Moment release.
structure တွေ ကို software နဲ့တွက်ကြသော အခါ အဆင်မပြေသော အခြေအနေများ ကြုံပါက moment release လေးလုပ် ကြ တယ် ဆိုတော့။
........... လုပ်သင့်မလုပ်သင့် တော့ မဆွေးနွေးပါဘူး။
Release လုပ် ပေးတယ် ဆိုရာ မှာ
ဖြစ်နိင် ခြေ 2 မျိုး ရှိပါ့မယ်။
100% release လုပ် တာ နဲ့ partially release လုပ် တာ ပဲ မလား။
100% ကတော့ fix end မှာ stiffeness effect မရှိတော့တာ တနည်းဆို simply support ဖြစ်သွားစေတာ ပေါ့။ တကယ့် လက်တွေမှာ pin action ရှိနေ ပါက pin joint နဲ့ analysis လုပ်ရမယ် ဆိုတာ သိကြ တယ်။ ဒါပေမဲ့......fix action ကို ၁၀၀% moment release လုပ်မိပါ
လက်တွေ့နဲ့ အလွန်လွဲတဲ့ အခြေအနေကို ဖြစ်ပေါ်စေနိင်ပါတယ်။
Fix action ဖြစ်နေတဲ့ joint ကို moment release လုပ် မယ် ဆိုပါက စဉ်းစား စရာတွေ ရှိနေတော့မယ်
တကယ့် လက်တွေမှာ က
Joint တိုင်းသည် 100% pin မဖြစ်နိင်သလို 100% fix လည်း မဖြစ်နိုင် ပါဘူး။
Engineering is the study of nature သာဖြစ် တဲ့ အတွက် မိမိပါတ်ဝန်းကျင် မှာ ဖြစ်ပျက်နေတာ တွေထက် ပိုပြီး ထူးကဲ နေတာမျိုး မရှိပါဘူး။
Steel structure တွေမှာ joint တွေကို မိမိစိတ်ကြိုက် ဖန်တီး နိုင် သဖြင့် pin or fix တစ်ခုခုကို လုပ်ပိုင်ခွင့်ရှိလာပါတယ်။
ဒိထက် ပို အသေးစိတ် လိုပါက ဘယ်လောက် pin action ပေးမလဲ / ဘယ်လောက် fix action ပေးသင့် သလဲဆိုတာ တွေက မေးခွန်းတွေဖြစ်လာပါလိမ့်မယ်
Member တွေရဲ့ စံနူံး နဲ့ ခုခံနိုင်စွမ်း ကို လေ့လာရာတွင် အခြေခံ စွမ်းအား ၃ ခုနဲ့ ပေတံတိုင်း ကြတယ်။
stiffeness factors တွေ ရှိရာမှာ
အခြေခံ factor ၃ ခု က အရေးကြီး ပါလာပါလိမ့်မယ်
1 Bending stiffeness. EI/L
2 Area stiffeness. EA/L
3 Torsional. Stiffeness. GJ/L
Moment release ဘက် ပြန် GO ပါရစေ။
Member ရဲ့ End Joint တစ်ခု မှာdirectional moment ကို release လုပ် လိုပါက
စည်းစား စရား အချက် လေးတွေရှိလာပါမယ့်
၁ Release လုပ်သင့် မလုပ်သင့်
၂ လိုအပ်လို့ လုပ်သင့်တယ် ဆိုပါက ဘယ်လောက် ပမာဏ အတွင်းသား လုပ်သင့်
၃ Release လုပ် သောကြောင့် နောက်ဆက်တွဲ ဆက်စပ်မှူ့ များ
စဉ်းစား သင့်တာလေးတွေ ဖြစ်ပြီး အသေးစိတ် မဆွေးနွေးလိုပါ။
ခုကတော့ release လုပ်ပုံလေး ဆွေးနွေး ပါ့မယ်။
Member ရဲ့ End moment formation ကို partially release လုပ် ပေးတယ် ဆိုသည်မှာ
အဲဒီ member ရဲ့ bending stiffeness တန်ဘိုး ကို partially လျော့ချ စေတာပဲဖြစ်ပါတယ်။
Member ရဲ့ bending stiffeness သည်
4EI/L ရှိနေပါက 100% fix action လို့ ယူဆမယ်။ တကယ်တော့ zreo to k အတွင်း ကန့်သတ် ပေးတဲ့သဘောပါ။ k တန်ဘိုး ကလည်း 2EI လား 3 EI , 6EI စည်ဖြင့် fram အလိုက် ရှိနိုင်သေး။
k တန်ဘိုး ရဲ့ ဘယ်လောက် % ကို bending stiffeness အဖြစ် ပေးမလဲ ဆိုပြီး assign ပေးတာပဲဖြစ်ပါတယ်။
Single frame အတွက် ဆိုပါက
Stiffeness release reduction factor ကို
f = a/(1-a) အနေနဲ့ ယူ ကြလေ့ရှိပါတယ်။
ဥပမာ
၂၅% moment release လုပ်လိုပါက
f= 0.25/0.75= 0.33 ပါ ။
Partially Moment stiffeness value ကတော့ (4EI/L)x 0.33 ရဲ့ရလာဒ်ကို end moment stiffeness မှာ ထည့်ပေးရမှာ ဖြစ်ပါတယ်။
မိမိပေးလိုသော တန်ဘိုးရအောင် iteration လုပ်ပေးတာက အမှန်ဆုံး ပါ။
3 dimensional analysis ဖြစ်ပါက
Reduction factor သည် မမှန်နိင်တော့ သဖြင့် မိမိပေးလိုသော moment value ရအောင် iteration လုပ်ယူရပါမယ်။ ဘာလို့ဆို moment distribution တွေသည် span အလိုက် carry over တွေ joint stiffess တွအရ အမျိုးမျိုး ဖြစ်နိင်ပါတယ်။
RC member များသည် Partially stiffeness value များ assign ပေးသင့် မပေးသင့် ကတော့ မိမိတိုဘာသာစည်းစား ဆုံးဖြတ်ကြပါ။
လက်တွေ့ဘဝ နဲ့ စိတ်ကူး သည် ဝေးကွာ နေတတ်ကြောင်း သတိပြုနိင်ကြပါစေ။
Credit

0 comments:
Post a Comment