button လေးကိုထည့်ပေးထားပါတယ်
Skip>>>> နှိပ်လိုက်ရင် ၀င်လို့ရပါပြီ
ခုလောလောဆယ်တော့ မှတ်ပုံတင်သုံးသူပဲဖြစ်ဖြစ်
ဒီတိုင်း သုံးတဲ့သူပဲဖြစ်ဖြစ် အတူတူပါပဲ
နောက်ပိုင်း online နဲ့ချိတ်ဆက်သုံးရမယ့်
function တွေထည့်ဖို့အစီိအစဉ်ရှိတာကြောင့်
အဲ့ function တွေကိုတော့ မှတ်ပုံမတင်ထားတဲ့သူတွေ သုံးလို့ရမှာမဟုတ်ပါဘူး။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
CE Pro ထဲမှာ Analysis of rates နဲ့ RC design နှစ်ခုကို တွက်လို့ရအောင်လုပ်ထားပေးပါတယ်။
CE Pro ထဲက Analysis of rates အပိုင်းမှာ အခုလောလောဆယ်
ကွန်ကရစ်လုပ်ငန်းများကို FPS နဲ့ SI ယူနစ်နှစ်ခုအတွက် ရေးသားထားပါတယ်။
 RC Structure Design ပိုင်းမှာ
Square footing နဲ့ combined footing ကိုတွက်လို့ရအောင်လုပ်ထားပေးပါတယ်
 Item တွေတဖြည်းဖြည်းနဲ့ များလာအောင်
မကြာခဏ version မြင့်နိုင်အောင် ကြိုးစားရေးပေးပါ့မယ်.။
Square footing မှာ ကျောင်းတုန်းကသင်ခဲ့တဲ့ Question လေးကို Default ပြန်ထည့်ထားပေးပါတယ်
Combined footing မှာ ပုံဆွဲပေးတဲ့ function လေထည့်ထားပေးပါတယ်။
ရလာတဲ့အဖြေအတိုင်း
Shear Force and Bending Moment Diagram ပုံ Auto ထွက်အောင်လုပ်ထားပေးပါတယ်။
Shear ကအပြာလိုင်းဖြစ်ပြီး Moment က အနီလိုင်းနဲ့ပါ
///////////////////////////////////////////
CE နာမည်နဲ့ထုတ်ထားတာ သုံးခုရှိပါပြီ
 သုံးခုလုံးကိုခုတစ်ခါတည်း ပြန်တင်ပေးလိုက်ပါတယ်.
CE Pro တစ်ခုပဲ Version အသစ်ပါ ကျန်တာကအဟောင်းကို နောက်ဆုံးထွက်တင်ပေးလိုက်တာပါ
တစ်ချို့ Download ဆွဲတာအဆင်မပြေဘူးပြောကျလို့ပါ.
1. CE analysis of rates - version 5
2. CE Reader - version 1
3. CE Pro - version 1.1
Software ရေးဖို့အကြုံပြုစာများပို့ချင်ရင်
09794614410
 ကို စာပို့ပြီးအကြံပြုနိုင်ပါတယ်..
အားလုံးကိုကျေးဇူးတ်ပါတယ်
ထွန်းအောင်ဖြိုး
TU Meikhtila
Tuesday, January 24, 2017
Auto Cad - Massprop command
Steel structure အနေနှင့် H beam, I beam တွေကို သုံးပါတယ်။
ဘာလို့  အဲလို H beam, I beam လိုပုံစံနှင့် သံချောင်းတွေကို သုံးရတာလဲ။
အဓိကကတော့ stiffness တောင့်တင်းမှုကြောင့်ပါ။
အဲဒါကို AutoCAD ရဲ့ MASSPROP command နှင့် စဉ်းစားကြည့်ပါမယ်။
MASSPROP command က mass properties command ဖြစ်ပါတယ်။
MASSPROP command ဟာ inquiry command ဖြစ်ပါတယ်။
Area တစ်ခု solid တစ်ခုရဲ့ properties တွေ အားလုံးကို သိချင်တဲ့ အချိန်မှာ သုံးရပါတယ်။
Structure member တစ်ခုအပေါ်ကို uniform load "w" သက်ရောက်ကြည့်ပါမယ်။
Simply supported လို့ ပဲ ယူဆပါမယ်။
သူ့ ရဲ့ deflection ကွေးညွတ်မှုက d = (5wL^4)/(384EI) ဖြစ်ပါတယ်။
အဲဒီ equation အရ load w, length L, young modulus E တို့ ဟာ constant တွေဖြစ်ပါမယ်။
I က second moment of area သို့ မဟုတ် moment of inertia ဖြစ်ပါတယ်။
အဲဒီ I က cross section area မတူကွဲပြားသလို I တန်ဖိုးတွေကလဲ မတူနိုင်ပါ။
Solid , area တစ်ခုမှာ centroid ရှိပါတယ်။
သက်ဆိုင်ရာ ၀င်ရိုးအလိုက် centroid ကို ဖြတ်တဲ့ မျဉ်းကို neutral axis N.A. လို့ ခေါ်ပါတယ်။
အဲဒီ centroid ကို ဗဟိုပြုပြီး လည်တဲ့ moment တန်ဖိုးကို second moment of area လို့ ခေါ်ပါတယ်။
လည်တဲ့ area က များလေ၊ centroid နှင့် ဝေးလေ I တန်ဖိုးက များလေ ဖြစ်ပါတယ်။
အဲဒါကို AutoCAD မှာ စမ်းသပ်ကြည့်ပါမယ်။
AutoCAD မှာ area အားဖြင့် 16 ရှိတဲ့ cross section တွေ ဆွဲကြည့်ပါမယ်။
ပထမဦးဆုံး အပြားလိုက်၊ ဒုတိယ စတုရန်း၊ တတိယ အနေနှင့် ဒေါင်လိုက်၊ နောက်ဆုံးမှ I beam ပုံစံ ဖြစ်ပါမယ်။
သူတို့  အားလုံးဟာ cross section area တူပါမယ်။
Tool Menu > Inquiry > Mass Properties သို့ မဟုတ် command line မှာ MASSPROP ရိုက်ထည့်ပြီး mass properties command နှင့် အဲဒီ areas တွေကို ကြည့်တဲ့အခါ moment of inertia တွေကို အောက်ပါအတိုင်းရပါတယ်။
အပြားလိုက် 2335.9282
စတုရန်း 8615.4099
ဒေါင်လိုက် 16304.7464
I section 27607.9375 ဖြစ်ပါတယ်။
ပုံစံလေးပြောင်းသွားတာမှာ moment of inertia အဆပေါင်းများစွာ ပြောင်းသွားတာကို တွေ့ ရပါတယ်။
Deflection equation အရ I များလေ deflection နည်းလေ stiffness များလေ ဖြစ်ပါမယ်။
I နှင့် stiffness က တိုက်ရိုက်အချိုးကျတယ် ပြောရပါမယ်။
အဲဒါကြောင့် area ချင်းတူတူမှာ I second moment of area အများဆုံး deflection အနည်းဆုံး stiffness အများဆုံး အတောင့်တင်းဆုံး section တစ်ခုအနေနှင့် H beam , I beam တွေကို သုံးကြတာ ဖြစ်ပါတယ်။
Area တစ်ခုရဲ့ moment of inertia ကိုရှာတဲ့အခါ သက်ဆိုင်ရာ area ပုံစံအရ formula အမျိုးမျိုးရှိပါတယ်။
Irregular ပုံမှန်မဟုတ်တဲ့ area တွေဆို တော်တော် ခက်ခက်ခဲခဲ တွက်ချက် ရှာဖွေရပါတယ်။
အဲလို ခက်ခဲတဲ့ တွက်ချက်မှုတွေကို AutoCAD ရဲ့ MASSPROP command နှင့် လွယ်ကူစွာ တွက်ချက်နိုင်တယ် ဆိုတာရယ်၊ AutoCAD မှာပါတဲ့ command တွေဟာ တစ်နေရာ မဟုတ် တစ်နေရာမှာ အသုံးချနိုင်တဲ့ ဟာတွေချည်းပဲ ဆိုတာရယ်၊ steel structure တွေမှာ ဘာကြောင့် H beam, I beam လိုပုံစံတွေ သုံးရတာလဲ ဆိုတာရယ်တွေကို ဆက်စပ်စဉ်းစားမိတာ ဖြစ်ပါတယ်။
Monday, January 23, 2017
Wind Load Part 3
UBC-97 နဲ့ Wind pressure ကိုတွက်ထုတ်မယ့် Equations q = Ce Cq qs Iw ကိုအသေးစိတ်လေးရေးမှာပါ ။ Wind အကြောင်းရေးလာလိုက်တာ အခုက Part (3) ပါ။အခုအပိုင်းက နည်းနည်းပို၇ှည်ပါ့မယ်။ ဒါပေမယ့် နောက်ဆုံးပိုင်းပါ။ အခု Part 3 ကိုမဖတ်ခင် အရင်ရေးခဲ့တဲ့ Part 1 and Part 2 ကိုဖတ်စေချင်ပါတယ် ။ပြီးမှ Part (3) ကိုဖတ်ဖို့ အကြံပေးပါရစေ။
Part 1 Link
https://www.facebook.com/groups/myanmarprofessionalcivilengineers/permalink/1898830020338156/
Part 2 Link
https://www.facebook.com/kyaw.t.naing.165/posts/1375598512474335
UBC97 ရဲ့ Wind Pressure တွက်ထုတ်တဲ့ Equation မှာ အပိုင်း (၄) ပိုင်းပါပါတယ်။
Ce = combined height , exposure and gust factor coefficient
Cq = Pressure Coefficient
Qs = Wind stagnation pressure
Iw = Building Important Factor ပါ ။
Equation ကိုလေ့လာလိုက်ရင် Directly proportional ဖြစ်နေတဲ့အတွက် တန်ဖိုးများလေ Wind pressure များလေဆိုတာသတိထားမိမယ်ထင်ပါတယ်။
ပထမဆုံး qs = wind stagnation pressure ကိုရှင်းပါရစေ ။ qs ကိုရဖို့အတွက် mass of air with density Rho ရယ် , Velocity v ကိုအခြေခံထားတဲ့ Bernoulli’s Equation ကိုသုံးပါတယ်။ qs = 0.5 Rho V^2 ပါ။ ဒီနေရာမှာ density of air ဟာ 0.0765 pcf ပါ ။ ဘယ်အချိန်ကဟာကိုယူတာလဲဆိုတော့ Standard အနေနဲ့ 59 degree F and barometric pressure (29.92 in of mercury ) ပါ။ ပုံမှန်အားဖြင့် ကျနော်တို့ Wind map တွေမှာပေးလေ့ရှိတာက mile per hour နဲ့ပေးတဲ့အတွက် pcf ကို MPH ပြောင်းလိုက်တဲ့အခါ qs = 0.00256 V^2 ဆိုတဲ့ Equation လေးရပါတယ်။ ဥပမာ wind speed က 80 mph လို့ဆိုရင် qs = 0.00256 x 80^2 = 16.38 psf ရပါတယ်။ ဒါကို ဒသမတိုးပြီး UBC က 16.4 psf လို့ပေးပါတယ် ။ qs table မှာလေ့လာကြည့်ပါ ။ သတိထားရမှာက UBC ဟာ အမြင့်တိုးတဲ့အတွက် လေထုရဲ့သိပ်သည်းဆ (density) ကျသွားတာကို ထည့်သွင်းစဉ်းစားခြင်းမပြုပါဖူး။ (ပုံမှန်ဆိုအပေါ်ရောက်လေ density ကျလေပါ)
ဒုတိယအနေနဲ့ Ce coefficient အကြောင်းဆွေးနွေးပါရစေ ။ Ce coefficient ဟာ UBC 97 ရဲ့ Master piece လို့ပဲဆိုပါရစေ ။ UBC ကိုရှုပ်၇ှုပ်ထွေးထွေးတွေမဖြစ်စေပဲ လွယ်အောင်လုပ်လိုက်နိုင်တဲ့ coefficient ပါ။ သူက height ၊ Exposure and gust factor တွေကိုပေါင်းပြီး Coefficient Ce တစ်ခုတည်းနဲ့ကိုယ်စားပြုလိုက်ပါတယ်။ အခြားဟာတွေဖြစ်တဲ့ ဥပမာ ASCE 7 တို့လိုမျိုးမှာ ဒီထက်ပို၇ှုပ်ထွေးပါတယ် ။ နားလည်ရလဲခက်ပါတယ် ။ ASCE 7 မှာက Velocity pressure exposure coefficient ( Kz ) , gust response factor (Gh) စတာတွေကို တသီးခြားစီထည့်ပေးထားပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ အဆောက်အဦးတွေမှာ ASCE 7 ကပေးထားတဲ့ Wind pressure ၇ှာတဲ့နည်းက ပိုပြီးသင့်တော်ပါတယ် ။ Ce မှာအဓိကကတော့ height မြင့်လာလို့တက်လာတဲ့ Wind pressure ရယ်၊ ကိုယ့် Structure နားက မြေမျက်နှာသွင်ပြင် အခြေအနေ (Exposure Part 2 မှာအသေးစိတ်၇ှင်းထားတာ၇ှိပါတယ်) ကိုလိုက်ပြီး Coefficient ကိုပေးပါတယ်။ ဒါ့အပြင် gust (၇ုတ်တရက် လေအရမ်းတိုက်လိုက်တာ ) ကြောင့်ဖြစ်လာမယ့် air turbulence and dynamic building behavior ကိုပါထည့်သွင်းစဉ်းစားထားပါတယ်။ Ce တန်ဖိုးတွေကို Height တွေနဲ့ပေးထားလို့ ကိုယ်လိုချင်တဲ့ Height ကိုရဖို့ လိုအပ်ရင် Interpolate လုပ်ယူရပါ့မယ် ။
တတိယအနေနဲ့ Cq factor ကိုဆွေးနွေးပါ့မယ် ။ Cq coefficient က building shape နဲ့ location ကိုပေါ်မူတည်ပါတယ် ။ သူက load ကဖိမလား (Pressure) , ဆွဲထွက်မလား (Suction) ကိုယူတာပါ။ အဲ့မှာ အပိုင်း ၂ ပိုင်းပါပါတယ် ။ 1) Primary Frames Systems ဒါက Building ကြီးတစ်ခုလုံးကိုယူတာပါ ။ 2) က Elements and components of structure ဒါက Building ရဲ့ အကာတွေကို (Cladding) design လုပ်ဖို့ယူတာပါ ။
အဆောက်အဦးနားမှာရှိတဲ့ wind gust က အများဆုံး Pressure ကို အဆောက်အဦးမျက်နှာပြင်တစ်ခုလုံး ရုတ်တရက်ကြီးမဖြစ်စေနိုင်ပါဖူး ။ ဒါကြောင့် Primary frame and system အတွက် design လုပ်တဲ့အခါ average wind pressure and suction ကိုပဲယူပြီး လုပ်ကြပါတယ် ။ ဒါပေမယ့် Cladding ၊ Curtain Wall တွေအတွက်ကတော့ ရုတ်တရက်ဖြစ်လာတဲ့ Peak pressure ကအရေးကြီးပါတယ် ။ သူက area သေးတော့ Suction force ကသေးသေးပဲ၇တယ်။ ဒါကြောင့်မို့ Table မှာပေးထားတဲ့ Pressure coefficient တွေကိုကြည့်ရင် Primary frame and structure ကနည်းနေပြီး Building components လေးတွေအတွက်ပေးထားတဲ့ Pressure ကများနေတာတွေ့ရမှာပါ ။
Wind pressure နဲ့ Suction ဟာ Primary system အတွက်ဆိုရင် အဓိကက Building Height ပါ ။ အဆောက်အဦးပုံစံ ၊ အဆောက်အဦးအပြင်မျက်နာပြင် ကြမ်းတမ်းမှု ၊ အဆောက်အဦးအလျားနဲ့ အနံ အချိုးတွေက သက်ရောက်မှု၇ှိပေမယ့် UBC 97 က ထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး ။ ဥပမာ ကျနော်အရင် Telecom Tower design လုပ်တုန်းက ဖတ်ဖူးတဲ့ TIA-222G မှာဆိုရင် Radio antenna တွေရဲ့ Shape ဟာ EPA (Effective Projected Area) ကိုသက်ရောက်မှု၇ှိပါတယ်။ တစ်ကယ်လို့ အ၀ိုင်းပုံစံဖြစ်ခဲ့တယ်ဆိုရင် Shape factor (0.8) နဲ့မြှောက်ပေးရပါတယ်။ ပြောချင်တာက လေးထောင့်ထက်စာရင် အ၀ိုင်းမျက်နှာပြင်က Area နည်းတယ် ။ 80% လောက်ပဲ၇ှိတယ် ။ ဒါ့ကြောင့် shape factor ဆိုပြီး မြှောက်ခိုင်းတယ် ။ ဒါပေမယ့် UBC-97 ကဒါမျိုး လျှော့ချတာကို လက်မခံပါဖူး ။
Primary frame အတွက် UBC 97 မှာ Method 2 ခု၇ှိပါတယ် ။ Method 1 ကို Normal force Method လို့ခေါ်ပြီး သူကို Structure အားလုံးမှာသုံးလို့ရပါတယ် ။ ဒီ Method ဟာ Gable roof building အတွက် သုံးဖို့ရာတစ်ခုတည်းသော method ပါ ။ သူက Wind load တွေက နံရံ နဲ့ ခေါင်မိုးမျက်နှာပြင်တွေကို ထောင့်မှန်ကျပြီးသက်ရောက်တယ်လို့ ယူဆပါတယ် ။ နောက်တစ်ခုက တော့ Method 2 Projected Area Method လို့ခေါ်ပါတယ် ။ သူက Wind pressure and suction ကို တန်ဖိုးတစ်ခုပဲယူခိုင်းပါတယ် ပြီးတော့ အဆောက်အဦးရဲ့ entire projected area တိုင်းကို သက်ရောက်တယ်လို့ယူပါတယ်။ ဒီ Method ၂ ခု၇ဲ့ အဓိက ခြားနားချက်နောက်တစ်ခုက Method 1 မှာ Ce တန်ဖိုးတစ်ခုပဲ၇ှိပြီး roof ရဲ့ အမြင့်ကို mean ယူပြီး Winward and leeward ကိုတွက်ချက်ပါတယ်။ Method 2 ကတော့ Ce တန်ဖိုးဟာ အမြင့်နဲ့ ဆိုင်ပါတယ် အမြင့်ကိုလိုက်ပြီးပြောင်းလဲပါတယ် ။ ဒါကြောင့် Method 2 ဟာ ပိုမြင့်တဲ့ Structure တွေမှာ wind load ကိုလျှော့ယူသလိုဖြစ်သွားပါတယ် ။ ဒါကြောင့်မို့ Method 2 ကို အမြင့် ၂၀၀ ပေနဲ့အောက်မှာပဲယူပါလို့ UBC ကပြောတာပါ ။ Leeward ဖက်မှာလျှော့ယူထားတာကို ကာကွယ်ချင်လို့ဖြစ်ပါတယ် ။
Import factor (Iw) အကြောင်းဆွေးနွေးရအောင်ပါ ။ ဟိုးအရင်က Code တွေမှာ Important factor ဆိုတာမပါပါဖူး ။ နောက်ပိုင်းမှ သဘာဝဘေးအန္တရာယ်ဖြစ်ပြီးတောင်မှ ဆက်ပြီးကျန်ခဲ့ရမယ့် အဆောက်အဦး (ဥပမာ ဆေးရုံ ၊ ရဲစခန်း ၊ ဓာတ်အားပေးစက်ရုံ) စတာတွေရယ် ၊ Failure ဖြစ်ရင် အန္တရာယ်များတဲ့ Structure ( Nuclear Plant , Toxic Plant , Chemical Plant ) စတာတွေကြောင့် Important factor ကိုထပ်ပြီးထည့်သွင်းထားတာပါ။ UBC မှာတော့ Categories 5 မျိုးခွဲလိုက်ပါတယ် ။ အရေးကြီး တဲ့အဆောက်အဦးတွေကို Load ကို 15% တိုးပြီးယူခိုင်းပြီး Failure ဖြစ်မယ့် Probability ကိုလျော့ချပါတယ်။
UBC-97 နဲ့ Wind Load စဉ်းစားတဲ့ အကြောင်းကို အခုတတိယအပိုင်းမှာပဲ အဆုံးသတ်ပါ့မယ် ။
လိုအပ်တာများ၇ှိရင် ဆွေးနွေးပေးပါခင်ဗျာ ။ကျနော်နားလည်သလိုပြန်ရေးထားတာမို့ပါ ။ အမှားများပါရင်လဲ ထောက်ပြကြပါခင်ဗျာ ။ ပြူပြင်ပါ့မယ်။
Ko Tuna (SYE)
18.1.2017
Ref: : UBC – 97 ,
Wind and Earthquake resistance building analysis and design by Taranath
Reinforced Concrete Design of Tall Buildings by Taranath
Wind Load part 2
ဟိုတစ်လောကရေးထားတဲ့ Wind Load အကြောင်းရဲ့ အဆက်ဒုတိယပိုင်းပါ။ ပထမပိုင်းကို ဖတ်ပြီးမှ အခုဒုတိယပိုင်းကို ဖတ်တာပိုပြီးကောင်းပါတယ်။
ပထမပိုင်းကို ဒီ Link ကနေ၀င်ရောက်ဖတ်၇ှုနိုင်ပါတယ်။
https://www.facebook.com/groups/myanmarprofessionalcivilengineers/permalink/1898830020338156/
ကျနော် UBC 97 ကိုသုံးပြီး Wind pressure ကိုတွက်ထုတ်တဲ့အကြောင်းလေးရေးမှာပါ ။ UBC 97 ကို Reference လုပ်ရတာက ကျနော်တို့နိုင်ငံမှာ အများဆုံး Lateral load နဲ့ပတ်သတ်ရင် Reference လုပ်ပြီးတွက်ကြလို့ပါ။
Uniform Building Code 1997 (UBC 97 လို့ပဲအတိုကောက်ရေးပါ့မယ်) က American Society of Civil Engineer 7 – 88 (ASCE 7 – 88 ) ကိုအခြေခံပြီး တွက်ရတာလွယ်အောင်လုပ်ထားတဲ့ Code ပါ။ ASCE မှာ 7 ဆိုတာက “Minimum Design loads for Buildings and Other Strucutres” ကိုဆိုလိုတာပါ ။ design လုပ်ရမယ့် Wind speed ကို အမြန်ဆုံးလေတိုက်နှုန်းရယ် 3 sec gust ရယ်ကို နှိုင်ယှဉ်ပြီးယူထားတာပါ ။ Gust ဆိုတာက ရုတ်တရက် လေက တသတ်မတ်တည်းတိုက်ရာကနေ ပိုပြီးပြင်းပြင်းထန်ထန်တိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ 3 sec အတွင်းအပြင်းဆုံးပြောင်းသွားတဲ့လေကို ယူပါတယ်။ Gust က 3 sec to 8 sec ထိရှိနိုင်ပါတယ်။UBC 97 မှာအနီးအနားမှာ၇ှိတဲ့ အဆောက်အဦးရဲ့ မိမိအဆောက်အဦးကို ကာကွယ်တဲ့ shielding effect ကိုမယူရပါဖူး။ ကိုယ့်အနီးအနားမှာ၇ှိတဲ့ အဆောက်အဦးက တစ်ကယ်မှာတော့ Funneling effect (ကျဉ်းမြောင်းတဲ့ တောင်ကြား အပေါက်ကနေလေပိုတိုက်တဲ့ Effect) ဒါမှမဟုတ် Turbulence ကိုတိုးစေပါတယ်။ Turbulence ဆိုတာက ကျနော်တို့လေယာဉ်စီးတဲ့အခါ ပုံမှန်မဟုတ်တဲ့လေစီးကြောင်းနဲ့တွေ့လို့လေယာဉ်တုန်ခါနေတယ် ခါးပတ်ပတ်ထားကြပါဆိုတာမျိုးပြောတာကြားဖူးပါလိမ့်မယ်။ တူတူပါပဲ။ ပုံမှန်မဟုတ်ပဲ Pressure ပိုပြင်းတဲ့လေစီးကြောင်းတွေဖန်တီးနိုင်လို့ပါ။ နောက်ထပ်အကြောင်းရင်းတစ်ခုက ကျနော်တို့စဉ်းစားနေတဲ့ Building ဘေးမှာရှိတဲ့အဆောက်အဦးက ကျနော်တို့building design life မှာ ဖယ်ရှားလိုက်တာမျိုး (building design life ကိုပုံမှန်က နှစ်၅၀ သတ်မှတ်ပါတယ် ။ လွှတ်တော်လိုအဆောက်အဦးကိုတော့ Century building (100 yrs) လို့ Design Life သတ်မှတ်ပါတယ်။) ဖြစ်နိုင်လို့ပါ။
UBC 97 က တွက်ချက်ရတာမြန်ဆန်အောင်လို့ ရိုးရှင်းတဲ့ ယူဆချက်တွေဖန်တီးပါတယ်။ ဒါကြောင့် ဒီလို ယူဆချက်တွေကြောင့် Flexible building တွေမှာသုံးခွင့် UBC97 ကခွင့်မပြုပါဖူး။ Flexible building ဆိုတာက သူ၇ဲ့ အမြင့်နဲ့ အကျယ်အချိုးဟာ ၅ ဆထက်ကြီးတာ ၊ အဆောက်အဦး၇ဲ့ အမြင့်ဟာ ပေ ၄၀၀ ထက်မြင့်တဲ့ အဆောက်အဦးတွေကိုဆိုလိုပါတယ်။
UBC 97 မှာဖော်ပြထားတဲ့ provision တွေဟာ Normal force method (Method 1) အတွက် အမြင့် ၄၀၀ ပေ ကျော်တဲ့အဆောက်အဦးတွေ ။ Projected area method (Method 2) အတွက် ပေ ၂၀၀ ကျော်တဲ့အဆောက်အဦးတွေအတွက် မသုံးရပါဖူး ။ UBC 97 နဲ့ Cover မဖြစ်တဲ့အဆောက်အဦးတွေက ပေ ၄၀၀ ( Method 1) , ပေ ၂၀၀ (Method 2) ထက်ကျော်တဲ့ အဆောက်အဦးတွေပါ ။ အဲ့လိုအဆောက်အဦးတွေကိုတော့ Wind Tunnel Test result ကရတဲ့ result တွေနဲ့ Design လုပ်ရပါ့မယ်။
ပထမဆုံးကျနော်တို့ Design လုပ်မယ့်အဆောက်အဦးရဲ့ တည်နေရာကိုလိုက်ပြီး Basic Wind Speed ကိုယူရပါ့မယ်။ အခြားနိုင်ငံတွေမှာတော့ Wind speed map ဆိုပြီးရှိပါတယ် ။ကျနော်တို့နိုင်ငံမှာတော့ Myanmar National Building Code(MNBC) မှာ Wind Speed တွေကို မြို့တွေနဲ့တွဲပေးထားတာ၇ှိပါတယ်။ အောက်မှာလေ့လာကြည့်ပါ။ UBC 97 မှာပေးထားတဲ့ Wind speed ကတော့ Exposure C terrain ကို ၃၃ ပေအမြင့်မှာတိုင်းထားတဲ့ အမြန်ဆုံး Wind speed ကိုယူထားတာပါ။ နှစ် ၅၀ စာအတွက် recurrene interval စဉ်းစားထားတာပါ။ ဆိုလိုတာက နှစ် ၅၀ အတွင်းအများဆုံးဖြစ်နိုင်ချေ၇ှိတဲ့ Wind speed ကိုဆိုလိုတာပါ ။ 2% လောက်တိုးသွားနိုင်တယ်လို့ဆိုလိုပါတယ်။
Exposure Effect အကြောင်းလေးပြောပါ့မယ်။Exposure ဆိုတာဟာ အဆောက်အဦးနားမှာ၇ှိတဲ့ မြေမျက်နှာသွင်ပြင် အခြေအနေကိုဆိုလိုတာပါ။ အဆောက်အဦးတိုင်းက တခြားဘယ်အဆောက်အဦးနဲ့မှမတူတဲ့ မြေမျက်နှာသွင်ပြင်အနေအထား၇ှိပါတယ် ။ အခုလို ၇ိုး၇ှင်းအောင်လုပ်ထားတဲ့ Code တွေက အားလုံးအတွက် ခြုံငုံမိအောင် မလုပ်ထားနိုင်ပါဖူး ။ (ဒီနေရာကြုံလို့ တစ်ခုလောက်ပြောပြချင်ပါတယ်။ ACI Code ကပထမဆုံး Chapter 1.2.5 မှာအတိအလင်းပြောထားတာက ACI code ဟာ Minimum requirement တွေကိုသာရေးထားတာဖြစ်ပါတယ်တဲ့ ။ တစ်ကယ်လို့ ရေးထားတဲ့ Minimum requirement တွေထက်ပိုပြီးယူမယ်ဆိုရင် Code ကိုဆန့်ကျင်သလိုမဖြစ်ဖူးလို့ဆိုလိုပါတယ်။ တစ်ကယ်လို့ Local Building Code က ACI ထက်ပိုပြီးလွှမ်းမိုးမယ်ဆိုရင်လဲ Local Building Code ကိုယူပါလို့ဆိုပါတယ်။ ဥပမာ Residential building အတွက် live load 40 psf ယူရမယ်လို့ဆိုပါတယ် ။ ဒါပေမယ့် 50 psf လို့ယူလဲ Code ကိုဆန့်ကျင်တယ်လို့မပြောနိုင်ပါဖူး။ ကိုယ့်အဆောက်အဦးအကြောင်း ကိုယ်အသိဆုံးလို့ယူဆလို့ပါ။Designer မှာအဲ့လို ဆုံးဖြတ်ပိုင်ခွင့်၇ှိပါတယ်။ Code ဆိုတာက Designer တွေကို ကိုယ့်ဘာသာစဉ်းစားတတ်တာကို အားနည်းအောင်လုပ်တာမဟုတ်ပါဖူး ။ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်မှဆိုးလို့ ကာကွယ်ထားတာသူဖြစ်ပါတယ်။ ပေးထားတဲ့ Minimum standard တွေထက်နည်းလို့မရဖူးလို့ဆိုလိုချင်တာပါ။ )
Exposure ကိုဆက်ပါ့မယ် ။ ဒါကြောင့် ကိုယ့်အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင် Exposure Categories တွေကိုခွဲပစ်လိုက်ပါတယ်။ UBC method မှာ Exposure 3 ခုခွဲပါတယ်။ ( B,C & D ပါ ). D ကအပြင်းထန်ဆုံးအခြေအနေဖြစ်ပြီး B ကအနည်းဆုံးသက်ရောက်နိုင်တဲ့အခြေအနေပါ ။ အဲဒီမှာမေးစရာ၇ှိတာက B,C,D ပဲပါပြီး A မပါဖူးလားလို့မေးစရာ၇ှိပါတယ်။ အင်္ဂလိပ်အက္ခရာက A ကနေစတာကိုး ။ ပါပါတယ် :D ။ A ဆိုတဲ့ Exposure က မြို့ကြီးတွေရဲ့ အလယ်လိုနေရာ ကိုယ့်ဘေးနားမှာ၇ှိတဲ့ အဆောက်အဦးတွေကလဲ အမြင့်ပေ ၇၀ ကျော်တဲ့ အခြေအနေကိုဆိုလိုပါတယ်။ ဒါပေမယ့် UBC ကဒါကို အသိအမှတ်မပြုပါဖူး ။ အဲ့လိုအခြေအနေကို Exposure B လို့ပဲယူဆခိုင်းပါတယ်။ ဒါကြောင့် A ဆိုတာမပါတာပါ။
Exposure B ဆိုတာကို ဒီလိုဆိုပါတယ်။ Exposure B မှာ မြေမျက်နှာသွင်ပြင်အနေနဲ့ အဆောက်အဦး ၊ သစ်တော ဒါမှမဟုတ် မညီညာတဲ့ မျက်နှာပြင်တွေဟာ ၁ မိုင် ဒါမှမဟုတ် ၁ မိုင်ထက်ပိုတဲ့အကွာအဝေးမှာ ၂၀ ရာခိုင်နှုန်းအနည်းဆုံး၇ှိနေတယ်လို့ဆိုလိုပါတယ် ။အလွယ်ဆိုတစ်မိုင်အတွင်း အနည်းဆုံး ၂၀ ၇ာခိုင်နှုန်းသော အကျယ်အ၀န်းကို အဆောက်အဦးတွေ ၊ သစ်တောတွေနဲ့ မညီညာတဲ့မျက်နှာပြင်တွေနဲ့ ပြည့်နေတယ်ဆိုလိုတာပါ။
(Exposure B has terrain with buildings, forest, or surface irregularities, covering at
least 20% of the ground level area extending 1 mile (1.61 km) or more from the site.)
Exposure C ကိုတော့ မြေမျက်နှာသွင်ပြင်အနေနဲပ ပြန့်ပြူးပြီး အကာအကွယ်မ၇ှိပဲ အနည်းဆုံး ၁ မိုင်ခွဲ ဒါမှမဟုတ် ပိုသောအကွာအဝေးထိ၇ှိတယ်လို့ဆိုပါတယ်။ Building ကိုစက်ဝိုင်းအလယ်မှာထားကြည့်ပြီး လေးစိတ်စိတ်လိုက်ပြီး တစိတ်အပြည့်အခြမ်းတစ်ခုလုံးကို ယူရမယ်လို့ဆိုလိုပါတယ်။ ပြောချင်တာက တစ်ခါတလေမှာ ကိုယ်က ပင်လယ်ဖက်ကို မျက်နှာမူပြီး အဆောက်အဦးတစ်ခုဆောက်တယ်ပေါ့ ။ မျက်နှာမူရာဖက်က ပင်လယ်ဖက်ဆိုတော့ Exposure D (အောက်မှာအကျယ်ဖတ်ပါ) ၊ နောက်ဖက်ခြမ်းက Exposure C ဖြစ်နေနိုင်ပါတယ်။ ဒါမျိုးကို လေးပိုင်းပိုင်းပြီး One quadrant (90 degree) အပြည့်ယူရမယ်လို့ဆိုတာပါ။
အဲ့လိုတစ်ဖက်နဲ့တစ်ဖက်မတူရင် အဆိုးဆုံးအခြေအနေကိုယူရမယ်ဆိုပါတယ်။ Exposure D ကို Design Exposure အဖြစ်ယူရမှာပါ။
(Exposure C has terrain that is flat and generally open, extending one-half mile
(0.81 km) or more from the site in any full quadrant.)
Exposure D ကတော့ အဆိုးဆုံးအခြေအနေလို့ဆိုလိုနိုင်ပြီး Basic Wind speed 80 mph နှင့်အထက်၇ှိ၇ပ့ါမယ် ။ သူမှာ ပြန့်ပြူးပြီး အကာအကွယ်မ၇ှိပဲ ရေပြင်ကြီးက အနည်းဆုံး ၁ မိုင် ဒါမှမဟုတ် ဒီ့ထက်ပိုရမယ်အခြေအနေပါ ။ Exposure D ကို ကုန်းတွင်းမှာ ¼ mile ဒါမှမဟုတ် အဆောက်အဦး အမြင့်ရဲ့ ဆယ်ဆမှာ ကြီးတဲ့တန်ဖိုးအထိယူရမယ်လို့ ပြောပါတယ်။ ဆိုလိုချင်တာက ကိုယ့်အဆောက်အဦးက ရေပြင်ကနေ ဘယ်အကွာထိ Exposure D အဖြစ်သတ်မှတ်ရမလဲဆိုတာကို UBC ကသတ်မှတ်နေတာပါ ။ အခုအတိုင်းဆို ပေ ၁၃၂၀ ( 0.25 x 5280) ဒါမှမဟုတ် အဆောက်အဦး အမြင့်ဆယ်ဆ ထိ Exposure D ထဲပါတယ်လို့ပြောချင်တာပါ။
(Exposure D represents the most severe exposure in areas of basic wind speeds of
80 mph (129 km/h) or greater, and has terrain that is flat and unobstructed facing large Minimum basic wind speeds in miles per hour ( × 1.61 for km/h). Bodies of water over one mile (1.61 km) or more in width relative to any quadrant of the
building site. Exposure D extends inland from shoreline one-fourth mile (0.4 km) or 10 times the building height, whichever is greater.)
Exposure ယူတဲ့အခါ D ကအလွယ်ဆုံးပါပဲ ။ေ၇ပြင်နားဆို D လို့သာယူလိုက် မမှားဖူးရယ် ။ ဒါပေမယ့် C နဲ့ D ကတော့ ယူရတာခက်ခဲပါတယ်။Code ထဲမှာဖော်ပြထားတာတွေက တူသလိုလိုဖြစ်နေတာကိုး ။ တခါတစ်လေမှာ ကိုယ့်အဆောက်အဦးနားက မြေမျက်နှာသွင်ပြင်က တသတ်မတ်တည်းမဖြစ်ပဲ ပြောင်းနေတတ်ပါတယ်။ အဲတော့ကိုယ်က B လို့ယူဆလိုက်တဲ့အချိန်မှာ သူများက C လို့ယူဆနိုင်ပါတယ် ။ဒီလိုအခြေအနေမျိုးဖြစ်လာပြီဆိုရင် ပိုပြီးပြင်းထန်တဲ့အခြေအနေကိုယူရပါ့မယ် ။ UBC က Exposure C ကို အကာအကွယ်မဲ့ ပြန့်ပြူးတဲ့မြေမျက်နှာသွင်ပြင်ကို 90 degree အတွင်းမှာ မိုင်ဝက်အတွင်း၇ှိရမယ်လို့ ဆိုထားပါတယ်။ (ကြိုက်တဲ့နေရာကနေ 0 to 90 degree quadrant ဆွဲလိုက်ပါ) ။ ဒါကြောင့် 90 degree ထက်နည်းမယ် ၊ မိုင်ဝက်ထက်နည်းမယ်ဆိုရင် B လို့ယူလိုက်ပါ ။ Exposure B နဲ့ C ကိုယူတာဟာ သင့်တော်တဲ့အခြေအနေကို ယူမိဖို့ ကျနော်တို့အေ၇းကြီးပါတယ် ။ ဘာလို့လဲဆိုတော့ သူတို့နှစ်ခုကြားမှာ ကွာခြားချက်က 65 % ရှိပါတယ်။ ဆိုလိုတာက C ကိုရွေးသင့်တာကို ကျနော်က B လို့ရွေးရင် force 100 သက်ရောက်ရမယ့်နေရာမှာ 35 ပဲသက်ရောက်မိသလိုဖြစ်နိုင်ပါတယ် ။ တစ်ကယ်လို့ ကိုယ့် site ဟာ တောင်ကုန်းပေါ် ၊ အငူပေါ်ရောက်နေတဲ့အခါ Exposure C ကနေ D ကိုပြောင်းယူလိုက်ခြင်းအားဖြင့် ပိုပြင်းတဲ့ Wind ကိုရစေနိုင်ပါတယ်။ Designer အနေနဲ့ မသေချာမှတွေကိုကာကွယ်ဖို့အတွက် ပြောင်းယူလို့လဲရတဲ့ ဆုံးဖြတ်ချက်ကို ချနိင်ပါတယ်။ Designer က Building တစ်ခုလုံး Safe ဖြစ်ဖို့အတွက် တာဝန်အရှိဆုံးကိုး ။
အခုစာလဲ၇ှည်သွားပြီမို့ ဒုတိယပိုင်းကို ဒီနားမှာ ရပ်ခွင့်ပြုပါ ။ တတိယပိုင်းအနေနဲ့တော့ UBC 97 မှာပေးထားတဲ့ Wind pressure တွက်တဲ့ Equation က P = Ce Cq qs Iw ကို တစ်ခုချင်းစီအသေးစိတ်ရှင်းပြပါ့မယ်။
လိုအပ်တာများ၇ှိရင် ဆွေးနွေးပေးပါခင်ဗျာ ။ကျနော်နားလည်သလိုပြန်ရေးထားတာမို့ပါ ။ အမှားများပါရင်လဲ ထောက်ပြကြပါခင်ဗျာ ။ ပြူပြင်ပါ့မယ်။
Ko Tuna (SYE)
14.1.2017
Ref: : UBC – 97 , MNBC
Wind and Earthquake resistance building analysis and design by Taranath
Reinforced Concrete Design of Tall Buildings by Taranath
Disqus Shortname
Comments system