CE Vip- Beam Design

CE vip - Beam Design

CE - Analysis of rates - version 6

Civil Engineer တွေအတွက် CE analysis of rates- version 5 တင်ပေးလိုက်ပါတယ်။

Ebooks

Civil Engineering နဲ့ပတ်သတ်သော Ebook များ

Etabs

Etabs လေ့လာရန်

Site Mistake

Site Mistake

Etabs Tutorials

Download ဆွဲနည်း

Thursday, November 30, 2017

#Understanding_building(4)

#Understanding_building(4)
အဆောက်အအုံတစ်ခုအတွက် လိုအပ်တဲ့အလှအပနဲ့ minimum floor area များအပါအဝင် ခန်းဖွင့်ကျဉ်းတာ ကျယ်တာတွေ၊ တခါးပြူတင်း အရွယ်အစားတွေအတွက်က Architect လိုအပ်ပါတယ်။
သို့သော် ကနေ့ခေတ်မှာတော့ Civil တွေကပဲ column grid ချတာကအစ အစအဆုံး လုပ်လာကြပါတယ်။ ဒါ့ကြောင့်မို့ ခန်းဖွင့်တွေရဲ့ minimum dimension တွေနဲ့ အသုံးပြုလေ့ရှိတဲ့ အရွယ်အစား၊ walling အမျိုးအစားတွေကို သိထားဖို့လိုပါမယ်။ ဒီ့အတွက် drawing တွေကို ရသမျှစုဆောင်းထားခြင်းဟာ တကယ့်ကို effective ဖြစ်စေပါတယ်။
Design တွက်တဲ့အခါ Loading က အဓိက ကျပါတယ်။ ဒါ့ကြောင့် ASCE 7 ကိုလည်း ဆောင်ထားသင့်ပါတယ်။
Applied load ကို မှန်ကန်အောင်ပေးပြီး member တွေမှာ သက်ရောက်နေတဲ့ axial force, shear force နဲ့ moment တို့ကို ရှာဖွေလိုက်ခြင်းကိုသာ Structural Analysis လုပ်တယ်လို့ ခေါ်တာပါ။ Structural designer တစ်ယောက်ဖြစ်ဖို့က Loading ဝေတတ်ပြီး သဘာဝတရားကို မြင်တတ်ဖို့သည်သာ အဓိက ကျပါတယ်။ moment coefficient method လို approximate method လိုမျိုးတွေနဲ့ moment, shear ကိုလည်း ရှာတတ်ရပါမယ်။
(SS ပြပေးထားပါတယ်)
အသုံးပြုမယ့် material ရဲ့ strength f'c နဲ့ fy တွေအရ Shear တွေ moment တွေအပေါ် သက်ဆိုင်ရာ formula သုံးပြီး Av, As တွေ ထပ်မံရှာဖွေလိုက်ခြင်းကိုပဲ RC design လုပ်တယ်လို့ ခေါ်ဆိုကြတာပါ။ (simplified design စာအုပ် ပူးတွဲတင်ပေးထားပါတယ်)
Etabs တို့ Staad pro တို့လို software တွေနဲ့ ရှာယူရင်လည်း member size ကို inatialize လုပ်ဖို့နဲ့ ပြန် check ပြန်စစ်ဖို့ကတော့...
Approximate method နဲ့ Std drawing တွေကသာ အထောက်အကူ ပြုပါလိမ့်မယ်။
Beam တစ်ချောင်း တွက်တဲ့အခါ L.L နဲ့ D.L အတွက် Slab area ကို စရှာပါတယ်။ ဒီ့နောက် WL/9 ကို သုံးတာမျိုးပဲ ဖြစ်ဖြစ် moment ရှာပါမယ်။
As= M/.9fy(d-a/2) မှာ a ကို 2 လောက် assume ခဏထားပြီး တွက်ရင်ကို As ရပါပြီ။
ထွက်လာတဲ့ As ကို ကိုယ်အသုံးပြုချင်တဲ့ သံတစ်ချောင်းချင်းစီရဲ့ area နဲ့ ပြန်စားတဲ့အခါ သံချောင်းအရေအတွက် ရလာတာပါပဲ။
သဘာဝတရား အမြင်ရှိထားပြီးသူ တစ်ယောက်အတွက် Civil design တွေက တကယ့်ကို လွယ်ပါတယ်။ လုပ်ငန်းခွင်မှာ တကယ်တွက်နေတဲ့ စီနီယာ တစ်ယောက်ယောက်ဆီ အနီးကပ် သင်ယူဖြစ်မယ်ဆိုရင် Lowrise building လောက်ကတော့ ခဏနဲ့ကို တတ်ပါတယ်။
အထူးတလည် ပြောချင်တာကတော့ software ဆိုတာ လက်သုံးကိရိယာပဲ ဖြစ်ပါတယ်။ AutoCAD တတ်လို့ ပုံဆွဲတတ်လာတာ မဟုတ်ပါဘူး၊ ပုံဆွဲတတ်သူကသာ AutoCAD ကို သပ်ရပ်လှပဖို့ပဲ သုံးတာဖြစ်ပါတယ်။
ထို့အတူ Etabs တတ်လို့ design တတ်တာမဟုတ်ပါဘူး။ Design တတ်သူကသာ Etabs ကို မြန်ချင်လို့ သုံးရတာပါ။
Standard drawings
https://drive.google.com/…/0B78-5-JoyB8iOUlQSnBDMG0ya…/view…
ASCE 7-10
https://drive.google.com/…/0Bz4-VNxPuIZRMWdmcG8tREdwV…/view…
Example in Structural Analysis
https://drive.google.com/…/1dPWhRZzdXupwTobvsnMMAf3bT…/view…
ACI 318 -14M
https://drive.google.com/…/0B78-5-JoyB8iby16dHBnay1MS…/view…
Simplfied design for RC
https://drive.google.com/…/0B78-5-JoyB8iNTYxSWpqLTBoY…/view…
Etabs equivalent Lateral load design
https://drive.google.com/…/0Bz4-VNxPuIZRbXNEaWV2ZkZEc…/view…
RC detailing
https://drive.google.com/…/0Bz4-VNxPuIZRYjVyU2liNGYzZ…/view…
.











#Understanding_building(3)

#Understanding_building(3)
Building အဆောက်အအုံ တစ်ခုမှာ အခြေခံ member တွေကတော့ beam, column, slab, wall နဲ့ footing and stair ပါ။ Design တွက်ဖို့ member 6 မျိုး ရှိပါမယ်။
တွက်ရမယ့် Formula နဲ့ Analyse လုပ်ပုံ မတူကြလို့သာ ၆ မျိုးလို့ ယေဘုယျ ပြောလို့ရတာပါ။ တကယ့် member ကတော့ ၂ မျိုးပဲ ရှိပါမယ်။
ပထမတစ်မျိုးကတော့ Loading က ထိပ် ၂ ဖက်ကနေ သက်ရောက်နေတဲ့ Column လို member ပါ။ သူကတော့ crushing ကြေမွတတ်သလို buckling ဖြစ်ကာ ခါးယိုင်တတ်ပါတယ်။ ဆွဲအား tension ဆိုရင်တော့ yield ဖြစ်ကာ ခါးသိမ်ပြီး ပြတ်ထွက်တတ်ပါတယ်။ (truss ဒိုင်းခွေတွေမှာ သုံးသလို purely tension/ compression member တွေပါ)
ဒုတိယတစ်မျိုးကတော့ applied load က member ရဲ့ ခါးကို ဘေးတိုက်သက်ရောက်နေတဲ့ beam လို member ပါ။ သူကတော့ (cracking) ကွဲအက်ကာ ကျိုးတတ်သလို bending ဖြစ်ပြီး ကွေးညွှတ်တတ်ပါတယ်။
Slab, Stair နဲ့ Footing တွေဟာ အခြေခံအားဖြင့်တော့ beam member တွေပါပဲ။
1 unit ( 12" for FPS) ဗျက်ရှိတဲ့ beam တွေကို ပေါင်းစုပူးကပ်ထားသလို စဉ်းစားတွက်ချက်ရပါတယ်။
Column ကို eccentricity ဝင်နေတယ် ဆိုတာကတော့ beam action ဝင်လာတာမျိုးကို ဆိုလိုတာပါ။
Reaction ပြန်ပေးနိုင်တဲ့ အပေါ်အောက် ဝင်ရိုး axis အတိုင်း Loading က တည့်တည့်မကျတဲ့အခါ lever arm တစ်ခုကွာဝေးနေတဲ့ couple of forces လေးပေါ်လာပြီး၊ ကွေးညွှတ်မှု bending ဝင်လာတာမျိုး ဖြစ်ပါတယ်။
column ဆိုသော်လည်း beam သဘာဝကိုပါ ခံနေရပါတော့တယ်။
Wind တို့ Earthquake တို့လို Lateral load ဝင်လာတဲ့အခါ beam တွေ column တွေဟာ ပြောင်းပြန် action ဝင်လာရတတ်ပါတယ်။
Design လုပ်ကြတဲ့အခါ...
Crushing ကြေမွတာနဲ့ Cracking အက်ကွဲတာကို ထိန်းချုပ်နိုင်ဖို့ member size တစ်ခုလိုပါမယ်။ အသုံးပြုမယ့် material ရဲ့ tension နဲ့ compression ခံနိုင်ရည် အပေါ်မူတည်ပြီး member size ရွေးပါတယ်။
ဒါကလည်း သက်ရောက်လာတဲ့ Loading ကို material ရဲ့ ခံနိုင်ရည်အားနဲ့ စားပြီး member ရဲ့ area size ကို ရှာယူလိုက်တာမျိုးပါပဲ။
Code တွေကတော့ safety ဖြစ်ဖို့ D.L ကို 20% တိုးယူခိုင်းပြီး L.L ကို 60%တိုးယူခိုင်းပါတယ်။ တစ်ခါ material တွေရဲ့ ခံနိုင်ရည်အား strength တွေကိုကျ စမ်းသပ်လို့ ရတဲ့ အတိုင်းမယူစေပြန်ပါဘူး။ 0.75 တွေ 0.9 တွေနဲ့ 25% တို့ 10%တို့ လျှော့ယူစေပြန်ပါတယ်။ ဒါ့တွေကြောင့်သာ ကျနော်တို့ အမြင်တွေ ရှုပ်နေရတာပါ။
safety အတွက် code ကပေးထားတဲ့ coefficient တွေ reduction factor တွေကို ခေတ္တဖယ်ကြည့်တတ်ရင် ပိုရှင်းပါမယ်။
တခါ Structural analyse လုပ်တယ်ဆိုတာကလည်း member တွေရဲ့ တောင့်တင်းမှုနဲ့ ဘေးတိုက်ဒေါင်လိုက် ဒီဂရီအလိုက် တည်ရှိနေတဲ့ပုံစံတွေအရ loading တွေကို ခွဲဝေပေးလိုက်ခြင်း သက်သက်ပါပဲ။
ဒီ့အတွက် Loading ရဲ့ ပမာဏနဲ့ direction ကို သိထားဖို့သည်သာ ပထမ ဖြစ်ပြီး ဒုတိယအနေနဲ့ကတော့ frame တွေတည်ဆောက်ထားတဲ့ degree အရ sine, cos တွေနဲ့ loading ဝေတတ်ဖို့ပါ။ သုံးစွဲမယ့် material တွေရဲ့ comp/ten ခံနိုင်ရည်အားကို သိထားဖို့ကတော့ တတိယဖြစ်ပါမယ်။
စတုတ္ထဖြစ်တဲ့ moment of inertia သဘောကို သိဖို့ဆိုရင် သုံးနားညီတြိဂံ၂ခုကို ပုံစံအမျိုးမျိုးနဲ့ ပူးကပ်ကြည့်ပြီး area centroide ၂ ခုရဲ့ အလယ် တတိယဗဟိုချက်နဲ့ အကွာအဝေး အပြောင်းအလဲလေးတွေကို ကိုယ်တိုင်သာ ရှာကြည့်စေချင်ပါတယ်။
Design calculation တွေကို computer နဲ့ လုပ်လို့လွယ်လာတဲ့ခေတ်မှာ အနားညီတြိဂံတစ်ခုဟာ ရွဲ့စောင်းပုံပျက်သွားဖို့အတွက် အခက်ဆုံးသော rigid structure ဆိုတာကိုလည်း သိထားကြဖို့လိုပါမယ်။
Structural Analysis 13.5MB
https://drive.google.com/…/1h0sHM38b2_rphHMZpyTbrTKke…/view…
.
 cREDIT  seithu min












Wednesday, November 29, 2017

Inspector & Structure(14)


Inspector & Structure(14)
Soil Bearing .. 1 Ton/ ft2 ရဖို့
#FoundationDepth ဘယ်​နှစ်​​ပေတူးရမလဲ?
ဒါဆိုရင်​ ​​မေးတဲ့ မေးခွန်းမှား​နေပါတယ်​ ..
Foundation Depth ဘယ်​နှစ်​​ပေဆိုတဲ့
Depth တိုင်းမှာ Soil Bearing က 1 Tsf အမြဲမရနိုင်​ပါဘူး ..
ပုံပါ Soil Test ကိုကြည့်​ရင်​သိနိုင်​ပါတယ်
Borehole(1) ​နေရာမှာ ..
Bearing 1 Tsf ရဖို့ Df = 14' တူးရပါမယ်
Borehole(2) ​နေရာမှာ ..
Bearing 1 Tsf ရဖို့ Df = 12' တူးရပါမယ်
Borehole(3) ​နေရာမှာ ..
Bearing 1 Tsf ရဖို့ Df = 18' တူးရပါမယ်
ဒါ​ကြောင့်​ Project Site တစ်​ခုထဲမှာပဲ ..
ရှိ​နေ​မယ့်​ Shallow Footing တိုင်းရဲ့ ..
Depth of Foundation ဟာ မတူနိုင်​ပါဘူး
(တနည်းအားဖြင့်​) အနက်​တစ်​​နေရာထဲမှာ
Soil Bearing တူဖို့ဆိုတာ ဖြစ်​နိုင်​​ခြေနည်းပါတယ်​ ..
ဒါဆိုရင်​ Structure Design ကပြတဲ့ ...
Shallow Foundation အတွက်​ Cross-section Drawing ​တွေမှာ ဘာလို့
Df ​တွေက အမြဲတမ်းလိုလို တူ​နေရတာလဲ?
ဒါကမှ ​​မေးရမယ့်​မေးခွန်းအမှန်​ဖြစ်​ပါတယ်
Soil bearing ကို .. ပုံ​သေယူပြီး​တော့သာ
Depth of Foundation ကိုလိုက်​တူး​နေရရင်
စော​စောက ဥပမာ​ခဲ့သလို Df အနက်​​တွေဟာ
အမျိုးမျိုးဖြစ်​လာမှာပါ .. ဒါက Construction အတွက်​မလွယ်​တဲ့ကိစ္စပါ
(ခြွင်းချက်​။ တချို့​တောင်​ကုန်း​ဒေသ​တွေမှာ Df ကို
အဲ့လိုပဲ Level အမျိုးမျိုးတူးမှရပါတယ်​ ..
တချို့ Pile Foundation ​တွေမှာလဲ Pile length အမျိုးမျိုးဖြစ်​တတ်​ပါတယ်​ )
ဒါ​ကြောင့်​ Structural Designer ​တွေက
Buildability အတွက်​စဉ်းစားပြီး တူးရတာ သိပ်​ဒုက္ခမ​ရောက်​​အောင်​ Df ကို (အတတ်​နိုင်​ဆုံး) တညီထဲနီးပါးယူလိုက်​တာများပါတယ်​။
ဥပမာ .. Project က ၄ ထပ်​ဖြစ်​လို့
Minimum Df = ၆ ​ပေ ယူမယ်​ထားပါ​တော့။
အဲ့ဒီ ၆ ​ပေမှာ .. Bearing Capacity
ဘယ်​​လောက်​ရလဲဆိုတာကို Soil Test အရလိုက်​ကြည့်​ပါတယ်​ ..
B.H ​(1) နဲ့ (2) နေရာမှာ 0.5 tsf ရတယ်​ဆိုရင်
အဲ့ဒီ Bearing Capacity နဲ့တွက်​ပါတယ်
B.H (3) အတွက်​ ကျ​တော့ 0.5 tsf ရဖို့ဆိုရင်
၁၀ ​ပေတူးခိုင်းရပါမယ်​ .. ဒါမှမဟုတ်​ ၆ ​ပေပဲတူးခိုင်းချင်​ရင်​​တော့ ... 0.3 Tsf နဲ့တွက်​မယ်​ .. ဒါဆို B.H (3) ​နေရာအနီးမှာ ရှိတဲ့ Footing Area ​တွေက ကြီးလာပါမယ်​ ..
Footing Area = Total Load/ Bearing
လိုအပ်​တဲ့ Footing area ကိုတွက်​ထုတ်​ဖို့
Super-structure ကကျလာတဲ့ Load ကိုတည်​ .. Soil bearing နဲ့အချိုးချရင်
လိုအပ်​တဲ့ Footing Size ကိုရလာပါတယ်
အဲ့ဒီ Process အတိုင်း ..
Footing တစ်​​ခုချင်း၊ တစ်​​နေရာချင်းစီအတွက်​ .. Soil Bearing တစ်​မျိုးစီယူပြီး လိုက်​တွက်​​ပေးရတာဖြစ်​ပါတယ်​ ..
ဒါ​ကြောင့်​ .. Drawing ​တွေမှာ
Depth of Foundation က Level တူတဲ့ Case များတာ​တွေ့ရတယ်​ ... ဒါ​ပေမယ့်
Footing ​တွေရဲ့ Area ​တွေကကျ​တော့
အောက်​က Soil Bearing မတူကြတဲ့အတွက်
တစ်​​နေရာမှာ တစ်​မျိုးစီ မတူပဲဖြစ်​​နေတာပါ
အနှစ်​ချုပ်​​ဆွေး​နွေးချင်​တာက​တော့ ...
မြေကြီးဘယ်​​လောက်​တူးရမလဲဆိုတာကို
ဆွေး​နွေးမယ်​ဆိုရင်​ ..
📝Depth of Foundation .. ရယ်
📝Super-structure Load .. ရယ်
📝Soil Bearing Capacity .. ရယ်
📝Footing Area .. ရယ်
၎ ခုထဲက ၁ ခုပဲ​ပြောပြီး​ဆွေး​နွေးလို့မရပါဘူး
၎ ခုလုံးကိုချိတ်​ဆက်​ပြီး ​စဉ်းစားရမှာဖြစ်​ပါတယ်​ ..
Depth of Foundation များတိုင်းလဲ
Soil Bearing (အမြဲ)မ​ကောင်းနိုင်​ဘူး
Super-structure Load နည်းတိုင်းလဲ
Footing Area (အမြဲ)မ​သေးနိုင်​ဘူး ...
Depth of Foundation .. တို့
Footing Dimensions .. တို့ဆိုတာ
Non-engineer ​တွေနားလည်​နိုင်​တဲ့
ပေကြိုးနဲ့တိုင်းတာလို့ရတဲ့အရာ​တွေပါ
Super-structure Load .. ဆိုတာက
Structural Analysis လုပ်​ကြည့်​မှသာ
အတိအကျသိနိုင်​တဲ့အပိုင်းဖြစ်​ပြီး ..
Soil Bearing ဆိုတာကလဲ ..
Soil Test & Investigation လုပ်​ကြည့်​မှသာ Reliable Data ကို ရနိုင်​တာပါ ..
ဒါ​ကြောင့်​ .. Foundation Depth
ဘယ်​နှ​ပေတူးပါလို့ Drawing မှာပြတာဟာ
Non-engineer ​ဖက်​ကနားလည်​​​လွယ်​စေချင်​ရုံသက်​သက်​ပါပဲ ...
တကယ်​က
Depth of Foundation ကိုသတ်​မှတ်​ဖို့
ဆုံးဖြတ်​ဖို့ဆိုတာ Site Soil ရဲ့ Physical Properties ​တွေကို​တော့ အနည်းဆုံးသိထားဖို့လိုအပ်​ပါတယ်​ ...
ဒါ​ကြောင့်​လဲ ၃ ထပ်​နဲ့အထက်​​ဆောက်​ရင်
Soil Test ​တွေစမ်းသပ်​​နေရတာဖြစ်​ပါတယ်
စိတ်​နဲ့မှန်းလို့ရရင်​ ဘယ်​စမ်း​ကြ​တော့မလဲဗျာ
ဒါ​ကြောင့်​ Inspector တစ်​​ယောက်​ဟာ
Soil Test Report ကိုဖတ်​ကျင့်​ရှိရပါမယ်
အဲ့ဒီအ​ကြောင်းကို Tip(12) မှာ ​ရေးခဲ့ဖူးပါတယ်​ ..
အခု​ပြောတာက Shallow Foundation ..
ရဲ့အ​ခြေခံ Basic Concept ပဲရှိပါ​သေးတယ်​ .. Water Table ရှိတဲ့ ကိစ္စမျိုး၊
Uplift ရှိတဲ့ Special Case ​တွေအတွက်
မ​ဆွေး​နွေးထားပါဘူး ...
သိချင်​ရင်​ ​ပေးထားတဲ့ link ထဲက
Ch(4)Shallow Foundations: Ultimate Bearing Capacity နဲ့
Ch(5)Ultimate Bearing Capacity of
Shallow Foundations: Special Case ကို ​လေ့လာကြည့်​ပါ .. ယုံကြည်​မှုတစ်​ခုရပါလိမ့်​မယ်
Soil Test ဖတ်​နည်းသင်​​ပေးခဲ့တဲ့ တီချယ်
Daw Ni Ni Mar အား ဂါရ၀ပြုလျက်​ ... :-)
မျှ​ဝေတယ်​တယ်​ဆိုတာ မင်္ဂလာတစ်​ပါးပါ
Aung Myat Thu (SYE)
Millimetre - Training & Design Group
Download Link:
Principles of Foundation (8th Edition)
https://drive.google.com/…/0B0PO5BszpIsAbkwtdWNWQ3ZlV…/view…
Inspector & Structure (13)
Bearing Capacity Calculation
https://m.facebook.com/story.php…
Inspector & Structure (12)
How to Read/Check Soil Report?
https://m.facebook.com/story.php…
Inspector & Structure (11)
Steel Fixer များနဲ့ Response Modification Factor
https://m.facebook.com/story.php…

Credit Aung Myat Thu

Friday, November 24, 2017

Moment release.

Moment release.
structure ​တွေ ကို software နဲ့တွက်​ကြ​သော အခါ အဆင်​မ​ပြေ​သော အ​ခြေအ​နေများ ကြုံပါက moment release ​လေးလုပ်​ ကြ တယ်​ ဆို​တော့။
........... လုပ်​သင့်​မလုပ်​သင့်​ ​တော့ မ​ဆွေး​နွေး​ပါဘူး။
Release လုပ်​ ​ပေးတယ်​ ဆိုရာ မှာ
ဖြစ်​နိင်​ ​ခြေ 2 မျိုး ရှိပါ့မယ်။
100% release လုပ်​ ​တာ နဲ့ partially release လုပ်​ တာ ပဲ မလား။
100% က​တော့ fix end မှာ stiffeness effect မရှိ​တော့တာ တနည်းဆို simply support ဖြစ်​သွား​စေတာ ​ပေါ့။ တကယ့်​ လက်​​တွေမှာ pin action ရှိ​နေ ပါက pin joint နဲ့ analysis လုပ်​ရမယ်​ ဆိုတာ သိကြ တယ်​။ ဒါ​ပေမဲ့......fix action ကို ၁၀၀% moment release လုပ်​မိပါ
လက်​​တွေ့နဲ့ အလွန်​လွဲတဲ့ အ​ခြေအ​နေကို ဖြစ်​​ပေါ်​စေနိင်​ပါတယ်​။
Fix action ဖြစ်​​နေတဲ့ joint ကို moment release လုပ်​ မယ်​ ဆိုပါက စဉ်းစား စရာ​တွေ ရှိ​နေ​တော့မယ်
တကယ့်​ လက်​​တွေမှာ က
Joint တိုင်းသည်​ 100% pin မဖြစ်​နိင်​သလို 100% fix လည်း မဖြစ်​နိုင်​ ပါဘူး။
Engineering is the study of nature သာဖြစ်​ တဲ့ အတွက်​ မိမိပါတ်​ဝန်းကျင်​ မှာ ဖြစ်​ပျက်​​နေတာ ​တွေထက်​ ပိုပြီး ထူးကဲ ​နေတာမျိုး မရှိပါဘူး။
Steel structure ​တွေမှာ joint ​တွေကို မိမိစိတ်​​​​ကြိုက်​ ဖန်​တီး နိုင်​ ​သဖြင့်​ pin or fix တစ်​ခုခုကို လုပ်​ပိုင်​ခွင့်​ရှိလာပါတယ်​။
ဒိထက်​ ပို အ​သေးစိတ်​ လိုပါက ဘယ်​​လောက်​ pin action ​ပေးမလဲ / ဘယ်​​လောက်​ fix action ​ပေးသင့်​ သလဲဆိုတာ ​တွေက ​မေးခွန်း​တွေဖြစ်​လာပါလိမ့်​မယ်
Member ​တွေရဲ့ စံနူံး နဲ့ ခုခံနိုင်​စွမ်း ကို ​လေ့လာရာတွင်​ အ​ခြေခံ စွမ်းအား ၃ ခုနဲ့ ​ပေတံတိုင်း ကြတယ်​။
stiffeness factors ​တွေ ရှိရာမှာ
အ​ခြေခံ factor ၃ ခု က အ​ရေးကြီး ပါလာပါလိမ့်​မယ်
1 Bending stiffeness. EI/L
2 Area stiffeness. EA/L
3 Torsional. Stiffeness. GJ/L
Moment release ဘက်​ ပြန်​ GO ပါရ​စေ။
Member ရဲ့ End Joint တစ်​ခု မှာdirectional moment ကို release လုပ်​ လိုပါက
စည်းစား စရား အချက်​ ​လေး​တွေရှိလာပါမယ့်
၁ Release လုပ်​သင့်​ မလုပ်​သင့်
၂ လိုအပ်​လို့ လုပ်​သင့်​တယ်​ ဆိုပါက ဘယ်​​လောက်​ ပမာဏ အတွင်းသား လုပ်​သင့်
၃ Release လုပ်​ ​သော​ကြောင့်​ ​နောက်​ဆက်​တွဲ ဆက်​စပ်​မှူ့ များ
စဉ်းစား သင့်​တာ​လေး​တွေ ​ဖြစ်​ပြီး အ​သေးစိတ်​ မ​ဆွေး​နွေးလိုပါ။
ခုက​တော့ release လုပ်​ပုံ​လေး ​ဆွေး​နွေး ပါ့မယ်​။
Member ရဲ့ End moment formation ကို partially release လုပ်​ ​ပေးတယ်​ ဆိုသည်​မှာ
အဲဒီ member ရဲ့ bending stiffeness တန်​ဘိုး ကို partially ​လျော့ချ ​စေတာပဲဖြစ်​ပါတယ်​။
Member ရဲ့ bending stiffeness သည်
4EI/L ရှိ​နေပါက 100% fix action လို့ ယူဆမယ်​။ တကယ်​​တော့ zreo to k အတွင်း ကန့်​သတ်​ ​ပေးတဲ့သ​ဘောပါ။ k တန်​ဘိုး ကလည်း 2EI လား 3 EI , 6EI စည်​ဖြင့်​ fram အလိုက် ရှိနိုင်​သေး။
k တန်​ဘိုး ရဲ့ ဘယ်​​လောက်​ % ကို bending stiffeness အဖြစ်​ ​ပေးမလဲ ဆိုပြီး ​assign ​ပေးတာပဲဖြစ်​ပါတယ်​။
Single frame အတွက်​ ဆိုပါက
Stiffeness release reduction factor ကို
f = a/(1-a) အ​နေနဲ့ ယူ ကြ​လေ့ရှိပါတယ်​။
ဥပမာ
၂၅% moment release လုပ်​လိုပါက
f= 0.25/0.75= 0.33 ပါ ။
Partially Moment stiffeness value က​တော့ (4EI/L)x 0.33 ရဲ့ရလာဒ်​ကို end moment stiffeness မှာ ထည့်​​ပေးရမှာ ဖြစ်​ပါတယ်​။
မိမိ​ပေးလို​သော တန်​ဘိုးရ​အောင်​ iteration လုပ်​​ပေးတာက အမှန်​ဆုံး ပါ။
3 dimensional analysis ဖြစ်​ပါက
Reduction factor သည်​ မမှန်​နိင်​​တော့ သဖြင့်​ မိမိ​ပေးလို​သော moment value ရ​အောင်​ iteration လုပ်​ယူရပါမယ်​။ ဘာလို့ဆို moment distribution ​တွေသည်​ span အလိုက်​ carry over ​တွေ joint stiffess ​တွအရ ​​ အမျိုးမျိုး ​ဖြစ်နိင်ပါတယ်။
RC member များသည်​ Partially stiffeness value များ assign ​ပေးသင့်​ မ​ပေးသင့် က​တော့ မိမိတိုဘာသာစည်းစား ဆုံးဖြတ်​ကြပါ။
လက်​​တွေ့ဘဝ နဲ့ စိတ်​ကူး သည်​ ​ဝေးကွာ ​နေတတ်​​ကြောင်း သတိပြုနိင်​ကြပါ​စေ။
Credit
Icpe Tin Tun

Thursday, November 23, 2017

Finite Element Method ( Notes)

Finite Element Method (FEM)

Finite Element Method (FEM) ဆိုတာ ကျွှန်တော်တို့ analysis လုပ်မယ့် structure model တစ်ခုရဲ့ ရှာချင်တဲ့/သိချင်တဲ့တန်ဖိုး (ဥပမာ − temperature, stress, displacement, etc.) တွေကို အနီးစပ်ဆုံးတိကျမှုရအောင် mathematical matrix model တစ်ခုတည်ဆောက်ပြီးရှာဖွေ တွက်ချက်ခြင်းဖြစ်ပါတယ်။ ယခုကျွှန်တော် structure တစ်ခုရဲ့ stress analysis ကို FEM သုံးပြီးပြုလုပ်သွားပုံ၊ တနည်းဆိုရရင် mathematical matrix model တည်ဆောက်ပုံကို အဆင့်များဖြင့်အကြမ်းဖျင်းတင်ပြသွားပါမယ်။

(၁) Discrete and Select element configuration
ပထမအဆင့်မှာတော့ ကျွှန်တော်တို့ analysis လုပ်မယ့် structure model တစ်ခုလုံးကို သင့်တော်သောအရွယ်အစားရှိတဲ့ elements ကလေးများဖြစ်အောင် စိတ်ပိုင်းပါမယ်။ meshing လုပ်တယ်လို့ပြောကြပါတယ်။ structural analysis type ပေါ်မှုတည်ပြီး စိတ်ပိုင်းထားတဲ့ elements ကလေးများကိုအမျိုးအစား (element type) သတ်မှတ်ပေးရပါမယ်။ element types တွေကတော့ link/beam/plane/solid/shell elements စသည်ဖြင့်အမျိုးမျိုးရှိကြပါတယ်။ element တိုင်းမှာ nodes များရှိပါမယ်။ ဥပမာ link and beam element မှာဆိုရင် 2 nodes, plane element ဆိုရင် 3/4/5/6/8 nodes စသည်ဖြင့် အသီးသီးရှိကြပါတယ်။ ၎င်း nodes အသီးသီးမှာလည်း structural analysis type (1D/2D/3D) ပေါ်မှုတည်ပြီး Degree of freedom (DOF) (i.e. X,Y,Z displacements and X,Y,Z rotations) များရှိပါမယ်။
ဒီနေရာမှာ သင့်တော်သောအရွယ်အစားရှိတဲ့ elements ကလေးများ လို့ဆိုရတာကတော့ FEM နဲ့ရင်းနှီးပြီးသားသူများအတွက် အလွယ်တကူနားလည်နိုင်ပေမယ့်၊ အစကနဦးသူများ အတွက်တော့ နားလည်ရခက်ပါလိမ့်မယ်။ ဆိုလိုတာက structure ရဲ့မိမိစိတ်ဝင်စားတဲ့နေရာ၊ stress concentration များတဲ့နေရာ၊ stress gradient များတဲ့နေရာ စသည့်နေရာတွေမှာတော့ elements များကို သေးငယ်သောအရွယ်စားများအဖြစ်ပိုင်းရန်လိုအပ်တာပါ။ မလိုအပ်ပဲ သေးလွန်းလျှင်လည်း calculation time ကြာပါလိမ့်မယ်။
(၂) Select Approximation models or Functions
Element တစ်ခုဟာ ၎င်းအပေါ်အပြင်မှသက်ရောက်တဲ့ forces, pressures, temperature စသည့်အချက်တွေကြောင့် nodes အသီးသီးမှာ X,Y,Z displacement/rotation များဖြစ်ပေါ်ပါတယ်။ ဒီအဆင့်ကတော့ ၎င်း nodes အသီးသီးရဲ့ X,Y,Z displacement/rotation (unknown values) အချင်းချင်းဆက်သွယ်ချက်ကို approximate function သုံးပြီး formula ထုတ်ခြင်းဖြစ်ပါတယ်။ formula ပုံစံကတော့ {u}=[N]{d} matrix ပုံစံရှိပါတယ်။ [N] ကိုတော့ interpolation or approximation function လို့ခေါ်ပြီး၊ {d} ကတော့ unknown variables at node points များပါဝင်တဲ့ unknown vector set တစ်ခုဖြစ်ပါတယ်။ stress analysis မှာတော့ nodal displacement/rotation ကို primary unknown variables အဖြစ်သုံးကြပါတယ်။
ဒီနေရာမှာပြောကြတာကတော့ မိမိတည်ဆောက်ထားတဲ့ mathematical matrix model ဟာတကယ့် real structure နဲ့တူ/မတူ ဆိုတာက function [N] ယူဆချက်ပေါ်မူတည်ပါတယ်။ element types အသီးသီးအတွက် သတ်မှတ်ထားသော [N] အသီးသီးရှိကြတဲ့အတွက် တနည်းဆိုရရင် မိမိ mathematical matrix model ရဲ့တိကျမှုက အသုံးပြုထားတဲ့ element types ပေါ်မူတည်တယ်လို့လည်းပြောလို့ရတာပေါ့။

(၃) Define Strain (Gradient)-Displacement (Unknown) and Stress-Strain Relationships
ကျွှန်တော်တို့သိပြီးကြတဲ့အတိုင်း elongation or shorten length (displacement) ကို original length နဲ့ divided လုပ်ရင် Strain ရပါမယ်။ ၎င်း Strain ကို modulus of elasticity မြှောက်ရင် Stress ရပါတယ်။ elements တစ်ခုရဲ့ Strain-Displacement Relationships အတွက်ဆိုရင် {e}=[B]{d} ပုံစံဖြစ်ပြီး၊ Stress-Strain အတွက်ဆိုရင်တော့ {s}=[C]{e} ဖြစ်ပါမယ်။ ဒီမှာတော့ [B] က strain-displacement transformation matrix ဖြစ်ပြီး၊ [C] ကတော့ stress-strain matrix ဖြစ်ပါတယ်။ ဒါကြောင့် Stress-displacement ဆိုရင် ယခုလိုဖော်ပြနိုင်ပါတယ် {s}=[C][B]{d} ။


(၄) Derive Element equation
FEM မှာ Element equation ကိုရှာတဲ့အခါမှာ အဓိကအားဖြင့် methods နှစ်မျိုးသုံးပြီး ရှာပါတယ်။ ၎င်းတို့ကတော့ (၁) Energy method နဲ့ (၂) Residual method တို့ဖြစ်ကြပါတယ်။ methods တစ်မျိုးမျိုးမှာ အပေါ်အဆင့်များမှရရှိလာသော Relationship equations ကိုထည့်ပြီး တွက်လိုက်ပါက နောက်ဆုံးရရှိလာသော Element equation ပုံစံမှာ [k]{d}={q} ဖြစ်ပါတယ်။ [k] ကတော့ stiffness matrix ဖြစ်ပြီး၊ {q} ကတော့ nodal force vector matrix ဖြစ်ပါတယ်။
Element တစ်ခုရဲ့ configurations နှင့် material properties သိမယ်ဆိုရင် ၎င်း element ရဲ့ stiffness matrix [k] ကိုရှာနိုင်ပါတယ်။ nodal force vector matrix {q} မှာတော့ element nodes ပေါ်သက်ရောက်နေတဲ့ reaction forces or applied forces တွေပါဝင်ပါတယ်။

(၅) Assemble Element equations to obtain Global and Introduce Boundary conditions
ကျွှန်တော်တို့ အထက်ကဖော်ပြခဲ့တဲ့ Element equation [k]{d}={q} ရရှိအောင် ရှာဖွေပုံအဆင့်တွေဟာ element တစ်ခုအတွက်သာဖြစ်ပါတယ်။ structure မှာပါတဲ့ elements တွေအားလုံးအတွက်ဆိုရင် elements အသီးသီးရဲ့ Element equations တွေကို Assembly ပြုလုပ်ရပါမယ်။ အဲဒါကို structure တစ်ခုလုံးရဲ့ Global Element Equation ရအောင်ပြုလုပ်တယ်လို့ ခေါ်ပါတယ်။ အဲဒီ Global Element Equation ထဲကို structure ရဲ့ Boundary conditions တွေထည့်လိုက်ရင် ကျွှန်တော်တို့လိုချင်တဲ့၊ တနည်း real structure ကိုကိုယ်စားပြုနေတဲ့ mathematical matrix model ရပါပြီ။
Global Element Equation or mathematical matrix model ရဲ့ပုံစံကလည်း [K]{D}={Q} ပါပဲ။ stiffness matrix [K] မှာတော့ elements အသီးသီးရဲ့ stiffness matrix [k] လေးတွေပါပါမယ်။ matrix [K] properties ကတော့ structure မှာရှိတဲ့ nodes စုစုပေါင်းအရေတွက်နဲ့၊ node တစ်ခုမှာရှိတဲ့ degree of freedom အရေတွက်မြှောက်ထားခြင်း ဖြစ်ပါတယ်။ ဥပမာ ကျွှန်တော်တို့ရဲ့ structure တစ်ခုလုံးမှာ nodes စုစုပေါင်း ၅ ခုရှိတယ်ဆိုပါစို့။ node တစ်ခုစီမှာ degree of freedom ၃ ခုရှိမယ်ဆိုရင် Global stiffness matrix [K] ရဲ့ properties က ၁၅x၁၅ ရှိပါမယ်။ Structure Boundary conditions ကို unknown vector matrix ဖြစ်တဲ့ {D} မှာထည့်သွင်းပါတယ်။ {Q} မှာတော့ structure ပေါ်သက်ရောက်နေတဲ့ applied forces နဲ့ reaction forces တွေပါဝင်ပါမယ်။

(၆) Solve for the Primary Unknown
ကျွှန်တော်အဆင့်(၂) မှာပြောခဲ့တဲ့အတိုင်း stress analysis မှာတော့ displacement/rotation တွေကို primary unknown variables တွေအဖြစ်သတ်မှတ်ကြပါတယ်။ ဒီအဆင့်မှာတော့ mathematical matrix model [K]{D}={Q} ကိုသုံးပြီး ၎င်း unknown variables တွေကိုရှာတာပါ။ ၁၅ unknown variables ရှိရင် matrix model မှာ equations ၁၅ ကြောင်းရှိ ပါလိမ့်မယ်။

(၇) Solves for Derived or Secondary Quantities
ကျွှန်တော်တို့ရဲ့ structural stress analysis မှာ stress values များဟာ Secondary quantities ဖြစ်ပါမယ်။ unknown variables (displacement/rotation) တွေရပြီဆိုရင်တော့ အဆင့် (၃) မှာပြုလုပ်ခဲ့တဲ့ Strain-Displacement Relationships နဲ့ Stress-Strain Relationships တွေကိုသုံးပြီး လိုချင်တဲ့ elements stress/strain တွေကိုရှာနိုင်ပါပြီ။

(၈) Interpretation of Results
နောက်ဆုံးဒီအဆင့်ကတော့ ရရှိပြီးပြီဖြစ်တဲ့ elements တွေရဲ့ displacements /stress/strain တွေကို Tables/Graphs/Pictures စတာတွေနဲ့ နားလည်မှုလွယ်ကူအောင် တင်ပြခြင်းဖြစ်ပါတယ်။

နိဂုံးချုပ်အနေဖြင့် တင်ပြရလျှင် FEM method ကိုသုံးခြင်းအားဖြင့် ကျွှန်တော်တို့ analysis လုပ်မယ့် structure တစ်ခုရဲ့ကြိုက်တဲ့နေရာမှာရှိတဲ့ stress/strain/displacement တွေကိုအနီးစပ်ဆုံးရှာလို့ရပါတယ်။ structure မှာ composite material တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ element types အရွေးမှန်ရပါမယ်။ element size များကိုနေရာပေါ်မူတည်ပြီး adjustment လုပ်ပေးရပါမယ်။ applied point loads နဲ့ boundary conditions ပေးမယ့်နေရာတွေမှာတော့ nodes တွေသတ်မှတ်ပေးဖို့လိုပါမယ်။ သက်ရောက်နေသော applied loads တွေဟာ nodes တွေကတဆင့် elements အသီးသီးဆီကိုအဆင့်ဆင့် ကူးယူသွားပါတယ်။
FEM methods သုံးပြီး structural analysis ကို hand calculation ဖြင့်ပြုလုပ်ရန်မလွယ်တဲ့အတွက် FEM methods သုံး analysis software များကိုအသုံးပြုနေကြပါပြီ။ ဥပမာ ANSYS လို analysis software ပေါ့။ software များသည်လည်း program ဖြင့်တည်ဆောက်ထားခြင်းဖြစ်တဲ့အတွက် ခိုင်းတာပဲလုပ်တတ်တာပါ။ သူတို့ကတော့ input data ပေါ်မူတည်ပြီး output results များထုတ်ပေးရုံပါပဲ။ input မှားရင် reasonable မဖြစ်တဲ့ output များရလာပါမယ်။ ဆိုလိုချင်တာက software အသုံးပြုသူရဲ့ ကျွှမ်းကျင်မှု၊ အတွေ့အကြုံ့ရင့်ကျက်မှု၊ basic theory နားလည်မှု စတဲ့အရည်အချင်းတွေကတော့ အမြဲမှန်ကန်နေမယ့်လိုအပ်ချက်များပါပဲ။
ကျွှန်တော့်အနေဖြင့် FEM method အပေါ်မိမိနားလည်သလိုတင်ပြထားတဲ့အတွက် အားနည်းချက်များ ရှိကောင်းရှိနိုင်ပါတယ်။ ကျွှမ်းကျင်နားလည်သောသူများမှ အမှားများရှိခဲ့ရင် ပြုပြင်ပေးစေလိုပါကြောင်းတင်ပြရင်း နိဂုံးချုပ်ပါရစေ။
 Credit Soe Nyi
http://www.myanmarengineer.org/forums/archive/index.php/t-2123.html

Discussion
 ဂျွန်မိုးအိမ်

Finite Element Method ၏ အကျိုးကျေးဇူးများ
1) Irregular geometry ဒီဇိုင်းတွေအတွက် သင့်တော်ပါတယ်..
2) Boundary Type အမျိုးမျိုးကို ဒီဇိုင်း လုပ်နိုင်ပါတယ်
3) Material တွေရဲ့ Isotrophic နဲ့ homogenious မဖြစ်မှုကို ခက်ခက်ခဲခဲ စဉ်းစားစရာ မလိုပါဖူး
4) Loading Type အမျိုးမျိုး ဒီဇိုင်းလုပ်ရတာ လွယ်ကူစေပါတယ်....

င်္Finite Element Method ရဲ့ မကောင်းတဲ့အချက်များ
1) အခြား analysis တွေလို prove ပြရခက်ခဲစေပါတယ်...
2) Calculation မှာ Manual မလုပ်နိုင်ပါဖူး...
3) Stiffiness ကို အခြေခံထားတဲ့အတွက် Element တွေရဲ့ possible behavior ဟာ အခြား analysis တွေနဲ့ ကွာခြားသွားနိုင်ပါတယ်
4) Stress Value တွေဟာ ပြောင်းလဲနေတတ်ပါတယ်
5) Element တွေရဲ့ Aspect Ratio ဟာ final result မှာ တစ်ခါတစ်ရံ ထူးခြားနိုင်ပါတယ်...

င်္FEM ဟာ
Theory တွေကို Derive လုပ်ထားတာ ဖြစ်ပါတယ်...
Actual problem ကို Approximate problem တစ်ခုအဖြစ် Idealize လုပ်ထားခြင်း ဖြစ်ပါတယ်
Computer Program Development ဟာ ၄င်းကို သက်ရောက်မှု ရှိပါတယ်...
Data Information Processing တွေနဲ့ Numerical Method တွေကို စဉ်းစားထားပါတယ်....

FEM ရဲ့ Design Principle တွေမှာ စဉ်းစားသင့်တာတွေကတော့
1) Equilibrium ဖြစ်ခြင်း...- ( Overall Equilibrium, Joint Equilibrium, Member Equilibrium ဖြစ်ခြင်း)
2) Compatibility ဖြစ်ခြင်း....- ( Structure တစ်ခုရဲ့ member အားလုံးဟာ External Load ကို တစ်ခုနဲ့ တစ်ခု
ဆက်စပ်လျက် cohesively act ပြန်လုပ်နိုင်ခြင်း)
3) Material Behavior Data များ... - ( အဓိက အားဖြင့် External Load ရဲ့ force / Stress များကြောင့် ဖြစ်လာမယ့် Displacement / Strain များ)
4) Boundary Condition.... များ ဖြစ်ပါတယ်...


ဒါတွေကတော့ ကျွန်တော့် အနေနဲ့ ဒီတလော FEM ကို အချိန်ရခိုက် ဖတ်မိ လေ့လာမိတာလေးတွေပါ...
ကိုယ့်အနေနဲ့က Self-Learning လုပ်ရတော့ နားလည်မှုတွေ လွဲကောင်း လွဲမှာပါ...
FEM အကြောင်း သိထားတဲ့ အစ်ကို အစ်မများ... လမ်းညွှန်မှုများ ပေးကြဖို့ မျှော်လင့်ပါတယ်

ခင်မင်လေးစားလျက်
ဂျွန်မိုးအိမ်

FE အကြောင်း တစေ့တစောင်း

Finite Element Analysis ကို ကျနော်တို့ တုန်းက undergrad course တွေမှာ မသင်ခဲ့ရဘူး။ အခုတော့ သင်နေပြီလား မသိ။ ၉၄/ ၉၅ ဝန်းကျင်လောက်က ဆိုတော့ ကွန်ပျူတာ ဆိုတာတောင် တကျောင်းလုံးမှာ ၄/ ၅ လုံး နဲ့ မြင်ဖူးရုံလောက် ရှိတာ။


Fortran 77 ကိုတော့ သင်ခဲ့ရသေးတယ်။ ကိုယ်တိုင်ကလဲ အဲဒီ အချိန်မှာ စာ သိပ်မဖတ်တဲ့သူ ဆိုတော့ ဘာမသိ ညာမသိ ပါဘဲ… :D  မှတ်မိတာက စာမေးပွဲမှာ program တပုဒ် ရေးခိုင်းတယ်။ အလွတ်ကျက်ထားတာ ချရေးကြရတယ်။ ဒါဘဲ။


တကယ်တော့ space လေး ပြောင်းရင်တောင် program က run မှာ မဟုတ်ဘဲ error တက်မဲ့ဟာမျိုး။ ဖြစ်သင့်တာက coursework/ assignment မျိုးနဲ့ လုပ်ခိုင်းရမှာ။ အဲဒီ အချိန်က ဆရာတွေလဲ computer နဲ့ ပတ်သက်တဲ့ training လဲ ကောင်းကောင်း မရထားတော့ ဝေဝေဝါးဝါး ဘဲ ထင်ပါရဲ့။


အခုတော့ computer တွေ လဲ လှိုင်လှိုင် ပေါနေပြီ။ software တွေလဲ မြန်မာငွေ ၁၅၀၀ နဲ့ ခိုးကူးတွေ ကြိုက်သလောက် ဝယ်လို့ရနေပြီ ဆိုတော့ နောက်ပိုင်း လူငယ်တွေ တော်တော်များများ က computer analysis တွေနဲ့ ကျနော်တို့ တုန်းကထက် ပို ရင်းနှီးလာကြတယ်။ အားရစရာဘဲ။ ဒါပေမဲ့ သိသင့်သိထိုက် တဲ့ limitation တွေ သိရဲ့လား ဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်နေအုံးမယ် ထင်မိတယ်။


အရင်တုန်းက structural analysis မှာ သုံးခဲ့ကြတဲ့ နည်းစနစ်တွေ ဆိုတာက engineering formula တွေ ထုတ်ပြီး တွက်ထုတ်ယူတာဘဲ။ simple analytical form ရောက်သွားအောင် ရှင်းထုတ် ယူလိုက်တယ်၊ အဲဒီကမှ ခေတ်အဆက်ဆက် သက်သေပြ တွက်ထုတ်လာတဲ့ formula တွေနဲ့ တွက်ချက် ယူတယ်။ အားနည်းချက်က complex geometry အတွက်ဆို safe side ယူရတဲ့ အတွက် conservative method ဖြစ်တယ် လို့ ဆိုနိုင်တယ်။


အဲဒါကို ပိုပြီး တိတိကျကျ ဖြစ်အောင် လေ့လာလာကြပြီး အသုံးများလာတာက Finite Element Analysis ဘဲ။ ၁၉၆၀ ကျော်ကျော် ကမှ စပြီး develop လုပ်လာတာ ဆိုတော့ အရင်က အင်ဂျင်နီယာကြီးတွေ သိပ်မရင်းနှီးတဲ့ အပြင် လက်ခံဖို့ နည်းနည်းတွန့်တယ်။ မယုံရဲတဲ့ သဘောပေါ့။ တခုခု ဖြစ်ရင် သူက designer ဆို ထိမှာက သူ လေ။


FE နဲ့ ပတ်သက်ရင် ၆၀ ဝန်းကျင် နှစ်တွေမှာ research လုပ်ခဲ့တဲ့ Clough, Zienkiewicz, Cheung တို့က ဆရာ ကျတယ်။ pioneer တွေပေါ့။ FE analysis က တကယ်တမ်း ဆိုရင် Building Structure ထက် ပိုရှုပ်ထွေးတဲ့  aero နဲ့ mechanical အတွက် ပိုပြီး အသုံးဝင်တယ်။ flat plate နဲ့ ပတ်သက်ရင် Wood & Armer က နံမည်ကြီး။ ရလာတဲ့ FE result ကို reinforcement ဘယ်လို ထည့်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အခုထိ သုံးနေရတုန်း။


Finite Element Method (FEM) ကို အတိုချုပ်ပြောရရင် analyse လုပ်ချင်တဲ့ structure ကို 1D/ 2D/ 3D element အမျိုးအစား အသီးသီး လုံလောက်တဲ့ အသေးဆုံး ပမာဏထိ စိတ်ပိုင်း လိုက်တယ်။ ပြီးတော့ material properties သတ်မှတ်၊ loading ပေး၊ support တွေကို fixed လား pinned လား စတဲ့ degree of freedom ကို limit လုပ်တဲ့ boundary condition သတ်မှတ်ပြီး numerical method နဲ့ တွက်ထုတ်တာဘဲ။


node တွေ နဲ့ ချိတ်တွဲထားတဲ့ element သေးသေးလေးတွေဟာ ပေးထားတဲ့ loading ကြောင့် ရွေ့သွားတယ်။ displacement  ဖြစ်လာတယ်ပေါ့။ ရွေ့သွားတဲ့ အရွေ့ ကနေ strain တွက်ထုတ်လို့ ရတယ်။ strain ကနေ stress တွက်ထုတ်ယူတယ်။ Hooke’s Law ကို သုံးတယ်။


အဲဒီလို တွက်ရာမှာ လက်နဲ့ တွက်ရင် ၁လ ကိုးသီတင်းတွက်တောင် မရနိုင်တဲ့ matrix အကြီးကြီး တွေ ကို သုံးပြီး စက္ကန့်ပိုင်း နဲ့ ရှင်းထုတ်ပြီး တွက်ယူတယ်။ ပြီးတော့ stress တွေ ကို element တွေ ကြားထဲ ခွဲဝေသွားတာမှာ ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်ဆိုပြီး တွက်သွားတာဘဲ။ detail သိချင်ရင် FE စာအုပ် တအုပ်သာ ဖတ် လိုက်တော့.. background theory ဘယ်လို ဆိုတာ ကျော်လိုက်မယ်။

(ပိုင်တယ်နော်.. မည်သို့ လုပ်လိုက်သည် မသိ .. FEM ကို ရှင်းပြစ်တာ… :D )


ရလာတဲ့ stress ကနေမှ design အတွက် လိုတဲ့ force/ moment တွေကို ဆက်တွက်ယူတယ်။  analysis result ကနေမှ တဆင့် သက်ဆိုင်ရာ နိုင်ငံ အလိုက် Code တွေ က limitation တွေ formula တွေနဲ့ ချိတ်ပြီး complete design ကို ဆက်ထုတ်ပေးတယ်။ ဒါက FE software တွေ အကြမ်းဖျင်း အလုပ်လုပ်ပုံ။


ပြောရရင် ခေတ်အဆက်ဆက် က တွက်ထုတ်လာတဲ့ engineer formula တွေကလည်း simplify လုပ်ထားတဲ့ approximation method တွေ ဖြစ်သလို လုံးဝ ကွဲပြားခြားနားတဲ့ numerical method ကို အခြေခံထားတဲ့ Finite Element Analysis/ Method ကလဲ approximation method ဘဲ။  FE မှာ အားသာချက် က complex geometry ကို analyse လုပ်လို့ရတယ်။ meshing မှာ မျိုးစုံ ကစားပြီး accuracy ကို ဆွဲတင်လို့ရတယ်။


ဒါပေမဲ့ FE program တခုမှာ design လုပ်တာမှာ user input မှားနေရင် accuracy တက်မလာတဲ့ အပြင် လုံးဝ မှားတာနေတာတောင် ဖြစ်နိုင်တယ်။ result တွေက စာမျက်နှာ ၁၀၀ လောက် ထုတ်ပေးနေမှာ ဆိုတော့ မှားလို့ မှားမှန်းလဲ အလွယ်တကူ မသိနိုင်ဘူး။


ဒါကြောင့် FE process မှာ အရေးကြီးတဲ့ အပိုင်းက nodes တွေ နဲ့ တွဲစပ်ပြီး တွက်ယူရတာမို့ meshing မှန်ဖို့ လိုတယ်။ ဘယ်လို လုပ်မလဲ ဆိုတာကတော့ သုံးတဲ့ software ပေါ်မှာ မူတည်ပြန်တယ်။ ဒုတိယက  boundary condition က ကိုယ်လိုချင်တဲ့ structural analysis ကို ကိုယ်စားပြု မပြု သိဖို့လိုတယ်။ restraints မှာ degree of freedom မှန်မှန်ကန်ကန် ဖြစ်ဖို့ လိုတယ်ပေါ့ဗျာ။ တတိယက applied loading နဲ့ ပေးတဲ့ ပုံစံ မှန်ဖို့ လိုတယ်။ node တည့်တည့်မှာ ပေးရတဲ့  point load, nodal moment စတဲ့ result က peak တွေ ထွက်တတ်တယ်။ software တွေမှာ peak smoothing function ပါလေ့ရှိတယ်။


အဓိက ကျတဲ့ အဲဒီ ၃ ခု မှန်လို့ stress မှန်မှန်ကန်ကန် ထွက်ပြီ ဆိုရင်တော့ ကျန်တဲ့ အပိုင်းက အပေါ်မှာ ပြောသလိုဘဲ ကိုယ်ရွေးထားတဲ့ code က equation တွေနဲ့ ဆက်သွားတော့တာ။ ကိုယ်ဘာသာ analysis က result ဆွဲထုတ်ပြီး လက်နဲ့ ချတွက်လည်း အတူတူပါဘဲ။


ဒါကလည်း finite element ကို သုံးတဲ့ software တွေ အတွက် သတိထားရမဲ့ ၃ ချက်ပေါ့လေ။ တချို့ software လေးတွေက FE ကို အခြေခံမထားဘဲ equation တွေကို နောက်က program ဆောက်ပြီးတွက်ပေးတာမျိုး တွေဆိုရင် သိပ် ပူစရာ မရှိပါဘူး။


တော်တော်များများ FE software တွေကလည်း user friendly ဖြစ်အောင် လုပ်ပေးလာတော့ အဲဒီ အပိုင်းတွေကိုတောင် template ပုံစံ program default setting တွေနဲ့ run လာတာရှိတယ်။ user friendly တော့ တော်တော် ဖြစ်အောင် လုပ်ထားတော့ analysis အတွက် flexible မဖြစ်တာလဲ ရှိနိုင်တယ်။


အခုနောက်ပိုင်းမှာ အပြင်မှာ software အသုံးများလာတာမှာ အင်ဂျင်နီယာ လူကြီးပိုင်း အနေနဲ့ သဘောမကျတဲ့ အချက်တွေ ရှိတယ်။ software အားကိုးတာ များတော့ engineering theory ကို မသိတော့မှာ စိုးရိမ်လာကြတယ်။ calculator ပေါ်လာစ အချိန်မှာ ကလေးတွေ လက်တွက် မတွက်တတ်တော့မှာ စိုးရိမ်သလိုပေါ့။


ကျောင်းတက်ရတဲ့ limited period အတွင်း အခြေခံ သီအိုရီ သင်ပေးတော့ အင်္ဂလိပ်စာ နဲ့ ပတ်သက်တဲ့ note ထဲ ရေးထားသလိုဘဲ ဘာသာရပ် တခုကို ၂ လလောက် အတွင်း ရိုက်သွင်းရတယ်။ professional life တခုလုံးနဲ့ ယှဉ်ရင် ဒါဟာ intensive training သဘောလောက်ဘဲ သက်ရောက်ပါတယ်။


ဒါကြောင့် ကျောင်းသားကို ဘယ်ဟာ အရေးကြီးလဲ၊ ဘယ်လောက် သင်မလဲ၊ ဘယ်လို သင်မလဲ၊ သင်လိုက်တာကို အပြင်လောက မှ သုံးလို့ ရတဲ့အဆင့်ရောက်သွားအောင် ဘာတွေ ပေးလွှတ်လိုက်မလဲ ဆိုတာက တော့ သင်ရိုးညွန်းတမ်းတွေမှာ ချိန်ညှိရမဲ့ ကိစ္စ ဖြစ်လာတယ်။


UK ကျောင်းတွေကတော့ hand calculation တွေမှာ simple exercise တွေ နဲ့ theory ပိုင်း concept နားလည်ရုံ လောက်ဘဲ လုပ်ခိုင်းတယ်။ ဟိုးအရင်လို ရှုပ်ထွေးပွေလီတဲ့ exercise တွေ မလုပ်ခိုင်းတော့ဘူး။ Design စာအုပ် မှာလဲ အဲဒီ approach မျိုးဘဲ.. ဥပမာ Dr Chanakya Arya ရဲ့ Design of Structural Elements စာအုပ်ဆို သိပ် သိသာတယ်။ theory ပြောတယ်၊ အဲဒီ theory သုံးထားတဲ့ very simple example တခု ချပြလိုက်တယ်၊ ဒါဘဲ။


ပြီးတော့ FE theory အခြေခံတွေ၊ computer analysis တွေရဲ့ အခြေခံ သဘောတရားတွေ၊ engineering theory ကို computer analysis နဲ့ ဘယ်လို ဆက်စပ် applied လုပ်မလဲ ဆိုတာတွေ၊ အားသာချက် အားနည်းချက်တွေ ကို သိအောင် assignment/ coursework တွေနဲ့ အပြင်မှာ ခြေချမဲ့ ဘွဲ့ကြို ဘွဲ့ရ ကျောင်းသားတွေ အတွက် ပြင်ဆင်ပေးတာမျိုး လုပ်လာကြတယ်။ ဒီဘက်က ပြောင်းလဲလာတဲ့ syllabus ပေါ့။


FE အကြောင်း တစေ့တစောင်း ကတော့ ဒီအပိုင်းမှာ ဒီလောက်နဲ့ဘဲ ရပ်လိုက်မယ်။ သိပ်များသွားရင် ပျင်းသွားမယ် ထင်တယ်။

Credit
Min Zaw
 
https://www.facebook.com/notes/min-zaw/fe-%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%B1%E1%80%85%E1%80%B7%E1%80%90%E1%80%B1%E1%80%85%E1%80%AC%E1%80%84%E1%80%B9%E1%80%B8/551530038249189/

Fundamental of Dynamics ( MDOF)

ပြီးခဲ့တဲ့ လအတော်ကြာကြာက SDOF အကြောင်း၊ Fourier Transform အကြောင်းရေးခဲ့ဖူးပါတယ်။ အဲဒီဆောင်းပါးမတိုင်ခင် Resonance အကြောင်းလဲ ဆောင်းပါးတစ်ခု ရေးခဲ့ဖူးပါတယ်။
အခုဒီပို့စ်မှာ MDOF ( Multi Degree of Freedom)system အကြောင်း ရေးမှာ ဖြစ်ပါတယ်။ Multi degree of Freedom ဆိုတာကတော့ တစ်ထပ်ထက် ပိုမြင့်တဲ့ အဆောက်အဦးတွေ၇ဲ့ ရွေ့လျားမှုကို ဆိုလိုတာဖြစ်ပါတယ်။
Degree of Freedom ဆိုရာမှာ x,y,z ဝန်ရိုးသုံးခုမှာ rotation and translation နှစ်မျိုးကို ဝန်ရိုးအလိုက်စဉ်းစားရင် ခြောက်မျိုး ရှိပါတယ်။ ဒါပေမယ့် Dynamics of Structures မှာတော့ Translation တစ်ခုကိုပဲ x or y သက်ဆိုင်ရာ ဝန်ရိုးမှာ စဉ်းစားတာဖြစ်လို့ တစ်ထပ်ဆိုရင် x-displacement or y-displacement ဆိုပြီး တစ်ခုပဲရှိလို့ Single Degree of Freedom လို့သတ်မှတ်ပါတယ်။
အထပ်ရေများလာရင်တော့ displacement ကများလာမှာပါ။ အဲဒီမှာလဲ အထပ်အရေအတွက်နဲ့ displacement အရေအတွက်က ထပ်တူကျချင်မှ ကျမှာပါ။ ဥပမာပြောရရင် သုံးထပ်အဆောက်အဦးမှာရှိတဲ့ Level 1,2,3 မှာ တစ်ထပ်ကို Displacement တစ်ခုစီရှိလို့ စုစုပေါင်း သုံးခု ရှိတယ်လို့ ပြောလို့ရပေမယ့် အထပ် ၃၀၊၄၀၊၅၀ ရှိတိုင်းလဲ displacement ၃၀၊၄၀၊၅၀ ထားဖို့ လိုချင်မှ လိုပါလိမ့်မယ်။ ထားရင်လဲ ရပါတယ်။ တချို့အထပ်တွေကို ပေါင်းပြီး စဉ်းစားရင်လဲ ရပါတယ်။
Dynamics မှာ ကျနော်တို့ အဓိက သိချင်တာက အဆောက်အဦးတစ်ခုလုံးအများဆုံးရွေ့သွားနိုင်ချေ displacement ဖြစ်ပါတယ်။ အထပ်တွေများလာရင် တစ်ထပ်နဲ့တစ်ထပ်ကြားေ၇ွ့လျားမှု drift ဆိုတာ ပါလာမယ်၊ နောက်တော့ Base Shear ဆက်တွက်ရမှာပေါ့.
အရင်သိထားရမှာတွေက angular velocity ( omega), ductility ratio, natural period,natural frequency,(Mass,stiffness,flexibility) matrix တွေပဲ ဖြစ်ပါတယ်။
တွက်ပုံတွက်တွက်နည်းအဆင့်ဆင့်က
(၁) အိုင်ဂန်ဗက်တာ ရှာပါ။ Eigenvector
(၂) Accelerogram ကနေတိုင်းတာထားတဲ့ mode number အလိုက် maximum displacement တွေကို ရှာပါ။
နောက်တဆင့်မှာတော့ Modal Analysis နှစ်ခုထဲက Response Spectrum Method သို့မဟုတ် Time History Analysis တစ်ခုခုကို အသုံးပြုနိုင်ပါတယ်။
Response Spectrum Method ကိုသုံးရင် Displacement Response Spectrum ကနေ mode အလိုက် displacement ကိုရှာပါ။ ဒါမှမဟုတ် Acceleration Response Spectrum ကနေ mode အလိုက် acceleration ကိုရှာပြီး displacement ကိုပြောင်းပါ။
(၃) Floor Level တစ်ခုချင်းစီက Floor displacement ကိုတွက်ပါ။
first Mode နဲ့ Second Mode ရဲ့ အချိန်ကွာခြားချက်က ၁၀% ထက်များရင် SRSS Rule ကိုသုံးပြီး maximum displacement ကိုရှာပါ။ ၁၀% ထက်နည်းခဲ့ရင်တော့ CQC Method ကိုသုံးပါ။ Floor က translation နဲ့ torsion နှစ်ခုလုံးကို တပြိုင်တည်းခံရမယ်ဆိုရင် mode ၂ ခုကြားအချိန်ကွာခြားချက်က ၁၀% ထက် နည်းသွားတတ်တယ်။
တစ်နည်းအားဖြင့် mode ၂ ခုဖြစ်ချိန်ဟာ သိပ်နီးကပ်သွားတယ်။ Response Spectrum မှာရလာတဲ့ displacement တွေဟာ mode တစ်ခုနဲ့ တစ်ခုမှာ အများဆုံးရွေ့တဲ့အချိန်မတူညီမှုကြောင့် တိုက်ရိုက်ပေါင်းလို့ မရပါဘူး။ ဒါကြောင့် ပိုမိုတိကျတဲ့ SRSS method ကိုသုံးတာဖြစ်ပါတယ်။
(၄) Inter-storey drift ကို တွက်ပါ။
(၅) ပြီးရင် အထပ်လိုက်ရှိနေတဲ့ Inertial Force တွေနဲ့ Base Shear ကိုရှာပါ။
(၂) Time History Analysis ကိုသုံးမယ်ဆိုရင် သက်ဆိုင်ရာအထပ်မှာ မတူညီတဲ့ mode တွေကြောင့်ဖြစ်တဲ့ time history displacement တွေကို ပေါင်းပေးရုံပါပဲ။
(၁) EigenVector (phi) and Mode Shapes
အိုင်ဂန်ဗက်တာ ကို Mode Shape Vectors လို့လဲ ခေါ်ကြပါတယ်။ ရှာပုံရှာနည်း က ၂ နည်းရှိပါတယ်။
ပထမနည်းက nambda ကို angular velocity ၂ ထပ်နဲ့ ညီလိုက်ပြီး အစားထိုးတွက်တာပါ။ အဲဒီကနေ modeshape vectors ၂ ခု ရပါတယ်။
ဆိုလိုချင်တာက First Mode နဲ့ Second Mode ကိုပဲ ရှာလို့၇ပါတယ်။ ဒီထက်များတဲ့ Higher Modes ( Third,fourth,fifth,…) တွေကို ရှာလို့မရပါဘူး။ ပြီးတော့ ရလာတဲ့အဖြေကို အနီးစပ်ဆုံးယူထားတာဖြစ်လို့ မတိကျပါ။ higher modes တွေအတွက် တိကျတဲ့အဖြေကနေ ပိုလို့တောင် ကွာဟပါလိမ့်အုံးမယ်။ ဒါကြောင့် ပထမတစ်နည်းက သိပ်အသုံးမဝင်တာဖြစ်လို့ တွက်ပုံတွက်နည်းကို မပြောတော့ပါ။ ပုံမှာတော့ ပြထားပါတယ်။
ဒုတိယတစ်နည်းက နှစ်ဆင့်တွက်ရမှာဖြစ်ပါတယ်။
ပထမတစ်ဆင့်က Iteration Method ဖြစ်ပါတယ်။ nambda တန်ဖိုးမပြောင်းလဲတဲ့ထိ အကြိမ်ကြိမ်တွက်ပေးရမှာဖြစ်ပါတယ်။ အဲဒီက ရလာတဲ့အဖြေဟာ First Mode အတွက်ပဲ ဖြစ်ပါသေးတယ်။ ကျန်တဲ့ higher modes တွေအတွက် Shifting Method ကိုသုံးပြီးတွက်ရမှာဖြစ်ပါတယ်။
အဲဒီအတွက် မြူ mu လို့ခေါ်တဲ့ factor တစ်ခု ထပ်စဉ်းစားပေးရမယ်။
ပုံမှာ Iteration Method ကိုပြထားပါတယ်။ D matrix နဲ့ phi နဲ့ မြှောက်လို့ရလာတဲ့ modeshape vector က roof အတွက် 0.0077 ဖြစ်ပါတယ်။ Normalisation လုပ်ပြီးရလာတဲ့ phi က 1.881 ဖြစ်ပါတယ်။
အဲဒါကို phi နေရာမှာ အစားပြန်သွင်းပြီး D matrix နဲ့ပြန်မြှောက်လို့ nambda တန်ဖိုးတွေကို ရှာရှာသွားပါတယ်။ နောက်ဆုံး nambda တန်ဖိုးတွေ မပြောင်းတော့ဘူးဆိုရင် အဲဒါ အဖြေပါပဲ။ nambda ဆိုတာ angular frequency ၂ ထပ်နဲ့ ညီမျှတာကြောင့် Mode 1 အတွက် natural period and frequency ကိုရှာလို့ရပါပြီ။
ဒုတိယအဆင့်မှာ Higher Modes တွေအတွက် မြူတန်ဖိုးကို trial and error နဲ့ assume လုပ်ပြီးတွက်သွား၇မှာပါ။ အဲဒီလို တွက်တဲ့အခါ mode 2, mode 3 ၇ပြီဆိုတာ ဘယ်လို သိနိုင်မလဲ လို့ မေးစရာရှိပါတယ်။ သိပ်လွယ်ပါတယ်။
First Mode မှာ Inflection point မရှိပါ။ ဒါကြောင့် အဖြေဟာ အပေါင်းမဟုတ်ရင် အနှုတ်တွေချည်းဖြစ်နေပါလိမ့်မယ်။
Second Mode မှာ Inflection Point တစ်ခါပေါ်ပါတယ်။ ဒီတော့ သုံးထပ်အဆောက်အဦးအတွက် အပေါင်း ၁ ခါ ၊အနှုတ် ၂ ခါ အဖြေ ၃ ခုရနေပါလိမ့်မယ်။
Third Mode အတွက် Inflection Point နှစ်ခါပေါ်ပါတယ်။ အပေါင်း၊အနှုတ်၊အပေါင်း ဆိုပြီး အဖြေ သုံးခုရပါလိမ့်မယ်။
(၂) Accelerogram မှရသော ဂရပ်ကို ဖတ်ခြင်း။
Wind ကြောင့်ဖြစ်စေ၊ Earthquake ကြောင့်ဖြစ်စေ အဆောက်အဦးက လိုက်ပါလှုပ်ရှားရတဲ့ အချိန်နဲ့ရွေ့လျားမှုကို ဂရပ်အဖြစ်နဲ့ ဖော်ပြတတ်ပါတယ်။အဲဒီကနေ Mode အလိုက် အများဆုံးတန်ဖိုးတွေကို ဖတ်ယူရပါမယ်။ ပုံကို ကြည့်ရင် နားလည်ပါလိမ့်မယ်။
Accelerogram ကနေ maximum displacement ကို မရှာပဲနဲ့ Response Spectrum method ကိုသုံးမယ်ဆိုရင် ဂရပ် ၂ ခုရှိပါတယ်။ Eigenvector ရှာခဲ့တုန်းက natural period and frequency တွေ သိခဲ့ပြီဖြစ်လို့ Response Spectral Displacement ဂရပ်ကို သုံးခဲ့ရင် displacement ကိုတန်းရမှာ ဖြစ်ပေမယ့် Respsone Spectral Acceleration ဂရပ်ကိုသုံးခဲ့ရင် ရလာတဲ့ acceleration တန်ဖိုးတွေကို T/2pi နဲ့ မြှောက်ပေးမှ displacement ကိုရမှာပါ။
(၃) Mode ပေါ်မူတည်၍ အထပ်လိုက်ရွေ့လျားမှု displacement ကိုတွက်ယူခြင်း
အဲဒီ maximum displacement ဆိုတာဟာ ဘာနဲ့ သွားတူလဲ ဆိုတော့ SDOF system မှာ ခေါင်မိုးမှာ အများဆုံးလှုပ်ရှားတဲ့ အရွေ့နဲ့ သဘောတရားခြင်းတူပါတယ်။ ဒီတော့ အဲဒီတန်ဖိုးကို SDOF system ကအရွေ့လို့သတ်မှတ်ပြီး MDOF system ကအရွေ့ ကိုပြောင်းဖို့အတွက် Participation Factor နဲ့ Mode Shape Vector နှစ်ခုနဲ့ မြှောက်ဖို့ လိုလာပါတယ်။ Participation Factor ဆိုတာက Excitation Factor/Generalised Mass ဖြစ်ပါတယ်။ Modeshape vector ကတော့ နံပတ်တစ်မှာ ရှာခဲ့ပြီးပါပြီ။
SDOF system ရဲ့အရွေ့ကနေ MDOF system ရဲ့အရွေ့ကို ဆက်သွယ်သွားတဲ့ derivation ကိုတော့ ပုံမှာ ပြထားပါတယ်။ နားမလည်တာရှိက သက်ဆိုင်ရာ ပုံအောက်မှာ မေးမြန်းကြစေလိုပါတယ်။
SRSS ( Square Root of sum of squares ) ကိုသုံးပြီး Mode 1 ကြောင့် Level 1 အများဆုံးဖြစ်တဲ့ displacement နဲ့ Mode 2 ကြောင့် Level 1 အများဆုံးဖြစ်တဲ့ displacement တွေကို တစ်ခုခြင်းစီသီးခြားတွက်ပြီး လာပေါင်းကာ ၂ ထပ်ကိန်းရင်းရှာပေးရင် Mode 2 ခုလုံးကြောင့်ဖြစ်နိုင်ချေရှိတဲ့ maximum displacement ကို level-1 မှာ ရပါပြီ။
ကျန်တဲ့ level တွေလဲ ဒီအတိုင်းတွက်ရုံပါပဲ။
(၄) Inter-storey Drift အထပ်တစ်ခုနှင့်တစ်ခုကြားရွေ့လျားမှုကို တိုင်းတာခြင်း
Floor displacement နဲ့ တွက်ပုံတွက်နည်း ကွာခြားတာကတော့ သိချင်တဲ့အထပ် ၂ ထပ်မှာရှိတဲ့ mode shape vector ၂ ခုကို ခြားနားပေးလိုက်တာဖြစ်ပါတယ်။
UF1-UF2 = P.F x ( phi_1 – phi_2) x u1_max
ရလာတဲ့အဖြေကို SRSS နဲ့ဆက်ရှာရုံပါ။ ပုံမှာ ကြည့်ပါ။
(၅) Inertia Forces and Base Shear တွက်ထုတ်ခြင်း
အထပ်လိုက်ရှိတဲ့ Inertia Forces တွေကိုရှာတာကတော့
F = Mode Shape Vector x mass at the particular level x P.F x RSA x g
Base Shear အတွက်ကတော့
V_B = M_eff x RSA x g ဖြစ်ပါတယ်။
M_eff က M_j generalized Mass နဲ့မတူပါ။ ဘာကြောင့်လဲဆိုတော့ ဥပမာပြောရရင် beam တစ်ချောင်းဟာ column တွေနဲ့ချုပ်ထားပါတယ်။ ဒီတော့ lumped mass လုပ်တဲ့အခါ column တွေက ချုပ်ထားတဲ့ beam ရဲ့အစိတ်အပိုင်းကို မစဉ်းစားပါဘူး။ ဒါကြောင့် effective mass ကိုပဲ စဉ်းစားပါတယ်။
M_eff ကရှာရလွယ်ပါတယ်။
Excitation Factor ကို ၂ ထပ်တင်ပြီး M_j နဲ့စားပေးလိုက်ရုံပါပဲ။
Mode အမျိုးမျိုးမှာရလာတဲ့ Shear force ကို SRSS နဲ့တွက်ရာမှာ inelastic range ကို ထည့်သွင်းစဉ်းစားရမယ်ဆိုရင် q ဆိုတဲ့ Factor နဲ့ စားပေးဖို့ လိုပါတယ်။ အဲဒီလိုစားရာမှာ အချို့က Mode တိုင်းကရလာတဲ့အဖြေကို စားပေမယ့်လဲ Priestleyေ၇းတဲ့ Displacement Based Seismic Design of Structures စာအုပ်မှာတော့ first mode ကရတဲ့ Shear force ကိုပဲ စားပေးဖို့လိုပြီး ကျန် Modes များက first mode လောက် သိသိသာသာ force တွေ မများတော့လို့ စဉ်းစားပေးစရာမလိုကြောင်းပြောပါတယ်။
Time-History Analysis အကြောင်းကိုတော့ နောက်မှ ရေးပါအုံးမယ်။
မေတ္တာဖြင့်
သူရ
အရင်ကရေးထားတဲ့ dynamics အခြေခံနဲ့ resonance ဆောင်းပါးကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/thura.zinsoe/posts/1291640504181905
ပို့စ်နှုင့်ပတ်သတ်၍ အမှားအယွင်းများ ရှိပါက ထောက်ပြဝေဖန်ကြရန် မေတ္တာရပ်ခံပါသည်။


 ပထမနည်းက nambda ကို angular velocity ၂ ထပ်နဲ့ ညီလိုက်ပြီး အစားထိုးတွက်တာပါ။ အဲဒီကနေ modeshape vectors ၂ ခု ရပါတယ်။
ဆိုလိုချင်တာက First Mode နဲ့ Second Mode ကိုပဲ ရှာလို့၇ပါတယ်။ ဒီထက်များတဲ့ Higher Modes ( Third,fourth,fifth,…) တွေကို ရှာလို့မရပါဘူး။ ပြီးတော့ ရလာတဲ့အဖြေကို အနီးစပ်ဆုံးယူထားတာဖြစ်လို့ မတိကျပါ။ higher modes တွေအတွက် တိကျတဲ့အဖြေကနေ ပိုလို့တောင် ကွာဟပါလိမ့်အုံးမယ်။ ဒါကြောင့် ပထမတစ်နည်းက သိပ်အသုံးမဝင်တာဖြစ်လို့ တွက်ပုံတွက်နည်းကို မပြောတော့ပါ။ ပုံမှာတော့ ပြထားပါတယ်။



 nambda ရလာပြီဆိုတော့ modeshape factor ဆက်ရှာလို့ရပါပြီ။




 ပထမတစ်ဆင့်က Iteration Method ဖြစ်ပါတယ်။ nambda တန်ဖိုးမပြောင်းလဲတဲ့ထိ အကြိမ်ကြိမ်တွက်ပေးရမှာဖြစ်ပါတယ်။ အဲဒီက ရလာတဲ့အဖြေဟာ First Mode အတွက်ပဲ ဖြစ်ပါသေးတယ်။


 ဒါက Mode 1 အတွက် ရှာထားတာပါ။


 ဒုတိယအဆင့်ဖြစ်တဲ့ Higher modes တွေကို shifting method နဲ့သွားမှာ ဖြစ်ပါတယ်။








 ဒုတိယအဆင့်မှာ Higher Modes တွေအတွက် မြူတန်ဖိုးကို trial and error နဲ့ assume လုပ်ပြီးတွက်သွား၇မှာပါ။ အဲဒီလို တွက်တဲ့အခါ mode 2, mode 3 ၇ပြီဆိုတာ ဘယ်လို သိနိုင်မလဲ လို့ မေးစရာရှိပါတယ်။ သိပ်လွယ်ပါတယ်။

First Mode မှာ Inflection point မရှိပါ။ ဒါကြောင့် အဖြေဟာ အပေါင်းမဟုတ်ရင် အနှုတ်တွေချည်းဖြစ်နေပါလိမ့်မယ်။

Second Mode မှာ Inflection Point တစ်ခါပေါ်ပါတယ်။ ဒီတော့ သုံးထပ်အဆောက်အဦးအတွက် အပေါင်း ၁ ခါ ၊အနှုတ် ၂ ခါ အဖြေ ၃ ခုရနေပါလိမ့်မယ်။

Third Mode အတွက် Inflection Point နှစ်ခါပေါ်ပါတယ်။ အပေါင်း၊အနှုတ်၊အပေါင်း ဆိုပြီး အဖြေ သုံးခုရပါလိမ့်မယ်။





 Accelerogram ကနေရလာတဲ့ maximum displacement ဆိုတာဟာ ဘာနဲ့ သွားတူလဲ ဆိုတော့ SDOF system မှာ ခေါင်မိုးမှာ အများဆုံးလှုပ်ရှားတဲ့ အရွေ့နဲ့ သဘောတရားခြင်းတူပါတယ်။ ဒီတော့ အဲဒီတန်ဖိုးကို SDOF system ကအရွေ့လို့သတ်မှတ်ပြီး MDOF system ကအရွေ့ ကိုပြောင်းဖို့အတွက် Participation Factor နဲ့ Mode Shape Vector နှစ်ခုနဲ့ မြှောက်ဖို့ လိုလာပါတယ်။ Participation Factor ဆိုတာက Excitation Factor/Generalised Mass ဖြစ်ပါတယ်။ Modeshape vector ကတော့ နံပတ်တစ်မှာ ရှာခဲ့ပြီးပါပြီ။

SDOF system ရဲ့အရွေ့ကနေ MDOF system ရဲ့အရွေ့ကို ဆက်သွယ်သွားတဲ့ derivation ကိုတော့ ပုံမှာ ပြထားပါတယ်။






 Mode 1 ကိုပဲ q နဲ့စားပေးထားတာ တွေ့ရမှာပါ။



 M_eff က M_j generalized Mass နဲ့မတူပါ။ ဘာကြောင့်လဲဆိုတော့ ဥပမာပြောရရင် beam တစ်ချောင်းဟာ column တွေနဲ့ချုပ်ထားပါတယ်။ ဒီတော့ lumped mass လုပ်တဲ့အခါ column တွေက ချုပ်ထားတဲ့ beam ရဲ့အစိတ်အပိုင်းကို မစဉ်းစားပါဘူး။ ဒါကြောင့် effective mass ကိုပဲ စဉ်းစားပါတယ်။

M_eff ကရှာရလွယ်ပါတယ်။
Excitation Factor ကို ၂ ထပ်တင်ပြီး M_j နဲ့စားပေးလိုက်ရုံပါပဲ။




 ဒါက Accelerogram ကရတဲ့ ဂရပ်ကနေ max displacement ကို ရှာတာပါ။
 Accelerogram ကနေ မဖတ်ချင်လဲ Response Spectral Displacement ကနေ ဖတ် ယူလို့၇ပါတယ်။








 Base Shear အတွက်တော့ Response Spectral Acceleration ဂရပ်ကို သုံးပြီး တွက်ရမှာပါ။

Disqus Shortname

Comments system