Inspector & Structure(14)
Soil Bearing .. 1 Ton/ ft2 ရဖို့
#FoundationDepth ဘယ်နှစ်ပေတူးရမလဲ?
ဒါဆိုရင် မေးတဲ့ မေးခွန်းမှားနေပါတယ် ..
Foundation Depth ဘယ်နှစ်ပေဆိုတဲ့
Depth တိုင်းမှာ Soil Bearing က 1 Tsf အမြဲမရနိုင်ပါဘူး ..
ပုံပါ Soil Test ကိုကြည့်ရင်သိနိုင်ပါတယ်
Borehole(1) နေရာမှာ ..
Bearing 1 Tsf ရဖို့ Df = 14' တူးရပါမယ်
Borehole(2) နေရာမှာ ..
Bearing 1 Tsf ရဖို့ Df = 12' တူးရပါမယ်
Borehole(3) နေရာမှာ ..
Bearing 1 Tsf ရဖို့ Df = 18' တူးရပါမယ်
ဒါကြောင့် Project Site တစ်ခုထဲမှာပဲ ..
ရှိနေမယ့် Shallow Footing တိုင်းရဲ့ ..
Depth of Foundation ဟာ မတူနိုင်ပါဘူး
(တနည်းအားဖြင့်) အနက်တစ်နေရာထဲမှာ
Soil Bearing တူဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ် ..
ဒါဆိုရင် Structure Design ကပြတဲ့ ...
Shallow Foundation အတွက် Cross-section Drawing တွေမှာ ဘာလို့
Df တွေက အမြဲတမ်းလိုလို တူနေရတာလဲ?
ဒါကမှ မေးရမယ့်မေးခွန်းအမှန်ဖြစ်ပါတယ်
Soil bearing ကို .. ပုံသေယူပြီးတော့သာ
Depth of Foundation ကိုလိုက်တူးနေရရင်
စောစောက ဥပမာခဲ့သလို Df အနက်တွေဟာ
အမျိုးမျိုးဖြစ်လာမှာပါ .. ဒါက Construction အတွက်မလွယ်တဲ့ကိစ္စပါ
(ခြွင်းချက်။ တချို့တောင်ကုန်းဒေသတွေမှာ Df ကို
အဲ့လိုပဲ Level အမျိုးမျိုးတူးမှရပါတယ် ..
တချို့ Pile Foundation တွေမှာလဲ Pile length အမျိုးမျိုးဖြစ်တတ်ပါတယ် )
ဒါကြောင့် Structural Designer တွေက
Buildability အတွက်စဉ်းစားပြီး တူးရတာ သိပ်ဒုက္ခမရောက်အောင် Df ကို (အတတ်နိုင်ဆုံး) တညီထဲနီးပါးယူလိုက်တာများပါတယ်။
ဥပမာ .. Project က ၄ ထပ်ဖြစ်လို့
Minimum Df = ၆ ပေ ယူမယ်ထားပါတော့။
အဲ့ဒီ ၆ ပေမှာ .. Bearing Capacity
ဘယ်လောက်ရလဲဆိုတာကို Soil Test အရလိုက်ကြည့်ပါတယ် ..
B.H (1) နဲ့ (2) နေရာမှာ 0.5 tsf ရတယ်ဆိုရင်
အဲ့ဒီ Bearing Capacity နဲ့တွက်ပါတယ်
B.H (3) အတွက် ကျတော့ 0.5 tsf ရဖို့ဆိုရင်
၁၀ ပေတူးခိုင်းရပါမယ် .. ဒါမှမဟုတ် ၆ ပေပဲတူးခိုင်းချင်ရင်တော့ ... 0.3 Tsf နဲ့တွက်မယ် .. ဒါဆို B.H (3) နေရာအနီးမှာ ရှိတဲ့ Footing Area တွေက ကြီးလာပါမယ် ..
Footing Area = Total Load/ Bearing
လိုအပ်တဲ့ Footing area ကိုတွက်ထုတ်ဖို့
Super-structure ကကျလာတဲ့ Load ကိုတည် .. Soil bearing နဲ့အချိုးချရင်
လိုအပ်တဲ့ Footing Size ကိုရလာပါတယ်
အဲ့ဒီ Process အတိုင်း ..
Footing တစ်ခုချင်း၊ တစ်နေရာချင်းစီအတွက် .. Soil Bearing တစ်မျိုးစီယူပြီး လိုက်တွက်ပေးရတာဖြစ်ပါတယ် ..
ဒါကြောင့် .. Drawing တွေမှာ
Depth of Foundation က Level တူတဲ့ Case များတာတွေ့ရတယ် ... ဒါပေမယ့်
Footing တွေရဲ့ Area တွေကကျတော့
အောက်က Soil Bearing မတူကြတဲ့အတွက်
တစ်နေရာမှာ တစ်မျိုးစီ မတူပဲဖြစ်နေတာပါ
အနှစ်ချုပ်ဆွေးနွေးချင်တာကတော့ ...
မြေကြီးဘယ်လောက်တူးရမလဲဆိုတာကို
ဆွေးနွေးမယ်ဆိုရင် ..
📝Depth of Foundation .. ရယ်
📝Super-structure Load .. ရယ်
📝Soil Bearing Capacity .. ရယ်
📝Footing Area .. ရယ်
၎ ခုထဲက ၁ ခုပဲပြောပြီးဆွေးနွေးလို့မရပါဘူး
၎ ခုလုံးကိုချိတ်ဆက်ပြီး စဉ်းစားရမှာဖြစ်ပါတယ် ..
Depth of Foundation များတိုင်းလဲ
Soil Bearing (အမြဲ)မကောင်းနိုင်ဘူး
Super-structure Load နည်းတိုင်းလဲ
Footing Area (အမြဲ)မသေးနိုင်ဘူး ...
Depth of Foundation .. တို့
Footing Dimensions .. တို့ဆိုတာ
Non-engineer တွေနားလည်နိုင်တဲ့
ပေကြိုးနဲ့တိုင်းတာလို့ရတဲ့အရာတွေပါ
Super-structure Load .. ဆိုတာက
Structural Analysis လုပ်ကြည့်မှသာ
အတိအကျသိနိုင်တဲ့အပိုင်းဖြစ်ပြီး ..
Soil Bearing ဆိုတာကလဲ ..
Soil Test & Investigation လုပ်ကြည့်မှသာ Reliable Data ကို ရနိုင်တာပါ ..
ဒါကြောင့် .. Foundation Depth
ဘယ်နှပေတူးပါလို့ Drawing မှာပြတာဟာ
Non-engineer ဖက်ကနားလည်လွယ်စေချင်ရုံသက်သက်ပါပဲ ...
တကယ်က
Depth of Foundation ကိုသတ်မှတ်ဖို့
ဆုံးဖြတ်ဖို့ဆိုတာ Site Soil ရဲ့ Physical Properties တွေကိုတော့ အနည်းဆုံးသိထားဖို့လိုအပ်ပါတယ် ...
ဒါကြောင့်လဲ ၃ ထပ်နဲ့အထက်ဆောက်ရင်
Soil Test တွေစမ်းသပ်နေရတာဖြစ်ပါတယ်
စိတ်နဲ့မှန်းလို့ရရင် ဘယ်စမ်းကြတော့မလဲဗျာ
ဒါကြောင့် Inspector တစ်ယောက်ဟာ
Soil Test Report ကိုဖတ်ကျင့်ရှိရပါမယ်
အဲ့ဒီအကြောင်းကို Tip(12) မှာ ရေးခဲ့ဖူးပါတယ် ..
အခုပြောတာက Shallow Foundation ..
ရဲ့အခြေခံ Basic Concept ပဲရှိပါသေးတယ် .. Water Table ရှိတဲ့ ကိစ္စမျိုး၊
Uplift ရှိတဲ့ Special Case တွေအတွက်
မဆွေးနွေးထားပါဘူး ...
သိချင်ရင် ပေးထားတဲ့ link ထဲက
Ch(4)Shallow Foundations: Ultimate Bearing Capacity နဲ့
Ch(5)Ultimate Bearing Capacity of
Shallow Foundations: Special Case ကို လေ့လာကြည့်ပါ .. ယုံကြည်မှုတစ်ခုရပါလိမ့်မယ်
Soil Test ဖတ်နည်းသင်ပေးခဲ့တဲ့ တီချယ်
Daw Ni Ni Mar အား ဂါရ၀ပြုလျက် ... :-)
မျှဝေတယ်တယ်ဆိုတာ မင်္ဂလာတစ်ပါးပါ
Aung Myat Thu (SYE)
Millimetre - Training & Design Group
Download Link:
Principles of Foundation (8th Edition)
https://drive.google.com/…/0B0PO5BszpIsAbkwtdWNWQ3ZlV…/view…
Inspector & Structure (13)
Bearing Capacity Calculation
https://m.facebook.com/story.php…
Inspector & Structure (12)
How to Read/Check Soil Report?
https://m.facebook.com/story.php…
Inspector & Structure (11)
Steel Fixer များနဲ့ Response Modification Factor
https://m.facebook.com/story.php…
Credit Aung Myat Thu

0 comments:
Post a Comment